hit counter

Archive for Download

Funny Firefox Ads

လွန်ခဲ့တဲ့ ၃ လလောက်က ဆိုဒ်တစ်ဆိုဒ်မှာ သတင်းဖတ်နေရင်းနဲ့ ဘေးက Firefox ကြော်ငြာလေး မိုက်တာနဲ့ ဒေါင်းလုဒ်ယူ ထားလိုက်တာလေး ပြန်တင်လိုက်ပါတယ်။ ကြော်ငြာက ရီရတယ် :D ကာတွန်းလေး တွေနဲ့ သရုပ်ဖော် ထားတာ.. flash animation မိုက်တယ်ဗျ။ အိုင်ဒီယာက ပိုမိုက်တယ်။ အောက်မှာ ကြည့်ကြည့်ပါ။ ဒေါင်းလုဒ် လုပ်ဖို့လဲ ပေးထားပါတယ်။ ပြန်ကြည့်ချင်ရင်တော့ right click မှာ rewind (play) ပြန်လုပ်ပြီး ကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ…

Read the rest of this entry »

Detecting Google’s Chrome

မနေ့ညက လုပ်စရာရှိတဲ့ ဘန်နာဆွဲတဲ့ အလုပ်ရယ်၊ သူငယ်ချင်း တစ်ယောက် အတွက် CD layout ရယ် ဆွဲပြီး မအိပ်ချင်သေးတာနဲ့ Google’s Chrome ကို စမ်းကြည့် ဖြစ်ပါတယ်။ 20 things about Google’s Chrome ပို့စ်မှာ ကျွန်တော် ပြောခဲ့ သလိုပဲ Chrome က WebKit ကို သုံးတဲ့ အတွက် layout design တွေမှာ IE အတွက်လို သီးသန့် လိုက်ပြင်စရာမျိုးတွေ မရှိပါဘူး။ သုံးရတာလဲ မြန်တယ် အဆင်လဲပြေပါတယ်။

Read the rest of this entry »

Ultra Surf 8.9

Ultra SurfUltra Surf ဆိုတဲ့ ဆော့ဝဲလေး အကြောင်းကို အားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ်။ Ultra Surf ဆိုတာ Freedom လို ဆော့ဝဲမျိုးပါ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျော်နိုင်ပါတယ်။ လက်ရှိ နောက်ဆုံး version က 8.9 ပါ။ ဖိုင်ဆိုဒ်က 212 KB ပဲရှိပါတယ်။ ပြီးတော့ သူ့ကို သုံးဖို့ install လုပ်စရာမလိုပါဘူး။ Portable အနေနဲ့ thumb drive ထဲထည့်ပြီး သယ်သွားလို့လည်း ရပါတယ်။ သုံးမယ်ဆိုရင် ဆော့ဝဲကို ကလစ်လုပ်လိုက်ရင် ပေါ်လာတဲ့ check box လေးထဲမှာ အပေါ်ဆုံးက Auto Detect Proxy နဲ့ လုပ်လိုက်ရင် ခဏနေရင် Successfully connected to Server ဆိုတာလေးပေါ်လာပြီး Internet Explorer နဲ့ တရုတ်ဆိုဒ် တစ်ခု တက်လာရင် သုံးလို့ရပါပြီ။ IE မသုံးပဲ အခြား browsers တွေ သုံးချင်ရင် ကိုယ်သုံးမယ့် browser မှာ proxy 127.0.0.1 နဲ့ port 9666 ချိန်လိုက်ရင် ရပါပြီ။

Read the rest of this entry »

RSS Stamp Icons

RSS Stampsပြီးခဲ့တဲ့လ ၁ may က Daily Blogging Tips Blog ကနေ စလုပ်တဲ့ RSS Awareness Day နေ့ပါ။ အဲဒီတုန်းက RSS နေ့ အတွက် ပို့စ်တင်ဖို့ စဉ်းစားရင်းနဲ့ ဖိုတိုရှော့နဲ့ လုပ်ထားတဲ့ RSS stamps လေးတွေ တင်ဖို့လုပ်သေးတယ်။ အဲဒီတုန်းက နေမကောင်းလို့ မတင်လိုက်ရဘူး နောက်ရက်တွေမှာကျတော့ မုန်တိုင်းတိုက်တာနဲ့ ဘာမှမလုပ်လိုက်ရတော့ဘူး။ အခုမှပဲပြန်တင်ဖြစ်ပါတယ်။ RSS Stamps တွေကို Photoshop CS3 နဲ့ လုပ်ထားပြီး png အနေနဲ့ လုပ်ထားပါတယ်။ Stamps 11 ခုပါ။ သိပ်တော့မလှဘူး နောက်မှ အသစ်ထပ်လုပ်ပါဦးမယ်။ ။

Download RSS Stamp Icons Set

Congratulation Firefox For Download Day 2008

Firefox 3 Download Day 2008

Mozilla launched Firefox 3 yesterday morning and immediately felt the love from millions of people all over the world joining us to set a Guinness World Record for most software downloaded in 24 hours. “

Mozilla systems were quite busy earlier this morning so individual requests may not have gotten through – but they are all up now and serving a tremendous amount of traffic and downloads. We are currently serving almost 9,000 downloads a minute, which puts us on track to achieve 5-7 million downloads our first day of general availability.

To put some more color behind what’s been happening on this historic day:

  • We exceeded the first day download mark for Firefox 2 of 1.6 million after just five hours of availability for Firefox 3.
  • Net Applications is already reporting a 300% positive change in Firefox 3 market share worldwide just today.
  • Over 500 articles about the launch were linked to from Google News
  • The Firefox 3 launch made the front pages of BBC.co.uk, NYTimes.com, Liberation.fr, laRepubblica.it, Digg, Slashdot, Techcrunch, and Yahoo! News
  • The completely redesigned Mozilla.com launched in over 25 language versions
  • New community activity on SpreadFirefox.com has skyrocketed with dozens of new groups and hundreds of new postings
  • Over 700 community launch parties have been registered on mozillaparty.com

Via : Mozilla Blog

Ubuntu Monitor

Ubuntu

ဒီနေ့ ဈေးကွက်ထဲမှာ ရောင်းအကောင်းဆုံး LCD Monitor တစ်ခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ သူက Ubuntu Monitor လို့ခေါ်ပါတယ်။ ဈေးက သိပ်မကြီးပါဘူး Free ပါပဲ။ =) နောက်တာပါ ကျွန်တော် photoshop ထဲမှာ လျှောက်လုပ်ထားတဲ့ မော်နီတာ ဒီဇိုင်းပါ။ gradient tool, pen tool, rounded rectangle tool, ellipse tool ကို သုံးထားပါတယ်။ နောက် blending option ကိုသုံးပြီး layer တွေ ဆက်လိုက်တော့ ဒီလို virtual monitor လေး ရလာတာပေါ့။ ပြီးတော့ wallpaper အနေနဲ့ ဘာထည့်ရင် ကောင်းမလဲ စဉ်းစားတော့ Mac OS X က aqua blue wallpaper ကို သဘောကျတာနဲ့ သူ့ကိုပဲထည့်လိုက်တယ် နောက် ဖိုင်ကို နာမည်ပေးဖို့ စဉ်းစားတော့ apple monitor လို့ ပေးရအောင်ကလည်း apple နဲ့ မတူ အခြားဘာပေးရမလဲ စဉ်းစားရင်းနဲ့ တကယ် မရှိတဲ့ နာမည်ပေးမှပဲဆိုပြီး Ubuntu လို့ပေးလိုက်တယ် ခင်ဗျ။ နောက် Ubuntu taskbar ကိုတော့ Ubuntu 7.10 မှာ screenshot ဖမ်းပြီး နောက် ဖြတ်ထည့်လိုက်တာပါ။

အစက Icon အနေနဲ့ png သုံးပြီးလုပ်မလို့ပဲ နောက်တော့မှ psd အတိုင်းပေးတင်လိုက်တာ ပိုကောင်းမယ်ထင်လို့ psd အနေနဲ့ ပဲ တင်လိုက်ပါတယ်။ ဖိုင်ကတော့ ဆိုဒ်ကြီးတယ် ခင်ဗျ။ လိုသလို သုံးနိုင်တာပေါ့ =) ။ LCD Monitor ပုံသာ လျှောက်လုပ်နေတာပါ ကျွန်တော် အိမ်က CRT မော်နီတာကတော့ font size 8 လောက်ဆို ဖတ်မရတော့ အောင်မှုန်ဝါးနေပြီ ပြင်ရတော့မှာ =) ။ ဒါနဲ့ ကျွန်တော် လုပ်ထားတဲ့ ပုံလေးကို ကြိုက်တယ်ဆိုရင် deviantArt မှာ +fav လုပ်ပေးနိုင်ပါတယ် =) ။

Technorati Profile

Google Talk Labs Edition Download Available

Gtalk Labs Edition ကို အခု download လုပ်လို့ ရပါပြီ။ ဘာတွေ အသစ် ပါလာလည်းဆိုတော့ အရင် ကျွန်တော်တို့ Google Gadgets (Web-based) က Gtalk လို Group Chat, Smiley တွေကို အခု desktop version Gtalk မှာ ရနိုင်ပါပြီ။ နောက်ထပ်အသစ်အနေနဲ့ Orkut နဲ့ Google Calendar ကိုပါ ပေါင်းထည့်ပေး ထားပါတယ်။ လောလောဆယ်တော့ Mac နဲ့ Linux အတွက် မရနိုင်သေးပါဘူး Windows only ပါပဲ။ Vista မှာလည်း သုံးလို့ ရနိုင်ပြီး bug တချို့တော့ ရှိနေဆဲပါပဲ။ စမ်းသပ်ဖို့ အတွက် ဖြစ်တာကြောင့် အောက်ဘက်မှာ feedback ပို့စရာလေး ပါလာပါတယ်။ အခု version မှာ feature အသစ်တွေ ပါတယ်ဆိုပေမယ့် အရင် မူလ Gtalk လို Voice Call နဲ့ File Transfer ကို သုံးလို့ မရပါဘူး။ အဲဒါတွေ သုံးချင်ရင်တော့ မူရင်း Gtalk သုံးရပါလိမ့်မယ်။ File transfer က တကယ်တော့ ကျွန်တော်တို့ ဆီမှာ ကွန်နက်ရှင် မကောင်းတော့ သိပ်တော့ အသုံးမ၀င်ပါဘူး ပြတ်ကျတာများပါတယ်။ ဘာပဲပြောပြော အခု lab edition မှာ အသုံးဝင် feature အသစ်တွေ အများကြီးပါလာလို့ စမ်းသုံးကြည့်ကြပါဦး။ ပျော်ရွှင်ပါစေ။

  • Download Gtalk Labs Edition
  • Download Original Gtalk


    Technorati TagGoogle, Gtalk, Download, Orkut

  • Turn Your Windows Interface to Apple Mac OS X Leopard Interface

    ကျွန်တော်တို့တွေ Microsoft Windows ကို သုံးရင်း တခါတလေ Apple ရဲ့ Mac OS ကို စိတ်ကူး ကြည့်မိကြမယ် ထင်ပါတယ်။ ကျွန်တော်က တကယ်တော့ Apple နဲ့ ပက်သက်လို့ အတွေ့အကြုံ လုံးဝမရှိပါဘူး။ ကျွန်တော် ပထမဆုံး စကိုင်ဘူးတဲ့ ကွန်ပျူတာက Apple ရဲ့ Mac ကွန်ပျူတာပါ။ ငယ်ငယ်တုန်းက ကျောင်းမှာ Multimedia Class Room လုပ်မယ် ဆိုတုန်းက သူများတွေ လှူထားတဲ့ Apple အဟောင်းတစ်လုံးကို စသုံးဖူးတာပေါ့။ မကြာပါဘူး Class Room မဖွင့်ခင် ၂ ပတ်လောက်ပဲ ကိုင်လိုက်ရတယ် ဖွင့်လည်းပြီးရော လုံးဝကို မကိုင်ရတော့ဘူး။ အခုတော့ Mac ဆိုတာ မေ့ကိုနေပြီ။ =) မဆိုင်တာတွေ ပြောနေမိပြီထင်တယ်။ ကျွန်တော်တို့ အခု Microsoft ရဲ့ Windows XP Graphical User Interface ကို Apple ရဲ့ Mac OS X Leopard ဒီဇိုင်း ပြောင်းကြည့် ကြရအောင်။ ဘယ်လိုပြောင်းမလဲဆိုတော့ Fly A Kite OSX (Version 3) ဆိုတဲ့ software ကို သုံးပြီးတော့ပါ။ သူ့ကို Download လုပ်ပါ။ free ရတာပါ။ Windows မှာပဲ တင်လို့ ရပါတယ်။ 25 MB လောက်ရှိပါတယ်။ နောက် ပြီးရင် install လုပ်ပြီး reboot လုပ်ရင် အားလုံး ပြောင်းပြီးသား ဖြစ်သွားမှာပါ။ ဒီ software မှာ တစ်ခုကောင်းတာက ဆော့ဝဲကို မသွင်းခင် system restore point လုပ်ပေးနိုင်တာက တစ်ခုခုမှား သွားခဲ့ရင် နဂိုအတိုင်း ပြန်ပြင်ယူနိုင်တာပါ။



    နောက် သူက အခြား transformation pack တွေထက် သာတာက log in screen တွေ log in sound တွေ click sound တွေက အစ OS X အတိုင်းပြောင်းပေးသွားတာပါ။ နောက် task bar ကိုလည်း အပေါ်ကို ရွှေ့ပေးပြီးသားပါ နောက် အောက်ဘက်မှာ ကျွန်တော် ပုံမှာ ပြထားတဲ့ အတိုင်း OS X လို object dock တစ်ခုပါ ထည့်ပေးသွားမှာပါ။ နောက် system icons တွေကော အကုန်ပြောင်းသွားပါတယ်။ ကျွန်တော် အခု Fly A Kite OSX ကို Windows XP မှာ တင်ထားတာပါ။ သူက အရင်အဟောင်း Windows Version တွေပါ support လုပ်ပါတယ်။ တစ်ခုပဲ Windows Vista မှာ ရမရတော့ ကျွန်တော် မသိပါဘူး။ စမ်းလည်း မကြည့်ဖြစ်ဘူး ဘာလို့လည်းဆိုတော့ တင်လိုက်လို့ ဘာမှ မထိနိုင်ပေမယ့် ကျွန်တော့် Vista sidebar က gadgets တွေ setting ပြန်ချိန်ရမှာ ပျင်းလို့ပါ =)။ အခြား Mac OS X ပုံစံပြောင်းတဲ့ ဆော့ဝဲတွေ Stardock, Wincustomize တွေ ရှိပေမယ့် သုံးမိသလောက် ဒီတစ်ခုက Mac OS X Leopard နဲ့ အားလုံးနီးပါး ဆင်တူအောင် လုပ်ပေးနိုင်လို့ ပိုကြိုက်ပါတယ်။ ကျွန်တော်တို့ Windows GUI တွေကို ပျင်းလာတဲ့ အခါဒီ Fly A Kite OSX ကို စမ်းသုံးကြည့်ကြတာပေါ့ =) ။ ပျော်ရွှင်ပါစေ။

    P.S – ဒီ Fly A Kite OSX ဆိုဒ်မှာ အခြား skin တွေလည်း ရနိုင်ပါတယ် WinDVD, MSN, WinRAR, PowerDVD (CyberLink) skins တွေပါရနိုင်ပါတယ်။

    Technorati TagMicrosoft, Apple, Windows XP, Mac OS X Leopard, Operating System, Download, Macintosh, GUI

    Firefox 3 Beta 5 released!

    အခု Firefox 3 Beta 5 ကို ဒေါင်းလုပ်လုပ်လို့ ရနေပါပြီ။ ပြီးတော့ ပုံမှန် Firefox 2.0.0.13 ပါ download လုပ်လို့ ရပါပြီ။ နှစ်မျိုးလုံး Portable အနေနဲ့ download လုပ်လို့ ရပါတယ်။ ပြီးတော့ အခု Firefox 3 t-shirt design winner ကို ကြေငြာလိုက်ပါပြီ ဆုရသွားတဲ့ ဒီဇိုင်းက ကျွန်တော် ကြိုက်တယ်လို့ ပြောခဲ့တဲ့ ဒီဇိုင်းလေးပါပဲ။

    New Features in Firefox 3 Beta 5

    * Improvements to the user interface based on user feedback, including changes to the look and feel on Windows Vista, Windows XP, Mac OS X and Linux.
    * Changes and fixes for new features such as the location bar autocomplete, bookmark backup and restore, full page zoom, and others, based on feedback from our community.
    * Fixes and improvements to platform features to improve security, web compatabilty and stability.
    * Continued performance improvements: changes to our JavaScript engine as well as profile guided optimization continues to improve performance over previous releases as measured by the popular SunSpider test from Apple, and in the speed of web applications like Google Mail and Zoho Office.

    Technorati TagFirefox, Design Winner, Download

    Michael Amott’s ESP Ninja-600 Guitar PSD file

    Arch Enemy ရဲ့ Doomsday Machine က My Apocalypse သီချင်းနားထောင်ရင်း ဟိုတစ်နေ့ညက စိတ်ကူးရတာနဲ့ တစ်ခုစမ်းကြည့် ဖြစ်ခဲ့တယ်။ Arch Enemy က ဂစ်တာသမား Michael Amott ရဲ့ signature guitar ESP (Ltd) Ninja-600 ဂစ်တာကို photoshop နဲ့ လုပ်ကြည့်လိုက်တယ်။ အမှန်တော့ အဲဒီ ဂစ်တာက ကျွန်တော် အကြိုက်ဆုံး ဂစ်တာပါ။ အဲဒီ ဂစ်တာကို Michael Amott တစ်ယောက်ပဲ ကိုင်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပုံစံက V shape မှာ frat ကွက်တွေမှာ Ninja တွေ ကိုင်တဲ့ Shuriken ကြယ်ပုံတွေပါပါတယ်။ ပြီးတော့ အခြား V shape ဂစ်တာတွေနဲ့ မတူပဲ ခေါင်းက PRS guitar လို ခေါင်းမျိုးနဲ့ Michael Amott လက်မှတ်ပါပါတယ်။ နောက် Seymour Duncan humbucker pick up နှစ်ခု ပါပါတယ်။ ဈေးက 1500 လောက်ရှိပါတယ်။ ဒီဘ၀မှာ စောမသေရင်တော့ ၀ယ်ဖြစ်လောက်မှာပါ။

    Original ESP Ninja-600 Guitar

    မဆိုင်တာတွေတော့ တော်တော်ပြောပြီးသွားပြီး ဆိုင်တာ ဆက်ပြောပါမယ်။ ဒီ ဂစ်တာပုံ psd မှာ သုံးထားတာက pen tool, gradient, blending option အဲဒီ ၃ ခုပဲ သုံးထားတာပါ။ အရောင်အားလုံးကို gradient နဲ့ သုံးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ လက်တွေ့ ဘ၀တွေမှာ အရာ ၀ထ္ထုတွေမှာ အရောင်က solid color ဖြစ်မနေလို့ပါပဲ။ ကျွန်တော်တို့က ထင်မယ် ကားတစ်စင်း ထားပါတော့ အနက်ရောင် ကား အဲဒါကို ကျွန်တော်တို့ မျက်စိနဲ့ မြင်တယ် သေသေချာချာ ကြည့်ကြည့်လိုက်ပါ အနက်ရောင်ကို solid color လို့ တရောင်တည်း တပြေးညီ မြင်ရပါသလား။ မဟုတ်ပါဘူး အလင်းရိုက်တဲ့ နေရာတွေမှာ အနက်ကို အရောင်တစ်မျိုး အလင်းမှောင်တဲ့ နေရာမှာ အနက်က အရောင်တစ်မျိုး gradient အနေနဲ့ မြင်နေရတာပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ တခါမှ မမြင်ဖူးတဲ့ အရာတစ်ခုကို မြင်လိုက်တယ်ဆိုပါဆို မကိုင်ပဲနဲ့ သူ့ရဲ့ ထုထည်ပုံကို သိကြတယ် ဘာဖြစ်လို့ပါလဲ။ ကျွန်တော်တို့ မျက်လုံးထဲကို လာမြင်ရတာ တကယ်တော့ အဲဒီ အရာ ၀ထ္ထုမဟုတ်ပါဘူး သူ့ရဲ့ အဆင်းကိုပဲ မြင်တာပါ အဲဒီ ၀ထ္ထုကို မျက်လုံးထဲ ရောက်လာတယ် ထင်တယ်ဆိုရင်တော့ မျက်လုံးကန်းဖို့ပဲရှိမှာပေါ့ ခင်ဗျ။ ထုထည်ပုံကိုကြတော့ သူ့ရဲ့ အရိပ် အလင်း အမှောင်၊ grad color ကို မျက်လုံးခွဲခြားလိုက်ပြီး ဦးနှောက်က ထုထည်ပုံ သဏ္ဏန်ကို ပုံဖော်ယူလိုက်တာပါ။ တကယ်တော့ ဒီ သဘောတရားတွေကို ကျွန်တော်သိခဲ့တာ design ပညာရပ်က မဟုတ်ပါဘူး။ ဆရာတော် ဦးသုမင်္ဂလ တရားခွေထဲမှာ နာမိရင်း စပ်စပ်စဉ်းစားကြည့်တာပါ။ ဒါကြောင့် ကျွန်တော် အခု ဂစ်တာပုံမှာ အားလုံးကို solid မသုံးဘဲ နဲနဲလောက်ဖြစ်ဖြစ် ကွဲလွဲတဲ့ gradient တွေသာသုံးပါတယ်။ နောက် layer တွေ များစွာနဲ့ ပုံဖော်ယူထားပါတယ်။ အမှန်တော့ ဒီလို အကြောင်းအရာတွေကို tutorial သဘောမျိုးရေးချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်က ဘာမှမသိတော့ ပုံဖော်ရာမှာ လိုအပ်တဲ့ အိုင်ဒီယာမျိုး လောက်သာရေးပေးနိုင်ပါတယ်။ နောက် ပြီးတော့ ကျွန်တော့် ဒီဇိုင်းပုံကို ဘယ်လိုလုပ်ထားသလဲ blending option မှာဘာတွေ သုံးထားသလဲ သိနိုင်အောင် .psd ဖိုင်ပါ share ပေးထားပါတယ်။ လေယာတွေအတော်များများ သုံးရတာဖြစ်လို့ တချို့ (ဂစ်တာ frat ) တွေလို layer တွေမှာ နာမည်မရေးနိုင်တော့တာကို တော့ နားလည်ပေးပါ။ နောက် ဒီဇိုင်းနဲ့ပဲ အဖြူရောင် နောက်ခံ wallpapers တွေလုပ်ကြည့်ဖြစ်ပါသေးတယ်။ နှစ်သက်ရင် download လုပ်ယူနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။


    Download Wallpapers Set

    Wallpapers Size :
    800×600
    1024×768
    1280×1024
    1280×800
    1280×720

    Related Posts & Links

  • Arch Enemy – Doomsday Machine Album Download (2005)
    Arch Enemy – Rise Of Tyrants (2007 – latest album)

    Video Of Michael Amott’s ESP Ninja Guitar

    Official Arch Enemy Site
    Official ESP Guitars Site
    Michael Amott (Arch Enemy)

    Technorati TagArch Enemy, Wallpapers, Michael Amott, ESP Guitars, My Apocalypse, ESP Ninja PSD File, Resource, High Quality Guitar Wallpapers