Once Again In Bangkok ~ 1


Bangkok Pantip Plaza

ဒီနေ့ မနက်မှာ ဘန်ကောက် ကို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ တစ်ယောက်ထဲလာတာပေါ့။ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဆင်းပြီးတာနဲ့ အရင်တစ်ခေါက်ကလို ကားမစီးတော့ပဲ ငွေကုန်သက်သာအောင် sky train စမ်းစီးဖြစ်ပါတယ်။ Sky train ဆိုတော့ တာမင်နယ်တွေ အင်မီဂရေးရှင်းတွေ ဖြတ်ပြီးတော့ နောက်တစ်ထပ်အပေါ် တက်ကြည့်တာပေါ့ ဘာမှမတွေ့လို့ အင်ဖော်မေးရှင်းစင်တာမှာ မေးလိုက်တော့ မြေအောက်ထဲမှာ ဆိုတာနဲ့ အောက်ထဲ ဆင်းရတယ်။ ဟုတ်ပါတယ် အောက်ထဲမှာပါ Google Map မှာ ညကတည်းက ကြည့်ပြီးသား Phaya Thai အထိ စီးရမှာ ဆိုတော့ မေးလိုက်တော့ ၄၅ ဘတ်ကျပါတယ်တဲ့။

Bangkok Pantip Plaza

သူက ပလပ်စတစ် အနီရောင် အဝိုင်းပြားလေးတစ်ခု ထုတ်ပေးတယ်။ မှတ်မိသလောက် အရင်တစ်ခေါက်က vending machine ကနေ ကတ်ပြားအထူလေးပေးတာပါ ဒီတစ်ခေါက်ကတော့ အဲဒီ အပြားလေးနဲ့ပဲ စင်ကာပူက MRT မှာလိုပဲ sensor မှာ ကပ်ပြီး ဝင်ခဲ့လိုက်တယ်။ မြေအောက်ထဲမှာတော့ သရဲခြောက်မှာ တောင်ကြောက်ရပါတယ် စင်ကာပူနဲ့ တခြားစီ အောက်ဘက်မှာ လူတောင် ၁၀ ယောက်မပြည့်ဘူး။ ဒါနဲ့ တိုင်တစ်တိုင်နားကနေ စောင့်နေလိုက်တယ် ရှေ့က မှန်ကာထားတဲ့ဆီကြည့်လိုက်တော့ ကျွန်တော့လိုပဲ တိုင်ရဲ့ တစ်ဖက်မှာ ကောင်မလေး တစ်ယောက် ရပ်နေတာရှိတာ တွေ့တယ်။ နောက်တော့ လူနဲနဲများလာတယ် ဒါပေမယ့် သိပ်အများကြီးမဟုတ်ပါဘူး ၂၀ ဝန်းကျင်လောက်ပဲ။ နောက်တော့ ၁၅ မိနစ်လောက်နေတော့ ရထားလာပြီး ခရီးဆက်ပါတယ်။

Bangkok Pantip Plaza

မြေပုံအရဆို ကျွန်တော်ဆင်းရမယ့် နေရာက ရထားဂိတ် အဆုံးပဲ ထိုင်းရထားက station နဲနဲပဲရှိတယ် ၁၀ ခုလောက်နဲ့ တင် ဂိတ်ဆုံးတာတွေ့ရတယ်။ နောက်တော့ Phaya Thai ရောက်တော့ ဆင်းဖြစ်တယ်။ မြေပုံကြည့်ပြီး သွားတာ သွားချင်တာက Rachatburi ဘက် စာရွက်မြေပုံဆိုတော့ ဘက်မသိရတော့ သွားလိုက်တာ Victory Monument ရောက်မှ မှားမှန်းသိတော့တယ်။ တော်သေးတယ်ပြောရမယ် ဒီတစ်ခေါက်လာတာ ဘာမှ မပါဘူး ကျောပိုးအိတ်တစ်လုံးထဲမှာ အကျီ နဲနဲ၊ laptop တစ်လုံး ကင်မရာတစ်လုံး လန်းစ ၂ လုံး ဖလက် ၁ ခုပဲ ပါလို့။ မဟုတ်ရင် သေပြီပဲ။ ကြွားတာမဟုတ်ပါဘူး အရင် ကိုင်နေကြ ၄ နှစ်နီးပါးရှိပြီဖြစ်တဲ့ အိုင်ဖုန်းလေးက အခုဆို စကရင်အက်၊ screen burn ဖြစ် ringtone အသံမလာ၊ ဘက်ထရီက နေ့တစ်ဝက်ခံ အထိ အခြေအနေဆိုးနေတော့ အရင်လို GPS နဲ့ Google Map မကြည့်နိုင်တော့ ဘက်မှားပြီး လျောက်မိသွားတယ်။ နောက်ပြန်လောက်လိုက်တာ station ၂ ခုစာလျောက်ပြီးတော့ အရင်တစ်ခေါက်ရောက်ဖူးတဲ့ Cocowok ဆိုလား ဘီယာတန်းတွေဘက်ရောက်တယ်။

Bangkok Street

အဲဒါဆို မှန်ပြီပေါ့ ဘယ်ဘက်ကို တစ်ဘလောက် ဆက်သွားရင် Pantip IT Plaza ရှိတာ သိတယ်လေ။ သွားလိုက်တယ် အဲဒီကို ရောက်တော့ မဝယ်ပဲ ပတ်ကြည့်တယ်။ မြန်မာပြည်လိုပဲ pirated OS, softwares, movie အကုန်ရောင်းတယ်။ ကောင်မလေးတွေဆို ရောင်းတဲ့ ဘဲတွေက DVD အခွေအဖုံးက ကာဗာပေါ်က ယိုးဒယား သီချင်းတွေ ပြတယ်။ ယောက်ကျားလေးတွေ ဖြတ်သွားရင်တော့ အဲဒီ DVD ဘူးကို ဖွင့်ပြတယ် အထဲမှာ ဟိုဒင်း ဟိုဟာကား ပုံတွေနဲ့.. ကြည့်စမ်း မြန်မာပြည်လိုပဲပေါ့ =) စိတ်မဝင်စားပါဘူး အဓိက စိတ်ရောက်နေတာက ငါးမျက်စိ ရှာဖို့ပါပဲ။ ၃ ထပ်က ကင်မရာဆိုင်တွေမှာ လိုက်ရှာပါတယ် fish eye လန်း Canon ထုတ်က မရှိဘူးတဲ့ Tokina 10-16 က ဘတ် 17,000 တဲ့။ သူက APS-C အတွက်ဆိုတော့ မလိုချင်ဘူး။ လိုက်ရှာတယ် မတွေ့ပါဘူး မနက်ဖြန်မှ ဆက်ရှာဦးမယ်။ ဝယ်နိုင်လို့ လိုက်ရှာနေတာတော့ မဟုတ်ပါဘူး စျေးမေးထားပြီး နောက်တစ်ခါလာရင် ဝယ်မလို့ :D သတိထားမိတာက ထိုင်းမှာ Sigma လန်းတွေ တော်တော် တင်ကြတာ တွေ့ရတယ်။ နောက်တော့ Pantip ကနေ ပြီး ဘေးဘက်က Platinum Mall ကို ဆက်သွားပါတယ်။

Bangkok Platinum Mall

အဲဒီမှာတော့ ဝင်ဝင်ချင်းပဲ ဆောက်နဲ့ထွင်း အဲ အခြောက် အုပ်စုတွေ မိတ်ကပ် တစ်မျိုးကို ပရိုမိုးရှင်း ဆင်းနေကြတာတွေ့ရတယ်။ ဒီထဲက ဖက်ရှင် အကျီဆိုင်တွေ များတယ် ဘာရယ်မဟုတ်ဘူး လိုက်ကြည့်တယ်။ အရင်တစ်ခေါက်က Naruto contact lens ကို ဒီထဲမှာပဲ ဝယ်ခဲ့တာ နောက် ဟာသ တီရှပ်တွေ လိုက်ရှာတယ်။ တစ်ထည်မှ မဝယ်ခဲ့ဘူး နောက်ရက် ထပ်သွားဦးမှာ မို့လို့။ နောက်တော့ အထဲက ပြန်ထွက်တော့ ၂ နာရီထိုးနေပြီ ဗိုက်ဆာတာနဲ့ ဘာစားရင် ကောင်းမလဲ စဉ်းစားရင် ထိုင်းဆိုင်ဝင်ရင်ရှုပ်နေမယ် ထင်တာနဲ့ ဘာဂါပဲ ဝင်စားလိုက်တော့တယ်။ နောက် မြေပုံ စာရွက်ထုတ်ကြည့်တော့ MBK ကလဲ အနီးနားပဲ ဆိုပြီး သွားလိုက်တာ တော်တော်လဲ လျောက်ပြီးရော မဟုတ်သေးပါဘူးလို့ အနီးအနားက အင်းကလိပ် စကားပြောနိုင်မယ့်သူ လိုက်ကြည့်ရင်း မေးလိုက်တော့မှ ပြောင်းပြန်လျောက်လာတာ သိတော့တယ်။ ၁ ဘလောက်လျောက်ပြီးနေတာရော ကျောပိုးအိပ်ကလဲ လေးလာတာနဲ့ မထူးပါဘူးဆိုပြီး လာတဲ့ တုတ်တုတ် ငှားပြီး အရင်တစ်ခေါက်တည်းခဲ့တဲ့ ဟိုတယ် ကို မောင်းခိုင်းလိုက်တော့တယ်။

Bangkok Platinum Mall

taxi မစီးပဲ ခုလို လမ်းလျောက်သွားတော့လဲ လမ်းတွေ မှတ်မိသွားတာပေါ့။ ခုတော့ အရင်တစ်ခေါက်လာတုန်းကနဲ့ မတူပဲ experience နဲနဲပို တက်သွားပြီ မြို့ကို အကြမ်းဖျင်းသိသွားတယ်။ Level တက်တဲ့ အဆင့်ရောက်အောင် မနက်ဖြန် ထပ်ထွက်လိုက်ပါဦးမယ်။ ကိုယ်မသိတဲ့ မြို့မှာ မြေပုံကြည့်ပြီးလျောက်သွားရတာ တော်တော်ကြိုက်တယ်ဗျာ အရှေ့အနောက် သေချာမသိနဲ့ လမ်းနာမည်ကြည့် နောက်တစ်လမ်းလျောက် မြေပုံပြန်ကြည့်ပြီး အရှေ့အနောက်ခွဲ နဲ့ ပျော်စရာကြီးပဲ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်တော့ ငယ်ငယ်ကတည်းက Final Fantasy နဲ့ Resident Evil ဆော့ခဲ့တဲ့ ကျေးဇူးတွေ ဆိုတာ သတိထားမိသွားတယ် :D ကောင်းသောနေ့ပါ မနက်ဖြန် ခရီးဆက်ပါဦးမယ်…

Bangkok

Bangkok Street

Bangkok Street





Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: