7 Aug, 2011

Foley Artist ဆိုတဲ့ အကြောင်း vimeo မှာ တွေ့တာလေး ပြန်တင်လိုက်ပါတယ်။ ဇာတ်ကားတွေ ကြည့်တိုင်း sound effect ကို သိပ်သတိမထားမိသလို ရှာရင်လဲ အင်တာနက် ပေါ်မှာ အလွယ်တကူ ရှာလို့ရတယ် ဒါမှမဟုတ် software နဲ့ လုပ်ယူလို့ ရတယ်လို့ တွေးထားမိတဲ့ ကွျန်တော့် အတွက်တော့ ဒီလို လုပ်ယူတယ် ဆိုတာ သိတော့ အတော် အံ့ဩသွားပါတယ်။
Read the rest of this entry »
6 Jul, 2011

ဘာရယ်မဟုတ်ပါဘူး bookmark သဘောမျိုးတင်လိုက်တာပါ ကင်မရာတွေမှာ manual ရိုက်တဲ့ အခါ သိထားသင့်တဲ့ basic အခြေခံအချက်တွေပါ။ ဓာတ်ပုံကို လိုချင်တဲ့ အခြေအနေရောက်အောင် ပြင်ယူလို့ ရတဲ့ အချက်တွေပါ။ ဒါတွေသိထားရင် subject ပေါ်လိုက်ပြီး ဖြတ်ထိုးဉာဏ်နဲ့ technique ပေါင်းလိုက်ရင် အလုပ်ဖြစ်တဲ့ ပုံရနိုင်ပါတယ်။
[Photo Via Living in the Stills]
19 Jun, 2011

Open source တွေ အကြောင်းတော့ တော်တော်လေး ကြားဖူး သုံးဖူးနေတာ ကြာပါပြီ။ Open Source လုပ်ထားတဲ့ open hardware tractor တွေ အကြောင်းတွေလဲ ဖတ်ဖူးတယ်။ အခုကတော့ open source weapon ဆိုတဲ့ infographic video တစ်ခုအကြောင်းပါ။ Stuxnet လို့ ခေါ်ပါတယ်။
Read the rest of this entry »
31 May, 2011

ဒီနေ့ မေလ နောက်ဆုံး ၃၁ ရက်နေ့ဟာ World No Tobacco Day 2011 နေ့ဖြစ်ပါတယ်။ ဒီနေ့ကို WHO က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနှစ် အတွက် ဆောင်ပုဒ်က ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကင်းဝေးစေဖို့ ဥပဒေ စည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်စို့ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ် ကို အားလုံးသတိပြု မိစေဖို့ အွန်လိုင်းကနေ ရနိုင်သလောက် data တွေ ရှာပြီး ဘာသာပြန်တင်လိုက်ပါတယ်။
Read the rest of this entry »
28 Apr, 2011

မြောက်ဦးမြို့ ကိုရောက်တုန်းက မြို့ထဲကနေ တောင်ဘက်ကို ချောင်းတစ်ခုကူးသွားရင် တောင်ပေါ်မှာ တည်ထားတဲ့ ဘုရားတစ်ဆူရှိပါတယ်။ အဲဒီ ဘုရားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရခိုင် နဲ့ မြန်မာ စာလုံးတွေရဲ့ ပြောင်းလဲလာပုံ အဆင့်ဆင့်ကို ပြထားတာတွေ့ခဲ့ရတာကြောင့် ဓာတ်ပုံရိုက်ထားဖြစ်ပါတယ်။ အခုကတော့ အခြား လေ့လာချင်တဲ့သူတွေ သုံးရအောင် ဘလော့ဂ်မှာ ပြန်တင်တာပါ။ စာတွေလဲ အသေးစိတ် ဖတ်လို့ရအောင် 2000px width နဲ့ ဖိုင်အကြီး တင်ထားပါတယ်။ အပေါ်က ပုံကို ကလစ်နှိပ်ပြီး ရယူနိုင်ပါတယ်။
26 Apr, 2011

မနေ့က Canon DSLR Camera Lens တွေထုတ်တဲ့ အကြောင်းရိုက်ထားတဲ့ ဗီဒီယို ယူကျူ့မှာ ကြည့်ဖြစ်ပါတယ်။ အခုကတော့ ဘလော့ဂ်မှာ ပြန်တင်ပြီး စုထားလိုက်တာပါ။ မှန်လုပ်သွားတာအရင်က မမြင်ဖူးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပူပေးပြီး ပုံသွင်းသွင်းသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထင်မထားဘူး ကင်မရာမှန်ဘီလူးကို စက်နဲ့လုပ်တယ်ထင်နေတာ လူနဲ့ ဆင်သွားတာတွေ့ရတယ်။
Read the rest of this entry »
5 Jan, 2011

မကြည့်ရသေးဘူးဆိုရင် ကြည့်ဖုိ့ပါ Tron ရုပ်ရှင်ကားထဲကလို မီးလင်းတဲ့ ပစ္စည်းမျိုးတွေ DIY အနေနဲ့ လုပ်လို့ရပါတယ်။ အခုကတော့ အဲဒီလို မီးလင်းနေတဲ့ laptop အိတ်လုပ်နည်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ် Craft ကနေ သရုပ်ပြပေးထားတာပါ။ စမ်းကြည့်ချင်ပေမယ့် တချို့ ပစ္စည်းတွေ မရှိလို့ မလုပ်နိုင်သေးပါဘူး။ နည်းတော့ သိသွားတာပေါ့။ ပျော်ရွှင်ပါစေ။
Read the rest of this entry »
1 Jan, 2011

အားလုံးပဲ Wikipedia logo ကိုမြင်ဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာလုံးပုံစံ jigsaw လေးမှာ ဘာသာစကား မျိုးစုံရေးထားတာ လေးပါ။ ဘာများထူးဆန်းလို့လဲပေါ့ တကယ်တော့ ဆန်းပါတယ် အဲဒီ Wikipedia လိုဂိုရဲ့ အခြား တစ်ဖက်ခြမ်းကိုသာ မိတ်ဆွေ ကြည့်ခဲ့မယ်ဆိုရင် မြင်ရမှာက မြန်မာလို မြန်မာစာနဲ့ ရေးထားတဲ့ “ဝီ” ဆိုတဲ့ စကားလုံးလေး ပါနေတာကိုမြင်ရမှာပါ။ မထင်မိပါဘူး ကမ္ဘာကျော် လိုဂိုတစ်ခုမှာ မြန်မာစာ ပါနေတယ်ဆိုတာ။
1 Dec, 2010

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့က မြန်မာ နိုင်ငံ အတွက် အမျိုးသားနေ့ဖြစ်သလို ကမ္ဘာ့နိုင်ငံတွေ အတွက် World AIDS Day နေ့ဖြစ်ပါတယ်။ ဆိုတော့ အားလုံးလဲ ဒီရောဂါဆိုး အကြောင်းသတိပြုမိစေဖို့ ပိုစ့်တစ်ခု တင်ဖြစ်ပါတယ်။ HIV, AIDS နဲ့ ပက်သက်တဲ့ မြန်မာနိုင်ငံက အချက်အလက်တွေ ရှာဖွေလို့ ရသလောက်ပါ။ data တွေက
21 Apr, 2010

Red Dot Concept Design Award 2009 ရသွားတဲ့ပုံတွေကို တွေ့ဖူးမလားမသိဘူး။ အခု အပေါ်မှာ တင်ထားတဲ့ ပုံတွေရယ် အောက်က ပုံတချို့တွေပါ။ နိုင်ငံတကာက Tech Magazine, blogs တွေမှာ တော်တော်များများမှာ တင်ခဲ့ဖူးပါတယ်။ Smashing Magazine မှာ လဲတွေ့ခဲ့ဖူးလို့ ရှာကြည့်တာ 2008 ကတင်ခဲ့တာ ပြန်ရှာတွေ့တယ်။ ကျွန်တော့် အထင်မမှားရင် အဲဒီ future က ဒီနေ့ကနေ နောက် ၁၀ နှစ်လောက်က အလွန်ဆုံးပဲ ကွာလိမ့်မယ်ထင်တယ်။ အခုတော့ algorithm အရမ်းကောင်းတဲ့ search တွေ အကြောင်း အခန်းဆက် ပို့စ်ရေးလိုက်မလို့ပါပဲ။ ပထမဆုံးတော့ အဲဒီ Glass Interface Search အကြောင်းနဲ့ စလိုက်တော့မယ်။