Injustice Evening

Burma By-Election 2012

April 1 ရက် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကျွန်တော် ဥရောပဘက်က ရွေးကောက်ပွဲသတင်းလာယူတဲ့ ရုပ်သံမီဒီယာ တစ်ခုကို fixer လို့ခေါ်တဲ့ အမှားပြင်ပေးသူ ဒေသန္တရ ရိုးရာ၊ အချက်အလက်တွေကို ပြောပေးသူအနေနဲ့ အလုပ်လုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲနေ့မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာပဲ စခန်းချပြီး သတင်းလိုက်ရိုက်ဖြစ်ခဲ့ပါတယ်။ မနက်အစောပိုင်းမှာပဲ ပထမဆုံးရောက်ဖြစ်တဲ့ သိမ်ဖြူကုန်းအဆင်းနားက မဲရုံမှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့လို့ ကားပေါ်ကနေ ဆင်းပြီး စူးစမ်းဖြစ်ပါတယ်။ ဖြစ်တာက ပါတီတစ်ခုက အဖွဲ့ဝင်တွေက မဲရုံရှေ့ ပေ ၂၀ အကွာလောက်မှာ လမ်းပေါ်ကဖြတ်သွားနေတဲ့ ကားတွေ၊ တက္ကစီတွေမှာ ပါတဲ့ အခြားပါတီအလဲ အသေးလေးတွေ၊ စတစ်ကာတွေကို ဓာတ်ပုံရိုက်နေတာပါ။ အဆိုအရကတော့ မဲရုံရဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်တယ်ဆိုတဲ့အကြောင်းနဲ့ပေါ့။

ဒါနဲ့ ကြည့်နေတုန်းမှာပဲ လူအုပ်ထဲက လူတစ်ချို့က လက်တို့ပြီးလာပြောတယ် အဲဒီ ဓာတ်ပုံရိုက်နေတဲ့ ပါတီဝင်တွေရဲ့ မဲဆွယ်စတစ်ကာတွေ ဒီမှာတွေ့တယ်ဆိုပြီး လမ်းဘေးက ဓာတ်တိုင်မှာ ကပ်ထားတဲ့ စတစ်ကာတွေကို တွေ့ရပြန်တယ်။ နောက်တော့ အခြားမဲရုံတွေကို လိုက်ကြည့်ဖြစ်ပါတယ် ကြည့်နေတုန်းမှာ လူတစ်ယောက်က လာပြောပါတယ် လမ်း ၁၂၀ ဘက်က မဲရုံမှာ ပြသနာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ အဖွဲ့ကို သတင်းပေးသွားတယ်။ ဒါနဲ့ သွားကြည့်ဖြစ်ပါတယ် ရောက်သွားတော့ မဲရုံရှေ့မှာ လူ ၇ ယောက်လောက်စုနေတာတွေ့ရတယ် ကျွန်တော်တို့အဖွဲ့က နိုင်ငံခြားသားတွေကော ဗီဒီယိုကင်မရာကြီးတွေနဲ့ ရောက်လာတော့ ပြောပြပါတယ်။ အခုမဲရုံမှာ မနက်ပိုင်းက အခြားပါတီတစ်ခုက သူတို့ ပါတီကို မဲပေးဖို့ မဲရုံရှေ့မှာ မဲဆွယ်တဲ့ကိစ္စဖြစ်တယ် နောက် မဲရုံထဲကို မဲပေးသူမဟုတ်ပဲ အခြားပါတီဝင်အဖွဲ့တွေ အကြိမ်ကြိမ်အဝင်အထွက် လုပ်နေတဲ့ အကြောင်းတွေပြောပါတယ်။

ကျွန်တော်တို့ မေးမြန်းနေစဉ်မှာပဲ အဲဒီနားက တိုက်ပေါ်ကနေ အခြားပါတီဝင် အမျိုးသမီးတစ်ဦးက ကျွန်တော်တို့ အဖွဲ့ကို ဗီဒီယိုလှမ်းရိုက်နေတာ တွေ့ရတယ် ကိစ္စတော့မရှိပါဘူး ကျွန်တော်ကူနေတဲ့ အဖွဲ့က တရားဝင်ဖိတ်ကြားစာနဲ့ လာတဲ့ observer/ media ဖြစ်နေတာကိုး။ နောက် အဲဒီမှာပဲ ရက်ကွက်တာဝန်ရှိတဲ့သူ တစ်ယောက် မိန်းမက မဲရုံထဲကို ၃ ကြိမ်ထက်မနည်းဝင်လိုက်ထွက်လိုက် လုပ်နေတာကို အခြားပါတီဝင်တစ်ယောက်က လမ်းမ​ေ့ပါ်ကနေ ဗီဒီယိုရိုက်ထားတာကို လာပြီး ရန်ရှာ ဖျက်ခိုင်းနေတာတွေလဲ ကြုံ၇ပါတယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့ အဲဒီမှာ မေးမြန်းပြီး ညနေပိုင်းမှာ အခြားမဲရုံတစ်ခုမှာ မဲရေတာကို စောင့်ကြည့်ဖြစ်ပါတယ်။ ညနေဘက်စောင့်ကြည့်နေတုန်းမှာပဲ ကျွန်တော့်ဆီကို ဖုန်းဝင်လာပါတယ် နေ့လည်က ပြသနာဖြစ်ခဲ့တဲ့ နေရာက လှမ်းဆက်တာပါ။

အဲဒီမှာ ပြသနာဖြစ်နေတယ် ပြောပါတယ် လမ်းထဲက လူတွေကို observer အနေနဲ့ကော တစ်ယောက်မှ ပေးမကြည့်ပဲ မဲရုံကို တံခါးပိတ်ပြီးရေနေလို့ပါတဲ့။ ရဲတွေပါရောက်နေပြီလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့ အဲဒီလမ်းကို သွားဖြစ်ပါတယ် ဟိုရောက်တော့ ရဲသား ၃ ယောက်လောက်က မဲရုံ ဧရိယာကိုစောင့်ကြပ်နေတာတွေ့ရပြီး လမ်းထဲက လူအများက မဲရေတွက်တာကို မကြည့်ရလို့ အတော် ဒေါသထွက်နေပုံရပါတယ်။ ဖြစ်ချင်တော့ ရဲများကလဲ တာဝန်အရ မဲရုံကလုပ်တဲ့အတိုင်းကာကွယ်ပေးနေတော့ လူတွေခမျာ အားကိုးစရာမရှိဖြစ်နေပုံပါပဲ ကျွန်တော်တို့ ရောက်တော့ အားလုံးက လက်ခုပ်တွေတီးပြီး အားရဝမ်းသာကြိုကြတာ ကြက်သိမ်းတောင်ထတယ်။ စိတ်မကောင်းလဲဖြစ်သွားတယ် ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုအားကိုးမဲ့နေတဲ့ တရားမမျှတတာတွေကို တိုင်စရာမဲ့နေတဲ့သူတွေ ဘယ်လောက်များရှိနေမလဲဆိုပြီးတော့ပေါ့…

အဲဒီလူအုပ်ထဲက လူတစ်ချို့ ချက်ချင်းပြေးလာပြီး ကျွန်တော့်ကိုကော နိုင်ငံခြားသား နှစ်ယောက်ကိုပါ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ သူတို့မှာ မတရားတာ အလုပ်ခံနေရတာကို ရဲလဲ တိုင်လို့လဲမရဘာမှ မထူးသလိုဖြစ်နေတာ မီဒီယာကိုပဲ အားကိုးရသလိုဖြစ်နေပုံပါပဲ။ အထဲက လူတွေကလဲ အပြင်ကလူအုပ်ကြီးဘာလို့ လက်ခုပ်တီးတာလဲဆိုပြီး အထဲကနေလှမ်းကြည့်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လဲ ရောက်တော့ အဲဒီအဖြစ်အပျက်ကိုကော အထဲမှာ မဲရေနေတာကောကို မဲရုံအပြင်ကနေ လှမ်းရိုက်ယူပါတယ်။ ကျွန်တော်ကနေပဲ အခြားသူငယ်ချင်း သတင်းထောက် တွေကို ဖုန်းဆက်ခေါ်လိုက်တယ်.. သူတို့က အခြားမဲရုံမှာရိုက်နေကြတာ ကျွန်တော်တောင် သိပ်မပြောလိုက်ရပါဘူး ဒီဘက်မဲရုံမှာ ပြသနာဖြစ်နေတယ်ပဲရှိသေးတယ် လူအုပ်ကြီးက နောက်ထပ်လက်ခုပ်တွေတီးပြီး ကျွန်တော်တို့ အဖွဲ့ရောက်လာတာကို ဝမ်းသာပြီးထပ်တီးတဲ့ အသံတွေ ဖုန်းထဲကကြားသွားရတယ်။ သူတို့လဲ ချက်ချင်းလိုက်လာကြတယ်။ ကျွန်တော်တို့လဲ တတ်နိုင်သလောက် အဲဒီနေရာမှာ စောင့်ကြည့်ပေးခဲ့ပါတယ်။ မဲရုံထဲကို သာမန်ပြည်သူဝင်ခွင့်မရပေမယ့် ကြည့်ရသလောက်ကတော့ NLD Party ရဲ့ အမတ်လောင်း မဖြူဖြူသင်းကို မဲပေးတာ များတာကိုတွေ့ရပါတယ်။ နောက်တော့ ကျွန်တော်တို့ ပြန်ခဲ့ပါတယ် အဆုံးထိရေတာကို စောင့်မကြည့်နိုင်ခဲ့ပေမယ့် ကြည့်ခဲ့မိသလောက်တော့ NLD Party က အပြတ်အသတ်နီးပါး မဲရခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာစွဲသွားတာတစ်ခုကတော့ တရားမျှတမူ့ဆိုတာ နိုင်ငံအနှံ့လွှမ်းခြုံပါရဲ့လားဆိုတာပါပဲ..

နောက် လူထုခေါင်းဆောင်ဆိုသူတွေရဲ့ ခံစားချက်ကို အတိအကျနားလည်ခွင့်ရလိုက်တယ် အမှန်တော့ အဲဒီညနေက ခဏတာပေါ့ မဲရုံတစ်ရုံက လူထုရဲ့ အားကိုးခြင်းကိုခံလိုက်ရတဲ့ သူတစ်ယောက်ဖြစ်သွားခဲ့တာပေါ့.. အမှန်ဆို အဲဒီမဲရုံရှိတဲ့လမ်းက ကျွန်တော့် အိမ်နဲ့ ၂ လမ်းပဲခြားပါတယ် နောက်ပိုင်း အခြားမကြည်သူတစ်ယောက်ယောက်က ချောင်းရိုက်တာတောင်ခံရနိုင်ပေမယ့် အဲဒီ အချိန်ခဏမှာ လူအများမတရားလုပ်ခံနေရတာကိုမြင်ရတဲ့ အခါ အလိုလိုအားတွေရှိသွားတာပါပဲ အမှန်ဆို ကျွန်တော်တို့ အဖွဲ့က မီဒီယာသက်သက်ပါပဲ ဘာမှထူးခြားပြီးလုပ်ပေးနိုင်တာမရှိပေမယ့် အားကိုးရာမဲ့နေတဲ့ လူအုပ်ကြီးက ကျွန်တော်တို့ရောက်လာတော့ ဝမ်းသာအားရကြိုပြီး ယောက်ကျားရင့်မာကြီးတွေကော မိန်းမကြီးတွေကပါ ကျွန်တော်တို့ မီဒီယာသမား ၃ ယောက်ကို လက်ဆွဲပြီးနှုတ်ဆက်ကြတာ တစ်ချို့ဆိုလက်ကိုင်ထားပြီး လွှတ်တောင်မလွှတ်ဖူးဗျာ အကြာကြီးပဲ.. စိတ်ထဲမကောင်းဖြစ်မိတယ် အုပ်ချုပ်သူလူတွေသာ လူအများကို justice ဆိုတာ ရအောင်စောင့်ရှောက်နိုင်ရင် လူအများချစ်ခင်ပြီး တော်တော် ကုသိုလ် ရမှာပဲလို့တွေးမိပါရဲ့။ အဲဒီ ညနေပိုင်းလေးက ကျွန်တော့်အတွက်ရော နိုင်ငံခြားသား ၂ ယောက်အတွက်ပါ အမှတ်တရ ရှိနေမှာပါ… ဖြစ်နိုင်ရင် နောင်ဘဝတွေမှာ လူအများအတွက် တရားမျှတမှု့ကို ဆောင်ကျဉ်းပေးနိုင်သူ တစ်ယောက် ဖြစ်ချင်ပါတယ်။ အားလုံးကိုလဲ တရားမမျှတတာကို မသာယာပဲ တရားမျှတမှု့ကို မြတ်နိုးသူတွေ ဖြစ်စေချင်ပါတယ်….



2 Comments

  1. battoe19 May 11, 2012

    cool…

    Like or Dislike: Thumb up 1 Thumb down 0

  2. Gpoe July 5, 2012

    OOpOOs! ! !

    နောက်ပိုင်း အခြားမကြည်သူတစ်ယောက်ယောက်က ချောင်းရိုက်တာတောင်ခံရနိုင်ပေမယ့် အဲဒီ အချိန်ခဏမှာ လူအများမတရားလုပ်ခံနေရတာကိုမြင်ရတဲ့ အခါ အလိုလိုအားတွေရှိသွားတာပါပဲ ????????????

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 4