Archive for Image

Is it Myanmar Font Rendering Problems?

Funny Chinese Myanmar Sign Board

iPhoto ထဲမှာ album အဟောင်းတစ်ခု ပြန်တွေ့လို့ တင်လိုက်တာပါ။ ပြီးခဲ့တဲ့ နှစ် အစပိုင်းတုန်းက မိသားစု ခရီးထွက်တုန်းက ရွှေလီ (Ruili, China) မြို့ထဲမှာ ရိုက်ထားတဲ့ ပုံတွေထဲက တစ်ချို့ပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ဟာသဖြစ်အောင် Myanmar Font Rendering Problems လို့တပ်ထားလိုက်တယ်။ အမှန်ကတော့ ဘာမှမဆိုင်ပါဘူး.. ဟာသပေါ့။ အဲဒီမှာက နယ်စပ်ဆိုတော့ မြန်မာလိုတွဲပြီး ဆိုင်းဘုတ်တွေ ရေးတာ သူတို့ ရေးထားတဲ့ အလွဲတွေ ဓာတ်ပုံရိုက်ထားတာပါ။ အဲဒီမှာ ဆိုင် 90% လောက်က တစ်ခုမဟုတ် တစ်ခုတော့ လွဲနေတာပဲ။ :D အပေါ်ဆုံးပုံဆိုကြည့် “ငါးငယ်ကလေး” ဖြစ်ရမှာ “ငါးက ငယ်လေး” ဖြစ်နေတယ်။

Read the rest of this entry »

Mac OS X on MSI Wind U100

Mac OS X on MSI WIND

Mac OS X 10.5.5 ကို MSI ရဲ့ Wind U100 မှာ တင်လို့ရပါတယ်။ U100 က Intel’ Atom CPU ကို သုံးထားပြီး RAM 1GB DDR2 ပါ။ အမှန်တော့ Mac ကို Asus EEPC တွေမှာလဲ ရပါတယ်။ MSI Wind တွေမှာ တင်ရတာက ပိုအဆင်ပြေပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ driver တွေ အတွက် support လုပ်တဲ့ forum.MSIWind.net မှာ ယူလို့ ရတယ်။ ဒါပေမယ့် သူ့နဂို Apple product မဟုတ်တဲ့ အတွက် RAM 1GB က Apple’s 1 GB ထက်တော့ နှေးပါတယ်။ MZ က ကိုစည်သူ ရဲ့ laptop မှာ တင်ထားတာပါ။

Read the rest of this entry »

World AIDS Day 2008 ~ 2

ဒီနေ့လဲ World AIDS Day 2008 (WAD) နေ့အတွက် ပို့စ်ဆက်တင်ပါဦးမယ်။ အမှန်တော့ အခုလို ၂ ပို့စ် ခွဲတင်ဖို့ အစီအစဉ် မရှိပေမယ့် မနေ့က တင်ရင်းနဲ့ ကွန်နက်ရှင်ကျသွားတာ publish လုပ်လိုက်တာ အခု တင်တဲ့ အောက်ပိုင်းပါမလာတော့ပဲ ဖြစ်သွားတာ။ အခုမှ ပုံတွေ နဲ့ အခြား လင့်ခ်တွေ တင်ရတာပါ။ ကွန်နက်ရှင်ကတော့ ဒီရက်ပိုင်း တော်တော်ဆိုးနေတယ်။ အခု တင်ထားတဲ့ပုံတွေက AIDS, HIV အတွက် သရုပ်ဖော်ထားတဲ့ ဓာတ်ပုံ၊ ဂရပ်ဖစ်တွေပါ။ အားလုံးက ဖန်တီးမှုအားကောင်း သလို မြင်ရုံနဲ့ ပုံရဲ့ အဓိပါယ်ကိုလဲ သိနိုင်ပါတယ်။ ပုံတွေက copyright (CC) တွေရှိ ထားတဲ့ အတွက် အောက်ကပုံတွေကို အခြားနေရာ NGO project, Non Profit project ဖြစ်ခဲ့ရင်တောင် သုံးခွင့်မရှိတာကိုတော့ သတိထားပေးပါ။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Colors Of The Rainbow

ဒီနေ့တော့ ကျွန်တော် ရိုက်ထားတဲ့ သက်တံပုံလေး ၂ ပုံကိုပဲ ပို့စ် အဖြစ် တင်လိုက်ပါတယ်။ အခုအပေါ်ကပုံက လွန်ခဲ့တဲ့ ၃ ရက်လောက်က ရိုက်ထားတာပါ.. ဆေးခန်းက သွေးစစ်ပြီး အပြန်မှာ ကမ္ဘာအေး ဘုရားလမ်း Traders နဲ့ Sakura Tower ကြား အကူးမှာ Sakura tower တိုက်နောက်က သက်တံက လှတာနဲ့ ဖုန်းကင်မရာနဲ့ ရိုက်ယူထားတာပါ။ 3.2 MP အထိရပေမယ့် ရိုက်တုန်းက ကားလမ်း ပေါ်မှာ ဆိုတော့ မပြင်လိုက်ရဘူး 2 MP နဲ့ပဲ ရိုက်လိုက်ရတယ်။ ပြီးတော့ မြို့ထဲမှာ ရှုခင်းလှလို့ ပုံရိုက်ရင် နဲနဲ ဂရုစိုက်ရတယ် တော်ကြာ စစ်ဆေးတာ မေးမြန်းတာတွေ ခံရနိုင်တယ်လေ ကိုယ်က ရိုးရိုးသားသား ရိုက်တာပေမယ့် တမျိုး ထင်မှာ စိုးလို့ အမြန်ပဲ ရိုက်ရတယ်။ အမြန်ကားလမ်းကူးရင်း ရိုက်ပေမယ့် တော်တော်လှတယ်ခင်ဗျ အပေါ်ကပုံက ဘာမှကို ပြင်မထားဘူး နဂိုအတိုင်းပါပဲ.. အိမ်မှာတော့ desktop မှာ wallpaper လုပ်သုံးလိုက်တယ်။

Read the rest of this entry »

Breath Taking Images Around Olympics

Beijing Olympics ပိတ်ပွဲတုန်းက ဓာတ်ပုံတွေနဲ့ နောက် ပြိုင်ပွဲကာလာအတွင်းက ရိုက်ထားတဲ့ high quality ပုံတွေ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ပုံတွေက အရမ်းကြည်ပြီး ရိုက်ထားတာတော်တော် ကောင်းပါတယ်။ နောက် ရိုက်ထားတဲ့ နေရာတွေ တော်တော်လှတယ်ဗျာ။ ကျွန်တော် desktop မှာ wallpaper လုပ်ပြီး သုံးထားတယ်။ ပုံတွေကောင်းတာလဲ မပြောနဲ့ဗျ ရိုက်တဲ့ ကင်မရာတွေက မှန်ဘီလူးတွေကိုက နဲတာတွေ မဟုတ်ဘူး။ အခု အပေါ်မှာ ဆုံးမှာ တင်ထားတဲ့ ပုံဆို အရမ်းလှပါတယ် တရုတ်ရိုးရာ အဆောက်အဦးပုံနဲ့ ငှက်သိုက် အားကစားကွင်းရယ်နောက် ညအမှောင်မှာ လင်းနေတဲ့ မီးပန်းတွေရယ် အရမ်းလှတယ်။

Read the rest of this entry »

2008 Beijing Olympics Opening Ceremony

မနေ့ က 2008 Beijing Olympics ဖွင့်ပွဲတုန်းက ပုံတွေ ကြည့်ဖြစ်တယ် high resolution ပုံတွေပါ တော်တော်မိုက်တယ် ပုံတွေရဲ့ ရိုက်ထားတဲ့ အနေအထားနဲ့ ကာလာတွေ နောက် ကင်မရာကိုတော့ အဓိက အကြိုက်ဆုံးပဲ :) ပုံတွေ ကြည့်ပြီး အားတက်သွားတယ် တော်သေးတာပေါ့ လို့ ကျွန်တော်တို့ ဆီမှာ တရုတ်လောက် လူဦးရေမများလို့ သူတို့လိုသာများရင် ဒီတစ်သက် အလုပ်ရှာရတော့မှာ မဟုတ်ဘူးလို့ အခုတောင် အလုပ်ရှာမရသေးဘူး သန်း 60 လောက်ပဲရှိတဲ့ နိုင်ငံမှာ… နိုင်ငံတိုးတက်သွားရင်တော့ အလုပ်အကိုင်နေရာပေါလာမှာ ပါ.. ပုံတွေ ကြည့်မှပဲ တရုတ်တွေ လူအရမ်းပေါမှန်းသိတော့တယ် မီးပန်းတွေ လွှတ်တာ အရမ်းလှတယ်ဗျာ ကျွန်တော်တို့ဆီမှာ သတင်းကျွတ်တောင် မီးပန်း မဖောက်ရတာ ကြာပြီ… အောက်မှာ ပုံတချို့ တင်ထားပါတယ် ဒီထက်များတာကြည့်ချင်ရင်တော့ Boston နဲ့ flickr မှာ ကြည့်လိုက်ပါ ခင်ဗျာ…

Read the rest of this entry »

My Photos for flickr888

မနေ့က ရေးခဲ့တဲ့ flickr888 မှာ ပုံတင်ဖို့ဆိုပြီး ညက ဓာတ်ပုံ ရိုက်ဖြစ်တယ်…. ဘာကိုရိုက်ရမှန်းမသိတာနဲ့ ကိုယ်ဝတ်ထားတဲ့ t shirt ကို ပြန်ရိုက်လိုက်တယ်.. အကျီင်္က ၁၀ တန်းတုန်းက ၀ယ်ထားတာ ကြာတော့ကြာပြီ အခုတော့ ညအိပ်ရင်ဝတ်တယ် Good Charlotte အကျီ သီချင်းစာသားလေးတွေကို ရေးထားတာ… အဲဒီ သီချင်းကို ကြိုက်တယ် ခဏခဏ နားထောင်ဖြစ်ပါတယ်.. နာမည်က Movin’ On တဲ့ စိတ်ညစ်တဲ့အခါ နားထောင်ဖြစ်ပါတယ် စိတ်ကြွတယ်လေ :) စာသားတချို့ေ၇းလိုက်မယ်

But the hard times will come, and we’ll keep movin’ on, we’re movin’ up
Keep movin’ on
Life, Hope, Truth, Trust, Faith, Pride, Love, Lust
On without the things we’ve lost
The things we’ve gained we’ll take with us

Read the rest of this entry »

Web 2.0 Logo Creatr – Creat Web 2.0 Glossy Logo Online

Web 2.0 Style logo လေးတွေကို အွန်လိုင်း ပေါ်တစ်ခါတည်း photoshop သိစရာမလိုပဲ ဖန်တီးလို့ ရပါတယ်။ အဲဒီလိုမျိုးလုပ်ချင်တယ်ဆိုရင် Web2.0 Logo Creatr ဆိုတဲ့ဆိုဒ်မှာ သွားပြီး ကိုယ်လိုချင်တဲ့ စာသားနဲ့ generate လုပ်ရုံပါပဲ။ အခုကျွန်တော်လုပ်ထားတာမျိုးကို reflection ထည့်လို့ရသလို ဖြုတ်ထားလို့လည်း ရပါတယ်။ နောက် Beta ဆိုတဲ့ ဟာလေးလည်း ဖြုတ်ချင် ဖြုတ်ထားလို့ ရပါတယ်။

This is meant to be a parody of Web 2.0 Logos. While they are pretty cool, they are all kinda the same. It was created as a joke, not a serious logo maker. But feel free to use it to make a logo. :P

Technorati TagWeb2.0, Logo Generator, Glossy beta logo, Reflection

Earth Day 2008

Google

Yahoo!!

You Tube

AOL

မနေ့က ၂၂ ရက်နေ့ april ဟာ Earth Day နေ့ ဖြစ်ပါတယ်။ ကျွန်တော်လည်း အဲဒါကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ကော်ဖီဆိုင်မှာ National Geographic Channel ကြည့်ရင်း တွေ့မိလို့ပါ။ ကမ္ဘာကြီး အကြောင်းတော့ ကျွန်တော်သိပ်မသိဘူး ခင်ဗျ။ သိတာကတော့ နှစ်တိုင်း ပိုပူလာတာကို သိနေပါတယ်။ =)

Earth Day is one of two different observances, both held annually during spring in the northern hemisphere, and autumn in the southern hemisphere. These are intended to inspire awareness of and appreciation for the Earth’s environment. The United Nations celebrates an Earth Day each year on the March equinox, a tradition which was founded by peace activist John McConnell in 1969. A second Earth Day, which was founded by U.S. politician Gaylord Nelson as an environmental teach-in in the late 1960s, is celebrated in many countries each year on April 22. [Wikipedia]

Image Via : akoogle

Technorati TagEarth Day, Earth Day 2008, Nat Geo

Image From Myanmar New Year Thin Gyan 2008


သင်္ကြန်တုန်းက ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အချို့ကို Picasa မှာ တင်ထားလိုက်ပါတယ်။ ကင်မရာက ဖုန်းက 3.2 MP လေးနဲ့ ရိုက်ထားတာပါ။ နေရာက ကျွန်တော့်အိမ်နား တစ်ဝိုက်ရယ်၊ အင်းလျားလမ်း၊ ပြည်လမ်း၊ မြို့တော်ခန်းမ ဘက်တွေမှာပါ။ ရိုက်ခဲ့တာက အကျနေ့၊ ပထမ အကြတ်နေ့၊ နဲ့ နောက်ဆုံး အတက်နေ့တွေမှာပါ။ ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ကျွန်တော့်ရဲ့ အချိန် နောက် ကင်မရာလေးကို ဖတ်နဲ့ ထုတ်ပြီးရိုက်ခဲ့ရတာလေးကို သနားသောအားဖြင့် credit လေးတော့ ပေးကြပါဦး ခင်ဗျာ =) ။

Image From Thin Gyan 2008

Technorati TagPhoto, Thin Gyan, Myanmar, Burma, Water Festival, New Year Festival