My Burmese Blog » Amazing
Non-Stop Train from Myanmar
<object width="460" height="310"><param name="movie" value="http://www.youtube.com/v/uX_dmbiVO28&rel=0&hl=en_US&feature=player_embedded&version=3"></param><param name="allowFullScreen" value="true"></param><param name="allowScriptAccess" value="always"></param><embed src="http://www.youtube.com/v/uX_dmbiVO28&rel=0&hl=en_US&feature=player_embedded&version=3" type="application/x-shockwave-flash" allowfullscreen="true" allowScriptAccess="always" width="460" height="310"></embed></object>
ယူကျု့မှာ ကြည့်ရတဲ့ ဗီဒီယိုလေးပါ ဘယ်သူရိုက်တယ်တော့ မသိ ရိုက်တဲ့သူက အချိန်ကောင်း၊ နေရာကောင်းမှာ ကင်မရာ ရယ်ဒီနဲ့ ရောက်သွားခဲ့တာပဲ။ ဘူတာမှာ မရပ်တဲ့ အမြန်ရထားပေါ်ကို ခရီးသည်တင်နေတဲ့ ပုံပါ။ ကြည့်ရတာတော့ အသည်းယားစရာပါပဲ။ ရထားက တော်တော်အရှိန်မြန်ပါတယ် အန္တရာယ်လဲ အတော်များတယ်။ ခရီးဝေးသွား ရထားဖြစ်ပုံရပါတယ် ဒါ့ကြောင့် ဘူတာတိုင်းမှာ မရပ်ပဲ အမြန်သွားနေတာပါ။ ဗီဒီယို ရိုက်တဲ့သူက နိုင်ငံခြားသား ဖြစ်မယ့်ပုံပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆို ရိုက်လို့ မရဘူးခင်ဗျ တားတယ် နောက် ရုံးခန်းပါ ခေါ်ပြီး ကျိန်းတယ်လို့ ကိုစိုးကြီး ဆီကနေ ကြားဖူးတယ်။ အခုကတော့ အံ့ဩစရာ ကောင်းတဲ့ တိုက်ဆိုင်မှု့ တစ်ခုဖြစ်ပါလိမ့်မယ်။
Related Posts
Burmese Tour Guide Kid Speaking 4 Languages
Skater Rodney Mullen
Burmese Tour Guide Kid Speaking 4 Languages
YouTube မှာ စိတ်ဝင်စားစရာ ဗီဒီယိုလေးတစ်ခု တွေ့လို့ ပြန်ရှဲတာပါ။ ဘာမှမဟုတ်ပါဘူး မြန်မာလူမျိုး ကလေးလေးတစ်ယောက် ဘာသာစကား ၄ မျိုးပြော နိုင်တာကို နိုင်ငံခြားသားတွေ အံ့ဩနေတဲ့ ဗီဒီယိုလေးပါ။ ကွျန်တော်တို့ ဆီမှာက စားဝတ်နေရေးခက်တော့ ကလေးကအစ ပို့စ်စကတ်ရောင်း၊ တိုးဂိုက်ကြုံသလိုလုပ်နဲ့ ဆိုက်ကားသမား၊ မြင်းလှည်းသမားက အစ ထမင်းစားရေသောက်လောက် ဘာသာစကား ၄ မျိုးလောက် တတ်ကြပါတယ်။
ပုဂံတုန်းကတောင် ရွှေဆံတော်ဘုရားမှာ တစ်ခါ ကလေးမလေးတွေ ကွျန်တော့်ကို ဘာသာစကား တစ်ခုပြီးတစ်ခုနဲ့ ပြောပြီး ပုဆိုးတွေရောင်းနေသေးတယ်။ အဲဒီတုန်းကတော့ ရုပ်တည်နဲ့ပေါ့ နိုင်ငံခြားသားအထာနဲ့ ကလေးမခမျာ ဘာသာစကား တစ်ခုမဟုတ် တစ်ခုပြောင်းပြောနေတာ နောက်ဆုံးကြမှ မဝယ်သေးပါဘူး ညီမရယ်ဆိုမှ ပြုံးပြီး ထွက်သွားလေရဲ့ =) အခုလဲ ဒီဗီဒီယိုလေးကြည့်ပြီး ပြုံးမိပါရဲ့ ကလေးက လေးမျိုးလဲပြောတတ်တယ် မျက်နှာက တကယ့်အရိုးအတိုင်းပဲ ရီနေလိုက်တာ သဘောကျမိပါရဲ့။ ဒီလို ကလေးတွေ ပညာသင်ချိန်မှာ ပညာသင်ခွင့်ရမယ်ဆို နောင်တစ်ချိန် နိုင်ငံခေါင်းဆောင် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူငြင်းမလဲ…
Related Posts
Amazing Stunts and Tricks by Aung Zaw Oo
Explosion At A Warehouse in Yangon, Myanmar
Non-Stop Train from Myanmar
Chinese Street Hawker from Yangon Downtown
A Visit to Myanmar TV Program Shooting
Veteran Foley Artist
MOVE
Skater Rodney Mullen
Rodney Mullen ဆို​တာ ဘယ်​သူ​လဲဆို​တာ​တော့ အရင်​တုန်း​က play station 1 ဂိမ်း​နဲ့ အခြား console ဂိမ်း​တွေ​မှာ Tony Hawk’s Pro Skaters series ဆော့​ဖူး​သူ​တွေ​ကို အဆန်း​လုပ်​ပြော​ပြ​ဖို့ လို​မယ် မ​ထင်​ပါ​ဘူး။ Rodney Mullen က စ​ကိတ်​ဘုတ် စီး​သူ​တစ်​ယောက်​ဖြစ်​ပြီး ငယ်​စဉ် ၁​၀ နှစ်ကျော်​လောက်​ကတည်းက ကွ​ျမ်း​ကျင်​သူ​မို့ TV channel တွေ​က အစ ခေါ်​ပြီး​ပြ​ရ​တဲ့ အထိ​အောင် skate stunt တွေ​လဲ ကွ​ျမ်း​ကျင်​တာ​ပါ။
ပုံမှန်ထူးခွျန်တာထက်​ကို ပို​တဲ့​သူ​တစ်​ယောက်​ပါ။ Tony Hawk က​လဲ စ​ကိတ်​စီး ကွ​ျမ်း​ကျင် သ​လို Rodney Mullen ဟာ​လဲ free style skate stunt တွေ​မှာ ထူး​ခွ​ျန်​ပါ​တယ်။ သူ​ရဲ့ back flip, ollie စီး​ပုံ​တွေ​က လုံး​ဝ​ကို ဆရာ​ကျ​ပါ​တယ်။ ငယ်⁠ငယ်​က​တည်း က ကွ​ျမ်း​ကျင်​ချက်​ကတော့ လူ​နဲ့​တောင် မ​တူ​ပါ​ဘူး။ Skateboard က သူ့​ခြေထောက်​ထဲ​မှာ အရမ်း​ပေါ့ပါး​တဲ့ အရာ​တစ်​ခု​လို​ကို လုပ်​ပြ​သွား​နိုင်​အောင် စွမ်း​ပါ​တယ်။ အခု​ကတော့ သူ့​ရဲ့ အသက်ကြီး​တော့​မှ ဗီ​ဒီ​ယို​နဲ့ ငယ်⁠ငယ်​တုန်း​က ဗီ​ဒီ​ယို​တွေ စု​ပြီး​တင်​လိုက်​တာ​ပါ။ အဲ​ဒီ​လို genius တွေ ကြည့်​ပြီး​သွား​တိုင်း အရမ်း​အားကျ​ပြီး နောက်ဆုံး စိတ်​ဓာတ်​ကျ​သွား​လေ့​ရှိ​တာ​က​လဲ ပုံ​မှန်​ဖြစ်​နေ​ပါ​ပြီ။ Stunt တွေ ရှု့​စား​ကြ​ပါ​ဦး။ အိမ်​မှာ​တော့ လျောက်​မ​စမ်း​ပါ​နဲ့ ငယ်​ငယ်ရွယ်​ရွယ်​နဲ့ သွား​တွေ မ​ရှိ​တော့​ပဲ ဖြစ်​နေ​မယ်။
Related Posts
Non-Stop Train from Myanmar
Do You Know?
Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧရိယာပဲရှိတယ်။
Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။ (ရုံးပြန်ဖွင့်တဲ့ ရက်မို့ထင်ပါ့ =P )
ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။
တနှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။
သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။
Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။
M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ ပထမဆုံး ချောကလက် ဖြစ်ပါတယ်။
ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က James Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။
နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး တောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။
အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက မဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ် ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။
ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။
Olympic အလံက စက်ဝိုင်းအရောင်တွေက အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။
ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့ square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉  ခုရှိပါတယ်။
La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့ အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။
အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့ သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။
ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥ အနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။
လူတွေသေတဲ့ အခါမှာ နောက်ဆုံး အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။
အမေရိကန်က WAL-MART စတိုးဆိုင်က ၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။
ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာ အမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။
ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။
Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို  ၁၉၃၉  မှာ စပြီး ဖန်တီးခဲ့ကြတယ်။
ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။
၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က လူပေါင်း 8513 ယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။
Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့က နားမကြား ကြလို့ဖြစ်ပါတယ်။
ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။
Neil Armstrong လပေါ်ကို ခြေချတုန်းက ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။
အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။
အမေရိကန် ၄ ယောက်တိုင်းမှာ ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။
Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်။
References : Crazy Facts, 1000 Facts
Related Posts
What is STANDARD ?
Veteran Foley Artist
Photography Cheat Sheet
Stuxnet ~ An Open Source Weapon
World No Tobacco Day 2011
Origin Of Arakanese and Burmese Scripts
On The Other Side of Wikipedia Logo ~ Myanmar Sar
Honda Insight ~ Best Video Ads on the Planet
<object width="400" height="300"><param name="allowfullscreen" value="true" /><param name="allowscriptaccess" value="always" /><param name="movie" value="http://vimeo.com/moogaloop.swf?clip_id=4281939&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=&fullscreen=1" /><embed src="http://vimeo.com/moogaloop.swf?clip_id=4281939&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=&fullscreen=1" type="application/x-shockwave-flash" allowfullscreen="true" allowscriptaccess="always" width="400" height="300"></embed></object>
Honda ရဲ့ ကားကြော်ငြာ video ကို ဒီနေ့ Vimeo မှာ ကြည့်ဖြစ်ပါတယ်။ အရမ်းကြိုက်လို့ ပြန်တင်လိုက်တယ်။ သူကတော့ Let it Shine လို့ နာမည်ပေးထားတယ်။ Best Video Ads on the Planet လို့ပါ တပ်လိုက်တယ် Apple ကြော်ငြာတွေလိုပဲ စကားလုံး အကြီးကြီးတွေလျှောက်သုံးတယ်လို့ တော့မထင်ပါနဲ့။ ပြောတာမပိုဘူးဆိုတာ ကြည့်ရင် သိမှာပါ။ Pixel Art လိုပုံစံမျိုးကို ကားတွေနဲ့ လုပ်ပြသွားတာပါ။ လုပ်ရတာ တော်တော်ကျင့်မှရမယ့်ပုံပါ။ ဒါမျိုးပုံစံကို တစ်ခါကြည့်ဖူးတယ် တိုက်ခန်းတစ်ခုက အခန်းတွေ မီးတွေ အဖွင့်အပိတ်လုပ်ပြီး အရင်တုန်းက portable game က snake ဆော့သလို ဆော့ပြတာတော့ ကြည့်ဖူးတယ်။ အခုကတော့ ကားတွေနဲ့ လုပ်တာပေါ့။ တကယ်မိုက်ပါတယ်။
နောက်တစ်ခု stunning ဖြစ်အောင်လုပ်ထားနိုင်တဲ့ ကြော်ငြာတစ်ခုပါပဲ။ အခု ဖွင့်ကြည့်လိုက်ရင် တွေ့ရပါတယ် အခုပြောတာတွေကတော့ သူ့ မူရင်း Vimeo  က Honda Insight Page မှာ ကြည့်မှ မြင်ရမှာပါ။ light box ပုံစံမျိုးနဲ့ video ကို focus လုပ်ပြသွားတယ်.. Lens Flare တွေ video ကို out of box လုပ်ပြသွားတာတွေက တကယ်ကို stunning ပါပဲ။ Flash ကို သုံးသွားတာပါ။ လွန်ခဲ့တဲ့ အပတ်ကမှ Vimeo က သူ့ Home Page ကို design ပြောင်းထားတာ သတိထားလိုက်မိသေးတယ်.. Water Proof Techno တင်ပြီး နောက်ရက်ပေါ့။ Video Advertisement ကို အခြားဆိုဒ်တွေမှာ တော်တော်များများကြည့်ဖူးပါတယ်။ တချို့က video ပေါ်မှာ စိတ်ပျက်စရာ လာကွယ်ပြီး pop up ads ပြတယ်.. တချို့ က video အပြီးမှာ ပြတယ် အစမှာ ပြတယ်။ အစုံပါပဲ ဒါပေမယ့် ဒီလို အံ့သြစရာကောင်းတဲ့ advertisement မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အခုတော့ Delicious မှာ bookmark လုပ်ထားလိုက်တယ်။ Vimeo ရဲ့technology နဲ့ အတူ Honda ပါ အောင်မြင်သွားပြီလို့ ပြောလို့ ရတာပေါ့ =D
Making Of Honda Insight ~ Let It Shine
<object width="400" height="300"><param name="allowfullscreen" value="true" /><param name="allowscriptaccess" value="always" /><param name="movie" value="http://vimeo.com/moogaloop.swf?clip_id=4295148&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=&fullscreen=1" /><embed src="http://vimeo.com/moogaloop.swf?clip_id=4295148&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=&fullscreen=1" type="application/x-shockwave-flash" allowfullscreen="true" allowscriptaccess="always" width="400" height="300"></embed></object>
Honda Insight – The Making of “Let it Shine” from Honda on Vimeo.
Related Posts
Veteran Foley Artist
MOVE
Split Screen ~ A Love Story
Orange Snow in Omsk, Russia
ဒီနှစ် ၂၀၀၇ နှစ်ဦးပိုင်းက Russia က Omsk မှာ ကျတဲ့နှင်းတွေက အ၀ါရောင်နဲ့ လိမ္မော်ရောင်တွေကျပါသတဲ့။ ၂၀၀၈ မှာရော ကျဦးမှာလားမသိဘူး။ ကဲ ယုံချင်ယုံ မယုံချင်နေ။
Ripleys
BBC.co.uk
Zetatalk
Snow, Snow In Omsk, Orange Snow
www.tayzar44.blogspot.com
Related Posts
No Related Post
T-Qualizer Shirt
Product Features:
EL Lit Glowing Equalizer animates to ambient noise or music
Battery Pack fits in small interior pocket inside shirt
Each Equalizer bar reacts differently depending on sound frequency
4 AAA Batteries Required
Battery pack is removable, shirt must be hand washed
Watch action of T-Qualizer Shirt to the music @ You Tube
weird, t qualizer, t shirt
www.tayzar44.blogspot.com
Related Posts
No Related Post
Satan Face From WTC (9/11)
I got some weird picture through the Internet. It’s from World Trade Center. It’s weird. Gray Smoke look like Satan face. Some people say that’s God. I think it can’t be god coz you can see his devil eye and horn. This is not photo fake. I already searched in many sites. This Picture could not be explain. That’s picture was captured by CNN photographer. Actually Video. CNN has not made any comments about its picture. Although the image has been removed from their Web site, the video where the image came from can still be viewed. How do you think? I wanna know your thought. Please comment in this post.
Technorati Tags: weird, image, image from WTC, WTC, world trade center, ghost, satan, god, satan face from 9_11, 911, weird photo
Read News From About
Watch Satan Face From WTC 9/11 Video From CNN
www.tayzar44.blogspot.com
Related Posts
No Related Post
Amazing Photoshop Skill
ဆောတီးဗျာ။ ကျွန်တော်ခုဏက ဒီပုံတွေကို တကယ် အစစ်တွေမှတ်လို့ ပို့စ် တင်မိတယ်။ ပြီးတော့မှ အကို fido ပြောမှ Worth 2000 သွားကြည့်လိုက်တာ။ အဲဒီ ဆိုဒ်က photoshop သင်တဲ့ ဆိုဒ်ဖြစ်နေတယ်။ ကျွန်တော်က Metacafe က ယူလာတာဆိုတော့ မသိလိုက်ဘူး ဖြစ်သွားတယ်။ အခုတော့ photoshop skill တွေ ကြည့်လို့ရတာပေါ့ဗျာ။ =)
Via : Metacafe
Technorati Tags: funny, amazing world, earth, amazing, image, photo, strange, weird world, amazing planet
www.tayzar44.blogspot.com
Related Posts
No Related Post
World’s First Freefall Tattoo
ပုထုဇဉ်မှန်သမျှ အရူးကြည့်ပဲ ဆိုတာ တကယ် မှန်ပါပေတယ်။ Sweden က Jonas ဆိုတဲ့ လူက  4,000m (13,123 ft) အမြင်ကနေ ခုန်ချပြီး လေထဲမှာ tattoo ထိုးသတဲ့။ အဲဒါ Guinness မှတ်တမ်း ၀င်သွားသတဲ့။ သူထိုးထားတဲ့ထဲက စာလုံး WFFT ဆိုတာက World’s First Freefall Tattoo ကို ဆိုလိုတာပါတဲ့။ ရူးပါပေ့။ တော်ကြာ မှားပြီး အစင်းကြောင်းကြီး ချစ်မိသွားရင် ဖျက်ရမှာ မဟုတ်တော့ဘူး။
Via : WFFT
Technorati Tags: guinness, wfft, freefall, crazy, weird, amazing, cool, tattoo
www.tayzar44.blogspot.com
Related Posts
No Related Post