ဘလော့ဂ် မရေးဖြစ်တာလဲ အတော်ကြာသွားပါတယ်။ မိုးရာသီမှာ အပျင်းကြီးတတ်တာရယ် မိုးမိပြီး ဖျားတတ်တာလဲ ပါတယ် လျောက်သွားနေတာလဲ ပါလို့ မရေးဖြစ်တာကြာတဲ့ ဘလော့ဂ်ပြန်စပါတယ်။ ဘာရေးရင် ကောင်းမလဲဆိုတော့ ဒီရက်ပိုင်း trailer music တွေ ဓာတ်ကျနေတော့ အဲဒီအကြောင်းပဲ ရေးဖြစ်ပါမယ်။ အရင်ကတည်းက trailer တွေ စုတတ်တဲ့ဝါသနာ ရယ် ကြော်ငြာ အိုင်ဒီယာ ကောင်းရင် စုထားတတ်တာကြောင့် အဲဒီက symphony orchestra သံတွေ တစ်ရက်လိုက်ရှာဖြစ်ပါတယ်။
ပထမဆုံး ဟိုအရင် ၂၀၀၉ လောက်မှာ စပြီး နားထောင်ဖူးတဲ့ Avatar က တီးလုံးတွေလိုက်ရှာဖြစ်ပါတယ်။ ဝင်ဝင်ချင်း intro sound က My name is lincolin ဆိုတာတော့ သိတယ် အဲဒါက The Island ထဲက သီချင်း နောက်ထပ် အသံတွေကြမသိတော့ shazam နဲ့ထောက်ကြည့်တယ် နောက်ဆုံးတော့ YouTube မှာတွေ့ပါတယ်။ ၂ ပုဒ်လုံး AudioMachine ဆိုတဲ့ band က တီးထားတယ်။ ပထမအစက Akkadian Empire တဲ့ နာမည်က စစချင်း Cello နဲ့ တယော သံတွေနဲ့ စထားတာပါ။ နောက်တစ်ပုဒ်ကတော့ အကြိုက်ဆုံးတစ်ပုဒ်ပါပဲ နာမည်က Guardians at the gate တဲ့ အဲဒီ အသံက Avatar trailer အဆုံးမှာ director ရဲ့ အရင် ရိုက်ခဲ့တဲ့ ကားနာမည်တွေ ညွှန်းတဲ့ အချိန်မှာ လာပါတယ်။ အဲဒီ အသံကိုပဲ Journey 2 ~ The Mysterious Island ကား trailer မှာလဲ သုံးထားတာ တွေ့တယ်။
Orchestra သံစုံတီးဝိုင်းသံတွေ choir သံတွေက အရမ်းကောင်းလွန်းတယ်။ အရင်ကတည်းက Avatar trailer ရယ် Clash Of The Titan, Dear John, Spider Man 2 trailer တွေ အရမ်းကြိုက်တယ် နောက်ခံ အသံတွေမိုက်တာရယ် အသံ tempo နဲ့ လိုက်အောင် တည်းဖြတ်ထားတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေက ဇာတ်ကား မကောင်းရင်တောင် ကြည့်ချင်လာအောင် စွဲဆောင်နိုင်တယ်။ ဒါနဲ့ AudioMachine band ကိုလိုက်ရှာတော့ သူတို့ website တွေ့ပါတယ်။ သူတို့က trailer music သတ်သတ်ပဲ တီးတာဖြစ်နေတယ် အစက commercial အခွေထုတ်တဲ့ band မှတ်နေတာ ဒါပေမယ့် အခုသူတို့လဲ အောင်မြင်တဲ့ သီချင်းတွေကို အခွေစထုတ်နေတာ တွေ့ပါတယ်။ သူတို့ portfolio ကြည့်လိုက်တော့မှ အံ့ဩသွားတယ် ကိုယ်ကြိုက်တဲ့ trailer တွေက သူတို့တီးထားတာတွေ ကြည့်ဖြစ်နေတယ်။
Avatar, Prometheus, Flower Of War, The Raven, Snowwhite and the Huntsman, Super 8, The Hunger Games, Man on the ledge, Wrath Of The Titans, Big Miracle, Battleship, Act Of Valor, Avengers နာမည်ကြီးတဲ့ ကားတွေ အကုန်နီးပါး သူတို့ တီးထားတာတွေ ဖြစ်နေတယ် Game trailer တွေတောင် ပါသေးတယ်။ နောက်သိလိုက်ရတာက အဲဒီလို trailer music ပဲ သတ်သတ်တီးတဲ့ band တွေရှိတယ် ဆိုတာပါပဲ။ အဲဒါနဲ့ Spider Man 2 trailer က ကြိုက်တဲ့ တီးလုံးသံလိုက်ရှာဖြစ်တော့ YouTube မှာပဲတွေ့ပါတယ် Immediate လို့ဆိုတယ်။ ဘယ် band က မူရင်းလဲတော့ သေချာမသိဘူး ပြန်တီးထားတာတွေ အများကြီးတွေ့လို့။ အဲဒါနဲ့ပဲနောက်ဆုံးတော့ ဒီပို့စ်မှာ အဲဒီ ရှာတွေ့ထားတဲ့ထဲက ကြိုက်တဲ့ သီချင်းတွေ ပြန်တင်ထားလိုက်ပါတယ်။ ကျေးဇူးပါ။