V-Finder With Eye Cup


V Finder for CAPA

လွန်ခဲ့တဲ့ ၂ ရက်လောက်က DSLR ကင်မရာအတွက် မှာထားတဲ့ LCDVF (LCD View Finder) တစ်ခု ရောက်လာပါတယ်။ အသိအကိုတစ်ယောက် ယူလာပေးတာပါ မှာထားတာက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပါ။ တံဆိပ်က V-Finder ဖြစ်ပါတယ်။ မဝယ်ခင်ကတည်းက အွန်လိုင်းမှာကော အရင်တစ်ခါ တင်ခဲ့ဖူးတဲ့ Philip Bloom ဗီဒီယိုထဲပါတဲ့ Zacuto ရဲ့ Z-Finder လဲတွေ့တယ်ပေါ့ ဒင်းကတော့ စျေးကြီးတယ်ခင်ဗျ 250$ လောက်ရှိတာနဲ့ 50$ လောက်ပဲရှိတဲ့ V-Finder ယူဖြစ်ပါတယ်။

V-Finder က လဲလူသုံးများပြီး နာမည်လဲ ရထားတဲ့ တစ်ခုပါပဲ။ HDSLR Videography ရိုက်တဲ့သူ နိုင်ငံခြားသားတွေ တော်တော်များများလဲ သုံးကြပါတယ်။ Z-Finder ထက် စျေးနည်း ရခြင်းအကြောင်းက V-finder မှာ diopter မပါပါ။ Diopter က မျက်မှန်သမား အနီးမှုန် ဒါမှမဟုတ် အဝေးမှုန်တွေ အတွက် ညှိလို့ ရအောင် လုပ်ပေးနိုင်တဲ့ ဟာပါ။ အဲဒါမျိုး မပါတာကြောင့် စျေးသက်သာပါတယ်။ နောက် Z-finder လို anti-fog မပါလို့ အေးတဲ့ဒေသတွေမှာဆို ခဏလောက် ကပ်ကြည့်တာနဲ့ လူအပူငွေ့နဲ့ eye piece မှာ ရေငွေ့ရိုက်တတ်တာကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် ငွေမတတ်နိုင်တဲ့ သူတွေအတွက်တော့ သင့်တင့်တဲ့ ရွေးစရာတစ်ခုဖြစ်နေတာပေါ့။ V-finder မှာ ချဲ့ဆက 2.5 X အထိရှိတာမို့ ဗီဒီယို ရိုက်တဲ့ အခါ ဒါမှမဟုတ် Macro photo ရိုက်တဲ့ အခါမျိုးတွေမှာ တိကျတဲ့ focus အလွယ်တကူ ဖြတ်လို့ ရပါတယ်။ Video အတွက်ကတော့ အထူးသဖြင့် follow focus ဖြတ်တဲ့ နေရာမှာ မျိုးတွေဆို တော်တော်အသုံးဝင်ပါတယ်။

V Finder for 5D Mark II

V-Finder မှာ မော်ဒယ် ၂ မျိုးရှိပါတယ် တစ်မျိုးက ၃ လက်မ screen ဖြစ်တဲ့ 5D Mark II, 7D တို့အတွက် ဖြစ်ပြီး နောက်တစ်မျိုးက 3.5 ရှိတဲ့ 500D, 550D, 600D တို့အတွက် ဖြစ်ပါတယ်။ Swivel LCD ပါတဲ့ 60D အတွက်တော့ ထုတ်ပေးထားသလား သေချာမသိပါဘူး။ ဘူးထဲမှာ V-Finder, ထည့်ဖို့ ဖော့အိတ်တစ်လုံး၊ cleaning cloth တစ်ခု နဲ့ လည်ပင်းမှာ ဆွဲထားရအောင် ကြိုးတစ်ခု နောက် LCD screen ပေါ်မှာ ကပ်ဖို့ သံ frame လေးတစ်ခုပါပါတယ်။ အဲဒီသံ frame လေးကို ကင်မရာ screen ပေါ်မှာ ကပ်ထားရမှာဖြစ်ပြီး Finder frame ကတော့ လိုတဲ့အချိန် သံလိုက်နဲ့ ကပ် ဒါမှမဟုတ် ခွာထားလို့ ရပါတယ်။ စမ်းကြည့်တာတော့ 920K-dot ရှိတဲ့ 7D LCD မှာ ထက် 3.5 ရှိပြီး 1.04 million-dot ရှိတဲ့ 550D မှာ ပိုကြည့်လို့ ကောင်းပါတယ်။ လောလောဆယ်တော့ အဲဒါလေး စမ်းကြည့်ပြီး ကိုယ့်ဖာသာ သဘောကျနေမိတယ် လောလောဆယ် documentary ဒါမှမဟုတ် ဇာတ်လမ်းအတို တစ်ခုခု စမ်းရိုက်ဖို့ မင်းယွန်းသစ် နဲ့တောင် ကြံနေပါရဲ့။ HDSLR အတွက် Finder ဝယ်မယ်ဆိုရင်တော့ ပိုက်ဆံရှိရင် ကျွန်တော့်အနေနဲ့ Z-Finder ကို ညွှန်းချင်တယ် ပိုက်ဆံလဲမရှိဘူး မျက်စိကလဲ ချိန်စရာမလို ကောင်းတယ်ဆိုရင်တော့ V-Finder ကလဲ တစ်ပုံစံထဲ အလုပ်လုပ်တာမို့ ရွေးသင့်တယ်လို့ အကြံပေးပါတယ်။

V Finder for 7D



Related Posts

1 Comment so far »

  1. aung htike said,

    Wrote on September 30, 2011 @ 10:12 am

    sorry for ur lens cracking.

    Like or Dislike: Thumb up 0 Thumb down 1

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 3 + 6