Monthly Archives: May 2012

Google Ventures

Google Ventures

ဒီနေ့ မျက်စိလည် လမ်းမှားပြီး Google Ventures ဆိုတဲ့ ဆိုဒ်တစ်ခုရောက်သွားတယ်.. ထူးဆန်းတာက Google Ventures က ကိုယ်ပိုင် domain နဲ့ အရင်လို Google sub domain မဟုတ်ဘူး။ ဝင်ကြည့်လိုက်တော့လည်း ဆိုဒ်က ဒီဇိုင်းမိုက်တယ်။ ဒါနဲ့ ဘာလဲဖတ်ကြည့်တော့ supporting ပေးဖို့အတွက် ရည်ရွယ်ထားတာတွေ့ရတယ်။ နောက် back up လုပ်ပေးထားတဲ့ company တွေလဲ ဝင်ကြည့်ဖြစ်တာပေါ့။ Google Ventures ကနေ start up companies တွေအတွက် ငွေရေးကြေးရေးကို ထောက်ပံ့ပေးတာတွေ့ရတယ်၊ နောက် ရင်းနှီးမြှုပ်နှံတယ်လို့လဲ သုံးထားတော့ လုပ်ငန်းတည်ထောင်ဖို့ ငွေလှည့်ပေးထားတဲ့ သဘောမျိုးဖြစ်မယ်ထင်တယ်။