High Speed Memory Card for DSLR HD Videography


SDHC, CF  Card for DSLR Camera

Canon 550D လေးဝယ်တုန်းက DSLR နဲ့ HD documentary, movie အတို ဗီဒီယိုလေးတွေ ရိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်။ ဝယ်တုန်းက ဆိုင်မှာစမ်းပါတယ်။ အိမ်မှာလဲ အိုကေတယ်ပေါ့ တကယ်တမ်း outdoor တွေရိုက်တယ်နောက် လေးမိနစ် ငါးမိနစ်လောက်ကြာတဲ့ အပိုင်းတွေ ရိုက်တဲ့ အခါ error တစ်ခုလာပြပါတော့တယ်။

Liveview မှာ ညာဘက် control wheel နားမှာ ဘက်ထရီအားပြသလို ဒေါင်လိုက် အတုံးလေး ၄ တုံးပေါ်ပါတယ်။ ပထမတော့ ၁ တုံး ၂ တုံး နောက် ၄ တုံးအဆုံးလဲရောက်ရော ဗီဒီယို ရိုက်နေတာ ရပ်သွားပါရောလား။ အစကတော့ မသိခဲ့ဘူး ဘာပြသနာလဲပေါ့ နောက်မှ အွန်လိုင်းမှာ ရှာကြည့်တော့မှ memory data transfer rate မနိုင်လို့ ဖြစ်ရတယ်ဆိုတာ သိရတယ်။

မသိခဲ့ဘူး ဆိုင်တွေက ကင်မရာဝယ်ရင် ထည့်ပေးတာက အလကားပေးတာဆိုတော့ transfer rate နှေးပါတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ နှစ်က ဘန်ကောက်သွားဖြစ်တော့ SDHC 16GB လေးတစ်ကတ်ထပ်ဝယ်ရတာပါပဲ။ အဲဒီကတ်က မခံလိုက်ဘူး 16GB ရှိတာပဲဆိုပြီး ကတ်မရှင်းလိုက်မိတာ ကတ်ပြည့်ပြီး ဂိ သွားရှာတယ်။ ၁ လ လားပဲခံလိုက်တယ်။ အရင်းနှီးကြီးတဲ့ အတွေ့အကြုံပေါ့လေ။

အဓိကကတော့ still photo burst mode နဲ့ action တွေ ဆက်တိုက်ရိုက်ချင်ရင်ပဲ ဖြစ်ဖြစ် HD video 720p, 1080p တွေ ရိုက်ချင်တဲ့အခါ SD card မှာဆို SDHC ဒါမှမဟုတ် SDXC ပေါ့ data transfer rate ကြည့်ဖို့လိုပါတယ် 30MB/s နဲ့ သူ့အထက်ရှိမှ ဗီဒီယို ရိုက်တာ၊ action photo ရိုက်တာ အဆင်ပြေပါတယ်။ တစ်ခါတစ်ရံ ကတ်ပေါ်မှာ စက်ဝိုင်းလေးနဲ့ 10 ဆိုတာလေး ဝိုင်းပြထားတတ်ပါတယ် ဆိုလိုတာက Class 10 ပါ transfer rate မြန်တယ်ဆိုတဲ့ သဘောပေါ့။ ကွျန်တော်တို့ကို ဆိုင်တွေက အလကား ပေးခဲ့တာက class 4 လောက်ပဲရှိတဲ့ ကတ်တွေပါ။

Class 10 SDHC, Class 10 UDMA CF ကတ်တွေက အခြား class နိမ့်တဲ့ကောင်တွေထက် စျေးပိုကြီးပါတယ်။ HD video ရိုက်မယ့်သူတွေ အတွက်တော့ 16GB ကတ်လောက်ဝယ်ထားမှ 1080p နဲ့ ရိုက်ရအဆင်ပြေပါလိမ့်မယ်။ စျေးက ပြီးခဲ့တဲ့လက ကွျန်တော် SanDisk UDMA Extreme 60MB/s 8GB ကတ်ကို လေးသောင်းလောက်ပေးလိုက် ရပါတယ်။ အဲဒီကတ်သာမဝယ်ပဲ ရိုးရိုး CF 8GB ဝယ်ရင် ၃ ကတ်လောက် ရပါတယ်။ 16 GB ကတော့ ၆ သောင်းလောက်ရှိပါတယ်။ တွေးကြည့်ရင် တင်းဖို့တော့ကောင်းတယ်ဗျ external HDD 500GB တောင် အဲဒီလောက်စျေးပဲ ရှိတော့တာ ကင်မရာနဲ့ ကျမှ အဲဒီလောက်တွေ ပေးဝယ်ရတော့တာပါပဲ။

SanDisk Extreme ကတ်မှာ တစ်ခု အဆင်ပြေတာက data recovery လုပ်တဲ့ ဆော့ဝဲ Mac ကော Windows အတွက်ပါ ၁ နှစ်စာ license နဲ့ ဖရီးထည့်ပေးထားတာမို့ Mac သမားတွေလဲသုံးလို့ ရလို့ အဆင်ပြေပါတယ်။ အခြား brand တွေမှာ ပါမပါတော့ မသုံးဖူးလို့ မသိပါဘူး။ အဓိကကတော့ HD video ရိုက်ရင်း ညာဘက်မှာ အဖြူရောင် ဘားလေးပေါ်လာပြီး ပြုတ်ပြုတ်ကျနေတယ် ဆိုရင် transfer rate မြန်တဲ့ကတ် ဝယ်ဖို့ ပူဆာနေပြီလို့ သာမှတ်လိုက်ပါတော့လို့။



Related Posts

1 Comment so far »

  1. Soe Wai said,

    Wrote on September 19, 2011 @ 9:49 pm

    ဟာ… ဟုတ်သဗျို့ ဟုတ်သဗျို့။ ကင်မရာဝယ်တာကလည်း ဂစ်တာလိုပါပဲလား။ ဟိုဟာထပ်ဝယ်ရ ဒီဟာထပ်ဖြည့်ရနဲ့… ကျွန်တော့်လည်း အဲလိုဖြစ်နေတာ။ ဘာကြောင့်ပါလိမ့်ဆိုတာ ရှာမယ် ရှာမယ်နဲ့။ ဟော ခုကျ တန်းတွေ့တော့တာပဲ :D ကျေးဇူးဗျာ

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 3 + 8