
29 ရက်နေ့မှာ အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီး ရောက်နေလို့ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ နေ့လည်ကတည်းက ကိုစိုးကြီး၊ ကိုရဲအောင်သူ နဲ့ ကို black dream တို့ နဲ့ အတူတူ ခြောက်ထပ်ကြီး၊ ရွှေတိဂုံဘုရား၊ စမ်းချောင်းဘက်တွေမှာ ဓာတ်ပုံလိုက်ရိုက်ထားလို့ တော်တော်ပင်ပန်းထားပေမယ့် ညဘက် အိမ်ပြန်ရောက်အပြီးလောက်မှာ ၁၀ နာရီလောက်ပေါ့ မီးသတ်ကားသံတွေ ကြားလို့ မေးကြည့်မိပြန်ပါတယ်။ သိရတာက ၉၆ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ တိုက်ပြိုကျတယ်လို့ သိရတာကြောင့် ကင်မရာဆွဲပြီး ထွက်ရိုက်ဖြစ် ပြန်ပါတယ်။
သိမ်ဖြူလမ်း ရထားလမ်း ဂုံးတံတားအဆင်းနားက ရက်ကွက် ထဲမှာပါ လွတ်လပ်ရေးရပ်ကွက်ဖြစ်ပြီး လမ်းနံပါတ် ၉၆ လမ်း အိမ်အမှတ် ၂၆ မှာ ပြိုကျတာကို တွေ့ရပါတယ်။ တိုက်က ၄ ခန်းတွဲ ၂ ထပ်တိုက် ဖြစ်ပြီး ရေညှိတွေတပ်နေပါတယ်။ တိုက်က အုတ်များကဆွေးနေပုံရပါတယ် တိုက်ကို ၁၉၆၄ မှာ ဆောက်ခဲ့တယ်လို့ အနားက လမ်းသားတစ်ယောက်က ပြောပြပါတယ်။ တိုက်က အကုန်ပြိုကျတာ မဟုတ်ပဲ မျက်နှာချင်းဆိုင်က ကြည့်ရင် တိုက် ညာဘက်အခြမ်းက နောက်ဖေးဘက်ခြမ်းမှာ ပြိုကျပါတယ်။ အရှေ့က ကြည့်ရင် တိုက်က အကောင်းအတိုင်းပါပဲ။ နောက်ဖေးဘက် မီးဖို၊ ရေချိုးခန်း၊ အိမ်သာ ကြမ်းခင်း ပြိုကျတာပါ။ ည ၉ နာရီ ခွဲလောက်မှာ ပြိုကျတယ်လို့ မီးသတ်ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
လူ ၂ ယောက်ထိခိုက်မိလို့ ဆေးရုံပို့ ရတယ်လို့ ကြားရပြီး ကျွန်တော်ရောက်တဲ့ အချိန်မှာ အောက်ထပ်မှာ ပြိုကျတဲ့ အုတ်ချပ်တွေ ပိနေတဲ့ အလောင်းကို ထုတ်ယူနေတယ်ဆိုတာ သိရပါတယ်။ ကျွန်တော် ရောက်ကတည်းက မီးသတ်များရော၊ ကြက်ခြေနီ အဖွဲ့များ၊ ရဲဝန်ထမ်းများပါ ကြိုးစားထုတ်ယူနေတာတွေ့ရပါတယ် အလောင်းကိုတော့ ည ၁၂ နာရီကျော်မှ ခက်ခက်ခဲခဲ ထုတ်ယူရပါတယ်။ လွှစက်များပါသုံးပြီး ထုတ်ယူရတာကို တွေ့ရပါတယ်။ တိုက်က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတိပေးထားပြီးသားလို့ သိရပါတယ်။ တစ်ခြမ်းသာပြိုကျတာ ဖြစ်ပြီး ကျန်တဲ့ အခြမ်းက အိမ်သားများ ထွက်ကကြည့်နေကြတာကိုလဲ တွေ့ခဲ့ရပါတယ်။ သူတို့အားလုံးကို ညတွင်းချင်း ပြောင်းရွှေ့ခိုင်းထားတယ်လို့ သိရတယ်။ အခုကတော့ အဲဒီမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပေါ့။




ဒီလိုမျိူးတိုက် ၂၀၀၅ ထဲက db သတ်မှတ််ထားတာ ယောမင်းကြီးလမ်းမှာရှိတယ်.ကန်တရိုက်တာပညာပြတာကြောင့်ခုထိ မဖျက်ရသေးပါ။ မျက်နှာစာကကောင်းပေမဲ့နောက်ဖက်ပြိုခါနီးဖြစ်နေပီ။ဆိုးတာကအောက်မှာလူအများစားသောက်တဲ့လက်ဘက်ရေဆိုင်ရှိပြီး နောက်မိသားစုတစ်စုနေထိုင်သေးပါတယ်။စည်ပင်ကိုအကြောင်းကြားပေမဲ့လည်း မသိချင်ယောင်နေပါတယ်..ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုံး
တည်နေရာကတော့ ရ၁/၇၃ ယောမင်းကြီးလမ်း-ဒဂုံမြို ့နယ်.. စကော့စျေးနဲ ့ကပ်နေပါတယ်။ တခုခုဖြစ်ခဲ့ရင် သေကြေမဲ့ကိစ္စတွေရင်လေးစရာပါဘဲ…လူ ့အသက်ကိုကယ်တင်ဖို ့ကူပါအုံးလို ့အကူအညီတောင်းပါတယ်။အသေးစိတ်သိချင်ရင်တော့ e mail ပို ့ပေးပါနော်…လေးစားစွာဖြင် ့
Like or Dislike:
0
0