9 Oct, 2011
ယူကျု့မှာ ကြည့်ရတဲ့ ဗီဒီယိုလေးပါ ဘယ်သူရိုက်တယ်တော့ မသိ ရိုက်တဲ့သူက အချိန်ကောင်း၊ နေရာကောင်းမှာ ကင်မရာ ရယ်ဒီနဲ့ ရောက်သွားခဲ့တာပဲ။ ဘူတာမှာ မရပ်တဲ့ အမြန်ရထားပေါ်ကို ခရီးသည်တင်နေတဲ့ ပုံပါ။ ကြည့်ရတာတော့ အသည်းယားစရာပါပဲ။ ရထားက တော်တော်အရှိန်မြန်ပါတယ် အန္တရာယ်လဲ အတော်များတယ်။ ခရီးဝေးသွား ရထားဖြစ်ပုံရပါတယ် ဒါ့ကြောင့် ဘူတာတိုင်းမှာ မရပ်ပဲ အမြန်သွားနေတာပါ။ ဗီဒီယို ရိုက်တဲ့သူက နိုင်ငံခြားသား ဖြစ်မယ့်ပုံပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆို ရိုက်လို့ မရဘူးခင်ဗျ တားတယ် နောက် ရုံးခန်းပါ ခေါ်ပြီး ကျိန်းတယ်လို့ ကိုစိုးကြီး ဆီကနေ ကြားဖူးတယ်။ အခုကတော့ အံ့ဩစရာ ကောင်းတဲ့ တိုက်ဆိုင်မှု့ တစ်ခုဖြစ်ပါလိမ့်မယ်။
5 Sep, 2011
VIDEO
YouTube မှာ စိတ်ဝင်စားစရာ ဗီဒီယိုလေးတစ်ခု တွေ့လို့ ပြန်ရှဲတာပါ။ ဘာမှမဟုတ်ပါဘူး မြန်မာလူမျိုး ကလေးလေးတစ်ယောက် ဘာသာစကား ၄ မျိုးပြော နိုင်တာကို နိုင်ငံခြားသားတွေ အံ့ဩနေတဲ့ ဗီဒီယိုလေးပါ။ ကွျန်တော်တို့ ဆီမှာက စားဝတ်နေရေးခက်တော့ ကလေးကအစ ပို့စ်စကတ်ရောင်း၊ တိုးဂိုက်ကြုံသလိုလုပ်နဲ့ ဆိုက်ကားသမား၊ မြင်းလှည်းသမားက အစ ထမင်းစားရေသောက်လောက် ဘာသာစကား ၄ မျိုးလောက် တတ်ကြပါတယ်။
Read the rest of this entry »
4 Apr, 2011
Rodney Mullen ဆိုတာ ဘယ်သူလဲဆိုတာတော့ အရင်တုန်းက play station 1 ဂိမ်းနဲ့ အခြား console ဂိမ်းတွေမှာ Tony Hawk’s Pro Skaters series ဆော့ဖူးသူတွေကို အဆန်းလုပ်ပြောပြဖို့ လိုမယ် မထင်ပါဘူး။ Rodney Mullen က စကိတ်ဘုတ် စီးသူတစ်ယောက်ဖြစ်ပြီး ငယ်စဉ် ၁၀ နှစ်ကျော်လောက်ကတည်းက ကွျမ်းကျင်သူမို့ TV channel တွေက အစ ခေါ်ပြီးပြရတဲ့ အထိအောင် skate stunt တွေလဲ ကွျမ်းကျင်တာပါ။
Read the rest of this entry »
21 Dec, 2009
Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧရိယာပဲရှိတယ်။
Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။ (ရုံးပြန်ဖွင့်တဲ့ ရက်မို့ထင်ပါ့ =P )
28 Apr, 2009
Honda ရဲ့ ကားကြော်ငြာ video ကို ဒီနေ့ Vimeo မှာ ကြည့်ဖြစ်ပါတယ်။ အရမ်းကြိုက်လို့ ပြန်တင်လိုက်တယ်။ သူကတော့ Let it Shine လို့ နာမည်ပေးထားတယ်။ Best Video Ads on the Planet လို့ပါ တပ်လိုက်တယ် Apple ကြော်ငြာတွေလိုပဲ စကားလုံး အကြီးကြီးတွေလျှောက်သုံးတယ်လို့ တော့မထင်ပါနဲ့။ ပြောတာမပိုဘူးဆိုတာ ကြည့်ရင် သိမှာပါ။ Pixel Art လိုပုံစံမျိုးကို ကားတွေနဲ့ လုပ်ပြသွားတာပါ။ လုပ်ရတာ တော်တော်ကျင့်မှရမယ့်ပုံပါ။ ဒါမျိုးပုံစံကို တစ်ခါကြည့်ဖူးတယ် တိုက်ခန်းတစ်ခုက အခန်းတွေ မီးတွေ အဖွင့်အပိတ်လုပ်ပြီး အရင်တုန်းက portable game က snake ဆော့သလို ဆော့ပြတာတော့ ကြည့်ဖူးတယ်။ အခုကတော့ ကားတွေနဲ့ လုပ်တာပေါ့။ တကယ်မိုက်ပါတယ်။
18 Dec, 2007
ဒီနှစ် ၂၀၀၇ နှစ်ဦးပိုင်းက Russia က Omsk မှာ ကျတဲ့နှင်းတွေက အ၀ါရောင်နဲ့ လိမ္မော်ရောင်တွေကျပါသတဲ့။ ၂၀၀၈ မှာရော ကျဦးမှာလားမသိဘူး။ ကဲ ယုံချင်ယုံ မယုံချင်နေ။
Ripleys
BBC.co.uk
Zetatalk
Snow , Snow In Omsk , Orange Snow
15 Dec, 2007
ကျွန်တော်ဆီမှာ ရှိသမျှ t-shirt အားလုံးနီးပါး အနက်ရောင် တွေကြည့်ပဲဆိုပေမယ့်။ ဒီ t-shirt ကို လိုချင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ဘူးလို့ ထင်တယ်။ ကြည့်လေ ဒီ t-shirt က equalizer နဲ့ မိုက်တယ် မဟုတ်လား။ ဒီ t-shirt က သီချင်းသံ၊ noise အလိုက် အဲဒီ equalizer bars တွေက လုပ်ပေးမယ် ကာလာတွေ ပြောင်းပေးမယ်။ T-Qualizer Shirt ပါတဲ့။ ကျွန်တော် သီချင်းနားထောင်တဲ့ အချိန်ဝတ်ရင် အဆင်ပြေမှာပဲ။ စက်လျှော်တော့ မရဘူးတဲ့ လက်လျှော်ပဲတဲ့။ လက်တော့ ညောင်းမယ်။ ဈေးက US $40 ပါပဲတဲ့ ThinkGeek မှာ ၀ယ်လို့ ရမယ်။ တထည်လောက် Xmas လက်ဆောင်ရရင် ကောင်းမယ်။ =)
Product Features:
EL Lit Glowing Equalizer animates to ambient noise or music
Battery Pack fits in small interior pocket inside shirt
Each Equalizer bar reacts differently depending on sound frequency
4 AAA Batteries Required
Battery pack is removable, shirt must be hand washed
Watch action of T-Qualizer Shirt to the music @ You Tube
weird , t qualizer , t shirt
31 Oct, 2007
I got some weird picture through the Internet. It’s from World Trade Center. It’s weird. Gray Smoke look like Satan face. Some people say that’s God. I think it can’t be god coz you can see his devil eye and horn. This is not photo fake. I already searched in many sites. This Picture could not be explain. That’s picture was captured by CNN photographer. Actually Video. CNN has not made any comments about its picture. Although the image has been removed from their Web site, the video where the image came from can still be viewed. How do you think? I wanna know your thought. Please comment in this post.
Technorati Tags: weird , image , image from WTC , WTC , world trade center , ghost , satan , god , satan face from 9_11 , 911 , weird photo
Read News From About
Watch Satan Face From WTC 9/11 Video From CNN
25 Oct, 2007
ဆောတီးဗျာ။ ကျွန်တော်ခုဏက ဒီပုံတွေကို တကယ် အစစ်တွေမှတ်လို့ ပို့စ် တင်မိတယ်။ ပြီးတော့မှ အကို fido ပြောမှ Worth 2000 သွားကြည့်လိုက်တာ။ အဲဒီ ဆိုဒ်က photoshop သင်တဲ့ ဆိုဒ်ဖြစ်နေတယ်။ ကျွန်တော်က Metacafe က ယူလာတာဆိုတော့ မသိလိုက်ဘူး ဖြစ်သွားတယ်။ အခုတော့ photoshop skill တွေ ကြည့်လို့ရတာပေါ့ဗျာ။ =)
Via : Metacafe
Technorati Tags: funny , amazing world , earth , amazing , image , photo , strange , weird world , amazing planet
21 Oct, 2007
ပုထုဇဉ်မှန်သမျှ အရူးကြည့်ပဲ ဆိုတာ တကယ် မှန်ပါပေတယ်။ Sweden က Jonas ဆိုတဲ့ လူက 4,000m (13,123 ft) အမြင်ကနေ ခုန်ချပြီး လေထဲမှာ tattoo ထိုးသတဲ့။ အဲဒါ Guinness မှတ်တမ်း ၀င်သွားသတဲ့။ သူထိုးထားတဲ့ထဲက စာလုံး WFFT ဆိုတာက World’s First Freefall Tattoo ကို ဆိုလိုတာပါတဲ့။ ရူးပါပေ့။ တော်ကြာ မှားပြီး အစင်းကြောင်းကြီး ချစ်မိသွားရင် ဖျက်ရမှာ မဟုတ်တော့ဘူး။
Via : WFFT
Technorati Tags: guinness , wfft , freefall , crazy , weird , amazing , cool , tattoo