Archive for Cool

Create Image by using HTML And CSS

Google pixel logo

ဒီနေ့ ကျွန်တော်တို့ HTML နဲ့ CSS ကိုသုံးပြီး Image ပုံတစ်ပုံ လုပ်ကြည့်ရအောင်။ တကယ်တော့ generator တစ်ခုကို သုံးပြီးလုပ်မှာပါ။ အဲဒီ generator က တော်တော်မိုက်ပါတယ် သူက image ပုံတင်လိုက်ရင် အဲဒီ image မှာပါတဲ့ pixel တစ်ခုချင်းစီရဲ့ ကာလာကို ကျွန်တော်တို့ ထည့်မည့်စာလုံးရဲ့ background, text color အဖြစ်နဲ့ class ရာချီသုံးပြီးတော့ pixel ပုံတွေဖန်တီးပြီး image လုပ်ယူတာပါ။ ပုံက text ကို high light လုပ်လိုက်ရင် ကျွန်တော်တို့ ရေးထားတဲ့ စာသားကို ပြန်မြင်ရမှာပေါ့။ အပေါ်မှာ ကျွန်တော်လုပ်ထားတဲ့ Google ဆိုတဲ့ ပုံလေးကို ကြည့်ကြည့်ပါ။ ဒီ generator သုံးဖို့က ပထမဆုံး ဓာတ်ပုံကို ဆိုဒ်တစ်ခုခုမှာ တင်လိုက်ပါပြီးရင် URL ကို အဲဒီမှာ ထည့်လိုက်၊ နောက် high light လုပ်ရင် ပေါ်ချင်တဲ့ စာသားထည့် ပြီးရင် generate လုပ်ရုံပါပဲ။

Read the rest of this entry »

Turn Yourself As Cartoon

funkycartoon_emmawatson2funkycartoon_emmawatson

Be Funky ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံကို ကာတွန်း ပုံစံလေးတွေ ပြောင်းကြည့်ရအောင်။ ပထမဆုံး Be Funky ကိုသွားလိုက်ပြီး ကိုယ့်ပုံကို စက်ထဲက ဖြစ်ဖြစ် ဆိုဒ်က ဖြစ်ဖြစ်တင်လိုက် ပြီးတာနဲ့ sketch ဆွဲ color လုပ်ပြီး ပြောင်းလို့ရပါပြီ။ ပုံသေးသေးလေးတွေဆိုရင်တော့ ကြည့်မကောင်းဘူး 400 px လောက်ပုံမျိုးမှ အနေတော်ပဲ။ ဆိုဒ်က flash ကိုသုံးထားတာပါ။ ကာလာတွေ sketch တွေကတော့ ကိုယ့်ပုံပေါ် မူတည်ပြီး ချိန်ကြည့်ပါ။ ကျွန်တော်တော့ ဓာတ်ပုံ လိုက်ရှာတာ thumb drive ထဲ ပါလာတဲ့ Emma Watson ပုံနဲ့ လုပ်ကြည့်လိုက်တယ်။

New Sony Ericsson C905 with 8.1 Mega Pixels Camera

Sony Ericsson

Sony Ericsson ကနေ သူ့ရဲ့ ပထမဆုံး 8.1 megapixels Cybershot ကင်မရာ ပါတဲ့ C905 (Code Name – Shiho) ဖုန်းကို Official Site မှာတရားဝင် ကြေငြာနေပါပြီ။ ဒီဖုန်းမှာ CyberShot ရဲ့ စွမ်းဆောင်ရည်တွေဖြစ်တဲ့ face detection, smart contrast, both a xenon flash and a photo flash တို့ပါဝင်ပါတယ်။ C905 ရဲ့ display က 2.4 A 2.4-inch QVGA TFT display ဖြစ်ပြီး scratch-resistant mineral glass သုံးထားပါတယ်။ Sony Ericsson C905 Cyber-shot မှာ built-in accelerometer for screen auto rotation, TV-out port, GPS, WiFi with DLNA support (always on Connection) လည်းပါဝင်ပါတယ်။ Memory အနေနဲ့ 2GB M2 card လည်းပါပါတယ်။ ဖုန်းဈေးနှုန်းတော့ မသိသေးပါဘူး။ ကျွန်တော်ကတော့ iPhone ၀ယ်မယ့် အစား C905 ကို ပိုလိုချင်မိတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာ mobile phone Internet မရတော့ iPhone ရှိလည်း ဘာမှလုပ်လို့ မရဘူး ခင်ဗျ။ C905 ကမှ ကင်မရာနဲ့ ရှုခင်း ဓာတ်ပုံ တွေလိုက်ရိုက်တာကမှ ပိုကောင်းဦးမယ်။ Nokia မှာတော့ camera အမြင့်ဆုံးဖုန်းက N96 ဖြစ်ပြီး 5 megapixles ပါရှိပါတယ်။ Sony Ericsson က ကင်မရာမှာ C905 မတိုင်ခင်က K800i နဲ့ K810 မှာ 3.1 megapixels Cybershot ပါခဲ့ပါတယ်။ SE ရဲ့ C905 က mobile လောကမှ ပထမဆုံး စွမ်းဆောင်ရည်မြင့် camera phone ဖြစ်ပြီး ဒီဇိုင်းကလည်း သေးငယ်ပေါ့ပါးတာကြောင့် ဈေးသာပေးရတာတန်မယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ ဒီဖုန်းကိုလိုချင်တယ် ဆိုရင် SE မှာ အီးမေးပေးထားရင် စာပို့အကြောင်းကြားပေးပါလိမ့်မယ်။

Read the rest of this entry »

Online Love Letter Generator


Myspace Lover Letter ဆိုတဲ့ ဆိုဒ်လေးမှာ မိတ်ဆွေတို့ မနက်ဖြန် အတွက် သက်ဆိုင်တဲ့ သူဆီ email ပို့ဖို့ flash နဲ့ love letter လေးတစ်စောင်လောက်ကို ဖန်တီးနိုင်ပါတယ်။ ကိုယ်ရေးချင်တဲ့ စာသားကို လိုတိုရှင်းရေး၊ ပြီးနောက်ခံ ကာတွန်းပုံလေးတွေရွေး ပြီးရင် သူ့အောက်မှာပေးထားတဲ့ code ကို ကော်ပီကူးပြီး သက်ဆိုင်သူရဲ့ blog, my space စတဲ့ page မှာ ထည့်လိုက်ရုံပါပဲ။ =) ပျော်ရွှင်ပါစေ။

Technorati Tagloveletter, flash, Online Generator

Which Transformer Are You?


ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေရင်းနဲ့ ဒီ test လေးသွားစမ်းလိုက်တယ်။ ကိုယ့်ကိုကို ဘာ Transformers လဲဆိုတာ သိရအောင်ပေါ့။ ဆိုးပါဘူး လူကောင်း Transformers ကျတယ်။ မေးတာက ၂၂ ခုမေးတာ။ တချို့ ဟာတွေက ကပ်သီးကပ်သပ်မေးတယ်။ =) နောက်ဆုံးတော့ 71% ရတယ်။ အပျင်းတော့ ပြေပါတယ်။ စမ်းကြည့်ရအောင်လေ။

Take the Transformers Quiz

I AM
71%
JAZZ

Related Posts

  • What kind of Blogger Are You?
  • Blogger Spelling Test
  • How Addicted To Blogging Are You?
  • Download Transformers Soundtrack

    Technorati Tagtransformer, Transformers Quiz, Funny Quiz

  • Cool Ads that Make Me Click

    အွန်လိုင်းမှာ Ads က တနေ့တခြား တွင်ကျယ်လာပါတယ်။ ကျွန်တော် ဆိုဒ်တွေ လျှောက်သွားတိုင်း ads တွေနှိပ်လေ့မရှိပါဘူး။ ဒီဟာလေးတွေ မြင်လိုက်ရတော့ မနှိပ်ဘဲမနေနိုင်တော့ဘူး။ DevinatArt ads ကတော့ ထားလိုက်ပါတော့ သူက image design ဘလောခ့်ဆိုတော့ မနှိပ်နှိပ်အောင် graphic နဲ့ ဆွဲဆောင်နိုင်တယ်။ ကလေးပုံလေးဆိုကြည့် သနားစရာကောင်းတယ်။ ငယ်ငယ်လေးနဲ့ နှုတ်ခမ်းကွဲနေရှာတယ်။ Click တစ်ချက်က သူကို ကယ်တင်နိုင်တယ်ဆိုတော့ ဟုတ်တာ မဟုတ်တာ အသာထား ကလစ်တစ်ချက်နဲ့တော့ ကျွန်တော်လည်း ပင်ပန်းမသွားနိုင်ပါဘူး။ ဒီလို ကလစ်တွေများသွားရင် သူ့ကို ကယ်ချင်ကယ်နိုင်လောက်မှာပဲလေ။ ဒါနဲ့ ကလစ်လိုက်တယ်။ အဲဒီ ads လေးက Ultimate-Guitar ကို ဟိုတနေ့က သွားတုန်းက တွေ့မိလို့ ကလစ်လုပ်ပြီး ပုံလေး ဆေ့လုပ်ထားတာ။ တစ်ခုစဉ်းစားမိတာက ကျွန်တော်တောင် image ads မှ ကလစ်လုပ်တယ်ဆိုရင် သူများလည်း ဒီလိုပဲနေမှာပဲပေါ့။ ဒါနဲ့ နောက် ads ထည့်ရင် text ကြည့်ပဲ မထည့်တော့ပဲ image ပါထည့်တော့မယ်။ အရင် တုန်းကလည်း ကျွန်တော့် ဘလောခ့်မှာ ads ကလစ်တွေ စောင့်ကြည့်နေတာ reader တွေ ကလစ်လုပ်တာ image ads ကိုပို ကလစ်လုပ်ကြတယ်။


    Technorati TagAds, Cool Commercials, Cool Ads

    If NASA Needs Money

    အကာသာ စူးစမ်းလေ့လာတဲ့ အဖွဲ့ကြီး NASA က သူတို့ ဘက်ဂျက်မလုံလောက်တော့ရင် ဒီလိုဖြစ်လာမှာပေါ့လေ။ =) အကာသထဲမသွားခင် အစီအစဉ်ကြေငြာသူက စပွန်ဆာ ကြော်ငြာတွေ အကြောင်း မိတ်ဆက်ပေးမယ်။ နောက် ကြော်ငြာခ နှုန်းထားတွေ ပြောမယ်။ ကာလာနဲ့ဆို ဘယ်လောက် gas tank ပေါ်မှာဆို ဘယ်လောက် ဆိုပြီးတော့ =)

    Technorati Tags: , , , , , , ,

    Test Your Love

    ပျော်စရာ flash လေးတစ်ခု စမ်းရအောင်။ ကိုယ့်နာမည်နဲ့ ကိုယ့်ချစ်သူ နာမည်ထည့်ပြီး တွက်၇မှာ။ ရာခိုင်နှုန်းအများကြီးထွက်ရင် screen shot ဖမ်းပြီး ကောင်မလေးဆီ ပို့လိုက်ပေါ့။ ရာခိုင်နှုန်းနည်းတော့လည်း မသိချင်ရောင် ဆောင်နေလိုက်ပေါ့။ စာလုံးအကြီးသေး ကြိုက်တာရိုက် အဖြေမပြောင်းဘူး။ space ပါတာ မပါတာတော့ ရာခိုင်နှုန်း ကွာတယ်။ ကျွန်တော်စမ်းစရာ ဘယ်သူမှမရှိတာနဲ့ ကိုယ့် nick ကို ပြန်စမ်းတာ မဆိုးဘူးဗျ။ 95 % တောင် ရတယ်။ တခြား စမ်းစရာ နိုင်ငံခြားကရော မြန်မာကပါ ဘယ်မင်းသမီးမှ မကြိုက်တာနဲ့ ကျွန်တော်ကြိုက်တဲ့ အဆိုတော်တွေပဲ စမ်းလိုက်တယ်။ နောက် ကျွန်တော့် နာမည်နဲ့ Kelly Clarkson စမ်းကြည့်တာ 30 % ရတယ်။ Hilary Duff နဲ့ က 20 % ရတယ် Hilary Clinton နဲ့တော့ မစမ်းတော့ဘူးဗျ =P ဟား ဟား ယောက်ကျာ်းချင်းတော့ ကျွန်တော့်နာမည်ထည့်မစမ်းနဲ့နော်။ =D

    Image Hosted by ImageShack.us



    P.S – မေ့သွားလို့ဗျာ။ ဒီ flash က အပျော်သက်သက်ပါပဲ။ အပြင်လောကနဲ့ မဆိုင်ဘူးနော်။ တော်ကြာ ရာခိုင်နှုန်းနည်းလို့ ၀မ်းနည်းနေမှာ စိုးလို့။ ကျွန်တော်ဆိုကြည့်လေ Kelly Clarkson နဲ့ ရာခိုင်နှုန်းနည်းပေမယ့် စိတ်မပျက်ဘူး။ =P

    Technorati Tags: , , , , ,

    World’s First Freefall Tattoo

    ပုထုဇဉ်မှန်သမျှ အရူးကြည့်ပဲ ဆိုတာ တကယ် မှန်ပါပေတယ်။ Sweden က Jonas ဆိုတဲ့ လူက 4,000m (13,123 ft) အမြင်ကနေ ခုန်ချပြီး လေထဲမှာ tattoo ထိုးသတဲ့။ အဲဒါ Guinness မှတ်တမ်း ၀င်သွားသတဲ့။ သူထိုးထားတဲ့ထဲက စာလုံး WFFT ဆိုတာက World’s First Freefall Tattoo ကို ဆိုလိုတာပါတဲ့။ ရူးပါပေ့။ တော်ကြာ မှားပြီး အစင်းကြောင်းကြီး ချစ်မိသွားရင် ဖျက်ရမှာ မဟုတ်တော့ဘူး။



  • Via : WFFT

    Technorati Tags: , , , , , , ,

  • The Blogger Spelling Test


    မိတ်ဆွေရဲ့ English spelling skill ကို ဒီနေရာမှာ စမ်းနိုင်ပါပြီ။ ကျွန်တော် သွားစမ်းတာတော်သေးတာပေါ့ အရှက်ကွဲမယ့် အမှတ်မဟုတ်ခဲ့လို့။ သူမေးတာ တချို့လွယ်တာလေးတွေက အမှတ်တမဲ့ဆိုတော့ ကြောင်တောင်သွားတယ်။ then နဲ့ than နဲ့ ရွေးခိုင်းတာမျိုးဆို ကြောင်သွားတယ်။ ဟ ဘာပါလိမ့်ပေါ့ =) ။ ကျွန်တော်က အဲဒီလိုပဲ တခါတလေ ရင်းနှီးပြီးသား စာလုံးကို စိတ်က တမျိုးဖြစ်ပြီးမေ့သွားတတ်တယ်။ တခါက ကျောင်းက ကွန်ပျူတာဖွင့်မလို့ password က student တဲ့ သူငယ်ချင်းပြောတာကို စာလုံးပေါင်းကို စဉ်းစားနေတာ မရဘူးဖြစ်နေပြန်ရော =) တခါတလေ ကျွန်တော်က အဲဒီလိုပဲ။ အခုလည်း calender နဲ့ calendar ဘယ်ဟာ အမှန်လဲတဲ့ မေးထားသေးတယ်။ တော်သေးတယ် သတိရပေလို့။ ကျွန်တော် ကံကောင်းစွာနဲ့ 80% ရခဲ့တယ်။ စမ်းကြည့်ပါဦး။

  • Click Here to test English spelling skill

    Related Post

  • How Addicted to Blogging Are You?