7 Jan, 2011

ဒီပို့စ်ကတော့ ဇော်ဂျီနဲ့ ပြန်ရေးလိုက်ပါတယ်။ ယူနီကုတ် ပြောင်းပြီးတဲ့ နောက်မှာ တချို့တွေကလဲ ပြောင်းမယ် စဉ်းစားတဲ့သူရှိသလို တချို့ကလဲ ပြောင်းသင့် မပြောင်းသင့် စဉ်းစားနေကြတာရှိပါတယ်။ ဟုတ်ပါတယ် အချိန်ယူပြီးရေးလာခဲ့တဲ့ ဘလော့ဂ်တစ်ခုကို ရုတ်တရတ် ယူနီကုတ်နဲ့ ထပြောင်းလိုက်တယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
Read the rest of this entry »
15 Oct, 2010

ဒီနေ့ October 15 ရက်နေ့ဟာ နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ Blog Action Day နေ့ဖြစ်ပါတယ်။ ဒီနှစ်အတွက် title က Water လို့ ပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ကတော့ Climate Change ပါ။ ဒီနှစ်မှာ Blog Action Day အတွက် Change.org ကနေလဲ support လုပ်ပေးထားတာ တွေ့ရပါတယ်။ ဒီနှစ် ဒီနေ့မှာ ဒီခေါင်းစဉ်နဲ့ 135 နိုင်ငံက blog ပေါင်း 4,693 ကနေ Water ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂ် ကြပါလိမ့်မယ်။ ကျွန်တော် ဘလော့ဂ်ကလဲ အဲဒီ နံပါတ်ထဲက တစ်ခုပါ။
Read the rest of this entry »
14 Sep, 2010

ဘလော့ဂ်မရေးဖြစ်တာ တော်တော်ကြာသွားပါတယ် ကြားထဲမှာ အနှီ အင်တာနက်က ကျွန်တော်ဆိုဒ်ဘန်းထားတော့ စာရေးရတာ အရင်လို မလွယ်တော့ဘူး အဲဒါကြောင့် ရယ် အခြား အလုပ်တွေလဲ ရှိနေလို့ပါ။ အခုတောင် သူငယ်ချင်းတစ်ယောက် ကူညီလို့ ဘလော့ဂ်ပြန်ဝင်လို့ ရနေတာပါ။ ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းတော့ Myanmar Blogger Society (MBS) ကနေ လုပ်တဲ့ Etiquettes & Technics 2010 ဆိုတဲ့ ၂ ရက်လုပ်တဲ့ ဆီမင်နာ လုပ်ဖြစ်ပါတယ်။
Read the rest of this entry »
31 Aug, 2010

ဒီနေ့ August 31 ရက်နေ့က နိုင်ငံတကာ Blog Day နေ့ဖြစ်ပါတယ်။ ဒီနေ့ကို ရေးရင် 31,08 ဆိုတာလေးက Blog ဆိုတဲ့ စာလုံးနဲ့ ပုံစံ ဆင်တာမို့ ဘလော့ဂ်ဒေး လို့ သတ်မှတ်တာလဲ ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတကာက blog တွေမှာ လဲသူတို့ နှစ်သက်တဲ့ blog အသစ် ၅ ခုကို ပို့စ်တင်ပြီး မိတ်ဆက်ပေးလေ့ရှိပါတယ်။ ကျွန်တော်လဲ အရင်နှစ်တွေလိုပဲ အစဉ်အလာမပျက် ပို့စ်တင်တာပါ။ ဒီနှစ်ပါဆိုရင် ကျွန်တော် Blog Day အတွက် ပို့စ်တင်တာ ၄ နှစ်မြောက် ဖြစ်ပါတယ်။
Read the rest of this entry »
8 Jun, 2010

ပို့စ်မတင်ဖြစ်တာ ကြာလို့ ပုံတစ်ပုံတင်ပြီး ပြန်အသစ်စတာပါ။ ဒီရက်တွေ စာလဲမရေးဖြစ် ဖြစ်နေတာရယ် ဒီရက်ပိုင်းမှ မသုံးတာကြာပြီဖြစ်တဲ့ usb stick ကို ပြန်ဝင်ကြည့်ရင် နှစ်စက လုပ်ခဲ့တဲ့ BarCamp Yangon သတင်း ဂျာနယ်မှာပါခဲ့တဲ့ သတင်း scan ဖတ်ထားတာတစ်ခု ပြန်တွေ့လို့ log လုပ်တဲ့ အနေနဲ့ ပြန်တင်လိုက်ပါတယ်။ အိမ်ကစက်ထဲထားရင် back up မလုပ်မိပဲ format ချမိတတ်လို့။ Web ပေါ်မှာက နဲနဲ ပိုပြီး safe ဖြစ်ဦးမယ်။ နောက်ရက်မှပဲ ပုံမှန် blogging ပြန်လုပ်ပါမယ်။ အခုကတော့ intro ပြန်ဝင်တဲ့ သဘောပါ။
7 May, 2010

ဒီနေ့တော့ အားနေလို့ဗျာ.. လူအမြင်ကတ် မယ့်စာမျိုးရေးကြည့်ဦးမယ်။ မြန်မာ ဘလော့ဂ်တွေ အကြောင်းပေါ့။ ဘယ်ကစရရင် ကောင်းမလဲ မသိလို့ copy right ကနေပဲ စတော့မယ်ဗျ။ မြန်မာ ဘလော့ဂ်တွေမှာ ပြသနာ အဖြစ်ဆုံးက ပို့စ်ကူးတယ်ဆိုတဲ့ ပြသနာပဲဖြစ်မယ်ထင်တယ်။ ကူးတယ်ဆိုတာကလဲ တစိတ်တပိုင်း တင်တာမျိုးမဟုတ်ပဲ အားလုံး ဧ သည် မရွေးတူတယ်။ နောက် မူရင်းရေးတဲ့သူ credit link မထည့်တာကနေစတာပဲ။
Read the rest of this entry »
22 Apr, 2010

ဒီနေ့က International Earth Day ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတော်တော်များများမှာ စက်ဘီးပြိုင်ပွဲတွေ၊ ကားမမောင်းရ နေ့လိုမျိုးတွေ လုပ်ကြတယ်။ စာရင်းအရ နိုင်ငံ ၁၉၀ ကျော်က လူပေါင်း 1 Billion လောက် ပါဝင်ကြတယ်လို့ ဆိုပါတယ်။ ဒီနှစ်က Earth Day ပြုလုပ်တဲ့ အနှစ် ၄၀ မြောက်နှစ်ပတ်လည်နေ့လဲ ဖြစ်ပါတယ်။
Read the rest of this entry »
28 Mar, 2010

မနေ့က ၂၇ ရက် ည က WWF ကနေ ဦးဆောင်လုပ်တဲ့ Earth Hour Campaign ညဖြစ်ခဲ့ပါတယ်။ သူတို့တောင်းဆိုတာက ကမ္ဘာကြီး အတွက် စွမ်းအင် ချွေတာဖို့ သတိပေးတဲ့ အနေနဲ့ မနေ့ည နိုင်ငံအလိုက် စံတော်ချိန် 8:30pm to 9:30pm တစ်နာရီ စာကို မီးပိတ်ထားဖို့ စခဲ့တာပါ။ အပေါ်က ပုံရယ် ကျွန်တော် အရင် ၃ ရက်လောက်ကတည်းက ပြောင်းထားတဲ့ blog banner မှာလဲ တွေ့ရမှာပါ 60 ဆိုတဲ့ မိနစ် ၆၀ စာကို တောင်းဆိုထားတာ။
Read the rest of this entry »