18 Aug, 2009

လွန်ခဲ့တဲ့ အပတ်က ဂိမ်းခွေတစ်ခွေ ၀ယ်ဖြစ်ခဲ့ပါတယ်… Guitar Hero ~ World Tour ပါ။ ဒီအခွေနဲ့ဆိုရင် ပြည်တွင်းမှာ PC အတွက်လာတဲ့ Guitar Hero 3 ခွေမြောက်ပါ။ ပထမ GH 3 နောက် Aerosmith နဲ့ အခု World Tour ပါ။ ဂိမ်းခွေသွင်းရင်းနဲ့ Wikipedia မှာ World Tour Tracks Lists ကြည့်မိပါတယ်။ သီချင်းတွေ တော်တော်များများ ကြိုက်တာတွေ ဖြစ်နေတယ်.. မသိတဲ့ band တွေ သီချင်းတွေလဲ တော်တော်များများ ပါပါတယ်။
Read the rest of this entry »
13 Oct, 2008
Need For Speed ရဲ့ နောက်ထွက် စီးရီး အသစ် Undercover ကို Electronic Arts က November 18 ရက်နေ့မှာ စတင်ဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ကျွန်တော်ကြည့်ရသလောက်တော့ အခုနောက်ဆုံးထွက်ထားတဲ့ Pro~Street တုန်းက လူကြိုက်နဲသွားစေတဲ့ အမှားတွေကို ပြင်ထားပုံရပါတယ်။ Pro-Street မှာတုန်းက Hardware တောင်း အရမ်းမြင့်တာရယ် နောက် ပြိုင်ရတာက ဂိမ်းအစ အဆုံး ပြိုက်ကွင်းမှာပဲ ပြိုက်ရတာ၊ အရင်လို ရဲကား မလိုက်တဲ့အတွက် ဆော့ရတာ သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ အရင် Most Wanted, Carbon တို့ကိုတောင် မမှီပါဘူး။ နောက် Pro-Street မှာ ပြိုင်ပွဲမှာ နိုင်ရင်ရတဲ့ ပိုက်ဆံက ကားအသစ်တစ်စီး တန်ဖိုးနဲ့ နိုင်းယှဉ်ရင် အရမ်းနဲတဲ့ အတွက် ကျွန်တော်တို့ ဆော့ရင် ပြိုင်ပြီးသားပွဲတွေကို ၁၀ ခေါက်လောက်ပြိုင်ပြီး ပိုက်ဆံပြန်ရှာနေရတာက အတော်ဆိုးတဲ့ တစ်ချက်ပါ။ နောက် အဲဒီမှာ အရင် Most Wanted, Carbon တို့ကလို video လာရင် အရင်လို တကယ့်လူပုံစံမျိုးမဟုတ်ပဲ graphic character တွေ ထည့်ထားတာကလဲ ကျွန်တော် မကြိုက်တဲ့ အချက်ပါပဲ။
Read the rest of this entry »
22 Aug, 2008
မနက်ဖြန် ရန်ကုန် MICT Park မှာ Warcraft Dota All-Stars ပြိုင်ပွဲ ရှိပါတယ်။ ပထမဆု ၅ သိန်းပေးမှာလို့ ကြားပါတယ်။ ကျွန်တော်တော့ မပြိုင်ပါဘူး.. သိတဲ့ အတိုင်းပဲ ကျွန်တော်က normal တောင် ပတ်ပြေးနေရတာ ကျွန်တော့် ဘော်ဒါတွေက သွားပြိုင်ကြမှာပါ။ အဲဒီမှာ နောက်ဆုံး map နဲ့ ပြိုင်မယ်ပြောတယ်။ Hero ကို ကိုယ်ကြိုက်တာ ယူခွင့်ပေးမှာ ဖြစ်ပြီးတော့ တစ်ဖက်စီကို ဂိမ်းထဲက hero 4 ကောင် ပယ်ခွင့်ရှိမယ်လို့ ပြောပါတယ်။ အဲဒီမှာ အ၇င် ပြိုင်ပွဲတွေ ဆုရနေကြ Double Damage အဖွဲ့လဲ ပြိုင်ပါလိမ့်မယ်။ အဲဒီ Double Damage က ဘယ်သူလဲမှတ်တယ် နောက်တော့မှ ကျွန်တော့် သူငယ်ချင်း ညီတွေ အဖွဲ့မှန်းသိတယ် ကလေးတွေဆိုပြီး အထင်တော့ သေးလို့ မရပါဘူး မန္တလေးမှာလဲ သူတို့ပဲ နိုင်လာတာပါ။ မနက်ဖြန်တော့ ဘယ်လို ကစားကြလိမ့်မယ်ဆိုတာကို သွားပြီး လေ့လာလိုက်ပါဦးမယ် (ကျူရှင်လဲ လစ်လိုက်ဦးမယ်)
ကျွန်တော်ရက်မှား သွားတယ်ဗျ ပြိုင်ပွဲက နောက်လမှ လုပ်မှာတဲ့…
27 Jul, 2008
ပြီးခဲ့တဲ့ တင်္နလာနေ့က စာမေးပွဲဖြေ အပြီး ပရောဂျက်တင်ပြီးမှာ အပြန် အိမ်မှာ ဆော့ဖို့ အပြန် ဂိမ်းခွေ ၀င်ဝယ်ဖြစ်တယ်။ ညဘက် အိပ်ရေးပျက်တာများနေတော့ ဂိမ်းခွေ တစ်ခွေပဲ ၀ယ်ဖို့စဉ်းစားပြီး ဘာဝယ်မလဲကြည့်တော့ Kung Fu Panda နဲ့ Wall E နဲ့ ဘယ်ဂိမ်းကောင်းမလဲ စဉ်းစားရင်း Wall E ကို ၀ယ်ဖြစ်တယ်။ DVD တစ်ခွေထဲပဲ အမှန်တော့ Wall E ကို ကိုမျိုးကျော်ထွန်း ဘလော့ခ်က ပို့စ်မှာ စဖတ်ဖူးတာ နောက် ဂိမ်းထွက်တာကိုတော့ Apple မှာ ကြော်ငြာတွေ့တယ် အဲဒါနဲ့ Apple ကို လှမ်းမှာတော့ အိမ်အရောက်ပို့ဖို့ ၂၄ နာရီ ကြာမယ်ဆိုလို့ မစောင့်နိုင်လို့ အခွေဆိုင်မှာ မြန်မာငွေ 1000 တိတိ ပေးပြီး ပြေးဝယ်လိုက်တာ
Read the rest of this entry »
31 May, 2008
လွန်ခဲ့တဲ့ ၂ ပတ်လောက်က အခွေဆိုင်မှာ ဘာခွေတွေ အသစ်ထွက်လည်း သွားကြည့်ရင်းနဲ့ Guitar Hero : Legend Of Rock ဂိမ်းတွေ့တာနဲ့ ၀ယ်လာပြီး အိမ်မှာ ဆော့ဖြစ်တယ်။ Guitar Hero နာမည်ကြားဖူးနေတာ ကြာပြီ ဂိမ်းဆိုင်မှာ PS2 နဲ့ သူများတွေဆော့နေတာ အဝေးက တွေ့ဘူးတယ်။ တစ်ခါမှတော့ မဆော့ဘူးဘူး အိမ်မှာ PS2 လည်း မရှိဘူးဆိုတော့။ Legend Of Rock ကလည်း နိုင်ငံခြားမှာ ထွက်တာ ကြာပါပြီ ဒီမှာတော့ အစပိုင်းက PS2 အတွက်ပဲ ရှိတယ်။ အခုတော်တော်ကြာမှ PC အတွက်ရောက်လာတာ။ Guitar Hero ကို အရင်ကတည်းက လိုချင်နေတာ ဘာလို့လည်းဆိုတော့ ကျွန်တော်ကြိုက်တဲ့ သီချင်းတွေ အများကြီးပါနေလို့ မဆော့ဘူးပေမယ့် Song Lists တွေ အင်တာနက်မှာ ကြည့်လိုက်တော့ တော်တော်များများက ကျွန်တော့် အကြိုက်တွေ ကျွန်တော်က အခုခေတ် band တွေထက် 90, 80, 70 လောက်က သီချင်းတွေ နားထောင်တာများတယ် ပိုလည်း ကြိုက်တယ်။
Read the rest of this entry »
7 Apr, 2008

Last two days ago i got one mail from deviantArt. They announced that Square Enix (Square Soft), the company which provide famous Final Fantasy Series (RPG) and other games, and deviantArt start contest for the new RPG game called The World Ends With You, also named Reaper’s Game, for Nintendo DS(Dual Screen). The Contest is to creat your own design background and game characters. But there’s some limit like angle’s and building design and some see more at Journal. And don’t forget deadline for submission is April 15th, 2008 Midnight PST and winners will be announced April 23rd. Anyway i’ll not be in this contest coz i can’t creat those building design and manga characters. Well, if u want to participate see more detail, prize at deviantart contest. Good Luck.

Square Enix, Square Soft, deviantArt, Graphic Contest, RPG Game
18 Feb, 2008
ပြီးခဲ့တဲ့ တစ်ပတ်လောက်က သတင်းတွေထဲမှာ Red Alert 3 ထွက်တော့မယ်လို့ ကြားလိုက်ရတယ်။ ပထမဆုံး သတင်းစပြန့်တာက ဟန်ဂေရီ မဂ္ဂဇင်း PC Gamer ကဆိုတော့ သိပ်တော့မယုံဘူး unofficial ပဲဖြစ်မယ်ထင်နေတာ။ အခုတော့ အတည်ဖြစ်သွားပြီ တကယ်ထွက်တော့မှာပါ Game Spot မှာ Screen Shot တွေကြည့်လို့ရနေပါပြီ။ Action, FPS တွေ ကြာကြာဆော့ရင် ခေါင်းမှုးတတ်တဲ့ ကျွန်တော်က အခု ဒီ Strategy ဂိမ်းအသစ်ကို လုံးဝကို ကြိုဆိုပါတယ် =) ။ လောလောဆယ် C & C ထဲက Tiberium (Kane Edition) ကိုတော့ ဂရပ်ဖစ်ကောင်းပြီး ပေါ့လို့ တော်တော်ကြိုက်ပါတယ်။ အခုလောလောဆယ် ထွက်ထားတဲ့ World In Conflict (Gamespot rating 9 ) ကိုတော့ အခွေဝယ်ရမှာ ပျင်းလို့ မဆော့ရသေးဘူး။ C & C က ထွက်သမျှတွေ ဟိုးအရင် Sony PS1 ကတည်းက အကုန်ကြိုက်ပါတယ် အထူးသဖြင့် General (Zero Hour) ကို ပိုကြိုက်တယ် အပြင်လောကနဲ့တူတယ် သဘာဝကျတဲ့ အတွက်ကြောင့်ပါ။ Red Alert တွေလည်း ကြိုက်ပါတယ် ဒါပေမယ့် သူက ခေတ်ရှေ့ပြေးနေတဲ့ ပုံမျိုးဆိုတော့ General လောက်တော့ မကြိုက်ပါဘူး။ အခု RA 3 တော့ ဂရပ်ဖစ်ပိုကောင်းလာပါတယ် အရင်လိုပဲ အပြင်မှာ မရှိတဲ့ နည်းပညာတွေနဲ့ လက်နက်တွေတော့ ပါဦးမှာပါ။ RA 3 ရဲ့ Announcement Video ကိုလည်း အောက်ကလင့်မှာ download လုပ်နိုင်ပါတယ်။
Screenshot Of Command Conquer Red Alert 3
Download Command Conquer Red Alert 3 Announcement Video
Via : GameSpot, Softpedia
Red Alert 3, Command Conquer Red Alert 3, World In Conflict, Strategy Game
18 Dec, 2007
Cube ဒီလေးထောင့်တုံးလေးကို ၈တန်းလောက် ကတည်းက ဗီဒီယိုတွေထဲ မြင်ဖူးပေမယ့် ဒီမှာရောင်းတဲ့ဆိုင် မရှိတော့ မဆော့ကြည့်ဖူးဘူး။ နောက်ပြီးခဲ့တဲ့ လတွေတုန်းက Will Smith ရဲ့ Pursuit Of Happyness ကားကြည့်တော့မှ သတိပြန်ရပြီး လိုချင်လာမိတယ်။ ဒါနဲ့ နာမည်လေးများ သိရမလားဆိုပြီး လိုက်ရှာတော့တွေ့ပြီ Rubik’s Cube တဲ့။ အင်း အခုတော့ ဒီမှာ အဲဒီ cube လေးဝယ်လို့ရပါပြီ တရုတ်ကလာတာတွေ အများကြီးပဲ 3×3x3 ဆိုဒ်တွေပေါ့ အရင်လတွေက ပလာဇာမှာ တွေ့တယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက ဒီ cube ရဲ့ အလုပ်လုပ်ပုံပဲ။ Professor Rubik တီထွင်ခဲ့တာတဲ့။ တော်ပါပေတယ်။ official site မှာ ကိုယ်က အမြန်ဆုံး ဖြေရှင်းနိုင်တယ် ထင်ရင် ဗီဒီယိုနဲ့ သွားပြိုင်လို့ရသေးတယ်။ ကြာတယ် အားတာနဲ့ သွားဝယ်ပြီး ဆော့ကြည့်ဦးမယ်။


Rubik’s Cube
Rubik’s Cube @ Wikipedia
Cube @ Sciencenews
26 moves for Rubik’s Cube [pdf]
Rubik’s Cube Solutions
Rubiks, Rubiks Cube, Cube Game, Toy, Solutions OF Rubiks Cube, Rubiks Cube Game
12 Oct, 2007

Microsoft ရဲ့ Windows XP က Freecell game ရဲ့ tricks ပါ။ အမြန်နိုင်အောင်လုပ်နည်းက ဆော့နေတဲ့ အချိန်မှာ Ctrl + Shift ကို တွဲနှိပ်ပါ နှိပ်ထားတုန်းမှာပဲ F10 ကို လည်း နှိပ်လိုက်ပါ။
.jpg)
ဒီပုံထဲကလို Abort, Retry, Ignore ဆိုတဲ့ Windows တက်လာပါမယ်။ Abort ကို ကလစ်လုပ်ပါ။
.jpg)
ပြီးရင် ဘယ်ဘက်အစွန်ဆုံးက ကတ်ကိုယူပြီး သူ့ အပေါ်တည့်တည့်က အကွက်မှာ ကလစ်လုပ်လိုက်ပါ။
.jpg)
သင် နိုင်သွားပါပြီ။
.jpg)
.jpg)
ကဒ်တွေကို Ascending စီချင်ရင် Game ထဲက Select game (shortcut F3) က resign တန်ဖိုးကို -1 ရိုက်ထည့်ပါ။ Descend က -2 ပါ။
Technorati tags:
Cheat, freecell, freecell tricks, game, game tricks, Microsoft, tips and tricks, Windows, Windows XP