Archive for Download

Search And Download Free Your Fav Music

ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေထဲမှာ ရှေးရှေးက Hawaii 50 လိုသီချင်းတွေ နောက် When you believe (Prince Of Egypt), Go The Distance, I won’t say i’m in love (Hercules), Lion sleep tonight လို ကာတွန်းကားက ဇာတ်ဝင်သီချင်းတွေလည်း အရမ်းကြိုက်ပါတယ်။ အဲဒီလို သီချင်းဟောင်းတွေ အရင်က ကျွန်တော့်ဆီမှာ ကတ်ဆက်ခွေတွေနဲ့ရှိခဲ့ပေမယ့် အခုချိန်မှာ mp3 နဲ့လိုချင်တဲ့ အခါ ကျွန်တော် Multiply ဆိုတဲ့ Social Networking site (expecially for Music lovers) ဆိုဒ်ကနေရှာပါတယ်။ အခုတော့ ၂ လလောက်ရှိသွားပါပြီ Multiply က Search မှာ Music ဆိုတာလေးမရှိတော့ဘူး။ အဲဒီတော့ အခက်တွေ့ပါတယ် နောက်တော့ ဒီ Seekmp3 dot Info ဆိုတဲ့ Mp3 search engine ဆိုဒ်လေးတွေ့ပါတယ်။ သီချင်းတွေ အထူးသဖြင့် ကျွန်တော် အရမ်းလိုချင်တဲ့ ရှားပါးသီချင်းတွေ၊ ရှေးတုန်းက သီချင်းတွေ 95 ရာခိုင်းနှုန်းလောက်ကို ရှာလို့ရခဲ့ပါတယ်။

သူက သီချင်းတွေကို အခြားဆိုဒ်တွေကနေရှာပေးတာ သူ့ဆိုဒ်မှာတင်ထားတဲ့ သီချင်းတစ်ခုမှ မရှိဘူးခင်ဗျ။ အထူးသဖြင့် ESnip ဆိုဒ်ကနေ ရှာပေးတာပါ။ အခြား Mp3 free download ဆိုဒ်တွေမှာဆို band တစ်ခုကို နာမည်ကျော်သီချင်း ၄ ပုဒ်လောက်သာလျှင် download ပေးလုပ်ပါတယ်။ ဒီဆိုဒ်မှာတော့ album တစ်ချပ်လုံး download လုပ်လို့ရပါတယ် (album ထဲက သီချင်းတွေအမည်နဲ့ တစ်ပုဒ်ချင်းစီတော့ ရှာရမှာပေါ့)။ ပြီး download လုပ်လို့ရသလို download မလုပ်ပဲလည်း နားထောင်လို့လည်းရပါတယ်။ နားထောင်ရင်လည်း အခြားဆိုဒ်တွေလို ပြတ်ပြတ်သွားပြီး (buffer) လုပ်တာကြာတာမျိုး မဖြစ်သလောက်ပါပဲ။ ပေါ့လည်းပေါ့တယ်။ အရင်က ကျွန်တော်သီချင်းနားထောင်ချင်ရင် Pure Volume မှာ နားထောင်ပါတယ်။ အဲဒီမှာက flash သုံးထားတော့ သီချင်းနားထောင်ရတာ သိပ်တော့အဆင်မပြေဘူး ပြီးတော့ သီချင်းက ၄ ၅ ပုဒ်လောက်ပဲ နားထောင်လို့ရတယ်။ ဒီမှာတော့ ကြိုက်သလောက် ကြိုက်ရာနားထောင်လို့ရတယ်။ တခုတော့ရှိတယ် သီချင်းရှာတဲ့အခါ တချို့လင့်တွေက နဂိုဆိုဒ်မှာ သီချင်းဖိုင်မရှိတော့တာမျိုးလေးတော့ ဖြစ်တတ်တယ်။ ဖြစ်ခဲပါတယ်။ ကျွန်တော်တော့ အဲဒီဆိုဒ်က နေ့စဉ်မ၀င်မဖြစ်ပါပဲ။

ကျွန်တော်ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေ အထူးသဖြင့် disco dance ပုံစံသီချင်းတွေ အားလုံးနီးပါး download လုပ်လိုက်တယ်။ Vengaboys, Aqua, Cartoon, toy box, solid base တို့လိုသီချင်းတွေ နောက် Motley Crue, Ramones, Aerosmith, Deep Purple, Mr.Big, Jimi Hendrix, Metallica တွေ အများကြီး download ချပစ်လိုက်တယ်။ ဆိုဒ်နာမည်တော့ မမှားပါနဲ့ဦး Seekmp3 dot Info ပါ။ အခြားဆင်တူ seekasong တွေ ဘာတွေလည်းရှိသေးတော့။ လောလောဆယ်တော့ သူကနောက်ထပ်အနေနဲ့ SeekTV.com နဲ့ SoftwareDL ဆိုတဲ့ အခြားနှစ်ခုပါ စမ်းနေပါတယ်။ SeekTV က Music Videos တွေ free download ပေးတဲ့ဆိုဒ်ပါ။ Beta ပဲရှိပါသေးတယ်။ တကယ်တော့သူက YouTube က ဖိုင်ကိုပဲ ဒေါင်းလုဒ်လုပ်တာပါ။ သူဆီမှာ download လုပ်တာထက် ကျွန်တော်အရင်က ရေးခဲ့တဲ့ YouTube Download လုပ်တဲ့နည်း ၂ မျိုးကတောင် ပိုမြန်ပါလိမ့်ဦးမယ်။ ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို မူပိုင်ခွင့်နဲ့ ညှိပြီး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။ ဒါကြောင့် အားတိုင်း download ပဲလုပ်နေတော့တာပဲ =) ။

Thanks A lot To Go2Web2

Technorati TagFree Download MP3, Music, Mp3 Search Engine, Download Free Music Albums

Valentine Day Icons


မနေ့ညက အားနေတာနဲ့ Valentine Day Icons လေးတွေလုပ်ကြည့်ဖြစ်တယ်။ Photoshop ကို abr brush, csh တွေနဲ့လုပ်ထားတာပါ။ လွယ်ပါတယ်။ အမှန်တော့ ရည်ရွယ်တာ icon ထက် Gtalk, Skype, Yahoo!! တို့မှာ avator အနေနဲ့သုံးဖို့ ရည်ရွယ်တာပါ။ လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်။

  • Donwload Valentine Day Icons @ dA

    Technorati TagValentine Icons, Love Icons, Avators

  • Windows Vista Logo


    ဟိုတနေ့က သီချင်းနားထောင်ရင်းနဲ့ Windows Media Player 11 က Play button လေးကိုကြည့်ရင်း စမ်းကြည့်ချင်တာနဲ့ photoshop နဲ့ Windows Vista ရဲ့ 64 bit logo အ၀ိုင်းလေး ဆွဲကြည့်လိုက်တယ်။ သိပ်တော့မတူဘူးဗျ။ လိုတောလိုသေးတာပေါ့ အခု ကျွန်တော် လုပ်တုန်းက .psd (photoshop) ဖိုင်လေးပါ တင်ပေးထားပါတယ်။ ကိုယ်နှစ်သက်ရာ စာသား၊ လိုဂိုထည့်ပြီး ဘလောခ့်မှာ ဖြစ်ဖြစ်သုံးကြည့်ပေါ့ ခင်ဗျ။ Microsoft ရဲ့ မူပိုင် လိုဂိုဆိုတော့ Commercial တော့ သုံးလို့ မရဘူးခင်ဗျ။ ကျွန်တော်ဆွဲတာက စက်ဝိုင်းပုံနဲ့ solid color ပုံ အရင်ဆွဲပြီးမှ gradient သုံးပြီး layer တွေထပ်ထပ်သွားတာ။ Gloss ကိုလည်း မူရင်း လိုဂိုပုံ မလုပ်ပဲ တစ်ခြမ်းဖြတ်ထားလိုက်တယ်။ မကျွမ်းကျင်သေးတဲ့ အတွက်ပုံက မပြည့်စုံသေးပါဘူး။

  • Download Windows Logo PSD

    Technorati TagVista, Windows Vista, Microsoft, Photoshop

  • Blogger Xmas Logo Icons

    Last night, I was boring and don’t know what to do. Then I started to redsign my creation Blogger Xmas logo icons set. Actually, I made that logos two days ago but some mistakes I did. So, I didn’t share those and now all icons was modifed and perfect to share. Actually, I’ve no experience in making icons and this is my first creation. So, my icons set won’t be look like pro’s. Anyway, I love my icons.

    Download Blogger Xmas Icons (15 Icons)

    Format : .png
    Dimensions : 200×200 (Approx.)
    Footprint : 30-40 KB (Approx.)(Each image)

    Please help spread the word by letting others know about this freebie. Please don’t directly link to the zipped file, instead link to the download overview page.

    Technorati TagBlogger, Blogger Logo, Blogger Xmas Logo Icons, Blogger Christmas, Blogger Xmas Themes, Free Icons, Icons

    Christmas RSS Icons And Wallpapers

    Christmas အတွက် သင့် ဘလောခ့်ကို ဒီဇိုင်းလေးတွေ ဆင်ကြရအောင်။ Xmas Icons တွေ လိုချင်ရင်တော့ အရင်တင်ခဲ့တဲ့ပို့စ် Christmas Icons for You မှာ ဒေါင်းလုဒ်လုပ်ပါ။ အောက်ကပုံကတော့ Xmas style RSS Feed ပုံတွေပါ။ ကျွန်တော်တောင် လုပ်ထားသေးတယ်။ မတင်ဖြစ်တာ။ အောက်ကပုံမျိုးတွေလိုပဲ။ အောက်ကပုံက Ajax Path က လုပ်ထားတာ သူသုံးထားတဲ့ သစ်ပင်လေးတွေတို့ ဦးထုပ်လေးတွေ လက်ဆောင်ပစ္စည်းပုံတွေက Yellow Icons က ပုံလေးတွေယူသုံးထားတာ။

    Download RSS Icons


    ဒီ Wallpapers တွေက ဘလောခ့်နောက်ခံမှာ သုံးလို့ရတာပဲ။

    Download Wallpapers

    Technorati TagXmas, Xmas RSS logo, Christmas Blog Design, Blog Decoration

    Christmas Icons For You


    Turn Your Computer to a festival decoration =D

  • Web Designer Wall
  • Icon Archive
  • Dezignus
  • Yellow Icon

    Technorati TagChristmas, Christmas Icons

  • Awesome Puzzle

    ကျွန်တော့်ကို တစ်ခုကူ စဉ်းစားပေးပါလား။ ကျွန်တော်စဉ်းစားတာ နှစ်ညရှိပြီ။ စဉ်းစားမရလို့။ အဲဒါက အောက်က flash က အိမ်လေး သုံးအိမ်ကို ရေ မီးရယ် လျှပ်စစ်ရယ် ပေးရမှာ။ တစ်လိုင်းနဲ့ တစ်လိုင်းမထပ်ပဲနဲ့ပေါ့။ လိုင်းက ကြိုက်သလို ဆွဲလို့ရတယ်။ မထပ်ဖို့ပဲ။ တစ်အိမ်ကို တစ်လိုင်း သတ်သတ်ဆွဲပေးရမယ်။ တစ်လိုင်းထဲနဲ့ အိမ်သုံးအိမ်ဆက်လို့တော့ မရဘူးပေါ့။ သုံး အိမ်ကို သုံးလိုင်း မထပ်ပဲနဲ့ဆို ၉ လိုင်းရှိရမှာပေါ့။ အဖြေရရင် screen shot ဖမ်းပြီး ပြန်တင်ပေးပါလား။ ကျွန်တော် အဖြေသိချင်လို့။ ပုံကို www.postimage.org မှာလို တင်ပြီး ကွန်မန့်ထဲမှာ လင့်လေးပေးခဲ့ပါဗျာ။




  • Download this flash
  • Arch Enemy – Rise Of Tyrant (2007)


    Arch Enemy ရဲ့ album သစ် Rise Of Tyrant ထွက်ပါတယ်။ ဒီအခွေမှာလည်း အရင် Doomsday Machine လိုပဲ သီချင်းမျိုးတွေ နားထောင်ရမှာပါ။ အမျိုးအစားက melodic death metal ပဲပေါ့။ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Michael Amott နဲ့ Chris Amott တို့ရဲ့ လက်သံတွေကို ခံစားနိုင်ပါတယ်။ Chris Amott က အရင် Doomsday Machine ထွက်ပြီးတဲ့ အချိန်မှာ band က ထွက်သွားခဲ့ပါသေးတယ်။ အခုတော့ သူတို့ ပြန် ပေါင်းစည်းသွားကြပြီ။ အခု လောလောဆယ်တော့ အဲဒီ အခွေတင် မပေးနိုင်သေးပါဘူး။ ကွန်နက်ရှင်က ကျနေလို့ပါ။ နောက်တင်ပါ့မယ်။ ဒီ အခွေထဲက သီချင်းတွေနဲ့ ဂစ်တာ လေ့ကျင့်လို့ရပါတယ်။ နောက် အခု အခွေရဲ့ producer ဖြစ်တဲ့ Century Media ဆိုဒ်မှာ သီချင်းတွေ အမြည်းနားထောင်လို့ရနိုင်သလို Wallpapers, Buddy Icon, Banner တွေ download ရနိုင်ပါတယ်။

  • Official Arch Enemy Site
  • Arch Enemy at Century Media
  • Arch Enemy at My Space
  • Download Arch Enemy – Doomsday Machine (2005)

    Related Post

  • Me playing Arch Enemy – Nemesis (Solo)

  • Bowling For Soup – 1985

    Side bar က သီချင်းကို အသစ်ပြောင်းလိုက်တယ်။ Bowling For Soup ရဲ့ 1985 တင်လိုက်တယ်။ အဲဒီ သီချင်း စာသားလည်း မိုက်တယ်။ video လည်းမိုက်တယ်။ ကြည့်ပြီးပြီလား။ ရီရတယ်။ အခုတလော အဲဒီသီချင်းပဲ နားထောင်ဖြစ်တယ်။

    1985 by Bowling For Soup

    Add to My Profile | More Videos

  • Download this song




    I made this music playlist at MyFlashFetish.com.


    Chords
    B5 E5 G#5 F#5
    E———————|
    B———————|
    G-4——————-|
    D-4—2—6—–4—–|
    A-2—2—6—–4—–|
    E—–0—4—–2—–|

    Song/Lyrics:
    Verse 1 { All the chords are the same for the verses and chorus)
    Woo-hoo-hoo
    Woo-hoo-hoo

    B5
    Debbie just hit the wall
    E5
    She never had it all
    G#5
    One Prozac a day
    F#5
    Husbands a CPA

    Verse 2:
    Her dreams went out the door
    When she turned twenty four
    Only been with one man
    What happen to her plan?

    Verse 3:
    She was gonna be an actress
    She was gonna be a star
    She was gonna shake her ass
    On the hood of White Snake’s car
    Her yellow SUV, is now the enemy

    Chorus:
    B5
    Looks at her average life
    E5
    And nothing, has been, alright
    G#5
    Since Bruce Springstein, Madonna
    F#5
    Way before Nirvana
    B5
    There was U2, and Blondie
    E5
    And music still on MTV
    G#5
    Her two kids, in high school
    F#5
    They tell her that she’s uncool
    B5
    But she still preoccupied
    E5
    With 19, 19, 1985
    F#5 E5
    Woo-hoo-hoo
    G#5
    1985

    F#5 E5
    Woo-hoo-hoo

    Verse 4:
    She’s seen all the classics
    She knows every line
    Breakfast Club, Pretty in Pink
    Even Saint Elmo’s Fire

    Verse 5:
    She rocked out to wham
    N0ot a big Limp Biscuit fan
    Thought she’d get a hand
    On a member of Duran Duran

    Vere 6:
    Where’s the mini-skirt made of snake skin
    And who’s the other guy singing in Van Halen
    When did reality, become T.V.
    What ever happen to sitcoms, game shows

    F#5 E5
    On the radio was

    (Repeat Chorus)

    Verse 7:
    She hates time, make it stop
    When did Motley Crue become classic rock?
    And when did Ozzy become an actor?
    Please make this stop!

    F#5
    Stop!
    E5
    Stop!

    F#5 E5
    And bring back

    (Repeat Chorus) x2

  • via
  • Recent Song
  • Deviant Art

    ကျွန်တော့်ရဲ့ ၀ါသနာတွေထဲမှာ ဓာတ်ပုံလှလှလေးတွေစုရတာလည်း ၀ါသနာပါပါတယ်။ ဘယ်လိုပုံတွေစုဖြစ်လဲဆိုတော့ ကာတွန်းတွေ နဲ့ music band ပုံတွေက အများဆုံးပေါ့။ နောက် ရှုခင်းအလှပုံတွေ ရှားပါးဓာတ်ပုံတွေလည်းစုပါတယ်။ နောက်အဲဒီပုံတွေနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ကွန်ပျူတာ desktop ပုံတွေလည်း ပြောင်းပါတယ်။ တနေ့က ဂိမ်းကာတွန်းပုံတွေ လျှောက်ရှာရင်းနဲ့ ဆိုဒ်တစ်ခုကိုသွားတွေ့တယ်။ Deviant Art တဲ့။ ပုံတွေက အစုံပဲဗျာ။ ကာတွန်းရော လူပုံတွေရော။ နောက် ရှုခင်းအလှ ဓာတ်ပုံတွေ။ အကုန် ဂရပ်ဖစ် မိုက်တယ်။ template banner လုပ်ဖို့ ကာတွန်းလေးတွေဆိုလည်း အဆင်သင့်ပဲ။ ကဗျာ ဘလောခ့်တွေ အတွက် ကဗျာ သရုပ်ဖော်ပုံတွေ ထည့်ရင် တော်တော်လှမှာပါ။ နောက်ကိုဆွဲထားတဲ့ ပုံတွေလည်း အကောင့်လုပ်ပြီး ပြန်ရှဲလို့ရတယ်။ လောလောဆယ် ကျွန်တော်ကူးလာတဲ့ ပုံလေးတွေ နမူနာကြည့်ကြည့်ရင် ဘယ်လောက်ကောင်းတယ်ဆိုတာ သိမှာပါ။


    Technorati Tags: , , , , , ,