Archive for Design

Secret Behind Graphic Design

The_Golden_Ratio_by_Dashmeister

ဒီနေ့တော့ ကျွန်တော် အရင်လို အရေမရအဖတ်မရ သတင်းတွေ သီချင်းတွေ personal တွေ မရေးတော့ပဲ tutorial သဘောမျိုးလေးရေးပါရစေ။ တကယ်တော့ ကျွန်တော်တတ်လို့ရေးတာ မဟုတ်ပဲ သိသလောက်သာဖြစ်ပါတယ်။ အရင်ကတည်းက ဆရာလုပ်တယ်ထင်မှာစိုးလို့ အဲဒါမျိုးလဲ သိပ်မရေးဖြစ်ပါဘူး အခုနောက်ပိုင်းတော့ နည်းနည်းချင်းစီ ဆရာလုပ် အဲလေ ရေးသွားမယ်လို့ စဉ်းစားထားပါတယ်။ အခုရေးမယ် အကြောင်းကတော့ Graphic Design အကြောင်းပါ။ ဘယ် ဆော့ဝဲ၊ ဘယ် tools အတွက်ရယ်လို့ မဟုတ်ပဲ ကျွန်တော့်ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်တွေလို့ ပြောချင်ပြောလို့ရပါတယ်။

Read the rest of this entry »

Firefox Personas Themes

Firefox Personas Themes

ဒီနေ့တော့ အလုပ်များလို့ ပင်ပန်းနေတာကြောင့် အခြားအကြောင်းအရာတွေ မရေးဖြစ်ပဲ Firefox မှာ Themes ပြောင်းတဲ့ Plug In တစ်ခုဖြစ်တဲ့ Personas (Read More Here!!) အတွက် လုပ်ထားတဲ့ theme တချို့ကို စုထားလိုက်ပါတယ်။

Read the rest of this entry »

Skin, Sticker Designs From Infectious

Laptop Skin Design from Infetious

ဒီနေ့ မနက်ကတည်းက Firefox နဲ့ Infectious တို့ ပေါင်းထားတဲ့ Firefox Sticker Project ထိုင်ကြည့်နေဖြစ်ပါတယ်။ Skin, Stickers တွေကြည့်ရင်း အရူးပိုးကပြန်ထလာတယ်.. ပြီးတော့ သူတို့ဆီမှာက ပြထားတာတွေက ကျွန်တော် ကြိုက်တဲ့ ပစ္စည်းမျိုးတွေမှာ design ဆင်တာဖြစ်နေတယ်.. ဥပမာပေါ့ ~ Skateboard, Laptop, iPhone, Stickers တွေပေါ့.. ကား sticker တွေလဲမိုက်ပါတယ်.. ဒါပေမယ့် ကားစီးနိုင်တဲ့ ဘ၀ မဟုတ်လို့ သိပ်စိတ်မ၀င်စားမိဘူး.. သဘောကျတာကတော့ Laptop Skin ပေါ့နော် နောက် အခုရက်ပိုင်းတွေမှာ Vector Art တွေကို မျက်စိကျနေတဲ့အပြင် အဲဒီလို creature တွေ alien တွေ ပိုကြိုက်နေတာ.. တိုက်ဆိုင်သွားတယ်။

Read the rest of this entry »

Thanks People for featuring My Designs

Valentine's Day Wallpaper

DeviantArt မှာ account တစ်ခု လုပ်ထားပြီး အားမှ လုပ်ဖြစ်တဲ့ designs လေးတွေ ကြည့်ရင်း စိတ်ကူးရလို့ Google မှာ ရှာကြည့်လိုက်တယ်။ အမှန်တော့ Design Web Sites, Blogs တွေ မှာက လက်ရှိခေတ်စားနေတာ Compilation တွေ အရမ်းပဲ ရေးကြတော့ ကျွန်တော့်ရဲ့ စုတ်ပြတ်နေတဲ့ ပုံလေးတွေများ ပါကောင်းရဲ့ ဆိုပြီး ရှာကြည့်တာပါ။

Read the rest of this entry »

Unofficial MBS Logos

MBS Logo

ဒီနေ့တော့ ဘာမှ လုပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်.. ဒီရက်ပိုင်း စိတ်ဓာတ်ကျနေတယ်.. ဒါနဲ့ ဟို အရင်တုန်းက MBS community အတွက် ဆွဲခဲ့တဲ့ လိုဂိုလေးခုပဲ စက်ထဲကနေယူပြီး တင်လိုက်တယ်။ ဒီလေးခု ဖြစ်ဖို့ တော်တော်လေးကို စဉ်းစားခဲ့တာ ဒါပေမယ့် ဘယ်သူမှတော့ မကြိုက်ဘူး ထင်တယ်.. ကျွန်တော်လဲ အခြားသူတွေ ကြိုက်မလားဆိုပြီး အီးမေးလ်နဲ့ အသိ လေး၊ ငါးယောက် ပို့ကြည့်သေးတယ်။ စိတ်မ၀င်စားကြဘူး ထင်တယ်ဗျ ကျွန်တော်ကတော့ ကိုယ်လုပ်ထားတာ မို့ထင်တယ် တော်တော် ကြိုက်တယ်။ စာရွက်တွေထဲလဲ အကြိမ်ကြိမ် အကျမ်းခြစ်ကြည့်ရင်း နဲ့ လုပ်ဖြစ်ခဲ့တာ နာရီတော့ တော်တော်ကြာခဲ့တာ။ အခုတော့ အမှတ်တရပဲ တင်ထားလိုက်တော့မယ်။

Read the rest of this entry »

Vote For Best Banner Of 2008

မင်္ဂလာပါ.. အချိန်တွေ တဖြည်းဖြည်း ကုန်လာခဲ့တာ အခုဆိုရင် တနှစ်ဆိုတာလဲ ကုန်သွား ပြန်ပြီ.. ဒီနေ့တော့ ကျွန်တော့် ဘလော့ဂ်က ၂၀၀၈ အတွင်းမှာ သုံးခဲ့တဲ့ banner တွေကို ပြန်စုပြီး မဲပေးလို့ ရအောင် လုပ်ထားပါတယ်။ လှတယ် ထင်တဲ့ banner ကို အောက်ဆုံးက poll မှာ vote လုပ်ပေးကြပါဦး ခင်ဗျ။ Multiple Vote ရပါတယ်။

ဒီ Banner တွေ အားလုံးကို ကျွန်တော် Photoshop အဓိက သုံးပြီး ဆွဲခဲ့ပါတယ်။ Banner တွေကို သူ့ ရာသီ၊ ပွဲတော်၊ အထိမ်းအမှတ်နေ့ တွေ အလိုက် သုံးခဲ့တာ ဖြစ်ပြီး အချို့ လိုဂိုတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ logo တွေ သုံးခဲ့တာ ဖြစ်ပါတယ်။ အခု နှစ်မှာလဲ အမြဲပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၀၇ တုန်းကတော့ တနှစ်လုံးမှာမှ ဘန်နာ ၅ ခုသာ လဲနိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ စုစုပေါင်း ၁၇ ခု ရှိပါတယ်။ အောက်က ပုံတွေကို အကြီး ကြည့်ချင်ရင် ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

1. Happy New Year 2009
Happy New Year

2. Blog Action Day 2008
Blog Action Day 2008

3. Blog Day 2008

Read the rest of this entry »

Laser Engrave Designs

ဒီနေ့ ဆိုဒ်တွေလိုက်ကြည့်ရင်း Engrave Your Tech ဆိုတဲ့ ဆိုဒ်တစ်ခု ၀င်ကြည့်ဖြစ်တယ်.. အဲဒီ ဆိုဒ်က Design လုပ်တဲ့ဆိုဒ် တစ်ခုပါ။ သူလုပ်ထားတဲ့ ဒီဇိုင်းတချို့ကို Laptop Sleevs, Skins & Stickers ဆိုတဲ့ ပို့စ်မှာ ကတဲက တချို့ မြင်ခဲ့ဖူးတယ်။ ဆိုဒ်ကတော့ အခုမှ ကြည့်ဖြစ်တာ.. လေဆာနဲ့ ဒီဇိုင်းတွေ လုပ်တာ အရမ်းမြန်တယ်. ဒီဇိုင်းနာရဲ့ ဒီဇိုင်းတွေကလဲ လှတယ်။ Design Process တချို့ကို Vimeo မှာ ကြည့်လို့လဲ ရတယ်။

Read the rest of this entry »

3D + Adobe Photoshop

ဟိုတနေ့ညက ကျွန်တော် တော်တော် နေမကောင်း ဖြစ်နေခဲ့တယ်.. အင်တာနက် ကဖေးသွားဖို့ စိတ်က စဉ်းစားပေမယ့် လူက မတ်တတ်တောင် မရပ်နိုင်တော့ဘူး။ ညာဘက် ခြေထောက်က မတ်တတ်ရပ်ဖို့ မစွမ်းနိုင်တော့ဘူး.. ဒါနဲ့ အိမ်ထဲမှာပဲ ခဏ လှဲနေလိုက်ပြီး ခဏနေတော့ ဆရာဝန်တွေ ပေးလိုက်တဲ့ ဆေးမျိုးစုံ တစ်ဒါဇင်လောက် သောက်လိုက်ပြီး ဘာလုပ်ရမလဲ စဉ်းစားရင်း ဘလော့ဂ်မှာ banner လဲဖို့ ပုံဆွဲ ကြည့်ဦးမယ်လို့ စိတ်ကူးရတာနဲ့ 3DS Max ဖွင့်လိုက်တယ်.. ဘာပုံဆွဲရမလဲ စဉ်းစားပြီး tools တချို့နဲ့ ဆွဲကြည့်တယ် မရဘူး တော်တော်ရှုပ်တယ် အမှန်တော့ ဒီအတိုင်းစမ်းကြည့်နေတာပဲ ရှိတာ သုံးတတ်တာ မဟုတ်ဘူး။ ဒါနဲ့ နောက်မှ အခွေနဲ့ ကိုယ့်ဖာသာ သင်ဦးမယ်ဆိုပြီး ရပ်လိုက်တယ်။

Read the rest of this entry »

Logos That Look Really Alike To Each Other

လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်က Logo Design Love ဘလော့ခ်မှာ similar logo design အကြောင်းပို့စ်ကို ဖတ်ဖြစ်တယ် ဖတ်ရင်းနဲ့ ကျွန်တော်တို့ နိုင်ငံကလိုဂိုတွေ အကြောင်း စဉ်းစားဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီက company အများစုက လိုဂိုတွေမလှကြဘူး အများစုက ဘာ idea မှ မပါတဲ့ ထိပ်ဆုံးစာလုံး ၂ ခုကို ကပ်ရေးတာမျိုးနောက် ရှုပ်ရှက်ခတ်ပြီး စွဲဆောင်မှုမရှိတဲ့ လိုဂိုမျိုးတွေ၊ မှတ်မိဖို့မလွယ်နိုင်တဲ့ လိုဂိုမျိုး၊ နောက် အရမ်းကြီးပြီး letter head, t-shirt, name card လို နေရာကျဉ်းကျဉ်းမှာ ထည့်ဖို့ အဆင်မပြေတဲ့ လိုဂိုတွေ တော်တော်များများတွေ့ရတယ်။ Logo design ebook တွေဖတ်တိုင်း စာအုပ်တွေထဲမှာ မြန်မာက company တွေ လိုဂိုနဲ့ ပုံစံဆင်တူတဲ့ လိုဂိုလေးတွေ ခဏတိုင်းတွေ့ဖြစ်ပါတယ်။ အခု အဲဒီ နိုင်ငံခြားက လိုဂိုတွေနဲ့ ဆင်တူ (ခပ်ဆင်ဆင်တူ) တဲ့ မြန်မာ logo တွေကို ပြန်စုစည်းပြီး ပို့စ်တင်လိုက်ပါတယ်။ အခြား ပြည်တွင်းက မဟုတ်တဲ့ similar logo တွေကိုလည်း တစ်ခါတည်း တင်လိုက်ပါတယ်။ ဒီ logo တွေက ဘယ်သူဆွဲမှန်းလည်း ကျွန်တော်မသိပါဘူး အဲဒီအတွက် လိုဂိုတွေကို မှတ်ချက် ရေးစရာမရှိပါဘူး။ လူတူမရှား နာမည်တူမရှားဆိုသလို logo တူတာလည်း မရှားဘူးဆိုတာတော့ သိနိုင်ပါတယ်။

ဒီပုံက KMD ဆိုတာက ကျွန်တော်တို့ဆီက ကွန်ပျူတာ သင်တန်းပါ။ NEC Notebook တရားဝင် ကိုယ်စားလှယ်လဲဖြစ်ပါတယ်။

ဒီပုံက Myanmar Inspiration က MICT Park မှာ တည်ရှိတဲ့ ကွန်ပျူတာဆိုင်ရာ နိုင်ငံတကာစာမေးပွဲ ဖြေနိုင်တဲ့ center တစ်ခုပါ။

Read the rest of this entry »

Unofficial Kung Fu Panda Wallpaper

kung-fu-panda-by-tayzar44-dakung-fu-panda-by-tayzar44-da

ဒီနေ့ မနက် အားနေတာနဲ့ စောစောနိုးပြီး ဘာမှလုပ်ချင်စိတ် မရှိတာနဲ့ photoshop ဖွင့်ပြီး Kung Fu Panda ကားထဲက ၀က်ဝံလိုပုံလေး ဆွဲကြည့်နေမိတယ် နောက်မှာ DeviantArt မှာ မတင်တာကြာနေတာနဲ့ အကြံရပြီး wallpaper လုပ်ဖြစ်တယ်။ ကာလာအရောင်ယူတာက နဂို မူရင်း ကာတွန်းကားထဲက အတိုင်းယူလိုက်ပြီး ဖောင့်ရိုးရိုးနဲ့ ဆွဲထားတဲ့ ၀က်ဝံ ခေါင်းပုံလေးကို ပွားယူလိုက်တာပါ။ ဘာမှတော့မဟုတ်ပါဘူး။ ၁၀ မိနစ်လောက် လုပ်လိုက်တာပဲ။ ကိုယ်ဆွဲတာမို့လားမသိဘူး ကြိုက်တယ် ခင်ဗျ အိမ်မှာတော့ ဒီနေ့ တင်ထားလိုက်တယ်။ Kung Fu Panda ကားထဲမှာ School Of Rock, Tenacious D ကားတွေထဲက Jack Black ပါတာတော့သိတယ် အခြားနာမည်ကြီး တွေ အသံသရုပ်ဆောင်တာလည်းကြားတယ် Jackie Chan လည်းပါတယ်လို့ ကြားတယ်။ အဲဒီ ၀က်ဝံကားကတော့ အခုထိ အခွေတွေထွက်ပေမယ့် မကြည့်သေးဘူး ရုံတင်ရင် ကြည့်မယ်ဆိုပြီး စောင့်နေတာ ကျွန်တော်က ဇာတ်ကားကောင်းရင် အိမ်မှာ မကြည့်ဘူး ရုံတင်တာပဲစောင့်တယ်။ မကြာခင်တင်တော့မယ်လို့တော့ ထင်တာပဲ။

Read the rest of this entry »