Why I chose Sony camera

Sony-cameraကျွန်တော် ကင်မရာစကိုင်ဖူးတုန်းက DSLR ပေါ့န​ောက်ပိုင်း full-frame DSLR ပြောင်းနဲ့ လန်းစ်တွေလဲ aperture ကျယ်ကျယ်တွေဝယ်ကိုင်နဲ့ အချိန်ကြာလာတော့ ကင်မရာဆို ထသွားထလာ သယ်လို့ရတဲ့ ကင်မရာအသေးတွေပဲ ခရီးထွက်ရင် ကိုင်ချင်လာတယ်။ DSLR က လေးပေးမယ့်လဲ ရောင်းစားလို့တော့ မဖြစ်သေးဘူးပေါ့လ​ေ ဘာလို့လဲဆိုတော့ သူ့မှာ အားသာချက်တွေ ရှိသေးတာကိုး မှန်ဘီလူးမျိုးစုံတယ် ယေဘူယျအားဖြင့် မှန်ဘီလူးဈေးက mirrorless ထက် နဲနဲပိုသက်သာတယ်။ အခြား accessory, flash စသဖြင့်များတယ်ပေါ့။ ဆိုတော့ ရောင်းပစ်လို့မဖြစ်တော့ ကင်မရာအသေး တလုံးလဲ ထပ်လိုချင်တော့ Fuji X100 S လေးဝယ်ဖြစ်တယ်။

သူကတော့ rangefinder လို့ခေါ်တဲ့ ကင်မရာအမျိုးအစားပေါ့။ တကယ့် rangefinder အစစ်တော့ မဟုတ်ဘူး technical အရပြောရရင် ပုံစံတူတယ် function တူတယ်။ သေးတယ်ပေါ့ပါးတယ် crop-frame ပေမယ့် 1.5 factor နဲ့ သူရဲ့ lens အသေတပ်ထားပြီးသား focal lenght 23mm f/2 နဲ့ ဆို full-frame 35mm ကွက်တိဆိုတော့ အရမ်းကြိုက်တယ်။ DSLR 35mm မဝယ်နိင်ခင်က 40mm pancake လန်းစ်ကို သုံးခဲ့တာဆိုတော့ ကိုယ်ကြိုက်တဲ့ အနေအထားကွက်တိပဲ။ ပုံတွေတော်တော်များများ ရိုက်ဖြစ်တယ် အဲဒီ ကင်မရာလေးနဲ့ ကာလာ၊ sharpness ဘာမှ ပြောစရာကို မရှိဘူး။

ဘက်ထရီက ကင်မရာသေးတော့ သူလဲလိုက်သေးသွားတော့ DSLR လောက်တော့ မခံဘူးပေါ့ ဒါလဲ နားလည့်ပေးလို့ ရပါတယ် ဆိုဒ်သေးတာကိုး ဒါတောင် ပုံ ၃၀၀ လောက် အသာလေးရိုက်လို့ရတယ်။ ဒါပေမယ့်သိပ်မခံလိုက်ပါဘူး ၁ နှစ်ကျော်တော့ ဆင်ဆာမှာ ဘာပြသနာဖြစ်လဲမသိဘူး ညနေလို အချိန်တွေရိုက်ရင် လေးထောင့်စပ် ISO noise လို pattern အကွက်တွေပေါ်ပေါ်လာလို့ လစ်သွားတယ်။ ဘန်ကောက်ရောက်တုန်း Fuji service center သွားတော့ ပြင်ရင် ဒေါ်လာ 500 လောက်ကျမယ်ဆိုလို့ မပြင်တော့ပဲ ဒီအတိုင်းပဲထားလိုက်တော့တယ်။ Singapore ကနေ second hand ဝယ်ရင်တောင် အဲဒီဈေးလောက်ပဲဆိုတော့ မပြင်တော့ဘူးပေါ့။

နောက်တော့ ဘာမှမဝယ်ဖြစ်ဘူး Fuji X100T လေးအသစ်ထွက်ထားတာ သဘောကျပေမယ့် ဈေးမနို်င်တော့ မဝယ်ဖြစ်ဘူး။အခြား Fuji ထဲက မှန်ဘီလူးလဲလို့ရတာတွေကျလဲ မလိုချင်ဘူး မှန်ဘီလူးက corp-frame ပဲရပေမယ့် ဈေးတွေက ခေါင်ခိုက်ပြီး ကျွန်တော် Canon lens တွေထက်တောင် ကြီးနေသေးတယ်။ နောက်တော့ စောင့်ရင်း review ဖတ်ရင်းနဲ့ Sony A7 စီးရီးကို သဘောကျလာတယ်။ Full-frame review လဲ ကောင်းတယ်။ နောက်တော့ A7 2 စီရီးတွေထွက်တော့ အရင် မော်ဒယ်တွေဈေးကျလာတာတွေ့တယ် အဓိကကတော့ ပေါ့ပေါ့ပါးပါး အမြဲသယ်လို့ရမယ် ဗီဒီယိုလဲ ကောင်းရမယ်ဆိုတာပေါ်မူတည်ကြီး ကြိုက်မိတာပေါ့။ Fuji X စီးရီးတွေက ဓာတ်ပုံကောင်းပေမယ့် ဗီဒီယိုမှာ တော်တော်ညံ့တယ် နောက် အရင် X100 တုန်းက ဆို ရှိတဲ့ မိုက်တောင် အပေါက်မတူလို့ တပ်မရဘူး စင်ကာပူ အလည်သွားတုန်း showroom မှာ adapater ဝယ်တာတောင် ဝယ်မရလို့ တော်တော်ညစ်တယ်။

အဲဒီအချိန်မှာ Sony ခေတ်ကောင်းလာတော့ review ဖတ်တော့ auto-focus နှေးတယ် ဖတ်ရတယ် ဒါပေမယ့် ကိစ္စမရှိဘူး ကျွန်တော်က အရင် Fuji X100 ကတည်းက manuel ပဲ ရိုက်နေကျဆိုတော့ Sony A7 က ready ပဲထင်တာနဲ့ ဝယ်ဖြစ်လိုက်တယ်။ Sony အားသာချက် နောက်တခုက ဗီဒီယို အရမ်းကောင်းတယ် နောက် Canon, Nikon တွေကို fully auto မဟုတ်တောင် အထိုက်အလျောက် သုံးလို့ရအောင် adapter တွေထွက်တယ်။ ဒါနဲ့ဝယ်ဖြစ်တာလဲပါတာပေါ့။ ဈေးကလဲ ကျွန်တော် A7 အရင်မော်ဒယ် အသစ်ဝယ်တာ full-frame 28-70 kit lens အပါမှ 1300$ ပဲကျတယ်လေ အဲဒီဈေးက Fuji X100T အဲဒီချိန်ကနဲ တူတူလောက်ပဲ။

ဒါနဲ့ အဲဒီကောင်လေးဝယ် နောက်တော့ 35mm ပဲရိုက်ချင်တာနဲ့ ရှာကြည့်တော့ မြို့ထဲမှ​ာ Nikon adapter တွေတာနဲ့ဝယ်လိုက်တယ် အဲဒီ adapter က auto-focus မရဘူး ဘာ electronic ငုတ်မှလဲ မပါဘူး ဒီအတိုင်း mount ပြောင်းပေးရုံဆိုတော့ lens က meta-data တော့ မသွားဘူးပေါ့။ နောက် Nikon D series အရင်ခေတ်က လန်းစ်တွေထဲ 35mm လိုက်ရှာတယ် ၁ လလောက်ရှာပြီး ကံကောင်းချင်တော့ Royal ဆိုတဲ့ ကင်မရာဆိုင်မှာ Nikkor 35mm f/2 D lens အသစ်တလုံး ရှားရှားပါးပါးရောက်လာတာ ကြုံတော့ ဝယ်ပြီး တွဲရိုက်တော့တာပဲ။ Manuel ရိုက်နေကျဆိုတော့ အခက်အခဲမရှိပါဘူး နောက် Sony မှာ focus-peaking ခေါ်တဲ့ focus ပြတ်တဲ့နေရာကို အနီရောင်လေးနဲ့ ပြပေးတဲ့ လုပ်ဆောင်ချက်ပါတော့ အိုကေပဲပေါ့ နောက် f/2 လောက်နဲ့ shallow depth of field ရိုက်ရင် ပိုသေချာစေချင်ရင် Custom button ကို နှိပ်ရင်လဲ digital zoom နဲ့ focus peaking ထပ်ကြည့်လို့ရတော့ အမြဲ sharp ဖြစ်တဲ့ ပုံတွေရတယ်။

Mirrorless ဆိုပေမယ့် ဒီ A7 က Fuji x100 တုန်းကလိုတော့ shutter sound လုံးဝပိတ်ထားလို့ မရဘူး။ ပိတ်မရပေမယ့် အသံတိုးပါတယ် နောက် live view ဖွင့်ရိုက်လဲ DSLR ကို focus ဖမ်းတာ အချိန်မကြာဘူး မြန်တယ်။ နောက် X100S မှာတုန်းကတောင် ရှိခဲ့တဲ့ electronic viewfinder EVF frame rate delay မျိုးက မရှိသလောက် မြန်တယ်။ နောက်တော့ အကြိုက်ဖြစ်ပြီး မလိုရင် DSLR တောင် မယူတော့ဘူး။ ဗီဒီယိုမှာလဲ ဆိုဒ်သေးတယ် စကရင်က articulating စကရင်ဆိုတော့ အပေါ်မြှောက်ပဲရိုက်ရိုက် ကြမ်းပြင်အောက်နားကပ်ရိုက်ရိုက် စကရင်အပြင်ထုတ်ပြီး လိုသလို ကြည့်လို့ရနေတော့ အကြိုက်ပဲ။

ကင်မရကပေါ့တယ့် သေးတယ် လူမရှိန်ဘူးဆိုတော့ ရိုက်ရင် အရိုက်ခံရတဲ့သူ မု့ဒ်မပျက်ဘူးပေါ့။ နောက်အမြဲသယ်လို့ရတယ် ဆိုဒ်သေးတော့ accessory တွေက အစသေးတာလေးတွေသုံးလို့ရတယ်။ Gorrila tripod လေးနဲ့ တပ်လဲရတယ်။ ခုနောက်ဆုံးတော့ ဗီဒီယိုကောင်းမယ့် ကင်မရာကြည့်ရင်း Sony A7S II ကိုသဘောကျတယ် ဒါပေမယ့် ဈေးက အရမ်းများတော့ချိန်နေတုန်း Sony က A6300 ထွက်မယ် ကြေငြာပြီး spec ကြည့်လိုက်တော့ လိုချင်တဲ့ log profile တွေပါ 4K ရနောက် A7S II ထက်သာတဲ့ external 4:2:0 10-bit ထွက်တာနဲ့ စင်ကာပူက ဝမ်းကွဲအကို ကို ထွက်ထွက်ချင်းဝယ်ပေးဖို့ အပူကပ်ဝယ်ရတော့တာပဲ။

လက်ထဲရောက်တော့လဲ တော်တော်ကောင်းတယ်ဆိုတာ ခံစားမိတယ်။ အထူးသဖြင့် auto-focus က ပွိုင့် ၄၀၀ ကျော်ဆိုတော့ တော်တော်ကို မြန်တာသိသာတယ် ဗီဒီယိုမှာ contanious focus ဖမ်းတယ် လူဆို tracking လိုက်တယ် တော်တော်ကောင်းတယ်။ နောက် slo-mo 1080 မှာ 120fps ရတော့ အကြိုက်ပဲ။ နောက် ကျွန်တော်ဝယ်ထားတဲ့ အပေါစား Canon EF to Sony FE adapater နဲ့ တပ်တော့ auto-focus က မူရင်းလန်းစ်တွေလိုမြန်တာတွေ့ရတယ် အရင် A7 တုန်းက အဲဒီ adapter နဲ့ တပ်ရင် တော်တော်နှေးတဲ့ လန်းစ်က အစမြန်တော့ တော်တော် သဘောကျတယ်။ ခုတော့ အဲဒီကောင်လေးနဲ့ ဗီဒီယိုဆွဲတယ်။ ဓာတ်ပုံလဲ ကောင်းပေမယ့် A7 လိုတော့ shuter, aperture, ISO သုံးခုကို dial 3 ခုနဲ့ အမြန်ပြောင်းလို့ မရဘူး။ ISO က တော့ ၂ ဆင့်သွားပြီး ချိန်းရတာလေးတခုရယ် နောက် A7 ကိုင်လိုက် A6300 ကိုင်လိုက်ဆို A7 တုန်းက Shutter dial အနေအထားမှာ A6300 မှာ exposure dial ဖြစ်နေတော့ မှားမှားလှည့်မိတာလေး တခုပဲ။

A6300 မှာပါတဲ့ EVF က တော့ နောက်ဆုံးထွက်နဲ့ အကောင်းဆုံးဖြစ်မယ်ထင်တယ် A7 ထက်တောင် သာပါတယ်။ နောက် A6300 မှာ 4K ရတယ် ကွာလတီအတော်ကောင်းတယ် S-log, S-log 2, S-log 3 ပါတော့ edit အတွက် အရမ်းကောင်းတယ်။ နောက် External 420 10-bit ထွက်တော့ external recorder Blackmagic video assist လေးဝယ်လိုက်ပြီး record လုပ်တော့ တော်တော်ကောင်းတာတွေ့ရတယ်။ နောက်တခုက A7 နဲ့ ဘက်ထရီတူတူပဲဆိုတော့ သိပ်ပြသနာမရှိတော့ဘူးပေါ့။ ISO လဲ တော်တော်ကောင်းပါတယ်။ နောက်ဒီ မော်ဒယ်မှာတော့ shutter sound ကို အသံတိတ်ပိတ်ထားလို့ရသွားပြီ။

ဒီလိုနဲ့ Sony တွေသုံးဖြစ်လာတယ်ပေါ့ နောက်တခုကြိုက်တာက Sony က တော်တော် innovative ဖြစ်ပါတယ် နောက် နည်းပညာအသစ်ကို ဘယ်တော့မှ entry-level ကင်မရာမို့ ဘာမို့ ခိုမထားဘူး ချန်မထားဘူးဗျ အဲဒါတော်တော် ကြိုက်တယ် ကျွန်တော်တို့ DSLR brand တွေဆို ဈေးအနိမ့်မော်ဒယ်ဆို အရင်နည်းပညာ အဟောင်းတောင့် ခိုပြီးထည့်မပေးတတ်ဖူး ဈေးကြီးတဲ့ မော်ဒယ်ဝယ်အောင်လို့လေ။ Sony မှာ အဲဒီလို မခိုတာကတော့ သိသာတယ် ဒီ A6300 က crop-frame ဈေးပဲမို့ crop-frame နဲ့ပဲလာပေမယ့် 10-bit ထွက်တာ focus points တွေ EVF တွေ slo-mo tech စတာတွေက ဈေးကြီး Sony A7S II ထက်သာနေတာတွေ့ရမှာပါ။ အဲဒီတခုကြိုက်တယ် mount adapter တွေစုံတာကြိုက်ပါတယ်။ ဆိုနီ က အရင် ကင်မရာမှာ DSLR A စီရီး သိပ်မအောင်မြင်ပေမယ့် ဒီ Alpha စီရီးမှာ တော်တော်စပေါက်သွားတယ် ပေါက်ဆို full-frame မှာ ဆိုဒ်အသေးနဲ့ ထုတ်နိုင်တာ အရင် Leica ပဲ ရှိတာကနေ အခု Sony ကပါ အခြားသူတွေထက် အရင် ထုတ်နိုင်တာကိုး။

Fuji ကြိုက်မိပေမယ့် ဗီဒီယိုက လုံးဝ သေချာအားမပေးထားတာ နောက် ဒီနှစ်တွေပြောင်းသာလာတယ် full-frame မထုတ်သေးတာနဲ့ သူ့ လန်းစ် line-up က လက်ရှိ full-frame ထုတ်ခဲ့ရင်တောင် cropped frame lens တွေမို့ ready မဖြစ်တာ နဲ့ Fuji ကနေ Sony ပြောင်းဖြစ်သွားတာပေါ့။ Brand ကတော့ အစွဲမရှိပါဘူး ကိုယ့်လိုအပ်ချက်နဲ့ ဘက်ဂျက်နဲ့ ကိုက်ရင် အကုန်ထည့်စဉ်းစားတာပါပဲ ခုဆို မှန်ဘီလူးကို brand စုံ mount စုံနေပြီ Canon EF, Nikon D, Sony FE နဲ့ E mount တွေ အစုံသုံးဖြစ်​နေပါတယ်။ ပိုက်ဆံစုနေတုန်းပဲ တတ်နိုင်ရင်တော့ အခု adapter နဲ့ တွဲသုံးနေရတဲ့ Nikon 35mm f/2 ကို ရောင်းထုတ်ပြီး Sony FE mount နဲ့ထုတ်ထားတဲ့ manuel ပဲရတဲ့ Zesis Loxia 35mm f/2 ပြောင်းဖို့ ချိန်ထားတာပါပဲ။


Leave a Reply