Taung Gyi Traditional Hot Air Balloon Festival

TaungGyi-hot-air-balloon-festival

November လထဲမှာ ဘလော့ဂ်ကို အသစ် မတင်ဖြစ်တာ အတော်ကြာသွားပါတယ်။ အလုပ်များနေတယ်ရယ် အလုပ်အားတော့ မတင်တာကြာတော့ ပျင်းသွားတာလဲ ပါပါတယ်။ အခုတော့ ဒီလ အစောပိုင်းက သွားဖြစ်ခဲ့တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်က ပုံတွေတင်လိုက်ပါတယ်။

တောင်ကြီးကို အစက သွားဖို့ မသေချာဖြစ်နေရာကနေ နောက်တော့ အလုပ်ကလဲ အနားရတာနဲ့ ၂ ညအိပ်ခရီးသွားဖြစ်ခဲ့ပါတယ်။ ဟိုမှာ မနက်ပိုင်းရောက်တုန်းကို ကိုရဲအောင်သူ၊ နန်းညီ၊ မထိုက်၊ ကိုဘိုဘို တို့နဲ့ အင်းလေး သွားဖြစ်ပါတယ်။ ညနေမှာတော့ တောင်ကြီး တက်ဖြစ်ပါတယ် နောက်တော့ တောင်ကြီးက တောင်ပေါ်ဘုရားသွားဖြစ်ကြပါတယ်။ ဘုရားမှာ တောင်ကြီးမြို့ အလှ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်တို့ တည်းကြတဲ့ ညီသျှား အိမ်ကိုပြန်ဖြစ်ပါတယ်။ ပြန်ရောက်တော့ ကျွန်တော်က တော်တော် ပင်ပန်းနေတာနဲ့ တန်းအိပ်ဖြစ်ပါတော့တယ်။ ည ၉ နာရီလောက်မှာ ပြန်ထွက်ပြီး မီးပုံပျံပွဲ ရှိတဲ့ ကွင်းသွားတာတောင် မလိုက်နိုင်တော့ဘူး ကျန်တဲ့သူတွေ အကုန်သွားကြတယ် ကျွန်တော်ကတော့ နောက်ရက် မှ ရိုက်မယ်ဆိုပြီး အိပ်နေခဲ့ပါတယ်။

တောင်ကြီးက နိုဝင်ဘာလဆိုပေမယ့် အေးစ ပြုနေပြီခင်ဗျ။ ညနေဆို မြူတွေကျတယ်။ တော်တော်အေးတယ် ဒါပေမယ့် သူ့ရဲ့ အအေးဆုံး မဟုတ်သေးဘူးဆိုတာ မနှစ်က ဒီဇင်ဘာမှာ သွားခဲ့သေးလို့ သိနေပါတယ်။ ညက အခန်း ပြတင်းပေါက်ကော အကုန်ပိတ်အိပ်တာတောင် အဲယားကွန်းဖွင့်အိပ်ရသလို တော်တော်အရသာ ရှိပါတယ်။ ဒီလိုနဲ့ ၂ ည ခရီးမှာ ၁ ည အိပ်လိုက်တယ်။ နောက်ရက်မှာတော့ နေ့လည်ဘက်မှာ နေ့လွှတ်မီးပုံးတွေရှိတာမို့ မီးပုံးပျံကွင်းကို ရောက်ဖြစ်ပါတယ်။ အခု မီးပုံးပျံကွင်းက အရင်လို စူလာမုနိ ဘုရားနားက ကွင်းမဟုတ်တော့ပါဘူး အဲဒီကနေ ဆက်သွားရတဲ့ မြို့ပြင် ရထားလမ်းနားနဲ့ အပြိုင်ဘက်က ကွင်းမှာ လုပ်တာဖြစ်ပါတယ်။ ဒီနေရာ အသစ်က ပိုကျယ်တာကို တွေ့ရပါတယ်။

နေ့လွှတ် မီးပုံးပုံတွေက တိရိစာ္ဆန်ပုံလေးတွေ ချိုးကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ မတင်တော့ပါဘူး ရိုက်ဖြစ်တုန်းက ကောင်းတဲ့ ပုံတွေက သတင်းဌာနကို ပို့လိုက်ပြီဆိုတော့ ဘာမှမကျန်တော့ပါဘူး။ သိပ်လဲမရိုက်ဖြစ်လိုက်လို့ပါ။ နောက်တော့ အိမ်ပြန်နားကြပြီးတဲ့နောက် ညဘက်မှာ ထွက်ဖြစ်ပါတယ်။ ပထမဆုံး ဆောင်းည လို့ နာမည်ပေးထားတဲ့ မီးပုံးဆင်တဲ့ ရက်ကွက်ဘက်ကို သွားဖြစ်ကြပါတယ်။ အဲဒီမှာ ညဘက်မှာလွှတ်မယ့် မီးပုံးကို ယမ်းခွေတွေ ဆင်နေတာ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ နောက်တော့ ဆိုင်ကယ်များနဲ့ပဲ မီးပုံးပျံပွဲကို သွားဖြစ်ပါတယ်။ လမ်းမှာ ကားတွေကော ဆိုင်ကယ်တွေကော အတော်ရှုပ်ပြီး များပါတယ်။ ကားနဲ့ဆို ကွင်းရောက်အောင် စီတန်းနေရာတာနဲ့ တော်တော်ကြာသွားနိုင်ပါတယ်။ ဆိုင်ကယ်နဲ့ ဆိုတော့ ဟိုတိုးဒီတိုးနဲ့ ရောက်သွားပါတယ်။ ရောက်တော့ ကွင်းမှာက ကြယ်နီ လို့ နာမည်ပေးထားတဲ့ မီးပုံးလွှတ်ဖို့ မိှုင်းတိုက်နေတာ ကိုတွေ့ရပါတယ်။

ကိုရဲအောင်သူ ဆိုင်ကယ် မရောက်သေးတာကြောင့် အဝေးကနေပဲ အဲဒီ မီးပုံးကို 70-200 နဲ့ ရိုက်ဖြစ်ပါတယ်။ ရိုက်နေတုန်းမှာပဲ မီးပုံးမိှုင်းပြည့်ပြီး စလွှတ်ပါတယ်။ မီးပုံးက အပေါ်ကိုမတက်သွားပဲ မြေပြင်နဲပ ၁၅ ပေလောက် အကွာမှာ ဘေးတိုက်ရွှေ့ပါတော့တယ်။ နောက်တော့ ကွင်းဘေးက ဓာတ်တိုင်နဲ့ ချိတ်ပြီး အောက်မှာတင် မီးပန်းတွေ ပေါက်ကွဲပါတယ်။ မီးပန်းများက မြေပြင်ကို ရှုပ်ပြေးလာတာက မသိရင် စစ်ပွဲမှာ ကျည်ဆံတွေ ပြေးနေသလိုပါပဲ။ မတော်တဆ ဖြစ်ရပ်ပေမယ့် တော်တော်တော့ ကြည့်လို့ကောင်းပါတယ်။ ဒါနဲ့ ဘလော့ဂ်မှာ ပြန်တင်မယ်ဆိုပြီး ဘေးနားက ဝါးလုံးတိုင်ကိုပြေးလက်ထောက်ပြီး တယ်လီနဲ့ ဗီဒီယို ရိုက်ဖြစ်ခဲ့ပါတယ်။ အခု ဒီပို့စ်မှာ ကြည့်လို့ ရပါတယ်။ အဲဒီ ကြယ်နီ မီးပုံးက တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ သက်တမ်း အရှည်ဆုံး မီးပုံးဖြစ်တယ်လို့ ညီသျှားပြောလို့ သိရပါတယ်။ သူက သတ်မှတ် ယမ်းအလေးချိန်ထက်ပိုပြီး ယမ်းခွေလိုက်တော့ မိှုင်းပြည့်တာတောင် အပေါ်မတက်နိုင်ပဲ အောက်မှာပဲ ပေါက်ကွဲကုန်တာ ဖြစ်ပါတယ်။ ဆိုင်ကယ် အချို့နဲ့ စျေးဆိုင် အချို့ မီးလောင်ပျက်စီးသွားပါတယ်။ ကြယ်နီ မီးပုံးကတော့ ၁ နှစ် အပိတ်ခံလိုက်ရတယ်။



နောက်တော့ အောက်ဘက်မှာ မီးပုံး တစ်လုံးရိုက်ဖြစ်ပြီးတဲ့နောက် တစ်ဖက်ခြမ်းတောင်ခြေအစပ်မှာ ဆောက်ထားတဲ့ သစ်သားမျှော်စင်ပေါ်ကို တက်ရိုက်ဖြစ်ပါတော့တယ်။ အပေါ်ကနေ 70-200 နဲ့ပဲ tripod မှာ ဆင်ပြီးရိုက်ဖြစ်ပါတော့တယ်။ အဲဒီ စင်ပေါ်ကနေ ပထမဆုံး ရိုက်ရတဲ့ မီးပုံးက ထွက်တဲ့ မီးပန်းတွေနဲ့ လူပုံကတော့ အကြိုက်ဆုံးလို့ ပြောလို့ ရပါတယ်။ မီးပုံးပျံ ပုံမပါပေမယ့် တော်တော်ကြိုက်ပါတယ်။ အဓိကက မီးပန်းပေါက်ကွဲအား scale ကို ပုံထဲက လူအရွယ်အစားနဲ့ တိုင်းလို့ ရသလို silhouette လေးတွေကလဲ ပုံကို အားဖြည့်လိုက်သလို ဖြစ်သွားတာပါမယ်။

နောက်တော့ မီးပုံးတွေ အဲဒီပေါ်ကနေပဲ ဆက်ရိုက်ဖြစ်တယ် တစ်ချို့ မီးပုံးတွေက မီးပန်း အရမ်းလှတယ်။ တစ်ချို့က သိပ်မလှဘူး.. တစ်ချို့က glider မီးပန်းတွေပါပါသေးတယ် အပေါ်အမြင့်ကြီးရောက်မှ လင်းနို့တွေလို့ အောက်ဖက်ကို ၁၀ ပေလောက်ဆင်းပြီးမှာ အောက်ဘက်မှာ ဝဲပြီး ပန်းထွက်တဲ့ မီးတွေရှိတယ်။ တစ်ချို့မီးပုံးတွေက ရေတံခွန်လို မီးပန်းတွေကျတာလဲ ရှိသေးတယ်။ တစ်ချို့ကကျတော့ အရပ် ၈ မျက်နှာကို မီးပန်းတွေလွှတ်သလို တစ်ဆင့်ပြီး တစ်ဆင့်ထွက်တယ်။ မီးပန်းတွေထွက်တိုင်းလဲ အောက်ဖက်က ပြိုင်ပွဲဝင် အဖွဲ့သားတွေရဲ့ ဟေး ဟေး အော်သံ ရှမ်းအိုးစည်သံတွေလဲ ကြားရပါမယ်။ ချုပ်ပြောရရင် တော်တော်လှတဲ့ ညပါ။ မြန်မာပြည်မှာ ဒီလို ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု့ ပွဲတော်တွေ ရှိတာ အရမ်းဂုဏ်ယူဖို့ ကောင်းတယ်လို့ ခံစားရတယ်။ တစ်ညလုံး ခေါင်းတစ်မော့မော့နဲ့ အပေါ်ဘက်က မီးပန်းတွေ နဲ့ လင်းလင်းသွားတာပါပဲ။ အဲဒီ မျော်စင်ပေါ်မှာပဲ တစ်ညလုံး မီးပုံးကုန်တဲ့ အထိ နေခဲ့ကြပါတယ်။ နောက်ဆုံး တစ်လုံးကျန်တဲ့ အချိန်မှာ အောက်ဆင်းပြီး wide နဲ့ အနီးကပ်ပြန်ရိုက်ဖြစ်ပါတော့တယ်။ နောက်တော့ အဲဒီ မီးပုံးပျံအဖွဲ့တွေရဲ့ ဟိုင်းလတ်ကားကိုပဲ ခေါင်မိုးပေါ်ကစီးပြီး ပြန်ခဲ့ကြတယ်။

အမှန်တော့ ၂ ညအိပ်ဆိုပြီး အသွားအပြန် စီစဉ်ထားတာ မဝလိုက်သလိုပါပဲ အလုပ်ရှိလို့ ပြန်လာရပေမယ့် နောက်နှစ်တော့ အကြာကြီး နေပစ်မယ် စိတ်ကူးတယ်။ တောင်ကြီးဟာ ဒီ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလ ဆိုရင် ဟိုတယ်ကော တည်းခိုခန်းပါမကျန် လူပြည့်တတ်တာမို့ မိတ်ဆွေတို့ သွားမယ်ဆိုလဲ ကြိုတင် booking လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ရာသီဥတု အေးတာရှိတယ်နောက် မီးပုံးလွှတ်တဲ့ စည်းဝိုင်းထဲဝင်မယ်ဆို မီးမပေါက်လွယ်တဲ့ jean လို ဘောင်းဘီ jacket တွေဝတ်ဖို့ လိုအပ်ပါလိမ့်မယ်။ မဝင်ပဲ ခပ်လှမ်းလှမ်းက ကြည့်မယ်ဆို ပိုအဆင်ပြေပါတယ်။ မကြုံဖူးသေးတဲ့ မိတ်ဆွေများလဲ သွားကြည့်သင့်ပါတယ်။ နိုင်ငံတကာမှာ မီးပုံးပျံပွဲတွေ နေရာတိုင်းရှိပေမယ့် ဒီလို မိှုင်းခံစက္ကူ၊ ရိုးရာ ယမ်းခွေနဲ့ မီးပန်းအလှ၊ ဗုဒ္ဒဘာသာ ကို အခြေခံထားတဲ့ ယဉ်ကျေးမှု့ ပွဲတော်မျိုးကတော့ ဒီနေရာမှာပဲ ရှိပါလိမ့်မယ်။ ကောင်းကင်မှာ မီးအလှတွေနဲ့ ညတွေက ဘယ်မှာမှ ကြုံရမှာ မဟုတ်တဲ့ အတွေ့အကြုံတွေ ဖြစ်ပါလိမ့်မယ်။ အခုတင်ထားတဲ့ ပုံတွေအားလုံးဟာ ကျွန်တော့် အကျင့်အတိုင်း မူလအတိုင်းပဲ တင်ထားပါတယ် နဲနဲလေးမှ exposure, lighting တောင် ပြင်မထားပါဘူး။ ရေစာတပ်၊ ဆိုဒ်သေးပဲလုပ်ထားပါတယ်။ အမှန်တော့ ဒီပုံတွေက ကျွန်တော့် အလုပ်က မသုံးပဲကျန်ထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ ပိုကောင်းတာတွေကတော့ သတင်းဌာန ရောက်သွားလို့ မတင်တော့ပါဘူး။ ကျေးဇူးပြုပြီး ပုံများကို မီဒီယာတွေ အခြားနေရာတွေမှာ ပြန်မသုံးဖို့ မေတ္တာ ရပ်ခံပါတယ်။ ကျေးဇူးပါ။

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

TaungGyi-hot-air-balloon-festival

Taung Gyi Hot Air Balloon Festival Tazaungding

Taung Gyi Hot Air Balloon Festival Tazaungding

Taung Gyi Hot Air Balloon Festival Tazaungding

Taung Gyi Hot Air Festival

One Comment

  1. Lionslayer November 29, 2011

    You must be uploading to Vimeo last night. I saw you online there quite a few hours :P

    Like or Dislike: Thumb up 1 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 5 + 0