Monthly Archives: October 2011

Two-Storeyed Building Collapsed in Yangon

Two-Storeyed Building Collapse in Yangon

29 ရက်နေ့မှာ အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီး ရောက်နေလို့ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ နေ့လည်ကတည်းက ကိုစိုးကြီးကိုရဲအောင်သူ နဲ့ ကို black dream တို့ နဲ့ အတူတူ ခြောက်ထပ်ကြီး၊ ရွှေတိဂုံဘုရား၊ စမ်းချောင်းဘက်တွေမှာ ဓာတ်ပုံလိုက်ရိုက်ထားလို့ တော်တော်ပင်ပန်းထားပေမယ့် ညဘက် အိမ်ပြန်ရောက်အပြီးလောက်မှာ ၁၀ နာရီလောက်ပေါ့ မီးသတ်ကားသံတွေ ကြားလို့ မေးကြည့်မိပြန်ပါတယ်။ သိရတာက ၉၆ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ တိုက်ပြိုကျတယ်လို့ သိရတာကြောင့် ကင်မရာဆွဲပြီး ထွက်ရိုက်ဖြစ် ပြန်ပါတယ်။

Fight For The Rights

Burmese Wa And Thon Nya

ဒီဘက်နှစ်တွေမှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်မိတော့ အရင်လို ကလေးသိပ်မဆန်တော့တာကို သတိထားမိတယ်။ အခုမှ အရွယ်ရောက်တာကိုးဗျ နောက် မတရားတာ မမှန်တာ၊ လွဲနေတာတွေ အရင်လို ကိုယ်နဲ့ မဆိုင်သလို နေတတ်တဲ့ စိတ်မရှိတော့ပဲ သိသလောက်မှတ်သလောက်နဲ့ ဝင်ပြီး ပါမိတာသတိထားမိတယ်။ အရင်ကတော့ လူချစ်ပဲခံမယ် အမုန်းမခံဘူးဆိုတဲ့ အယူအဆမျိုးနဲ့ သူများ မဟုတ်တာလုပ်ရင် ဝင်မပြောခဲ့သလို မသိချင်ယောင်ဆောင်ခဲ့မိတယ်။ နောက်ပိုင်းတော့ သတိထားမိလာတယ် ကိုယ့်အိမ်နီးချင်း မီးလောင်တာ ကို မငြှိမ်းရင် နောင်လဲ ကိုယ့်ဆီကူးလာမှာပဲ ဆိုတာရယ် သူများကို မတရားတာလုပ်နေတာကို ဝင်မကူခဲ့ရင် ကိုယ်အလှည့်ကျရင်လဲ ဝင်ကူမယ့်သူ ရှိမှာ မဟုတ်ဘူးဆိုတာ တွေးမိခဲ့တယ်။

Fieldrunners run on HTML 5 Now!!

fieldrunners on HTML 5

iPhone, iPad က နာမည်ကြီး tower defense ဂိမ်း Fieldrunners ကို အခု Google Chrome web store ကနေ အခမဲ့ ကစားလို့ ရပါပြီ။ ဒီဂိမ်းကို HTML 5 ပေါ်မှာ အခြေခံပြီး ပြန်ရေးထားတာဖြစ်ပါတယ်။ အသံလဲပါပါတယ်။ အရင် iPhone မှာတော့ ကျွန်တော် တော်တော်ကြိုက်တဲ့ ဂိမ်းပါ အရင် အိုင်ဖုန်း ဝယ်ဖြစ်ကတည်းက ခုထိဆော့တုန်းပဲ ရုပ်ထွက်ကောင်းသလို ဆော့ရတာလဲ ပညာသားပါပါတယ်။ အခြား tower defense တွေ ဘာမှ မဆိုင်လောက်အောင် ကောင်းပါတယ်။ မဆော့ဖူးသေးရင်တော့ အခု Chrome ပေါ်မှာ စမ်းဆော့လို့ ရပါပြီ။

Korean Film Festival 2011

Actress So Yi Hyun at Korean Film Festival 2011 in Myanmar

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ Junction မော်တင်က Korean Film Festival 2011 ကို သွားဖြစ်ပါတယ်။ ဒီပဲွကို ကိုဘို ပြောထားလို့ ကိုရီးယားက မင်းသား နဲ့ မင်းသမီးလာမယ်ဆိုတာလဲ အစောကတည်းက ကြိုသိထားပါတယ်။ ကိုဘိုကပဲ press card စီစဉ်ပေးတာကြောင့် ဒီနေ့ ရောက်ခဲ့တာပါ ပွဲကို ညနေ ၃ နာရီမှာ စတင်ပါတယ်။

Erawan Shrine, Bangkok

erawan-shrine-bangkok

ထိုင်းမှာ shopping mall တွေ ဘဏ်တွေ၊ အရောင်းပြခန်းတွေ၊ လူနေတိုက်ခန်းတွေ အားလုံးနီးပါးလောက်မှာ အောက်ဘက် မြေညီထပ် တစ်နေရာလေးမှာတော့ နတ်ကွန်းလို မျိုးလေးတွေ ထားထာတာကို တွေ့ရမှာပါ။ ဗုဒ္ဒဘာသာအပြင် နတ်ကိုးကွယ်သူတွေလဲ များတယ်လို့ သိရတယ် ဒါကြောင့် နတ်ကွန်းလေးတွေ ဆောက်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ဘန်ကောက်မြို့မှာ နာမည်အကြီးဆုံးထဲက တစ်ခုလို့ ပြောလို့ ရတဲ့ နေရာကတော့ မြို့လယ်မှာ ရှိတဲ့ Erawan နတ်ကွန်း ပဲဖြစ်ပါတယ်။

A Visit to Uncle Za Ga Nar Home

Za Ga Nar talking with his friends at home

ဒီနေ့ ၁၃ ရက်နေ့ အောက်တိုဘာ နေ့လည်ခင်း ဘက်မှာ ၁၂ ရက်နေ့ မနေ့က ထောင်ကနေ ပြန်လွှတ်လာတဲ့ ဟာသသရုပ်ဆောင် ဦးဇာဂနာ အိမ်ကို အလည်ရောက် ဖြစ်ပါတယ်။ အမှန်တော့ မနေ့ကလဲ ကျွန်တော် ဦးဇာဂနာ မြစ်ကြီးနားကနေ လေယာဉ်နဲ့ ရောက်လာတာကို လေဆိပ်မှာ စောင့်ပြီး ဓာတ်ပုံ ရိုက်ဖြစ်ခဲ့ပါသေးတယ် ကံမကောင်းချင်တော့ 5D ရှပ်တာနဲနဲ ကြောင်သွားပြီး ပုံတွေ သုံးမရလိုက်ဘူး။ ဒါနဲ့ ဒီနေ့ ကိုငြိမ်းချမ်း နဲ့ အတူ ရောက်ဖြစ်ရင်း ဓာတ်ပုံ ရိုက်ဖြစ်တာလဲ ပါပါတယ်။

Non-Stop Train from Myanmar

ယူကျု့မှာ ကြည့်ရတဲ့ ဗီဒီယိုလေးပါ ဘယ်သူရိုက်တယ်တော့ မသိ ရိုက်တဲ့သူက အချိန်ကောင်း၊ နေရာကောင်းမှာ ကင်မရာ ရယ်ဒီနဲ့ ရောက်သွားခဲ့တာပဲ။ ဘူတာမှာ မရပ်တဲ့ အမြန်ရထားပေါ်ကို ခရီးသည်တင်နေတဲ့ ပုံပါ။ ကြည့်ရတာတော့ အသည်းယားစရာပါပဲ။ ရထားက တော်တော်အရှိန်မြန်ပါတယ် အန္တရာယ်လဲ အတော်များတယ်။ ခရီးဝေးသွား ရထားဖြစ်ပုံရပါတယ် ဒါ့ကြောင့် ဘူတာတိုင်းမှာ မရပ်ပဲ အမြန်သွားနေတာပါ။ ဗီဒီယို ရိုက်တဲ့သူက နိုင်ငံခြားသား ဖြစ်မယ့်ပုံပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆို ရိုက်လို့ မရဘူးခင်ဗျ တားတယ် နောက် ရုံးခန်းပါ ခေါ်ပြီး ကျိန်းတယ်လို့ ကိုစိုးကြီး ဆီကနေ ကြားဖူးတယ်။ အခုကတော့ အံ့ဩစရာ ကောင်းတဲ့ တိုက်ဆိုင်မှု့ တစ်ခုဖြစ်ပါလိမ့်မယ်။ :)

Cleaning Canon Wide Zoom’s Fungus

Canon EF 17-40 Lens

မနေ့က နေ့လည်တုန်းက ဘန်ကောက်က အက်ကာမိုင် ဘက်မှာ အလုပ်ကိစ္စလေးရှိလို့ သွားဖြစ်ပါတယ်.. နောက် အဲဒီက ထိုင်းဓာတ်ပုံဆရာကို ကျွန်တော့် လန်းစ်ထဲမှာ မိှုနဲနဲ စတွေ့ရလို့ ဆေးဖို့ နေရာမေးဖြစ်ပါတယ်။ အဲဒီမိှုက ဘန်ကောက် ရောက်မှ တက်တာ ခင်ဗျ အဓိကက ကင်မရာတစ်လုံးနဲ့ နေပူထဲလျောက်သွားပြီး လမ်းပေါ်မှာ ရိုက်လိုက် နောက် ပလာဇာ၊ ရှော့ပင်းမော တွေ့ရင် ဝင်လိုက်နဲ့ အရမ်းပြင်းတဲ့ အအေးနဲ့ အပူ တလှည့် ဆီတွေ့သွားတာ ပါပါတယ်။ ကောင်းတဲ့ အကျင့်လို့ ပြောရမလားပဲ အမြဲတမ်း လန်းကို မီးရောင်မှာ ထောင်ကြည့်တတ်တဲ့ အကျင့်ကြောင့် ညဘက်မှာ ချက်ချင်းသိလိုက်တယ်။ ဖြစ်တာက Canon EF 17-40 f/4 L USM လန်းစ်မှာ ဖြစ်တာပါ။

RIP Steve Jobs

RIP Steve Jobs

ဒီနေ့ အောက်တိုဘာ ၆ ရက် ဟာ တကယ်တော့ မနက်မိုးလင်းကတည်းက ဝမ်းနည်းဖို့ ကောင်းတဲ့ နေ့ပါပဲ… မိုးလင်းကတည်းက Steve Jobs ဆုံးပြီ ဆိုတဲ့ သတင်းတွေ တက်နေတာ တွေ့ရတယ်။ နာမည်ကြီး သတင်းဌာနတွေ ဆိုတော့ သေချာသွားပြီပေါ့. နောက် Apple.com မှာလဲ ပုံတင်ထားတာ တွေ့လိုက်ရတယ်။ တကယ်ပဲ Steve jobs ဆုံးသွားရှာပါပြီ.. အရင်လို ကောလဟလ မဟုတ်တော့ပါဘူး.. အောက်တိုဘာလ ၅ ရက်နေ့မှာ ဆုံးသွားရှာပါပြီ…

Once Again in Bangkok ~ 2

McDonald Joker from Bangkok

ဘန်ကောက် ရောက်ပြီး နောက်ရက်ကတည်း က တစ်နေကုန်အပြင်သွား ညရောက်မှ ဟိုတယ်ပြန်ရောက်နဲ့ ဘလော့ဂ်တောင် မရေးဖြစ်ပါဘူး။ ဒီ ၂ ရက်အတွင်းမှာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. Pantip ဆိုတဲ့ ကွန်ပျူတာ ပစ္စည်းတွေ ရောင်းတဲ့ ပလာဇာသွားတယ် အင်း အဲဒါက စင်ကာပူက ဆင်မလင်းစကွဲ နဲ့ ပုံစံတူတယ်။ အူကြောင်ကြောင် မလုပ်နဲ့ နိုင်ငံခြားသားဆို စျေးတင်လိုက်မယ် ဆိုသူတွေ ရှိတယ်။ ဆိုင်ပေါင်းစုံလိုက်လေ့လာရင် စျေးမှန်သိရမယ်။