ဒီနေ့ မျက်စိလည် လမ်းမှားပြီး Google Ventures ဆိုတဲ့ ဆိုဒ်တစ်ခုရောက်သွားတယ်.. ထူးဆန်းတာက Google Ventures က ကိုယ်ပိုင် domain နဲ့ အရင်လို Google sub domain မဟုတ်ဘူး။ ဝင်ကြည့်လိုက်တော့လည်း ဆိုဒ်က ဒီဇိုင်းမိုက်တယ်။ ဒါနဲ့ ဘာလဲဖတ်ကြည့်တော့ supporting ပေးဖို့အတွက် ရည်ရွယ်ထားတာတွေ့ရတယ်။ နောက် back up လုပ်ပေးထားတဲ့ company တွေလဲ ဝင်ကြည့်ဖြစ်တာပေါ့။ Google Ventures ကနေ start up companies တွေအတွက် ငွေရေးကြေးရေးကို ထောက်ပံ့ပေးတာတွေ့ရတယ်၊ နောက် ရင်းနှီးမြှုပ်နှံတယ်လို့လဲ သုံးထားတော့ လုပ်ငန်းတည်ထောင်ဖို့ ငွေလှည့်ပေးထားတဲ့ သဘောမျိုးဖြစ်မယ်ထင်တယ်။
ကြည့်မိတော့ companies တွေထဲမှာ ကျွန်တော် iPhone, iPad မှာ သုံးတဲ့ Pocket (former – Read It Later) လဲပါနေတာတွေ့တယ် နောက် နာမည်ကြီး iOS game company Ngmoco လဲတွေ့ရပါတယ်။ လွန်ခဲ့တဲ့လတွေက Read It Later ကနေ iOS update တက်လာပြီး ရုတ်တရတ် Pocket နာမည်ပြောင်းသွားသလို၊ Interface လဲလုံးဝလှသွားတာ နောက် အရင်လို app ကို မရောင်းတော့ပဲ လုံးဝ ဖရီးပေးလိုက်တာတွေ ဘယ်လိုဖြစ်တယ် သေချာမသိလိုက်ဖူး။ ခုမှ သဘောပေါက်တယ်.. Google support ပေးလိုက်တော့ အရင်လို ပိုက်ဆံမပေးရတော့ပဲ လုံးဝ ဖရီး ဖြစ်သွားတာမျိုးတွေတွေ့ရတယ် user တွေအတွက် အများကြီး အဆင်ပြေသွားစေတယ်။ နောက် ဆက်ကြည့်မိတော့ Google Ventures မှာ အသုံးဝင်မယ့် app တွေတွေ့ရတယ် ဖရီးလဲရတာတွေမို့ Google Venture ကို ဝင်ကြည့်ရင်း app တွေ browse လုပ်လို့ ရပါတယ်လို့ လက်တို့လိုက်ပါတယ်။