Monthly Archives: December 2011

Explosion At A Warehouse in Yangon, Myanmar

Fire Burning at Warehouse in Yangon

ဒီနေ့ မနက် ၂၉ ရက် မနက် အစောပိုင်း အမှန်တော့ ၂၈ ရက်ည ၁နာရီ ခွဲလောက်မှာ ကျွန်တော် အိမ်မှာ ကွန်ပျူတာရှေ့ထိုင် html ရေးနေတုန်း အုန်း ဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ အိမ်က တံခါးတွေကို တစ်ယောက်ယောက် စောင့်ကန်သလိုအသံတွေ ဘေးနားက တိုက်တွေ မှန်ကွဲသံတွေပါ ကြားလိုက်ရပါတယ်။ အမှန်တော့ ကျွန်တော် နားကျပ်နဲ့ သီချင်းနားထောင်ရင်း အလုပ်လုပ်နေတာဗျ ပေါက်ကွဲသံက ဘယ်လောက်ကျယ်လဲဆို သီချင်းသံကျော်ပြီးဝင်လာတယ်။ ဒါနဲ့ အိမ်ဝရန်တာထွက်ကြည့်တော့ မင်္ဂလာမွန်စျေး နိုက်ကလပ်တွေ ရှိတဲ့ ဘက်က လူတွေ ပြေးထွက်လာတာ၊ ကားတွေ အများကြီးထွက်လာတာ တွေ့လို့ အဲဒီမှာ ဗုံးပေါက်တယ် ထင်လိုက်တယ်။ ကင်မရာလွယ်ပြီး ဆင်းမယ်လုပ်တော့ အမေက စိတ်မချလို့ လိုက်မယ်ဆိုပြီး ပါလာပါတယ်။

The Dark Knight Rises

dark-knight-rises-poster-legend-ends-thumb

ဒီရက်ပိုင်း အလုပ်များနေတာကော၊ ပျင်းနေတာပါရောပြီး ဘလောဂ်မှာ ဘာမှ အသစ်မတင်ဖြစ်ပါဘူး။ ဒီနေ့တော့ ဘာရယ်မဟုတ်ပဲ ဖတ်မိတဲ့ သတင်းလေးကြောင့် ဘလော့ဂ်ထရေးပါတယ်။ အမှန်တော့ ဒီနေ့ Miss Christmas မော်ဒယ်ပြိုင်ပွဲရိုက်ဖြစ်ပေမယ့် မတင်တော့ပါဘူး။ ဒီညပြန်ရောက်တော့ ကြည့်မိတယ် နောက်နှစ်မှာ အသစ်ထွက်တော့မယ့် Batman ~ The Dark Knight Rises trailer ကြည့်မိတာကြောင့် ပြန် share လုပ်ပါတယ်။ ဒီကားက အခုမှ Trailer No #2 ကို iTunes Movie Trailler မှာ တင်ခဲ့တာပေမယ့် ၂၄ နာရီအတွင်းမှာ 12.5 Million download လုပ်ခဲ့တာမို့ record စာရင်းဝင်ပါဖြစ်သွားပါတယ်။

Saint Mary Cathedral turns 100 Years Old

Myanmar Saint Mary Cathedral's 100th Anniversary Ceremony

မနေ့က ဒီဇင်ဘာ ၈ ရက် မနက်ခင်း ၇ နာရီလောက်မှာ ဗိုလ်အောင်ကျော် လမ်းမှာ ရှိတဲ့ Saint Mary Cathedral ကို ရောက်ဖြစ်ပါတယ်။ အဲဒီမှာ Cathedral ရဲ့ နှစ် ၁၀၀ ပြည့် တည်ထောင်ခြင်း ပွဲကို ကျင်းပနေတာပါ။ မနက်အစောကတည်းက လူစည်နေတာဖြစ်ပြီး တိုင်းရင်းသား ခရစ်ယန်ဘာသာဝင်တွေလဲ အများအပြားတွေ့ရပါတယ်။ မနက် အစောရောက်ကတည်းက cathedral ထဲမှာ ခုံတွေ အပြည့်ဖြစ်နေပါပြီ။

Shia Muslims Mark Ashura in Yangon 2011

Myanmar Shia Muslims Mark Ashura in 2011

မနေ့ညက အမှန်တော့ ဒီနေ့ မနက်အစောကြီးပေါ့ မြို့ထဲမှာ Shia မူစလင် များရဲ့ Ashura ပွဲ ရှိလို့ ဓာတ်ပုံသွားရိုက်ဖြစ်ပါတယ်။ ဒီပွဲ ရှိတယ်ဆိုတာ သိလို့ ညနေဘက်ကတည်းက ကြိုအိပ်ထားပြီး ညဘက် ၁၁ လောက်ထသွားဖြစ်ပါတယ်။ ဆူးလေ ဘုရားနားက လမ်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ် အဲဒီမှာ ကိုရဲအောင်သူ နဲ့ ဆုံပါတယ်။ အဲဒီမှာ ရောက်တော့ အခေါင်းပုံစံတစ်ခုကို လူတစ်စုထမ်းထားတာ ရှိပါတယ်။ နောက် အနက်ရောင်ဝတ် မူစလင်အမျိုးသမီးတွေ ရှိတယ်၊ ရင်ဘက်ကို လက်ဝါးနဲ့ ရိုက်ပြီး ဘုရားစာလို တစ်ခုခုကို ဆိုနေတဲ့ အမျိုးသား အုပ်စုကြီးလဲ ရှိပါတယ်။

Hillary Clinton visits Shwedagon Pagoda

Hillary Clinton visits Yangon, Myanmar for the first time

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အမှန်တော့ U.S Secretary of State, Hillary Clinton နေ့ပြည်တော်ကနေ ရန်ကုန်မြို့ ကို လာရောက်ပါတယ်။ အမှန်တော့ ဒီနေ့က ဒီဇင်ဘာ ၁ ရက်နေ့ World AIDS Day ရိုက်စရာတွေ ရှိပေမယ့် မရိုက်တော့ပဲ အဲဒီကို သွားဖြစ်ပါတယ်။ နေ့လည် ၃ နာရီမှာ ရွှေတိဂုံဘုရား ဓာတ်လှေကားမှာ အခြား သတင်းဌာနတွေလိုပဲ တန်းစီစောင့်ရပါတယ်။ အမေရိကန် နိုင်ငံသား ကုတ်အကျီဝတ် security တွေ ရှိတယ် မြန်မာပြည်က ရဲ SB တွေလဲ ရှိပါတယ်။ နောက် ဘုရားလုံခြုံရေးများကောပဲ။