Image+Me ~ My new Photography Blog


imageplusme photo blog

ဒီရက်တွေမှာ မန်းလေး ဘားကမ့်သွား ပျော်ပါးလိုက် ရန်ကုန်ဘားကမ့်မှာ အလုပ်များလိုက်နဲ့ ဘလော့ဂ်မှာပို့စ် မတင်တာအတော်ကြာသွားပါတယ်။ နောက်မှပဲ ဘားကမ့်က ပုံတွေတင်ပါဦးမယ်။ အခုကတော့ လွန်ခဲ့တဲ့ ၃ ရက်လောက် မနားမနေလုပ်လိုက်လို့ ပြီးသွားတဲ့ ဘလော့ဂ်အသစ်လေး တစ်ခုအကြောင်းမိတ်ဆက်ချင်လို့ပါ။ နာမည်ကို Image+Me လို့ ပေးထားပြီး www.imageplus.me ဆိုတဲ့ ဒိုမိန်းမှာ သွားရောက်လည်ပတ်နိုင်ပါတယ်။

အဲဒီ ဘလော့ဂ် အသစ်က ကျွန်တော့် ကိုယ်ပိုင် နောက်ထပ် ဘလော့ဂ်တစ်ခုဖြစ်ပြီး ဓာတ်ပုံသီးသန့်သာ တင်မှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်က သတင်းဓာတ်ပုံတွေပေါ့။ အမှန်တော့ အဲဒီ ဒိုမိန်းက ဓာတ်ပုံဘလော့ဂ်လုပ်မယ်ဆိုပြီး ဝယ်ထားတာ မနှစ်ကတည်းကပါ ဒီဇိုင်းစိတ်ကြိုက်ရေးမယ် ရေးမယ်နဲ့ photoshop မှာ ဆွဲလိုက် အိုင်ဒီယာ အသစ်ရလို့ နောက်တစ်ခုလုပ်လိုက်နဲ့ static html ရေးတဲ့ အဆင့်ကနေ theme ရေးတဲ့ အဆင့်တက်မလာတာနဲ့ ကြာနေတာ နောက်ဆုံးတော့ ကိုယ့်စိတ်ထဲမှာ လုပ်ချင်တဲ့ ပုံစံမျိုး layout ကို WPZoom.com မှာ အဆင်သင့်တွေ့လိုက်တော့ ယူပြီး modified လုပ်ပြင်ယူလိုက်တော့တာပါပဲ။ အဲဒါမှပဲ ဘလော့ဂ်က စဖြစ်ပါတော့တယ် အရင်ကတော့ ဘလော့ဂ် မလုပ်ခင်က facebook မှာ album တစ်ခုလုပ်ထားပြီး တင်ခဲ့ရတာပေါ့။ အခု ကိုယ်ပိုင်ရှိပြီဆိုတော့ အရင်က အဟောင်းတွေ ပြန် သွင်းပြီး ဘလော့ဂ်ကို အခုစလိုက်ပါတော့တယ်။

ဒီဘလော့ဂ်ကို တော်တော်လေးကြိုးစားပြီး လုပ်ယူလိုက်ရပါတယ်။ Social ခေတ်၊ မိုဘိုင်းခေတ်မှာ ခေတ်မှီအောင် facebook fan page လေးလဲ ဆောက်ထားရပါတယ်။ နောက် @imageplusme twitter လေးကလဲ ဆောက်ထားရသေးတယ်။ နောက် subscribe လုပ်ရလွယ်အောင် feedburner RSS feed လေးကလဲ လုပ်ပေးရပါသေးတယ်။ နောက် iOS safari browser တွေမှာ bookmakr > add to home screen လုပ်လို့ရအောင် ပြင်လိုက်ပါတယ်။ နောက် မြန်မာပြည်မှာ ဖြစ်နေကြ ISP server cache ပြသနာလေးလဲ ရှင်းလိုက်ပြီးတဲ့ နောက်မှာတော့ ကိုယ်ပိုင် photo blog လေးဖြစ်လာပါတယ်။

ဒီဘလော့ဂ်ကို english language သုံးပြီး ရေးမှာမို့ ဇော်ဂျီ တွေ ယူနီကုတ်ဘေ့ ဖောင့်တွေနဲ့ ရှုပ်စရာမလိုဘူးပေါ့။ လောလောဆယ်တော့ single photo သတင်းတွေပဲ ရှိပါသေးတယ်။ နောက်ပိုင်းတော့ Story series, documentary တွေပါ တင်ပါမယ်။ မြန်မာပြည် သတင်းတွေ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေလဲ ဖတ်လို့ ရတာပေါ့လေ။ ဖြစ်နိုင်ရင်တော့ subscribe လုပ်ပေးကြပါဦးလို့ ပြည်တွင်းကသတင်းတွေကို အချိန်နဲ့ တပြေးညီ ဓာတ်ပုံတွေတင်ပေးပါ့မယ်။ နောက်ပိုင်းတော့ ဓာတ်ပုံတွေ အခုမြန်မာဘလော့ဂ်မှာတင်တော့မှာ မဟုတ်ပါဘူး ဒီမှာကတော့ အရင်အတိုင်း နည်းပညာအကြောင်း ပါဆင်နယ် အကြောင်းတွေပဲ တင်ဖြစ်မှာပါ။ ကျေးဇူးပါ ခင်ဗျား…



Related Posts

1 Comment so far »

  1. myathtut said,

    Wrote on February 20, 2012 @ 8:36 pm

    ကျွန်တော်ကတော့အားပေးနေဦးမှာနော်………..
    :P

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 4 + 3