Buying Gadgets And Knowing Vital Information

Electronic Gadgets

ဒီဘက်ခေတ်မှာ gadgets တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဝယ်ခင် သတင်းအချက်အလက်, reviews တွေ ကြည့်တာ အရမ်းအရေးပါပါတယ်။ အရင်ကဆို Apple ထုတ်တွေရှိတယ် ဘာမှကြိုပြီး သတင်းမထွက်ပဲ ချက်ချင်း မော်ဒယ် အသစ်မိတ်ဆက်ပေးပြီး ချက်ချင်းကောက်ထုတ်တတ်တယ်။ နောက်ဓာတ်ပုံရိုက်တော့ သိလာတာက Canon နဲ့ အခြား ကင်မရာတွေလဲ သတင်းကြိုမကြေငြာပဲ ထုတ်တတ်ကြတာပါပဲ။ Apple ထုတ် mac တွေ iOS devices တွေဆို သိသာတယ် ကြိုထုတ်မယ် ကြေငြာမထားသလို ထုတ်ရင်လဲ ဒီနေ့ကြေငြာ မနက်ဖြန် ဒါမှမဟုတ် ၂ ပတ်လောက်အတွင်း ပစ္စည်းဝယ်လို့ရပြီ ဆိုတာမျိုးပါပဲ။ အသစ်ထွက်တဲ့ စျေးကလဲ အရင်ထုတ်ခဲ့တဲ့ မော်ဒယ် စျေးအတိုင်းဆိုတော့ ဒီိလိုမျိုးတွေ ကြိုသိမထားပဲ ဝယ်မိရင် ဒီနေ့ ဝယ်လိုက်ပေမယ့် နောက်ရက် မော်ဒယ် အသစ်ကို လက်ရှိစျေးနဲ့ ထွက်လာတဲ့အခါ ကြေကွဲရပါလိမ့်မယ်။

ဆိုတော့ electronic ပစ္စည်းဝယ်မယ်ဆိုတိုင်း မဝယ်ခင် ဘယ်လတွေမှာ မော်ဒယ် အသစ်ထုတ်တတ်သလဲ၊ လက်ရှိဝယ်မယ့် ပစ္စည်းကကော ထုတ်ထားတာ ဘယ်နှစ်လလောက် ရှိပြီလဲ လေ့လာဖို့လိုပါတယ်။ နောက်ပြီး ဝယ်မယ့် ပစ္စည်းကောင်းရဲ့လားဆိုတာ review တွေ လိုက်ဖတ်ကြည့်သင့်ပါတယ်။ reviews တွေကို တစ်ခု နှစ်ခု မဟုတ်ပဲ တော်တော်များများ လိုက်ဖတ်ပြီးလေ့လာတာကောင်းပါတယ်။ မော်ဒယ်တူတူ ဆိုပေမယ့် ထုတ်တဲ့အချိန်မှာ တစ်လုံးတစ်လေ quality မစစ်လိုက်ပဲ ထွက်လာတဲ့ဟာတွေလဲ ရှိတတ်လို့ reviews ဆိုဒ်တစ်ခုဖတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဖြစ်နိုင်ရင်တော့ customer supports forum ပါဝင်ကြည့်ပြီး ဘာပြသနာတက်နေလဲပါ ကြည့်လိုက်ရင် ပိုကောင်းပါတယ်။

ပစ္စည်းအသစ်ထွက်တော့ မလားဆိုတာကတော့ လက်ရှိမော်ဒယ် သက်တမ်းနဲ့ တွက်ကြည့်လို့ရပါတယ် Apple ဆို mac ကော iOS devices တွေကော ၁ နှစ်တစ်ခါ အသစ်ထွက်ပါတယ်။ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းက ထွက်ထားတာ ၇ လ ၈ လ လောက်ရှိပြီဆို မဝယ်သင့်တော့ဘူး။ ပုံမှန်ဆိုရင်တော့ Apple က iPad တွေကို နှစ်အစ မတ်လ လောက်မှာ ကြေငြာလေ့ရှိပါတယ်။ Mac computers တွေကိုတော့ WWDC လုပ်လေ့ရှိတဲ့ jun, july လောက်မှာ အသစ်ထုတ်လေ့ရှိပါတယ်။ iPhone အသစ်ကိုတော့ အောက်တိုဘာ လလောက်မှာ ကြေငြာတတ်ပါတယ်။ ဆိုတော့ ယေဘူယ အားဖြင့် အဲဒီလတွေနား နီးနေရင် မဝယ်ပဲစောင့်လိုက်တာ ပိုကောင်းပါတယ်။ နောက် Apple ပစ္စည်းတွေက ရှင်းပါတယ် အသစ်ထွက်ရင်လဲ အရင် ဟောင်းသွားတဲ့ မော်ဒယ်စျေးအတိုင်း ထုတ်တာပါပဲ။

အသစ်မလိုချင်ဘူး ဒီမော်ဒယ်ပဲလိုချင်တာဆိုရင်လဲ စောင့်လိုက်တာပိုကောင်းပါတယ် အသစ်ထွက်လာတော့ အဟောင်းစျေးကျတာပေါ့။ ပုံမှန်တော့ အသိတွေဘာတွေဆိုရင် ဝယ်သင့်၊ မဝယ်သင့် အကြံပေးလေ့ရှိပေမယ့် တစ်ချို့ကျလဲ တားမရဘူးဆိုတော့လဲ မပြောတော့ဘူးပေါ့။ iPhone လိုမျိုးဆို အသစ်ထွက်လာခါစဆို မြန်မာပြည်မှာ စျေးအရမ်းကြီးပါတယ် နောက်မှ ၃ လလောက်နေမှ ထိုက်သင့်သလောက် စျေးကျပါတယ်။ တကယ်တမ်းကတော့ နိုင်ငံခြားမှာ စျေးက ဒီတစ်မျိုးထဲပါပဲ။ iPhone 4S ထွက်တုန်းကဆိုလဲ Apple SG store တရားဝင် unlock phone စျေး မှာ 32GB ကို 1100 S$ လောက်ပဲ နောက် iPhone 5 ထွက်လာတော့လဲ 32GB ကို 1100 S$ လောက်ပါပဲ စျေးက ပုံသေပဲ။ iPhone 5 ထွက်ပါတော့မယ်လို့ မကြေငြာခင်ရက် အထိ ဒီစျေးပါပဲ။ မသိပဲသွားဝယ်ရင်တော့ ကြေကွဲရမှာပါပဲ။

အရင် ၂ နှစ်လောက်ကတောင် ဝမ်းကွဲ အကို Spore ကနေဝယ်ပေးတုန်းက Macbook Pro ဝယ်တာ Back to School program နဲ့ ကျောင်းသားဆိုတော့ iPod touch တစ်လုံးပါ free ရပါတယ်။ အဲဒီတုန်းက ရရချင်းပဲ မှတ်မိသေးတယ် iPod touch အသစ်ထွက်တော့မယ်ဆိုတာ ကျွန်တော်သိလို့ Apple store က စျေးအတိုင်း အမြန်ထုတ်ရောင်းလိုက်ပါသေးတယ်။ ဂျာနယ်ထဲထည့်လိုက်တယ် နောက်ရောင်းလိုက်ပြီး ၁ ပတ်လောက်နေတော့ အသစ်ထွက်တာပဲ =P Apple ပစ္စည်းတွေက သတင်း ကြိုမထွက်ပေမယ့် သူတို့အသစ်ထုတ်မယ့် အချိန် နီးလာလေ rumours တွေထွက် ဟုတ်မလိုလို product အသစ်လိုလိုပုံတွေ ထွက်တတ်ပါတယ်။ ပုံမှန်တော့ ၁ နှစ်တစ်ခါ အသစ်ထွက်တယ်ဆိုပေမယ့် 2012 မှာတော့ ထူးထူးခြားခြား iPad မော်ဒယ် ၂ မျိုး ထုတ်လိုက်တာတွေ့ရပါတယ်။ အမှန်တော့ ဘာမှ ထူးထူးခြားခြား မကွာပါဘူး ပထမ 3rd gen New iPad retina display နဲ့ထွက်ပါတယ် နောက် နှစ်ကုန်ခါနီးမှာ lightning connector ပြောင်းသွားတဲ့ 4th gen iPad retina display နဲ့ ထပ်ထွက်ပါတယ်။ ဒါကြောင့် Apple products ဝယ်တော့မယ်ဆိုရင် မဝယ်ခင် ဝယ်သင့်မဝယ်သင့် ချင့်ချိန်ဖို့ သက်ဆိုင်ရာ product မော်ဒယ်ကို wikipedia မှာ ဖြစ်ဖြစ် စကြေငြာတဲ့ ရက်ကို သွားကြည့်ပြီး ၁ နှစ်ပြည့်ခါနီးပြီလားဆိုတာ လေ့လာသင့်ပါတယ်။

ကင်မရာကတော့ တစ်မျိုးပေါ့ ပုံသေရယ်လို့ မရှိတော့ဘူး entry level တွေဆို ၁ နှစ်တစ်ခါ update လုပ်တတ်ပြီး semi pro လောက်ကတော့ ၂ နှစ် ၃ နှစ်နေမှ တစ်ခါ အသစ်ထုတ်တတ်ပါတယ်။ ဒါကြတော့ သတင်းတွေဖတ်မယ် နောက် ကင်မရာနည်းပညာတွေ အရမ်းပြောင်းလဲနေပြီလားပေါ်မူတည်ပြီး အသစ်ထုတ်တတ်တာပါ။ Canon ရဲ့ 4 digit, 3 digit model တွေဆို ၁ နှစ်တစ်ခါထွက်ပါတယ် ဥပမာ ~ 1100D, 650D လိုမျိုးတွေ 2 digit ဖြစ်တဲ့ 60D လိုမျိုးတွေက ၂ နှစ်တစ်ခါလောက် ထွက်ပါတယ်။ 1 digit series 7D, 5D, 1D မျိုးတွေက ၃ နှစ် ၄ နှစ်လောက်နေမှ တစ်ခါထွက်ပါတယ်။ လက်ရှီတော့ 60D, 7D ဆိုရင် မဝယ်သင့်တော့ပါဘူး ဒီလ ဒါမှမဟုတ် နောက်လထဲ 70D, 7D Mark II အသစ်ထွက်တော့မှာပါ။ Nikon ကိုတော့ သေချာမပြောတတ်ပေမယ့် Canon လိုပဲ entry level, semi pro, pro တွေအကုန်လုံး အသစ်ထုတ်ရင် အတူတူအပြိုင်ထုတ်ကြတာမို့ လက်ရှိအချိန်မှာ D90, D7000 တွေကို မဝယ်သင့်တော့ဘူးလို့ ထင်ပါတယ်။ သိပ်ကြိုက်နေရင်တောင် မော်ဒယ် အသစ်ထွက်ပြီးမှ ဝယ်ရင် စျေးပိုသက်သာသွားပါမယ်။ Lens လိုမျိုးကတော့ သတင်းဖတ်မှပဲ အသစ်ထွက်တော့မှာလားဆိုတာ ခန့်မှန်းလို့ရပါမယ်။ ပုံမှန်ကတော့ lens တစ်လုံးထုတ်ထားရင် ၈ နှစ်လောက် အသစ်မထွက်ပါဘူး။ Nikon တော့ မသိပေမယ့် Canon မှာကတော့ EF 35mm f/1.4 L, EF 50mm f/1.4 USM, EF 85mm f/1.8 USM တွေ မဝယ်သင့်တော့ပါဘူး မကြာခင် အသစ်ထွက်တော့မှာပါ။

ဒီလထဲ USA မှ​ာလုပ်မယ့် Consumer Electronic Show CES မှာ ကင်မရာ brands အစုံ၊၊ smart phones, gadgets အသစ်တွေ ထွက်ပါလိမ့်မယ်။ ဆိုတော့ ဘာမှမဝယ်ပဲ စောင့်ကြည့်တာ ပိုကောင်းပါတယ်လို့ ပြောပါရစေ။ ကင်မရာတော့ သေချာမပြောတတ်ပေမယ့် Apple devices ဝယ်သင့်မဝယ်သင့်ကိုတော့ မေးချင်ရင် ကျွန်တော့ကို twitter.com @tayzar44 ကနေဖြစ်ဖြစ် မေးရင် ဖြစ်နိုင်ချေရှိတာတွေ အဝယ်မမှားရအောင် ပြောပေးပါ့မယ်။ အားလုံးပဲ မဝယ်ခင် အရင်လေ့လာပြီး ပစ္စည်းမှန် စျေးသင့်တာကို ရွေးချယ်နိုင်ကြပါစေ။ ကျေးဇူးပါ။

One Comment

  1. amk January 7, 2013

    ဟုတ်ပ အစ်ကို ရ ကျွန်တော့် အမေ ကို iphone 4s ကို Aug 2012 မှာ ၀ယ်ပေးလိုက်တာ iphone 5 ထွက်လာတော ့ပက်လက်ကိုလန်ရောဗျာ

    Like or Dislike: Thumb up 1 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 5 + 7