
မနေ့ညက အမှန်တော့ ဒီနေ့ မနက်အစောကြီးပေါ့ မြို့ထဲမှာ Shia မူစလင် များရဲ့ Ashura ပွဲ ရှိလို့ ဓာတ်ပုံသွားရိုက်ဖြစ်ပါတယ်။ ဒီပွဲ ရှိတယ်ဆိုတာ သိလို့ ညနေဘက်ကတည်းက ကြိုအိပ်ထားပြီး ညဘက် ၁၁ လောက်ထသွားဖြစ်ပါတယ်။ ဆူးလေ ဘုရားနားက လမ်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ် အဲဒီမှာ ကိုရဲအောင်သူ နဲ့ ဆုံပါတယ်။ အဲဒီမှာ ရောက်တော့ အခေါင်းပုံစံတစ်ခုကို လူတစ်စုထမ်းထားတာ ရှိပါတယ်။ နောက် အနက်ရောင်ဝတ် မူစလင်အမျိုးသမီးတွေ ရှိတယ်၊ ရင်ဘက်ကို လက်ဝါးနဲ့ ရိုက်ပြီး ဘုရားစာလို တစ်ခုခုကို ဆိုနေတဲ့ အမျိုးသား အုပ်စုကြီးလဲ ရှိပါတယ်။
နောက်တော့ လူအုပ်ကြီးဟာ ဆူးလေဘုရား မြို့တော်ခန်းမ နဲ့ ပန်းဆိုးတန်းလမ်းတွေကို ဖြတ်ပြီးတဲ့နောက် ၃၈ လမ်း အောက်ဘလောက်မှာ ရှိတဲ့ ဗလီကို ချီတက်ကြပါတယ်။ အဲဒီ ဗလီထဲမှာတော့ မြေပြင်မှာ သဲတွေခင်းထားတာရှိပါတယ် နောက် အဲဒီမှာမှ မီးကျီးခဲများကို ၁၀ ပေလောက် အရှည်ခင်းထားတာ တွေ့ရပါတယ်။ အဲဒီမှာ မီးတွေသိပ်နေကြပါတယ်။ နောက်တော့ မူစလင်ဘုရား စာလို စာတွေဖတ်နေတာတွေ့ရပြီးတဲ့ နောက် အဖြူဝတ် လှည့်လည်ကြသူတွေ တစ်ယောက်ပြီးတစ်ယောက် မီးနင်းပြီး တစ်ဖက်ကနေ တစ်ဖက်ကို ဖြတ်ကူးကြပါတယ်။ နောက် ကလေးတွေပါသလို အခြား အရပ်ဝတ်နဲ့ လူတစ်ချို့လဲ ဝင်နင်းတာကို တွေ့ရပါတယ်။
တစ်ဖက်တစ်ဖက် အပြန်ပြန်ကူးလိုက် မီးပြန်ညှိလိုက်နဲ့ လုပ်တာ ည ၂ နာရီလောက်မှ နားပါတယ်။ အဲဒီတုန်းက ဓာတ်ပုံရိုက်ဖို့ ဗလီကတာဝန်ရှိသူတွေ အများကြီးကူညီပေးတာကို ကျေးဇူးတင်ရပါတယ်။ လမ်းတစ်လျောက်လဲ ရိုက်ခွင့်ရသလို ဗလီ အတွင်းမှာလဲ အဆင်ပြေအောင် စီစဉ်ပေး နောက် ရိုးရာကို ရှင်းပြပေးကြပါတယ်။ အဲဒီတုန်းက နင်းတဲ့ သူတွေတော့ မသိဘူးဗျာ ဘေးနားကနေ ဓာတ်ပုံရိုက်ရတာတော်တော်ပူပါတယ်။ နောက် သူတို့ နင်းပြီးလွှင့်လာတဲ့ မီးခဲတစ်ချို့လဲ နင်းမသိသေးတယ်။ ဗလီထဲမှာ ဖိနပ်မစီးရဘူးဆိုတော့ ကင်မရာချောင်းရင်းနဲ့ မှားနင်းမိတယ်။ အခုကတော့ အဲဒီမှာ ရိုက်ခဲ့တဲ့ ပုံတစ်ချို့ပါ။ ဒီနေ့ညမှာတော့ ကိုယ့်ကိုကိုယ် ဓားနဲ့ မွှန်းမယ့် ပွဲ ညသန်းခေါင်ရှိသေးတာမို့ သွားရိုက်လိုက်ပါဦးမယ်။ ကျေးဇူးပါ…











Oh my God!! :O I am a Sunni Muslim but I have never heard that Shia Muslim walk on the fire. In my opinion, this is totally wrong. Shia mourn and celebrate like this because Prophet Muhammad’s (Peace Be Upon Him) two grandsons were murdered. :O
Well-loved. Like or Dislike:
2
0
I do not understand why you deleted the previous comment given by a reader. Why? It’s that because you want to make people believe that Islam is a bad religion? Huh?
Like or Dislike:
1
0
@ Sky ~ Hello, I’m so sorry. I don’t get what you mean as I didn’t receive any previous comments you want to mention. All comments won’t be appear on my blog as soon as you post coz I’ve moderation system. But I’m sure I didn’t get any comment that you may want to mention till now. I can even show you screen shot of my dashboard receives.. Thanks a lot
Well-loved. Like or Dislike:
2
0
Then, I am sorry…
Like or Dislike:
0
0
suprise.. i am sunni muslim.. i never heard of this.. look like Hindu walking on fire..
Well-loved. Like or Dislike:
2
0