A Visit to Uncle Za Ga Nar Home

Za Ga Nar talking with his friends at home

ဒီနေ့ ၁၃ ရက်နေ့ အောက်တိုဘာ နေ့လည်ခင်း ဘက်မှာ ၁၂ ရက်နေ့ မနေ့က ထောင်ကနေ ပြန်လွှတ်လာတဲ့ ဟာသသရုပ်ဆောင် ဦးဇာဂနာ အိမ်ကို အလည်ရောက် ဖြစ်ပါတယ်။ အမှန်တော့ မနေ့ကလဲ ကျွန်တော် ဦးဇာဂနာ မြစ်ကြီးနားကနေ လေယာဉ်နဲ့ ရောက်လာတာကို လေဆိပ်မှာ စောင့်ပြီး ဓာတ်ပုံ ရိုက်ဖြစ်ခဲ့ပါသေးတယ် ကံမကောင်းချင်တော့ 5D ရှပ်တာနဲနဲ ကြောင်သွားပြီး ပုံတွေ သုံးမရလိုက်ဘူး။ ဒါနဲ့ ဒီနေ့ ကိုငြိမ်းချမ်း နဲ့ အတူ ရောက်ဖြစ်ရင်း ဓာတ်ပုံ ရိုက်ဖြစ်တာလဲ ပါပါတယ်။

ကျွန်တော်တို့ ရောက်တော့ အဲဒီမှာ ဦးဇာဂနာ အပြင် ဦးမေတ္တာ၊ သီး ၂ သီးနဲ့ ကိုဂေါ်ဇီလာ နောက် အင်တာလာဗျူးတဲ့ the voice က အဖွဲ့သားတွေ ကို တွေ့ရပါတယ်။ အင်တာဗျူး နေသလို ဦးဇာဂနာက မြစ်ကြီးနား ထောင်မှာ သူ ဦးဆောင်လုပ်ခဲ့တဲ့ ထောင်တွင်း စာကြည့်တိုက် အကြောင်းကို ပြောပြပေးပါတယ်။ စာဖတ်တဲ့ ထောင်သားတွေ များလာတဲ့ အတွက် ပိတီဖြစ်ရတဲ့ အကြောင်းကို ဟာသနှောပြီး ပြောပါတယ်။ နောက် စာဖတ်ဝိုင်းလဲ နေ့စဉ်လုပ်ထားတဲ့ အကြောင်းပါ ပြောပါတယ်။

နောက် the voice လဲပြန်သွားပြီးတဲ့ နောက် သတင်းထောက်မရှိတော့တာမို့ ဦးဇာဂနာက လက်ရှိ သီး ၂ သီးနဲ့ ကိုဂေါ်ဇီလာတို့ စီစဉ်နေတဲ့ မျှော်စင်ကျွန်း အငြိမ့် အကြောင်းကို မေးမြန်းတာတွေ့ ရပါတယ်။ ဦးဇာဂနာက သူ့အနေနဲ့ သဘောမကျကြောင်း ကျန်တဲ့ သီး ၂ သီးပါ နိုင်ငံခြားက ပြန်ရောက်လာမှ လုပ်စေချင်ကြောင်းပြောပါတယ်။ အဲဒီလို ပြန်လာမှ လုပ်မယ်ဆို သူကော ဦးမေတ္တာကော ပါ ဝင်က မှာ ဖြစ်ကြောင်းဆိုပါတယ်။ ဒီလထဲ လုပ်ဖို့ စီစဉ်ထားတာကို ဖျက်ဖို့ ဘာတွေ လိုသလဲ မေးမြန်းတာတွေ့ရပါတယ်။ သူ့ အနေနဲ့ ကတော့ လူညီပြီး စုံမှ ကြီးကျယ်ပြီး အောင်မြင်အောင် လုပ်စေချင်ကြောင်း ပြောတာကို ကြားရပါတယ်။

ဒီကြားထဲ မှာပဲ ဦးဇာဂနာ မိတ်ဆွေ တစ်ယောက်ခဏ ဝင်လာပြီး နှုတ်ဆက်ရင်း english ပုံပြင်စာအုပ် တစ်အုပ် အထူကြီး လက်ဆောင် လာပေးတာကိုလဲ တွေ့ရပါတယ်။ update ~ အဲဒီ စာအုပ်က အန်တီ ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးတာလို့ သိရပါတယ် အထဲမှာလဲ ဝမ်းမြောက်ကြောင်းရေးထားတဲ့ post card တစ်ခုပါပါတယ်။ နောက်တော့ Envoy ဂျာနယ် က သတင်းထောက်၂ ယောက် ထပ်ရောက်လာပြီး မေးမြန်းဖို့ လုပ်တာကြောင့် ကျွန်တော်တို့လဲ အိမ်ခန်းထဲ လူကျပ်နေမှာ စိုးတာကြောင့် ဦးမေတ္တာနဲ့ အတူတူ ပြန်ဖြစ်ခဲ့ကြပါတယ်။ ဦးဇာဂနာ ကြီး ကျန်းကျန်းမာမာ ပြန်လွတ်လာတာကို တွေ့ရတာ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဦးဇာဂနာ နဲ့ မရှေးမနှောင်း အတူတူ ထောင်ကျခဲ့တဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် မလွတ်သေးတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အမြန်ဆုံး ပြန်လွတ်စေချင်ပါရဲ့ ……

Za Ga Nar talking with his friends at home

Za Ga Nar talking with his friends at home

Za Ga Nar talking with his friends at home

Za Ga Nar talking with his friends at home


Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 4