Archive for funny

February 15 is Happy Single Awareness Day

sadday

ဒီနေ့ February 15 ရက်က Single Awareness Day လို့ခေါ်တဲ့ တစ်ယောက်ထဲသမားတွေ (အတွဲ မရှိသူတွေ :D ) အတွက်နေ့ပါ။ ဘာလို့ Single Awareness Day (SAD) လို့ခေါ်လဲတော့ မရေးတော့ပါဘူး အရင်နှစ်တွေကလည်း ရေးခဲ့ပြီးသားမို့ပါ။ ရည်းစားမရှိလို့ Valentines’ Day မှာ စိတ်ညစ်စရာမလိုပါဘူး။ Single Awareness Day ဆိုတာရှိတာပဲ။ မနေ့က မကုန်ခဲ့တဲ့ ချောကလပ် ဖိုးတွေ၊ လက်ဆောင်ဖိုးတွေကို ဒီနေ့မှာ အသားကုန် ကိုယ့်အတွက်ကိုယ် ဖြုန်းပစ်လိုက်ပါ။ တစ်ယောက်ထဲနေရတာ ပျော်စရာကောင်းတယ်ဆိုတာ သိသွားလိမ့်မယ်။ သိလား One better than Two :D & Happy Single Awareness Day!!

Read the rest of this entry »

Formula Of iPad

Formula Of iPad

Apple ရဲ့ iPad ဆိုတာ ဘာကြီးလဲ မသိသေးသူများ အတွက်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ မှိုစားထားတဲ့ iPod Touch ကြီး ဖြစ်ပါတယ် ခင်ဗျား။ :D

Read the rest of this entry »

Fredo And Pid’Jin

Alter Eggo

Alter Eggo

ဒီနေ့ အားနေလို့ အွန်လိုင်းမှာ လျောက်ကြည့်ရင်းတွေ့မိတဲ့ ကာတွန်းတွေပါ။ ရုပ်ပြောင်ပုံတွေနဲ့ Fredo နဲ့ Pid’Jin ဆိုတဲ့ ၂ ကောင် ကာတွန်းတွေ ရယ်ရလို့ ပြန်တာလိုက်ပါတယ်။ အရုပ်တွေက ပြောင်သလို ကာတွန်းတွေကလဲ ရီရတယ်။ တချို့ ကာတွန်းတွေကတော့ 18+ တွေပေါ့။ ဒါပေမယ့် ရီရတယ်။ အခု တင်ထားတာထက် ပိုပြီး ကြည့်ချင်သေးရင် မူရင်းဆိုဒ် Fredo & Pid’Jin ကို သွားကြည့်လိုက်ပါ။ ပျော်ရွှင်ပါစေ။

Read the rest of this entry »

High Speed Means This!!

Screen shot 2009-11-07 at 1.30.57 PM

ဒီရက်ပိုင်း ကွန်နက်ရှင် အရမ်းကို ပက်ပက်စက်စက် မြန်နေတယ်ဗျာ။ အင်တာနက် သုံးရင် ခုံတွေ စားပွဲတွေကိုင်ထားရတယ်။ မဟုတ်ရင် ကွန်နက်ရှင်နဲ့ ပါပြီး နိုင်ငံခြားက ဆာဗာထဲ ရောက်သွားမှာ စိုးလို့။ ဒီနေ့တောင် နေမကောင်းဖြစ်နေတာ မနေ့က သုံးတုန်းက speed အရမ်းမြန်တော့ လေရိုက်ပြီး ဖျားသွားတာလေ။ မယုံဘူးလား ?

Read the rest of this entry »

How Addicted to Apple Are You?

69%How Addicted to Apple Are You?

ဒီနေ့တော့ ထူးထူးခြား ပို့စ်မရေးဖြစ်ပါဘူး.. ဆားချက်ပါတယ်။ Quiz တစ်ခုကို သွားဆော့တာပါ။ နာမည်က How Addicted to Apple Are You? ပါတဲ့။ အမှန်တော့ အဆိပ်တက်နေတုန်းသွား ဖြေလိုက်တာ.. 69% ရပါတယ်။ တကယ်ပြောတာပါ Apple ကို အရမ်းကိုကြိုက်ပါတယ် ဈေးနှုန်းကလွဲရင်ပေါ့ဗျာ =D

Read the rest of this entry »

Comics For Web Designers

No More Trackbacks?

No More Trackbacks?

Read the rest of this entry »

If Browsers were Girls

Firefox Girl

Web Browsers တွေသာ မိန်းမဖြစ်ခဲ့ရင် ဆိုတာလေး ရီရလို့ ပြန်တင်လိုက်ပါတယ်။ ကျွန်တော်လား Firefox နဲ့ Safari အကြိုက်ဆုံးပဲ :P အဟဲ browser ကိုပြောတာ ပုံတွေ ပြောတာ မဟုတ်ဘူး =D IE ကတော့ မကြိုက်ဆုံးပဲ… Opera ကတော့ ချစ်စရာကောင်းတယ် download လုပ်ရင်ပေါ့ =D

Read the rest of this entry »

Internet Quiz

OnePlusYou Quizzes and Widgets

ဒီနေ့ ပျင်းနေတာနဲ့ အပျင်းပြေ Quiz လေးတစ်ခု သွားဆော့ဖြစ်တယ်.. Internet အကြောင်း ဘယ်လောက်သိသလဲ ဆိုတာမေးတာပါ.. Tim Berner Lee တို့ IPV6 တို့ အခြား အကြောင်း အရာလေးတွေ မေးတာပါ။ ကျွန်တော်ရတဲ့ အမှတ်ကတော့ အပေါ်မှာ ကြည့်လိုက်ပါဗျာ။ သိပ်တော့ မကောင်းဘူးပေါ့ တချို့တွေမှားတယ် ဥပမာ – MySpace ဘယ်သူ ထောင်တာလဲ တို့ ဘာတို့ ပေါ့။ ဆိုဒ်က One Plus You ခေါ် အရင် Mingle ကနေ ပြောင်းတဲ့ ဆိုဒ်မှာ ဆော့တာပါ။ Death Report ဆော့ခဲ့တဲ့ ဆိုဒ်ပေါ့။ အခုလို Quiz မျိုးတွေ ဖြေပြီး Web 2.0 Master Degree ဆိုပြီး အရင်ကလဲ ခဲ့ဖူးပါသေးတယ်။ အခု quiz ကို တော့ Internet Quiz ဆိုတဲ့ စာမျက်နှာမှာ ဖြေနိုင်ပါတယ်။

Disasters Around The World

ကာတွန်းပုံလေး တစ်ပုံတွေ့လို့ ပြန်တင်လိုက်တာပါ.. နာမည်က Disasters Around The World တဲ့.. သူပြောချင်တာက Bush ကိုထင်တယ် =P

I’m a PC, Everyone is a PC

Apple ရဲ့ I’m mac ဆိုတဲ့ ကြော်ငြာကို တနေရာရာမှာ ကြည့်ခဲ့ဖူးမယ် ထင်ပါတယ်။ အရင်နှစ်က နာမည်ကျော်သွားတဲ့ ကြော်ငြာတစ်ခုပါ Apple ကနေ Microsoft ရဲ့ Windows ကို ဖိုက်တဲ့ ကြော်ငြာလေးပါ။ အခုတော့ Microsoft က ကြော်ငြာ အသစ်နဲ့ ပြန်ဆော်ပါပြီ ခင်ဗျား။ I’m a PC (Video Via Vincent Chow )ဆိုပြီးတော့ပါ.. ကျွန်တော်က OS တွေကို အရမ်းတော့ သိပ်အစွဲအလမ်း မထားပါဘူး တစ်ခွေ ၁ ထောင်နဲ့ ၀ယ်လို့ရရင် ဘယ်ဟာ မဆို သုံးလိုက်မှာပဲ :p ကျွန်တော်တို့ ဆီမှာတော့ Apple သုံးတာ ကျောင်းတွေက Multimedia room တွေရယ်၊ တချို့လူတွေ လောက်ပဲရှိပါတယ်။ Mac Book ကို လိုချင်တယ်ဆိုရင်တောင် Blu Ray ဆိုတဲ့ ဆိုင်မှာ သာလျှင် ၀ယ်လို့ရပါတယ်။ ဒါတောင် Combo လောက်ပဲပါတဲ့ အကောင်က HP, Dell, Compaq စတာတွေမှာဆို လန်နေတာ ရနိုင်တဲ့ ဈေးမျိုးနဲ့ပါ။ တစ်ခါတဲ ဒီပို့စ်ထဲမှာ အခုတလော ဖတ်မိတဲ့ Apple Vs Windows တွေ အကြောင်း စုထားလိုက်ပါတယ်..

Read the rest of this entry »