Posts in Category: Camera

Lesser is Better

Canon 6D with EF 40mm f/2.8 STM by tayzar44

အရင် ဓာတ်ပုံစရိုက်ခါစ dslr ကိုင်ခါစက မှန်ဘီလူးဆို ranger 16mm ကနေ 200mm လောက်အတွင်း ကောင်းပေ့ဆိုတဲ့ လန်းစ်မှန်သမျှ လိုချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ပိုက်ဆံစုပြီး အရင် cropframe အတွက်ပဲရတဲ့ လန်းစ်တွေရောင်းပြီး full-frame ရတဲ့ မှန်ဘီလူးတွေ အသင့်ဖြစ်အောင် ဝယ်ထားဖြစ်တယ်။ နောက်ကြားထဲမှာ European pressphoto agency မှာ အလုပ်လုပ်ဖြစ်တော့ ဌာနကပေးတဲ့ 16~35mm, 70~200mm f/2.8 တွေနဲ့ လိုတရသလိုဖြစ်သွားသေးတယ်။ နောက်ပိုင်း ၂၀၁၂ ထဲမှာ အခြားမှာလုပ်ဖို့ အလုပ်ထွက်လိုက်တော့ အရင်လို ရုံးကပေးတဲ့ ကင်မရာ ဘော်ဒီ ၂ လုံးလဲမရှှိတော့ 70~200 လဲမရှိတော့ ဟာတာတာဖြစ်သလို ခံစားရသေးတယ်။

နောက်ပိုင်းတော့ freelance လုပ်ရင်းရတဲ့ ပိုက်ဆံနဲ့ 5D M III ဝယ်လိုက်ပြီးတဲ့နောက်ပိုင်း အခြား assignments လေးတွေကနေ ပိုက်ဆံရလာပြီး စုမိတယ် နောက် ရိုက်ရင်း၊ လေ့လာရင်းနဲ့ ကိုယ်လုပ်ချင်တာကို သိလာတော့ ပိုက်ဆံစုမိတတောင် tele ကောင်းကောင်း မဝယ်ဖြစ်တော့ဘူး။ ဘာလို့လဲဆို tele က အရေးတကြီးလိုတဲ့ အရာမဟုတ်ဘူးလို့ ထင်လာတယ် နောက် tele ကတော်ရုံမလိုအပ်ပဲ press conference, sports လောက်မှ လိုသလိုထင်လာတယ်။ conflict တွေ ရိုက်ရမယ်ဆိုရင်တောင် tele မသုံးချင်တော့ဘူး စိတ်ကဖြစ်လာတယ်။ ဝယ်ချင်စိတ်လဲမရှိဘူး နောက် agency တစ်ခုခုမှာ ပြန်လုပ်ရင်လဲ သူတို့က support လုပ်မှာဆိုတော့ ကိုယ်ဝယ်ထားလဲ အလကားဖြစ်သွားမှာ စိုးတယ်။ လက်ရှိတော့ ကိုယ်ပိုင်လန်းစ်ထဲမှာ အရှည်ဆုံး focal length ဆို 100mm f/2.8 L Macro prime တစ်လုံးရှိတယ်။ အဲဒီကောင်နဲ့ အဆင်ပြေတယ် ဒါပေမယ့်် သိပ်တောင် မသုံးဖြစ်တော့ဘူး။

Sneak Peek @ Canon 5D Mark III

canon 5D Mark III

ဒီရက်ပိုင်းမှာ CNet, Forbes တွေမှာတက်ခဲ့တဲ့ Canon ရဲ့ 5D Mark III prototype ပုံကိုကြည့်ပြီး သရေကျနေမိတယ်။ လက်ရှိနောက်ဆုံး 5D Mark II full frame dslr က ထုတ်ခဲ့တာတော်တော်ကြာနေပြီ။ ပြီးအမှန်အတိုင်းပြောတာ ကျွန်တော် 550D လောက်ကိုမကြိုက်တာ 5D ကော 5D mark II ကောပဲ အဆိုးဆုံးကတော့ shutter သံက အစနားထောင်လို့မကြိုက်ဘူး။ လက်ရှိမှာ ဒင်းက full frame ဆိုတာလေးနဲ့ အသက်ဆက်နေတာ auto focus point ကလဲ ၉ ပွိုင့်ပဲပါတယ် photojournalism မှာ အရေးပါတဲ့ fps ကလဲ မကောင်းဘူး။ ဆိုးတာက ဘော်ဒီဒီဇိုင်းက သိပ် လေးထောင့်ကျလွန်းတယ် လက်ထဲမှာ ကိုင်ဖို့ အချိုင့်မပါတဲ့ မျက်နှာပြင်ကြီးကို ညှပ်ပြီးကိုင်ရတဲ့ အတွက် အားစိုက်ရတယ်။ နောက် ဗီဒီယို ရိုက်ရင် 1080P တူတူပဲဆိုပေမယ့် သူ့မှာ ဗီဒီယိုအတွက် သီးသန့် ခလုတ်မပါဘူး။

Cleaning Canon Wide Zoom’s Fungus

Canon EF 17-40 Lens

မနေ့က နေ့လည်တုန်းက ဘန်ကောက်က အက်ကာမိုင် ဘက်မှာ အလုပ်ကိစ္စလေးရှိလို့ သွားဖြစ်ပါတယ်.. နောက် အဲဒီက ထိုင်းဓာတ်ပုံဆရာကို ကျွန်တော့် လန်းစ်ထဲမှာ မိှုနဲနဲ စတွေ့ရလို့ ဆေးဖို့ နေရာမေးဖြစ်ပါတယ်။ အဲဒီမိှုက ဘန်ကောက် ရောက်မှ တက်တာ ခင်ဗျ အဓိကက ကင်မရာတစ်လုံးနဲ့ နေပူထဲလျောက်သွားပြီး လမ်းပေါ်မှာ ရိုက်လိုက် နောက် ပလာဇာ၊ ရှော့ပင်းမော တွေ့ရင် ဝင်လိုက်နဲ့ အရမ်းပြင်းတဲ့ အအေးနဲ့ အပူ တလှည့် ဆီတွေ့သွားတာ ပါပါတယ်။ ကောင်းတဲ့ အကျင့်လို့ ပြောရမလားပဲ အမြဲတမ်း လန်းကို မီးရောင်မှာ ထောင်ကြည့်တတ်တဲ့ အကျင့်ကြောင့် ညဘက်မှာ ချက်ချင်းသိလိုက်တယ်။ ဖြစ်တာက Canon EF 17-40 f/4 L USM လန်းစ်မှာ ဖြစ်တာပါ။

Canon to Announce 5D Mark III ?

Canon-The-Story-Begins-5D-MarkIII

မနေ့က Canon ကနေ နိုင်ငံခြားက ကင်မရာ industry ထဲက လူတွေကို “The Story Begins” ဆိုတဲ့ စာသားနဲ့ November 3 ရက်နေ့မှာ Hollywood မှာ ပွဲလုပ်ဖို့ ဖိတ်ထားတာ တွေ့ရပါတယ်။ ဒီပွဲက သေချာပါတယ် Canon ရဲ့ full frame ကင်မရာ အသစ် 5D Mark III စပြီး ပွဲထုတ်မှာပါ။ အရင် 5D Mark II က ထုတ်ထားတာ တော်တော်ကြာနေပြီ ဖြစ်သလို လက်ရှိ အချိန်မှာ အခြား မော်ဒယ်တွေနဲ့ ယှဉ်ရင် တော်တော် နောက်ကျနေပါပြီ ဒါကြောင့် update လုပ်တာလဲ ဖြစ်ပါတယ်။ Mark III မှာ သေချာတာကတော့ HD ဗီဒီယို အတွက်လဲ တော်တော် ကောင်းအောင် ပြင်ထားမှာ သေချာပါတယ် ဒီတစ်ခါပွဲလုပ်မယ့် နေရာကိုက Hollywood ဖြစ်နေတာက အဆန်းကိုးဗျ။

High Speed Memory Card for DSLR HD Videography

SDHC, CF  Card for DSLR Camera

Canon 550D လေးဝယ်တုန်းက DSLR နဲ့ HD documentary, movie အတို ဗီဒီယိုလေးတွေ ရိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်။ ဝယ်တုန်းက ဆိုင်မှာစမ်းပါတယ်။ အိမ်မှာလဲ အိုကေတယ်ပေါ့ တကယ်တမ်း outdoor တွေရိုက်တယ်နောက် လေးမိနစ် ငါးမိနစ်လောက်ကြာတဲ့ အပိုင်းတွေ ရိုက်တဲ့ အခါ error တစ်ခုလာပြပါတော့တယ်။

DSLR Basics with Philip Bloom

Photo from http://philipbloom.net

DLSR နဲ့ ဗီဒီယို ရိုက်ရတာ ဝါသနာ ပါသူတွေအတွက်ကော ဒါမှမဟုတ် ကင်မရာအကြောင်း လေ့လာချင်တဲ့သူတွေ အတွက်ပါ Vimeo မှာ learning channel တစ်ခု အသစ်လုပ်ထားတာ ရှိပါတယ်။ Vimeo Video School လို့ခေါ်ပါတယ်။ အမှန်တော့ အသစ်မဟုတ်ပါဘူး ကြာတောင်ကြာပါပြီ။

Create DIY Super Macro Lens

How to create SuperMacro lens (Как сделать СуперМакро объектив) from lozzless on Vimeo.

18 ~ 55 kit lens ကနေ ပြောင်းပြန်တပ်ပြီး marcro လုပ်ရိုက်လို့ ရတာ အရင်ကတည်းက tutorial တွေဖတ်ဖူးပါတယ်။ ဒီလိုမျိုး အသေးစိတ်ပြန်ဆင်တာမျိုးတော့ အခုမှ ပထမဆုံး တွေ့ဖူးပါတယ်။ motor တွေက အစ အကုန် ပြန်ဆင်ထားတာတွေရတယ်။ Kit lens ဆိုပေမယ့် ကွျန်တော်တို့ အတွက်တော့ စမ်းမကြည့်ရဲပါဘူး။ တော်ကြာ အလုပ်မလုပ်တော့မှ မဝိုက်နိုင်တော့ပဲ ဖြစ်နေမယ်။ DIY video ပါ ကြည့်လို့ ကောင်းပေမယ့် result photo မပြတာတော့ ဟာတာတာကြီး နဲ့ ပြီးသွားတယ်။

Canon 5D Mark II Brochure features In Lay Lake

Canon 5D Mark II Brochure

Canon ဆိုဒ်​မှာ lens တွေ ကင်​မ​ရာ​တွေ အကြောင်း​ဝင် ဖတ်​ရင်း​တွေ​မိ​တာ​လေး တင်​တာ​ပါ။ Canon 5D Mark II full frame camera ရဲ့ brochure မှာ အင်း​လေး​မှာ ရိုက်​ထား​တဲ့ ပုံ​တွေ့​မိ​လို့​ပါ။ ဘာ​မှ​တော့ မ​ထူးဆန်း​ပေ​မယ့် မြန်မာ​နိုင်ငံ​မှာ အင်း​လေး၊ ပုဂံ နဲ့ မန္တလေး မြို့​တွေ​ဟာ နိုင်ငံ​တကာ​က ကင်​မ​ရာ​သမား​တွေ ကြားမှာ နာမည်ကြီး​တာ သတိထား​မိ​ပါ​တယ်။ အခြား မြန်မာ​နိုင်ငံ​မှာ ရိုက်​စရာ သ​ဘာ​ဝ အလှ​တွေ အများ​ကြီး​ရှိ​သေး​ပေ​မယ့် သွား​ရေး​လာ​ရေး​ခက်ခဲ​လို့ သိပ်​မ​သိ​ကြ​သေး​တာ​များ​ပါ​တယ်။ ဖြစ်​နိုင်​မယ်​ဆို​ရင် မြိတ်​ဘက်​က ကွ​ျန်း​စု​တွေ သွား​ရိုက်​ချင်​နေ​ပါ​တယ်။ နောက် အရှေ့တောင် အာ​ရှ​ရဲ့ တစ်​ခု​တည်း​သော ရေခဲ​တောင် ခါ​ကာ​ဘို​ရာ​ဇီ လဲ ရှိ​သေး​တယ်။ အခု​ကတော့ အင်း​လေး​က​ပုံ​ပါ.. မ​ကြည့်​ရ​သေး​ရင် ကွ​ျန်တော်​ရိုက်​ထား​တဲ့ အင်းလေး ဓာတ်​ပုံ​တွေ​လဲ ကြည့်​လို့ ရ​ပါ​တယ်။