Archive for Blogging

Welcome back Blogger Ko Nay Phone Latt

Welcoming Blogger Nay Phone Latt who released from Prison

ဖားအံထောင်မှာ အနှစ် ၂၀ နဲ့ ၆ လကျော် အကျဉ်းကျခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် ၁၃ ရက်နေ့ မလွှတ်ခင်ကတည်းက ၁၂ ညလောက် ကတည်းက နောက်ရက်လွတ်မယ်ဆိုပြီး သတင်းကြားနေခဲ့ရပါတယ်။ ပထမ အခေါက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းက မပါခဲ့တော့ ဒီတစ်ခါလဲ မသေချာသလိုလိုဖြစ်နေပေမယ့် ၁၃ ရက်မနက်ပိုင်းမှာ ဖားအံထောင်က ထွက်လာပြီလို့ သတင်းဓာတ်ပုံရိုက်ဖို့ ရောက်နေတဲ့ ကိုစိုးကြီးက သတင်းပေးလို့ သိခဲ့ရပါတယ်။

Read the rest of this entry »

5th Anniversary Of Myanmar Bloggers’ Society

5 Anniversary Of Myanmar Bloggers' Society

မနေ့က မြန်မာအင်ဖိုတက် အခန်း ၂၀၅ မှာ လုပ်တဲ့ ၅ နှစ်မြောက် Myanmar Bloggers’ Society ရဲ့ seminar ပွဲကို သွားဖြစ်ပါတယ်။ အစက အားလုံးတိုင်ပင်ပြီးတော့ ဒီနှစ်ပွဲမလုပ်တော့ဘူး စဉ်းစားထားကြတာပါ အားလုံးစုပြီး ခရီးပဲထွက်မယ် လုပ်ကြရင်းကနေ ပွဲပြန်လုပ်ဖြစ်တာ ဖြစ်ပါတယ်။

Read the rest of this entry »

5 Anniversary Of Myanmar Bloggers Society’s Seminar

Myanmar Bloggers' Society

မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ Myanmar Bloggers Society ကနေ ဦးဆောင်လုပ်မယ့် seminar တစ်ခုကို Info-Tech မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲက MBS ရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တဲ့ ပွဲလဲဖြစ်ပါတယ်။ တကယ်လို့ များ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အားရင်ဖြစ်ဖြစ် ကြွရောက်ပေးဖို့ ဖိတ်ကြားအပ်ပါတယ်။

Blog Day 2011

August 31 ရက်နေ့ဟာ နိုင်ငံတကာ ဘလော့ဂ်ဒေး နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတကာက ဘလော့ဂ်တွေမှာ Blog Day အမှတ်တရာ ပို့စ်တင်လေ့ရှိပြီး သူတို့ နှစ်သက်တဲ့ ဘလော့ဂ် ၅ ခုကို အခြား မသိသေးတဲ့ စာဖတ်သူတွေကို မိတ်ဆက်ပေးရတဲ့ အစဉ်အလာရှိပါတယ်။ Blog Day ရဲ့ နေ့ဟာ အမှန်တော့ ရွေးထားတာလေးလဲလှပါတယ် 31 ရက် 8 လပိုင်းမှာ လုပ်တာမို့ 3108 ဆိုတဲ့ Blog ပုံစံစာလေး ဖြစ်နေတာပေါ့။ အဲဒီရက်ကို စခဲ့တဲ့ Nir Ofir ဆိုတဲ့ အစ္စရေးနိုင်ငံသားကတော့ ဘာဖြစ်တယ် မသိဘူး Blog Day .org ဆိုဒ်က update မဖြစ်တော့ပါဘူး။ အရင်က Envato, Smashing Magazine နဲ့ နိုင်ငံခြား blog တော်တော်များများလဲ ပါပေမယ့် ဒီနှစ် active မဖြစ်တော့လို့ ထင်တယ် ဘာမှ မလုပ်ကြတော့ပါဘူး။ ကွျန်တော်လဲ Blog day နေ့ ရေးမယ်ရေးမယ် နဲ့ နေမကောင်းတာနဲ့ မအားတာနဲ့ ရောပြီး ဒီနေ့မှ ရေးဖြစ်ပါတယ်။

Read the rest of this entry »

Myanmar Bloggers Gathering

Myanmar Bloggers Gathering 2011

လွန်ခဲ့တဲ့ ရက်တွေထဲက တစ်ရက်မှာ မတွေ့တာကြာတဲ့ ပြည်တွင်းက ဘလော့ဂ်ဂါ မောင်နှမတွေ ပြန်စုစည်းဖြစ်ကြပါတယ်။ ကွျန်တော်တို့ အနေနဲ့ မတွေ့ဖြစ်တာလဲ ကြာတာတစ်ကြောင်း Blog Day 2011 ကို နီးလာတာကလဲ တစ်ကြောင်းကြောင့် အထိမ်းအမှတ်ပွဲမျိုးလေး လုပ်ဖို့ အစီအစဉ်ဆွဲကြဖို့ပါပဲ။

Read the rest of this entry »

HTZ’s Blogs Are Now On FaceBook Page

FaceBook

ဒီနေ့တော့ ဘ​လော့ဂ် ရဲ့ FaceBook Page အကြောင်းကြော်​ငြာ ဝင်​ပါ​တယ်။ FaceBook ပေါ်​မှာ ကွ​ျန်တော်​့​ရဲ့ အခု လက်​ရှိ My Blog နဲ့ အဂ​လိပ်​လို​ရေး​တဲ့ ဘ​လော့ဂ် ၂ ခု​လုံး အတွက် Page ၁ ခု​ဆောက်​ထား​ပါ​တယ်။ အစ​က သက်သက်​စီ​ခွဲ​ဦး​မ​လို့ မဟုတ်​လဲ အတူတူ​ပဲ​ဆို​တော့ ၂ ခု​လုံး​ကို စု​ပြီး HTZ’s Blogs ဆိုပြီး လုပ်​လိုက်​တာ​ပါ။ Like လုပ်​ပေး​ကြ​ပါ​ဦး။

Read the rest of this entry »

How to use Firefox Unicode to Zawgyi Converter

This is “How To” guide for my blog readers who still having issue with fonts. Since last month, I started using new font which is followed Unicode Standards, also knows as Unicode fonts. So most of readers with only Zawgyi font available will be hard to read my articles. So this is introducing Firefox plug in which can convert Unicode fonts to Zawgyi without needing to install any Unicode fonts. This plug in can convert Zawgyi to Unicode as well. Please make sure you are doing these steps on Mozilla Firefox browser.

Read the rest of this entry »

HTZ Interviewed With VOA, Lawka Ahla

Interview with Lawka Ahla

ဒီ​အပတ်​တွေ​မှာ ကွ​ျန်တော်​ကို အင်တာဗျူး​တချို့​မေး​တာ​တွေ ရှိ​ပါ​တယ် အထူး​သ​ဖြင့်​တော့ ယူ​နီ​ကုတ်​ပြောင်း​လိုက်​တဲ့ ကိစ္စ​နဲ့ ပက်​သတ်​ပြီး​တော့​ပါ​ပဲ။ ပြည်​တွင်း​က printed media တွေ​လဲ ပါ⁠ပါ​တယ် နောက် လောက​အလှ အွန်​လိုင်း magazine က အမ တစ်​ယောက်​မေး​တာ​လဲ ပါ⁠ပါ​တယ်။ နောက် VOA အသံလွှင့်ဌာနကလဲ ပါ⁠ပါ​တယ်။

Read the rest of this entry »

Vote for Blog Banners Of 2010

Vintage

တစ်​နှစ်​တစ်​နှစ် အကုန်​မြန်​လိုက်​တာ အခု​ပဲ ဇန်နဝါရီ​တောင် ကုန်​ပါ​တော့​မယ်။ ဒါ​နဲ့ သတိရ​ပေ​မယ့် မ​အား​လို့ မ​တင်​ဖြစ်​သေး​တဲ့ ၂​၀​၁​၀ ခု​နှစ်​မှာ သုံး​ခဲ့​တဲ့ ဘ​လော့ဂ် ဘန်​နာ​တွေ ပြန်​တင်​ဖြစ်​ပါ​တယ်။ ၂​၀​၁​၀ ထဲ​မှာ ဘန်​နာ ၁​၈ ခု​သုံး​ဖြစ်​ခဲ့​ပါ​တယ်။ ဒီ​အတိုင်း စိတ်ကူး​ပေါက်​ရင်​လဲ ဒီ​ဇိုင်း​ဆွဲ​ပြီး အသစ်​ပြောင်း​သ​လို ရက်​တစ်​ခု​ခု ထူးခြား​တာ​ရှိ​ရင်​လဲ ပြောင်း​ဖြစ်​ပါ​တယ်။

Read the rest of this entry »

Risking My Own Blog With Unicode

HTZ blog on Unicode

မနေ့က Why Unicode ပို့စ် တင်ပြီးတော့ နောက်ထပ် ထပ်ရေးချင်တာတွေ ရှိလာလို့ ထပ်ရေးပါတယ်။ အခုတလောမှာ မြန်မာ ဘလော့ဂ်တွေ ယူနီကုတ်ပြောင်းလာကြတဲ့ အခါ အခြား စာဖတ်သူတွေ အနေနဲ့ ခံစားကြရတာက သူတို့ကို ဖတ်ချင်ဖတ် မဖတ်ချင်နေဆိုပြီး လုပ်သလို ခံစားကြရပါတယ်။ အများစုက ဇော်ဂျီ သုံးနေတဲ့ အချိန် ယူနီကုတ်ထပြောင်းတာ သင်းကွဲငှက်တွေလို ဖြစ်လာပါတယ်။ အမှန်တော့ ကျွန်တော် ပြောသလိုပါပဲ အချိန်ရောက်လာတယ်ရယ် ကောင်းကျိုးတွေ အများကြီး ရှိနေတာရယ်ပါ စာဖတ်သူတွေ အတွက်လဲ ကောင်းကျိုးတွေ အများကြီးရှိပါတယ် ဥပမာ content ရှာတဲ့ နေရာတွေ၊ နောက် လက်ရှိ မြန်မာစာ တင်မဟုတ်တော့ပဲ ရှမ်း ဘာသာ၊ ကရင်ဘာသာ စသဖြင့်တိုင်းရင်းသား ဘာသာတွေနဲ့ ဘလော့ဂ် အသစ်တွေ ဖြစ်လာနိုင်တာပါ။ နောက် မိုဘိုင်းဖုန်းတွေကနေလဲ ဖတ်လို့ရလာမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
