26 Nov, 2009
ဒီနေ့တော့ ကျွန်တော် အရင်လို အရေမရအဖတ်မရ သတင်းတွေ သီချင်းတွေ personal တွေ မရေးတော့ပဲ tutorial သဘောမျိုးလေးရေးပါရစေ။ တကယ်တော့ ကျွန်တော်တတ်လို့ရေးတာ မဟုတ်ပဲ သိသလောက်သာဖြစ်ပါတယ်။ အရင်ကတည်းက ဆရာလုပ်တယ်ထင်မှာစိုးလို့ အဲဒါမျိုးလဲ သိပ်မရေးဖြစ်ပါဘူး အခုနောက်ပိုင်းတော့ နည်းနည်းချင်းစီ ဆရာလုပ် အဲလေ ရေးသွားမယ်လို့ စဉ်းစားထားပါတယ်။ အခုရေးမယ် အကြောင်းကတော့ Graphic Design အကြောင်းပါ။ ဘယ် ဆော့ဝဲ၊ ဘယ် tools အတွက်ရယ်လို့ မဟုတ်ပဲ ကျွန်တော့်ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်တွေလို့ ပြောချင်ပြောလို့ရပါတယ်။
Read the rest of this entry »
11 Nov, 2009
IP လို့ အတိုခေါ်တဲ့ Intellectual Property အကြောင်းကို ပြီးခဲ့တဲ့ နှစ်ကုန်လောက်ကထင်တယ် 205 မှာ seminar တစ်ခု တက်တုန်းက ဆရာဦးမောင်မောင်ဝင်း Advocate (IBA Fellowship in International Legal Practice UK) ပြောတုန်းက မှတ်ထားသလောက်ကို chart တစ်ခု ဆွဲထားဖူးတာလေး လွန်ခဲ့တဲ့ရက်က အိမ်ကစက် ရှင်းရင်းပြန်တွေ့တာမို့ အခု အွန်လိုင်း တင်ထားလိုက်ပါတယ်။
Read the rest of this entry »
6 Nov, 2009
Public Enemies ဆိုတဲ့ ဇာတ်ကား ကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ကြည့်ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကား အရင်ကတည်းက trailer ကြည့်ခဲ့ဘူးပါတယ်.. ထွက်တာကတော့ ၃ လလောက်ရှိပြီထင်တယ်။ ရန်ကုန်မှာတောင် ရုံတင်ခဲ့ပြီးသွားပြီ။ ဇာတ်ကားမှာ Johnny Depp နဲ့ Batman ကားကမင်းသား Christian Bale ပါပါတယ်။ ဇာတ်ကားက အရင် 1930 လောက်ကလိုပုံစံမျိုး ကာလာကအစ အဲဒီအတိုင်းရိုက်ထားတာပါ။ ဖြစ်ရပ်မှန် အမေရိကန် ဘဏ်ဓားပြ John Dillinger အကြောင်း ရိုက်ထားတာပါ။ Dillinger ဆိုတဲ့ နာမည်ကိုတော့ အရင်ကတည်းက ကြားဖူးပါတယ် Metal band တစ်ခုတောင် ရှိသေးတယ် Dillinger Escape Plan တဲ့။ ဇာတ်ကားကလဲ ကောင်းပါတယ် နောက် Dillinger အကြောင်းကိုလဲ စိတ်ဝင်စားမိတယ်။
Read the rest of this entry »
18 Oct, 2009
ဒီလ အောက်တိုဘာလ ၁၅ ရက်နေ့က Blog Action Day 2009 အတွက် နေ့ဖြစ်ပါတယ်။ Blog Action Day 2009 ကို ကမ္ဘာအနှံ့က Blog ပေါင်းများစွာက နှစ်တိုင်းပါဝင်ပြီး အကြောင်းအရာတစ်ခုကို ရေးလေ့ရှိပါတယ်။ ဒီနှစ်မှာလဲ ပါဝင်တဲ့ blog တွေက Google Blog, White House.gov, Mashable, Typepad, Live Journal, TUAW စတဲ့ blog နဲ့ အခြား နာမည်ကြီး ဆိုဒ်တွေ ပါဝင်ကြပါတယ်။ မနှစ်ကတော့ ခေါင်းစဉ်က Poverty ဖြစ်ခဲ့ပြီး ဒီနှစ် အတွက်ကတော့ Climate Change ဖြစ်ပါတယ်။
ကျွန်တော်လဲ နှစ်တိုင်းရေးနေကြအတိုင်း တတိယမြောက် Blog Action Day ပို့စ် အဖြစ် Climate Change ကို နည်းပညာ အကြောင်းအရာ ဘက်နဲ့ နွယ်ပြီး ရေးပါရစေ။ အမှန်တော့ ဒီနေ့က ၁၇ ရက်နေ့တောင်ဖြစ်နေပြီး နောက်တောင်ကျနေပါပြီ စာမေးပွဲရှိတာနဲ့ အင်တာနက် မရှိတဲ့ နေရာ ရောက်နေခဲ့တာကြောင့် နောက်ကျနေခဲ့တာပါ။ ဒီနေ့တော့ အမှီရေးလိုက်ပါတယ်။
Read the rest of this entry »
28 Sep, 2009
ကျွန်တော် မအားလို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ တော်တော်ကြာသွားပါပြီ။ စာဖတ်သူတွေကိုလဲ အားနာပါတယ်… ဒါကြောင့် မဖြစ် ဖြစ်အောင် လာတင်တာပါ။ နောက် ၁၅ ရက် လောက်အထိကျွန်တော် စာမေးပွဲဖြေစရာ ရှိနေတာကြောင့် ဒီကြားထဲမှာ အချိန်ရသလောက်ကို တင်ထားလိုက်ပါ့မယ်။ အခုတော့ ကွန်ပျူတာလောက က ထူးဆန်းတဲ့ အကြောင်းအရာတချို့ ကို တင်ထားပါတယ်။ ဒီအချက်အလက်တွေကို Crazy Facts App ကနေ ရယူထားတာ ဖြစ်ပါတယ်။ နောက်မှ အခြား ဒီလို အကြောင်းအရာတွေ ဆက်တင်ပေးပါဦးမယ်။ ပျော်ရွှင်ပါစေ။
American, California က Silicon Valley ကို ပထမဆုံး ရွှေ့ပြောင်းတဲ့ နည်းပညာ company ဟာ Stanford University က အင်ဂျင်နီယာတွေဖြစ်တဲ့ Bill Hewlett နှင့် Dave Packard တို့ တည်ထောင်ထားတဲ့ HP company ဖြစ်ပြီး Palo Alto ဆိုတဲ့ ကားဂိုထောင်ထဲမှာ ဒေါ်လာ 1,538 $ နဲ့စခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Audio Oscillator ကို ၀ယ်ယူသူကတော့ Walt Disney က ဖြစ်ပါတယ်။ (HP ရဲ့ ပထမဆုံး ရုံးခန်း ဂိုထောင်ပုံကို အပေါ်မှာ တင်ထားပါတယ်။)
Read the rest of this entry »
24 Jun, 2009
Microsoft က 2010 အတွက် Office Suite မှာပါလာမယ့် Outlook မှာ HTML email (News Letter Mail) တွေအတွက် သူက rendering engine အသစ်စသုံးမယ်လို့ အတည်ပြုလိုက်ပါပြီ။ အမှန်တကယ်တော့ အဲဒီ သုံးမယ်ဆိုတဲ့ rendering engine က Standard မရှိပါဘူး.. ဆိုလိုတာက နောက်ထပ် ၅ နှစ်လောက်ကြာတဲ့ အထိကို Email News Letter HTML တွေအတွက် table layout ပဲသုံးရမှာပါ။ နောက် background image, text-shadow, rounded-corner တွေ မရနိုင်ပါဘူး။
Read the rest of this entry »
22 Apr, 2009
ဒီနေ့ April 22 က Earth Day ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက် နေ့ပေါ့။ ဒီနေ့မှာ Discovery Channel, National Geographic တွေမှာ ကမ္ဘာကြီးအကြောင်း ပြောကြတယ်.. Search Engines တွေမှာ social networks တွေမှာလဲ logo လေးတွေ ပြောင်းကြတယ်။ အဲဒီဲက နာမည်ကြီး ဆိုဒ်တချို့က logo တွေ တင်လိုက်ပါတယ်။
Read the rest of this entry »
18 Apr, 2009
Internet Explorer 6 ဆိုတာ Windows XP မှာ တွဲပါတဲ့ Web Browser ပါ။ ဒီ browser က users တွေ အသုံးများပြီး အလွယ်တကူသုံးကြပေမယ့်.. Web Designer/Developer တွေ အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တာ ကြာပြီလို့ပြောလို့ရပါတယ်။
Read the rest of this entry »
18 Feb, 2009
Nuclear ဆိုတာကို ဒီနေ့ ကမ္ဘာပေါ်မှာ စွမ်းအားပြင်း ဗုံး ပြုလုပ်တဲ့ နေရာမှာ အများဆုံး အသုံးချပါတယ်။ Nuclear ကို အစ္စရေး ဂျူး လူမျိုး အနွယ် ဂျာမနီနိုင်ငံ မြို့နယ်လေး တစ်ခုမှာ မွေးဖွားတဲ့ သိပ္ဗံပညာရှင် အဲလ်ဘတ် အိုင်စတိုင်း က စတင် ဖော်ထုတ်ခဲ့ပါတယ်။ E = mc2 သီအိုရီက နေဖော်ထုတ်ခဲ့တာပါ။ အခု ဒီပို့စ်မှာတော့ အကြောင်းအရာ အပြည့်အစုံ မရေးသေးပဲ အကျဉ်းချုံးပြီး Nuclear ရဲ့ စွမ်းအင်တွေ ဗဟုသုတမျိုးကိုပဲ ရေးသွားမှာပါ။
Read the rest of this entry »
11 Jan, 2009
ဒီနေ့ Read Write Web က တင်ထားတဲ့ History Of Internet video ကို ကြည့်ဖြစ်ပါတယ်။ ဒါက Video နဲ့ ရှင်းပြထားတာ ဖြစ်ပြီး Common Craft က ဗီဒီယိုတွေလို နားလည်လွယ်အောင် animation နဲ့ ရှင်းပြထားတာပါ။ ဒီ ဗီဒီယိုကို PICOL က ဖန်တီးပြီး Vimeo မှာ တင်ထားတာပါ။ PICOL မှာ လက်ရှိ presentation အတွက် icons တချို့ download လုပ်လို့ ရပါတယ်။ လက်ရှိ Information, Cloud, Video, Music, VOIP, Web 2.0 စတဲ့ အသုံးဝင် နည်းပညာတွေ အများကြီးရနေတဲ့ Internet စတင်ခဲ့တဲ့ 1957 ကို ပြန်သွား ကြည့်ရအောင်ပါ။ ။