Posts in Category: Guitar

Using iPhone as Guitar FX Processor

Amplitude App

လွန်ခဲ့တဲ့ တစ်ရက်က အိမ်မှာ Metal သီချင်းတစ်ပုဒ် ကြိုက်လို့လေ့ကျင့်မလို့ဟာ BEADF#B ဆိုတဲ့ tuning ခက်ခက်ခဲခဲနဲ့ ညှိမရတာနဲ့ ကိုစိုးဝေကြီး ကိုမေးစမ်းကြည့်ရင်းနဲ့ guitar tuner ဝယ်ဖို့ဖြစ်လာပါတယ်။ ကိုစိုးဝေ ကဝယ်ရင် tuner ကို 40, 50 လောက်ပေးဝယ်မယ့် အစား iPhone နဲ့ ဂစ်တာနဲ့ ချိတ်တဲ့ plug ခေါင်းဝယ်ပါ့လားဆိုလို့ အွန်လိုင်းမှာ review တွေဖတ်စျေးတွေကြည့်ရင်းနဲ့ iDevice နဲ့တွဲတဲ့ ဂစ်တာ plug ကို အလုပ်ကပိုက်ဆံရလာတုန်းလေး ဝယ်မယ်ဆိုပြီး မြို့ထဲမှာ အရှာထွက်ခဲ့ပါတယ်။

Me Playing The Rising Fighting Spirit

Me Playing The Rising Fighting Spirit from Htoo Tay Zar on Vimeo.

မနေ့​က ည​ဘက်​စိတ်ကူး​ပေါက်​လို့ ဂစ်​တာ​တီး​ဖြစ်​ပါ​တယ်။ The Rising Fighting Spirit ဆိုတဲ့ ဂျပန် တူရိယာ​သက်သက် သီချင်း​ပါ။ Naruto manga ကာ​တွန်း​ကား​ထဲ​မှာ ပါ⁠ပါ​တယ် ကလေး​ဘဝ အပိုင်း​မှာ ပါ​တယ်။ အဲ​ဒီ သီ​ချင်းတော်တော်​ကြိုက်​ပါ​တယ် ဂျပန် ဒ​ရမ်​သံ​လဲ​ပါ​တယ် နောက် ခေတ်ပေါ် guitar သံ​ကော​နောက် ဂျပန်​ပုလွေ​သံ​ကော ရော​ထား​တာ​က ရသ​တစ်​မျိုး​ရ​တယ်။ ဒါ​နဲ့​ပဲ အဲ​ဒီ​သီချင်း​တီး​ဖြစ်​ပါ​တယ် အမှန်​တော့ notes တွေ မေ့​တောင်​နေ​ပါ​ပြီ။

Oops! I Did It Again!!

Children Of Bodom

ဒီ​နေ့​တော့ ပင်ပန်း​နေ​လို့ ဘာ​မှ​မ​ရေး​နိုင်​တော့​ပဲ သီချင်း​ပဲ တင်​ပါ​တော့​မယ်။ သီချင်း​က Oops!! I Did It Again လို့ခေါ်​ပါ​တယ်။ ဒါ​နဲ့​ပဲ Britney Spears ဆို​တယ်​လို့​တော့ မ​ထင်​ပါ​နဲ့။ အခြား​သူ​ဆို​တာ တင်​မ​လို့​ပါ Children Of Bodom ဆို​တဲ့ ဥ​ရော​ပ​က Metal band ဆို​ထား​တာ တင်​မှာ​ပါ။ Version ပြောင်း​ထား​ပြီး Metal ပုံစံ​ဆို​ထား​ပေ​မယ့် နားထောင်​လို့ ကောင်း​နေ​ဆဲ​ပါ။

Orianthi ~ Highly Strung

Orianthi

ဒီနေ့တော့ သီချင်းတစ်ပုဒ် တင်ထားလိုက်မယ်ဗျာ ပင်ပန်းနေလို့… သီချင်းတင်ပြီး အိပ်တော့မလိုပါ.. Orianthi ရဲ့ Highly Strung လို့ အမည်ရတဲ့ သီချင်းပါ။ Believe ဆိုတဲ့ အခွေထဲက ဖြစ်ပါတယ်။ Orianthi ဆိုတာ ဘယ်သူလဲလို့ မိတ်ဆက်ပေးရရင် သူက Australia က မိန်းကလေး ဂစ်တာသမား၊ သီချင်းရေးသူတဲ့ ပါ။ Michael Jackson ရဲ့ This is It Documentry အခွေထဲမှာ guitar တီးတဲ့ မိန်းကလေးက သူပါပဲ။ ပြီးခဲ့တဲ့ ၂ ပတ်ကျော် Siobhan Magnus မထွက်ရခင်က American Idol မှာ Steve Vai, Randy Jackson, Travis (ex-Blink 182) တို့နဲ့ သီချင်းဝင်တီးသွားပါသေးတယ်။ နောက် Hope for Haiti ~ We Are The World မှာလဲ ဂစ်တာဝင်တီးထားပါတယ်။

Slash ~ Slash 2010 Guitar Solo Album

Slash Guitar Solo Album!!

Slash ရဲ့ နှစ်ချီကြာတဲ့ Solo Album အသစ်ထွက်ပါပြီ။ Slash ဆိုတာ ဘယ်သူလဲမသိသေးတဲ့ သူတွေ အတွက် မိတ်ဆက်ပေးရရင် ကွဲသွားတဲ့ Guns N Roses အဖွဲ့က lead guitarist ဖြစ်ပါတယ်။ လက်ရှိ Velvet Revolver အဖွဲ့မှာ ဂစ်တာတီးပါတယ်။ Guitar Hero 3 မှာ Boss အနေနဲ့ပါပါတယ်။ Michael Jackson Grammy ဆုရတုန်းက Black Or White မှာ solo ဝင်တီးဖူးတာ မှတ်မိမလားမသိဘူး။ သူ့ပုံက မှတ်မိလွယ်ပါတယ်… ဆံပင်စုတ်ဖွားနဲ့ကိုမှ အပေါ်က မျက်လှည့်ဆရာလိုလို ဦးထုပ်အမြဲဆောင်းလေ့ရှိပါတယ်။ ဂစ်တာက Gibson Les Paul ပဲအမြဲ ကိုင်တယ်။ လက်မှာ ကျွန်တော်လိုပဲ steel လက်ကောက်တွေ စွတ်ထားတယ် =P တစ်ခါတစ်လေ cigar ခဲထားတတ်တယ်။

Michael Amott’s Ninja-600

Michael Amott's ESP LTD ninja-600

လွန်ခဲ့တဲ့ ၂ ရက်လောက်က မြို့ထဲသွားရင်း ဂစ်တာဆိုင်တွေ့လို့ ပိုက်ဆံမပါဘဲ (ဆောတီး) ပိုက်ဆံမရှိဘဲ ဝင်ကြည့်မိပါတယ်။ အမှန်တော့ မဝင်ခင်ကတည်းက အပြင်ကနေကြည့်မိတဲ့ ဂစ်တာကြောင့်ပါ။ Arch Enemy က Michael Amott ကိုင်တဲ့ ESP Guitar တစ်လက်ပါ။ ဟိုးအရင် ကျောင်းသားကတည်းက ကြိုက်တဲ့ ဂစ်တာဆိုတော့ မြင်လိုက်တာနဲ့ တော်တော်ပျော်သွားတာ.. အပြင်မှာ လဲ ပထမဆုံးမြင်ဖူးတာဆိုတော့။

Me Playing A7X ~ Beast & The Harlot Guitar Solo

Avenged Sevenfold ~ Dead Bat reflection logo

ဒီနေ့တော့ ဘာရယ် မဟုတ်ဘူး အရင် တီးထားတဲ့ ဂစ်တာ ဗီဒီယို ပြန်တင်လိုက်ပါတယ်။ အမှန်တော့ ဂစ်တာ video မတင်ဖြစ်တာ ကြာပါပြီ မနှစ်က လဲ တင်မယ်တင်မယ်နဲ့ ကွန်နက်ရှင် မကောင်းတာ နဲ့ မတင်ဖြစ်ဘူး။ အခု တီးထားတာက Avenged Sevenfold ရဲ့ နာမည်ကြီး သီချင်း Beast And The Harlot ပါ။

Children Of Bodom – Chaos Ridden Years

ဒီနေ့ အခွေဆိုင်မှာ ကျွန်တော်ရှာနေတဲ့ အခွေတစ်ခွေတွေ့လို့ ၀ယ်ဖြစ်ခဲ့တယ်။ လမ်းဘေးက အခွေဆိုင်တွေထက်စာရင် ဈေးကြီးပေမယ့် ကျွန်တော် လိုချင်လို့ ရှာနေတဲ့ အခွေမို့ တန်ပါတယ်။ Children Of Bodom ဆိုတဲ့ band ပေါ့။ သူတို့ရဲ့ live show CHAOS RIDDEN YEARS ပေါ့။ အဲဒီ live show ခွေရှာနေတာကြာပြီ အခြား MTV တွေ show တွေရှိပေမယ့် အဲဒါမရှိသေးလို့။ အမျိုးအစားက နားငြီးတဲ့ music ပေါ့ Melodic Metal မျိုးတွေ Vocal Alexi Laiho ရဲ့ signature guitar အကြောင်းတောင် အရင်က ကျွန်တော်ရေးခဲ့သေးတယ်။ ကျွန်တော့်ရဲ့ အခု ဘလောခ့် Reaper’s Blog ဆိုတာ သူတို့ သီချင်းတစ်ပုဒ်နားထောင်ရင်း ကျွန်တော် နာမည်ပေးလိုက်တာလေ =)။ ဒီနှစ် ဖေဖော်ဝါရီလောက်က ကျွန်တော် အခုပုံမှာ ပြထားတဲ့ သူတို့ logo Reaper ပုံလေးတောင် ကျွန်တော် banner မှာ သုံးလိုက်သေးတယ်။ ကျွန်တော်ကတော့ သူတို့ သီချင်းတွေ ကြိုက်ပါတယ် ခုနကတောင် အိမ်မှာ ဂစ်တာလိုက်တီးခဲ့သေးတယ်။ သူငယ်ချင်းတို့လည်း YouTube ဘက်ရောက်ရင် သူတို့ Mtv တွေ ရှာပြီး နားထောင်ကြည့်ပါဦး။ Needled 24/7 လို သီချင်းတွေ မိုက်တယ်။ ဂစ်တာကတော့ တကယ် ကျွမ်းကျင်ကြတာပဲ သီချင်းတစ်ပုဒ်တစ်ပုဒ်ကို တီးလိုက်တဲ့ solo တွေ မနည်းကျင့်ယူရတယ်။ နောက်မှ သီချင်းတစ်ပုဒ်ချင်းစီ အကြောင်း ထပ်တင်ပေးပါဦးမယ်။ =)

Technorati TagChildren Of Bodom, COB, Alexi Laiho, Guitar Jackson, ESP Guitar, COBHC

Tribute To Randy Rhoads (Ozzy Osbourne)





Hero Never Die

Jerry C – Cannon Rock

ညဘက်လာတဲ့ ကိုရီးယားကားထဲက ချိုဝမ်ဆိုတဲ့ မင်းသမီးရဲ့ ဖုန်း ringtone သံကို သတိထားမိကြလား မသိဘူး။ အဲဒီ ringtone တေးသွားလေးက cannon rock လို့ခေါ်တဲ့ instrumental music လေးပါ။ ဒီ ringtone ကိုပဲ 5 series ကပြသွားတဲ့ ရွှေမင်းသားလေးရဲ့ အချစ်ဦး (First Love Of The Princes) ထဲက မင်းသမီးဖုန်းမှာလည်း သုံးထားပါသေးတယ်။ Cannon Rock က ကိုရီးယားမှာ popular ringtone လားမသိဘူး။ ဒီသီချင်းက မူ