
လွန်ခဲ့တဲ့ တစ်ရက်က အိမ်မှာ Metal သီချင်းတစ်ပုဒ် ကြိုက်လို့လေ့ကျင့်မလို့ဟာ BEADF#B ဆိုတဲ့ tuning ခက်ခက်ခဲခဲနဲ့ ညှိမရတာနဲ့ ကိုစိုးဝေကြီး ကိုမေးစမ်းကြည့်ရင်းနဲ့ guitar tuner ဝယ်ဖို့ဖြစ်လာပါတယ်။ ကိုစိုးဝေ ကဝယ်ရင် tuner ကို 40, 50 လောက်ပေးဝယ်မယ့် အစား iPhone နဲ့ ဂစ်တာနဲ့ ချိတ်တဲ့ plug ခေါင်းဝယ်ပါ့လားဆိုလို့ အွန်လိုင်းမှာ review တွေဖတ်စျေးတွေကြည့်ရင်းနဲ့ iDevice နဲ့တွဲတဲ့ ဂစ်တာ plug ကို အလုပ်ကပိုက်ဆံရလာတုန်းလေး ဝယ်မယ်ဆိုပြီး မြို့ထဲမှာ အရှာထွက်ခဲ့ပါတယ်။

ဒီနေ့ည ဘာစာရေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ iPad အတွက် apple က ထုတ်ထားတဲ့ iPad camera connection kit အကြောင်း ရေးဖြစ်ပါတယ်။ ဒီကောင်လေးက iPad 1 ထွက်ကတည်းက သူတို့ရောင်းခဲ့တာပါ။ ဒေါ်လာ ၃၀ လောက်ပေးရမယ် အထဲမှာ ခေါင်းလေး ၂ ခုပါပါတယ် တစ်ခုက SD Card reader, နောက်တစ်ခုက USB port အဲဒီ၂ ခုက iPad ရဲ့ 30 pin connector မှာသွားဆက်ရတာပါ။

ဒီနေ့ အောက်တိုဘာ ၆ ရက် ဟာ တကယ်တော့ မနက်မိုးလင်းကတည်းက ဝမ်းနည်းဖို့ ကောင်းတဲ့ နေ့ပါပဲ… မိုးလင်းကတည်းက Steve Jobs ဆုံးပြီ ဆိုတဲ့ သတင်းတွေ တက်နေတာ တွေ့ရတယ်။ နာမည်ကြီး သတင်းဌာနတွေ ဆိုတော့ သေချာသွားပြီပေါ့. နောက် Apple.com မှာလဲ ပုံတင်ထားတာ တွေ့လိုက်ရတယ်။ တကယ်ပဲ Steve jobs ဆုံးသွားရှာပါပြီ.. အရင်လို ကောလဟလ မဟုတ်တော့ပါဘူး.. အောက်တိုဘာလ ၅ ရက်နေ့မှာ ဆုံးသွားရှာပါပြီ…

ဒီနေ့တော့ iPhone tips & tricks တွေ အကြောင်း ရေးပြီးတင်လိုက်ပါတယ်။ ဒီတစ်ခါတော့ april fool နောက်တာ မဟုတ်ပါဘူး တကယ်ပါ။ download လုပ် လုပ်စရာမလိုပါဘူး
များသောအားဖြင့်တော့ သိပြီးသားဖြစ်မှာပါ။ ဘာရယ် မဟုတ်ပါဘူး အရင်က ပြည်တွင်းက ဂျာနယ်အတွက် ရေးထားတာလေး ပြန်တင်ထားတာပါ။

နောက်လ July ထဲဆိုရင် Mac OS အသစ် Lion ထွက်ပါတော့မယ်။ ဒီ lion ဟာ features အသစ် 250 ကျော်နဲ့ ထူးခြားချက်တွေရှိသလို အထူးခြားဆုံးကတော့ မြန်မာဖောင့် ကို မူလ OS ထဲမှာ သွင်းပေးထားတာပါပဲ။ Unicode font ဖြစ်ပါတယ်။ ကွျန်တော်ကော အခြား နည်းပညာ အကြောင်းရေးနေသူတွေကာ အားလုံး အရင်ကတည်းက လူမုန်းခံပြီး ပြောခဲ့ရတဲ့ အကြောင်းလေးပါ… PC OS Vendors တွေဟာ တစ်ချိန်ကြရင် Unicode based fonts ကို သာ support လုပ်မယ်ဆိုတာ အခုတော့ အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ။
Gameloft ဆိုုတာ Asphalt Racing, N.O.V.A, Hero Of Sparta လိုဂိမ်းတွေနဲ့ iPhone, iPad မှာ နာမည်ကြီးတဲ့ ဂိမ်း publisher ပါ။ Gameloft ကနေပြီးတော့ လက်ရှိ သိပ္ပံ ပညာရှင်တွေနဲ့ ပေါင်းပြီး လေ့လာထားစမ်းသပ်ထားတဲ့ video တစ်ခုကို youtube မှာ ကြည့်ရပါတယ်။ Pet Pal လို့ခေါ်တဲ့ iPhone app ဖြစ်ပြီး အဲဒီ app နဲ့ မိမိ အိမ်မှာမွေးထားတဲ့ တိရိစာ္ဆန်တွေကို ခိုင်းစေလို့ရနိင်အောင် လုပ်ထားပေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ ပြည်တွင်းက it နည်းပညာ ဂျာနယ်နဲ့ အခြား မဂ္ဂဇင်းတွေမှာ iPhone, iPad နဲ့ iOS အကြောင်းတွေ အများကြီး ရေးဖြစ်ခဲ့ပါတယ်။ သတင်းတွေလဲပါသလို jailbreak လုပ်နည်း မြန်မာဖောင့် သွင်းနည်း နဲ့ အခြား tips & tricks တွေ ရေးဖြစ်ပါတယ်။ အခုကတော့ အဲဒီ စာမူတွေကော နောက် အသစ်ရေးထားတဲ့ ဆောင်းပါးတွေကော ပေါင်းပြီး pdf ဖိုင်လုပ်ထားတာလေး တင်လိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်က local IT Journal တစ်စောင်မှာ ဖတ်လိုက်ရတယ် ပြည်တွင်းက မိုဘိုင်းဖုန်း အိုင်ဖုန်းတွေသွင်းပြီး ရောင်းနေတဲ့ ဆိုင်တစ်ခုမှာ Apple TV ၀ယ်လို့ရပြီဆိုပဲ။ အလိုထူးဆန်းလှချည်လားပေါ့ Apple TV ဆိုတာ Internet ကနေ Stream လုပ်ယူတဲ့ device ဒီက web page မတက်တဲ့ ကွန်နက်ရှင်နဲ့ ဘယ်လိုများ သုံးမလဲပေါ့ နောက် iTunes Rental ဆိုတာကလဲ မြန်မာမပြောနဲ့ စလုံးမှာတောင် သုံးလို့မှ မရသေးပဲ။ Apple TV ကို ဘယ်အိုင်ဒီယာတွေနဲ့ သွင်းလာပါလိမ့်.. iPhone တွေ အ၀ယ်လိုက်တာနဲ့ Apple ထုတ်ဆိုရင် ၀ယ်ကြမယ်ထင်နေလို့များလား…
![]()
ဘာရယ်မဟုတ်ပါဘူး အားနေလို့ ဘာတင်ရမလဲ စဉ်းစားရင်း iOS Game Center ထဲမှာ ကျွန်တော့်ကို add ဖို့တင်လိုက်တာပါ။ ဒီ iPhone, iPad တွေရဲ့ Game Center အားနည်းချက်က FaceBook, Twitter, Google က သူငယ်ချင်းတွေကို ရှာလို့မရတာပဲ။ Social sites အများစု အဲဒီလို ၀င်ရှာခွင့်ပေးပေမယ့် ဒီတစ်ခုကတော်တော်ဆိုးပါတယ်။

မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး launch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။