
ဘန်ကောက် ရောက်ပြီး နောက်ရက်ကတည်း က တစ်နေကုန်အပြင်သွား ညရောက်မှ ဟိုတယ်ပြန်ရောက်နဲ့ ဘလော့ဂ်တောင် မရေးဖြစ်ပါဘူး။ ဒီ ၂ ရက်အတွင်းမှာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. Pantip ဆိုတဲ့ ကွန်ပျူတာ ပစ္စည်းတွေ ရောင်းတဲ့ ပလာဇာသွားတယ် အင်း အဲဒါက စင်ကာပူက ဆင်မလင်းစကွဲ နဲ့ ပုံစံတူတယ်။ အူကြောင်ကြောင် မလုပ်နဲ့ နိုင်ငံခြားသားဆို စျေးတင်လိုက်မယ် ဆိုသူတွေ ရှိတယ်။ ဆိုင်ပေါင်းစုံလိုက်လေ့လာရင် စျေးမှန်သိရမယ်။
ဘေးကပ်ရပ်က ပလပ်တီနံ ပလာဇာ၊ ပတူနမ်း စျေးတွေ ရှိတယ်။ ဒီနေ့လဲ အဲဒီဘက်သွားဖြစ်တာပဲ။ နေ့လည်စာစားဖို့လဲပါတယ်။ နောက် ကင်မလား ပစ္စည်းလိုတာလေးတွေ ရှိတယ် ပိုက်ဆံက သိပ်မရှိတော့ ဘာမှမဝယ်ခဲ့ဘူး။ Lonely Planet က စာတွေလို tips ရေးရရင် Pantip မှာ ကင်မရာပစ္စည်းတွေ ဝယ်ရင် စျေးဆိုင်တိုင်းဝင်လေ့လာပါ စျေးလျော့ပေးလို့ ဆိုပြီး ရမ်းမဝယ်ပါနဲ့။ နိုင်ငံခြားသားဆိုတာ သိတာနဲ့ စျေးက ၃ ဆလောက်တောင် တင်တဲ့ ဆိုင်ရှိသေးတယ်။ ကျောပိုးအိပ်တွေလဲရှိတယ် စျေးတွေ မေးပြီးအရင်ပတ်ပါ နောက် ဒီဇိုင်းတွေလိုက်ကြည့်ပါ နောက် အားရင် ကင်တန်းထိုင်ပါ။ ယှဉ်ပါ စဉ်းစားပါ ပြီးမှ စျေးသက်သာ ပစ္စည်းမှန်တဲ့ ဆိုင်မှာ ရသလောက် စျေးစစ်ပြီး ဝယ်ပါလေ။
ဒီနေ့တော့ အဲဒီဘက် ရောက်ဖြစ်ပေမယ့် ဘာမှမဝယ်ပါဘူး လိုချင်တာ မရှိပေမယ့်၊ သူငယ်ချင်းတွေ မှာလိုက်တဲ့ ရှိတဲ့ဟာကျတော့လဲ စျေးမတတ်နိုင်ပါဘူး။ ညနေဘက်မှာတော့ ဘန်ကောက်က သူငယ်ချင်း ၂ ယောက်နဲ့ ပလပ်တီနမ် ဘက်ကနေ Central World ဘက်တွေ သွားဖြစ်တယ်.. လျောက်ကောင်းကောင်းနဲ့ လျောက်တာ MBK လဲရောက်သွားတယ်။ အထဲမှာလဲ လျောက်ကြည့်တယ် ဘာမှမဝယ်ပါဘူး။ နောက် ပီဇာဦးထုပ် ပီဇာအမိုး ဆိုင်မှာ ထိုင်ပြီး ဘီယာဘားတွေ ဘက် သွားကြည့်ဖြစ်တယ် နောက်တော့ ဘယ်မှာမှ မထိုင်ပဲ ကားငှားပြီး ဟိုတယ် ပြန်ခဲ့ပါတယ်။ ညနေဘက်ကတော့ လမ်းလျောက်ရင်း street photo, candid တွေ ရိုက်ထားလိုက်တယ်။ ၁၀၀ အတိ လန်းစ် နဲ့ ရိုက်ပါတယ်။ Candid ဆိုတော့ အရင် ရိုက်နေကြအတိုင်းပဲ နဲနဲတော့ စားပါတယ်။ ကင်မရာတစ်လုံးနဲ့ သူတို့ နားကပ် ဟိုကြည့်ဒီကြည့်နဲ့ လုပ် သူတို့ လူကို မကြည့်တော့ပဲ မူရင်း mood ပြန်ဝင်နေတော့မှ ရိုက်ချရတာပေါ့။ ဒီနေ့တော့ ဘန်ကောက်မြို့ရဲ့ လမ်းပေါ်က ဓာတ်ပုံများကို ရှုစားကြပါဦး….















အဲလို ထိုင်း ဘုရား မျိုး Macau မှာလည်းတွေ ့ဖူးတယ် .. အဲလို လမ်းမ မှာပဲ .. တော်တော်လေးဆင်တယ် ထားပုံက အစ ..
ပီဇာဦးထုပ် ဆိုတာ Pizza Hut ကိုပြောတာလား ??? ဦးထုပ် = hat ..
ဆရာကြီးလုပ်တာ မဟုတ်ဘူးနော် မသိလို ့မေးကြည့်တာ ..
Thanks for showing your trip photos .. love to see the street photos ..
Like or Dislike:
0
0
မိုက်သကွာ။ သဘာဝအလွန်ကျတယ်။ မျက်မှန်ကြီး နောက်စေ့မှာ တပ်လို့….. နောက်တစ်ယောက်က မျက်လုံးကို ပြူးလို့….။ သတိ…..ဆိုတဲ့ စကားလုံးရယ်။ နတ္ထိလောကေ ရဟော နာမ….ဆိုတဲ့ စကားလုံးရယ်ကို အတော်သဘောပေါက်သွားသဗျာ။ ကျေးဇူးပဲဗျို့။
Like or Dislike:
0
0
@Jia Li ~ ထိုင်းမှာက အဲဒီ နတ်စဉ်လိုလိုလေးတွေ နေရာ အနှဲ့တွေ့ရတယ်.. မြေစောင့်နတ်ဆိုလား ဘာဆိုလားပဲ ကြားဖူးတယ်။ အင်း ဟုတ်တယ် ပီဇာ အမိုးဖြစ်ရမှာ စာလုံးပေါင်းတာ အေ နဲ့ ပေါင်းတယ် မှတ်လို့ ဆိုတော့ ပီဇာ အမိုးပေါ့ =D
Like or Dislike:
1
0
@masoyein ~ လျှာထွက်နေတဲ့ တစ်ယောက် ပုံပါ ရှိသေးတယ် ဘုရား မတင်တော့ပဲ ချန်ထားလိုက်တာ =D
Like or Dislike:
1
0