Archive for funny

Secret Of Logos

ဒီရက်ပိုင်း Graphic Site တွေလိုက်ကြည့်ဖြစ်ရင်းနဲ့ နာမည်ကျော် လိုဂိုတွေရဲ့ လျှို့ဝှက်ချက်ပုံလေးတွေ တွေ့လိုက်လို့ ပြန်တင်လိုက်တာပါ။ တကယ်တော့ နဂိုမူရင်းလိုဂို ဒီဇိုင်းတွေ အိုင်ဒီယာ ရခဲ့တဲ့ ပုံတွေတော့ မဟုတ်ပါဘူး။ ဟာသ အနေနဲ့ လုပ်ထားတဲ့ လိုဂိုပုံတွေပါ။ ရီတော့ရီရတယ် ဒါပေမယ့်လည်း အိုင်ဒီယာလည်းရနိုင်တယ်။ :D

Apple
apple

Read the rest of this entry »

Thax Soe & Dj Jay – ဆိုင်းကြိုက်တဲ့မောင်

မနက်ဖြန်ဆို သင်္ကြန်ကြပြီ ဒီနေ့ ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ် =) ဘာပို့စ်တင်ရမလဲလို့ စဉ်းစားလို့ မရဘူး သင်္ကြန်မှာ ဘာလုပ်မလဲလို့ပဲ တွေးမိနေတယ်။ ဒါနဲ့ သင်္ကြန်ရောက်ရင် ဖွင့်နေကြ ရောသမမွှေသီချင်းတင်လိုက်တော့မယ်လို့။ သားစိုးနဲ့ DJ Jay ရဲ့ ဆိုင်းကြိုက်တဲ့ မောင်သီချင်း တင်လိုက်တယ်။ ဒီ သီချင်းက နားထောင်လို့ ကောင်းသလို MTV လည်းရီရတယ်။ =) ဒီသီချင်း ကို download လုပ်ချင်ရင် ကျွန်တော် အရင်နှစ်က Multiply မှာ တင်ထားပြီးသားရှိတယ်။ အဲဒီမှာ download လုပ်လို့ရတယ်။ သူက download လုပ်ဖို့ အကောင့်လိုပါတယ်။ အကောင့်က free လုပ်ရုံပါပဲ။

Technorati TagThax Soe, Thar Soe, DJ Jay, Remix, Myanmar MTV, Myanmar Saing, Myanmar Traditional Song, Myanmar Nat Doe, Burma

Punk Jacket Of Me, Is that Cool?

သင်္ကြန်နားနီးလာတော့ သင်္ကြန်မှာ လူငယ်တွေ ၀တ်တတ်ကြတဲ့ punk design တွေကို စဉ်းစားမိတယ်။ အချွန် stud တွေ ရိုက်ထားတဲ့ သားရေအကျီတွေနဲ့ လျှောက်သွားတာတွေ သတိရမိတယ်။ အခု အွန်လိုင်းပေါ်မှာတက် အဲဒီလို jacket ကို ကိုယ်ကြိုက်တဲ့ စာသားနဲ့ ရေးကြည့်ကြရအောင်။ Punk Rock Jacket Generator ဆိုတဲ့ ဆိုဒ်မှာ ကျွန်တော် အခုပြထားသလို ပုံလေးတွေ လုပ်လို့ရတယ်။ စမ်းကြည့်ကြပါဦးလား =) >။ ပျော်ရွှင်ပါစေ။

Technorati TagPunk Rock, punk, punk rock generator

Happy April Fool’s Day To You

Money Isn’t Everything


အင်း ဒီဟာသလေး သဘောကျလို့ပြန်တင်ထားတာပါ။ ဟာသဆိုတာထက် တွေးစရာတွေ အများကြီးပါနေတာပဲ။ ကျွန်တော်တို့ အတွက် ပိုက်ဆံနဲ့ ၀ယ်လို့မရနိုင်တာတွေ ဘ၀မှာ အများကြီးပါ။ ဒီတော့ ကျွန်တော်တို့ ပိုက်ဆံ အတွက် မကောင်းမှုတွေ လုပ်သင့်သလား။ ပိုက်ဆံဆိုတာ တကယ်တော့ ကြားခံ ၀တ္တုတခုပါပဲ။ အဲဒီတော့ …… မိတ်ဆွေ ပိုက်ဆံတွေ ကျွန်တော့်ကိုပဲပေးလိုက်ပေါ့ ကျွန်တော် အဲဒီ ဒုက္ခတွေ ခံစားပေးပါမယ် =) (နောက်တာ) ။

Technorati Tagmoney, funny money

Einstein Will Teach You About Love


Dynamic Einstein picture ဆိုတဲ့ ဆိုဒ်က ကိုယ်ရေးချင်တဲ့ စာသားကိုရိုက်ထည့်ပြီး button လေး တစ်ချက်နှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တဲ့ စာသားကို အပေါ်မှာပြထားသလိုပဲ အိုင်စတိုင်းရဲ့ black board ပေါ်မှာ မြေဖြူစာလုံးပုံစံနဲ့ လာပေါ်ပေးမှာပါ။ ဘာလို့ အခုမှ ဒီဆိုဒ် အကြောင်းေ၇းသလဲဆိုတော့ မနက်ဖြန်အတွက်ပေါ့ဗျာ =) မနက်ဖြန်မှာ ကိုယ်ကြိုက်တဲ့ ဘာဘာညာညာ =) စာသားတွေနဲ့ အိုင်စတိုင်း blackboard ပုံလေးနဲ့ ကိုယ့်သက်ဆိုင်သူဆီ email ပို့လို့ ရတာပေါ့ဗျာ =) ။

Technorati Tagfunny einstein, Image Generator

Funny & Creative Commercial Photos












Via : FuenteBetSaida

Technorati Tagfunny, funny commercial

School Of Suicide Bombers

Blogger Wedding

Can you promise about something like this when you marry? =) For me, I can’t promise coz i’m lazy to blog about personal.

Technorati TagBlogger, Wedding Cartoon

Santa loves Lucky Strike

“ကလေးတွေ မဆူကြပါနဲ့ ဘိုးဘိုး အလုပ်ရှုပ်နေတယ်…”

မှတ်ချက်။ ။ဆေးလိပ်တိုသွားရင် သောက်ရမယ်မထင်ဘူး မုတ်ဆိတ်မီးစွဲလိမ့်မယ် =P