Me Playing Arch Enemy ~ Silverwing from Htoo Tay Zar on Vimeo.
ပြီးခဲ့တဲ့ ၂ ပတ်လောက်က အိမ်မှာပဲ Arch Enemy ရဲ့ Silverwing သီချင်းကို တီးဖြစ်ပါတယ်။ အရင်လို ကိုယ်တီးတာ ဗီဒီယို မရိုက်တာကြာလို့ ရိုက်ထားပြီး vimeo ပါတင်လိုက်ပါတယ်။ သီချင်းက metal အမျိုးအစားဆိုပေမယ့် melody က အရမ်းကောင်းလွန်းပါတယ်။ သီချင်းက Arch Enemy ရဲ့ ၁၉၉၈ လောက်ကတည်းက သီချင်းပေမယ့် ကျွန်တော်တီးထားတာက ၂၀၀၉ မှာ version ပြန်ပြောင်းပြီးထွက်တဲ့ Root Of All Evils အခွေက notes နဲ့တီးပါတယ်။
မူရင်း သီချင်းက ဂစ်တာသမား ၂ ယောက်တီးတာဆိုတော့ တစ်ယောက်ထဲ တီးရတာ အချို့ အပိုင်းတွေမှာ တီးရအတော်ခက်ပါတယ်။ နောက် solo နေရာက လက်ချောင်းရှည်ပြီး ကားတီးရတဲ့နေရာကြတော့ ကျွန်တော့်လက်နဲ့တောင် position အမျိုးမျိုးထားစမ်းတာ အဆင်မပြေပဲ ဂစ်တာကို ထောင်တီးမှ အဆင်ပြေပါတယ်။ မဟုတ်ရင် တော်တော်ကြာအောင် ပိုကျင့်ရမှာ ကားတီးရတော့ notes အသံကမရှင်းပဲ လွတ်နေလို့ ထောင်တီးမှ အဆင်ပြေပါတယ်။ Guitar effect က အရင်အပတ်က ရေးခဲ့တဲ့ Amplitude ဆိုတဲ့ iPhone app နဲ့ ဂစ်တာနဲ့တွဲပြီး တီးထားတာပါ အခြားဟာသုံးမထားပါဘူး။ backing နောက်ခံအသံကိုတော့ speaker ကနေ ဖွင့်လိုက်တာ ဗီဒီယိုထဲမှာ အသံတွေထပ်ကုန်ပြီး ဆိုးသွားတယ်။ တကယ်တမ်းတော့ အခုတီးတဲ့ album version ထက် Arch Enemy ရဲ့ Rise Of The Tyrant Live in Japan ထဲက လိုမျိုး version ပိုကြိုက်ပါတယ် ခက်တာက wah လဲမရှိ နောက် အတူတူတီးဖို့တစ်ယောက်လဲ ရှိမှပိုကောင်းမှာကိုး။ အခုတော့ ကျွန်တော်တင်ထားတဲ့ ဗီဒီယိုလေး အားပေးပါဦးလို့… ကျေးဇူးပါ
ဟိဟိ မတင်တာတောင်ကြာပြီ။ ကွန်လေးကောင်းမှ ဒေါင်းပြီးကြည့်လိုက်မယ်။ အခုတော့ ဒီတိုင်းပဲ ဖတ်သွားတယ်။ Arch enemy ကတော့ သိပ်မသိဘူးဗျ။ Nemisis တစ်ပုဒ်ပဲ နားထောင်ဖူးတယ်။ တော်တော်တော့ ကြိုက်တယ်။ The root of all evil ဆိုတာက Dream Threatre ရဲ့ cover song လားမသိ ။ JPOP တို့ JROCK တို့ကလွဲရင် ကျန်တာက နားမထောင်ဖြစ်တာ ကြာပြီ
Like or Dislike:
0
0
ဟုတ်ဗျ မအားလို့ ဘလော့ဂ် မရေးဖြစ်တာ… Arch Enemy ကျွန်တော်က အတော်ကြိုက်တာ… My Apocalypse, Nemesis တို့ နားထားဖူးကတည်းက ကြိုက်သွားတာ..
Like or Dislike:
0
0