
ဒီနေ့ည ဘာစာရေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ iPad အတွက် apple က ထုတ်ထားတဲ့ iPad camera connection kit အကြောင်း ရေးဖြစ်ပါတယ်။ ဒီကောင်လေးက iPad 1 ထွက်ကတည်းက သူတို့ရောင်းခဲ့တာပါ။ ဒေါ်လာ ၃၀ လောက်ပေးရမယ် အထဲမှာ ခေါင်းလေး ၂ ခုပါပါတယ် တစ်ခုက SD Card reader, နောက်တစ်ခုက USB port အဲဒီ၂ ခုက iPad ရဲ့ 30 pin connector မှာသွားဆက်ရတာပါ။
![]()
ဘာရယ်မဟုတ်ပါဘူး အားနေလို့ ဘာတင်ရမလဲ စဉ်းစားရင်း iOS Game Center ထဲမှာ ကျွန်တော့်ကို add ဖို့တင်လိုက်တာပါ။ ဒီ iPhone, iPad တွေရဲ့ Game Center အားနည်းချက်က FaceBook, Twitter, Google က သူငယ်ချင်းတွေကို ရှာလို့မရတာပဲ။ Social sites အများစု အဲဒီလို ၀င်ရှာခွင့်ပေးပေမယ့် ဒီတစ်ခုကတော်တော်ဆိုးပါတယ်။

မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး launch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။
![]()
Apple က iOS 4.0 စထုတ်တဲ့ အချိန်မှာ iPhone 3G, iPod Touch 2nd Gen အစောပိုင်းတွေမှာ Home Screen Wallpaper, Battery Percent, Multitasking တွေပေး မ run တော့ပါဘူး။ အမှန်တော့ iOS 4 က အဲဒီလို device အသစ်မကိုင်နိုင်တဲ့ သူတွေအတွက် စက်လေးတာရယ် folder လေးပါလာတာရယ်ကလွဲရင် သိသာတဲ့ ပြောင်းလဲမှု မရှိသလောက်ပါ။ နောက်ဆုံးတော့ ကျွန်တော်လို JailBreak မလုပ်ချင်တဲ့သူတောင် Steve Job က အတင်းဖိအားပေးပြီး Multitasking ရဖို့ JB လုပ်ခိုင်းလာသလို ဖြစ်လာပါတယ်။

မနက်ဖြန် 14 ရက်နေ့မှာ Info-Tech Room 205 မှာ Yangon Mobile App Development Conference 2010 ပွဲရှိပါတယ်။ ဒီပွဲမှာ လက်ရှိ ခေတ်စားနေတဲ့ iPhone, Android, Java, Windows Mobile Phone Applications တွေ အကြောင်းပြောကြမှာပါ။ မြန်မာပြည်နဲ့ အခြား နိုင်ငံခြားက မြန်မာ Mobile Developer တွေ ပြောကြမှာပါ။ အခြားသူတွေလဲ အွန်လိုင်းကနေ Q&A ဖြေပေးမယ့် အစီအစဉ်တွေရှိပါတယ်။ ကျွန်တော့် section လဲပါပါတယ် ကျွန်တော်ကတော့ Developer မဟုတ်တာမို့ Mobile UI အကြောင်း နဲ့ Creative App တွေအကြောင်း အဓိကပြောပါမယ်။ ပွဲကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိရှိမှာ ဖြစ်ပြီးတော့ ပွဲမှာ Myanmar Developer App တွေ Technomation Studio က Mobile Apps တွေ free ပေးပါမယ် နောက် Stickers တွေလဲ ပေးမှာပါ။ ဒါကြောင့် Mobile Development ကို စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ပါတယ်။

ကျွန်တော့်ဖုန်းကို jailbreak လုပ်မသုံးဖြစ်တာ တော်တော်ကြာပါပြီ ၁ နှစ်လောက်တောင် ရှိတော့မယ် (အခုတော့ JB လုပ်ပါတော့မယ်)။ မလုပ်ဖြစ်တာက iOS version အသစ်ထွက်တိုင်း အရင်ဆုံးစမ်းသုံးကြည့်ချင်တာ တကြောင်း၊ နောက် JB လုပ်ရင် ကြာရင် စက်လေးလာတယ်လို့ ထင်တာကြောင့်ပါ။ JB မလုပ်သည့်တိုင်အောင် ကျွန်တော့်ဖုန်းမှာ Games လို ပိုက်ဆံပေးဝယ်ရတဲ့ app တွေ အများကြီးရှိပါတယ်။ အဲဒါတွေ ဘယ်ကရလဲဆိုတဲ့ နည်းအခု ပြောမလို့ပါပဲ။

Ornagai ဆိုတာ English – Myanmar Dictionary တစ်ခုပါ။ အဲဒီ Ornagai ကို အရင်လို Web ပေါ်မှာတင်မဟုတ်ပဲ အခု iPhone App အနေနဲ့ပါ App Store မှာ ရနေပါပြီ။ ဒီ iPhone App က ကိုစေတန်ဂေါ့ develop လုပ်ထားတာပါ။ Apple App Store မှာ 0.99$ နဲ့ ရောင်းပါတယ်။ ဖုန်းထဲမှာ English Myanmar Dictionary တစ်ခုအနေနဲ့ ထည့်လို့ရပါပြီ။ Ornagai App ထဲမှာ မြန်မာစာလဲ ပေါ်ပါမယ် jailbreak လုပ်စရာမလိုပါဘူး။ iPad ပေါ်မှာလဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။

ဒီနေ့တော့ weekend မို့ အိပ်ရေး၀၀ အိပ်ရလို့ iPhone OS 4.0 အကြောင်းရေးဖြစ်ပါတယ်။ iPhone OS 4.0 အကြောင်းကို Apple က ပြီးခဲ့တဲ့ April 8 ရက်နေ့က Sneak Peak Event တစ်ခုလုပ်ပြီး features အသစ်တွေပြသွားပါတယ်။ အဲဒီထဲက သိသလောက် အကြောင်းပြောကြတာပေါ့။ အမှန်တော့ Apple ဖုန်းက လူတွေ mobile ဆီကို အချိန်ကိုက်ရောက်လာခဲ့ပြီး stable ဖြစ်တဲ့ platform မို့ လူသုံးများပါတယ်။ iPhone + iPod touch အရေအတွက်က 85 Million ရောင်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ iPhone OS run နေတဲ့ devices ၃ ခုရှိပါတယ် iPhone, iPod Touch နဲ့ အခု အသစ်ထွက်ထားတဲ့ iPad ပါ။

ဒီနေ့ 8 ရက်နေ့မှာ Apple ကနေ iPhone OS 4.0 features တွေကို စပြီး developer တွေနဲ့ မိတ်ဆက်ပေးပါတော့မယ်။ iPhone OS မှာ အခုဆိုရင် device ၃ ခု run နေတာရှိပါတယ်။ iPhone, iPod Touch အပြင် အသစ်ထွက်ထားတဲ့ iPad ရှိပါမယ်။ လက်ရှိ OS က 3.1.3 က နောက်ဆုံးပါပဲ။ လက်ရှိမှာ features တွေထဲမှာ မိုက်တာတွေက Mobile Me user တွေဆိုရင် iPhone, iPad ပျောက်သွားတာနဲ့ အွန်လိုင်းကနေ ဘယ်နေရာမှာ ကိုယ့်စက် ရှိနေလဲ ကြည့်လို့ရတယ်။ Data တွေကို remote ကနေ အကုန်ဖျက်ပစ်လို့ရတယ်။ နောက် In App Purchase လဲရှိတော့ application ထဲမှာတင်ကိုပဲ ဈေးရောင်းလို့ရတယ်။