27 Sep, 2008

Happy Birthday to 5 Years old fedora
ဒီရက်ပိုင်းမှာ မွေးနေ့တွေ အတော်များများအတွက် ပို့စ်တင်ဖြစ်နေပါတယ်။ ဆားချက်တယ် လို့ပဲပြောပြော ပို့စ်လေးတော့ တင်လိုက်ပါဦးမယ်။ ၂၄ ရက်နေ့က fedora ရဲ့ ၅ နှစ်ပြည့် မွေးနေ့ပါ။ သူက RedHat နောက်မှ ထွက်တာပေမယ့် အလကား ရနိုင်တယ်၊ နောက် GUI လှတယ် software တွေ အတော်များများပါတာကြောင့် linux ထဲမှာတော့ နှစ်သက်မိတဲ့ တစ်ခုပါ။ fedora ဆိုတဲ့ အဓိပါယ်က ရှရှား ဘာသာမှာ “God’s gift” လို့ ခေါ်တာလို့ သိရပါတယ်.. Italian မှာတော့ “Hat” လို့ အဓိပါယ်ရတယ်လို့ ပြောပါတယ်။
17 Jan, 2008



Linux ကို ကျွန်တော် အိမ်မှာတင်ပြီး သုံးချင်နေတာကြာပြီ အိမ်က HardDisk က ပြည့်နေတော့ ခုထိမစမ်းရသေးဘူး။ ဒါပေမယ့် အခု Hard Disk ၀ယ်တော့မှာဆိုတော့
Linux တွေထဲက ဘယ်ဟာ အကောင်းဆုံးဖြစ်မလဲလို့ အင်တာနက်မှာ လိုက်ရှာနေတာ ၂ ရက်လောက်ရှိပြီ။ လိုက်ရှာရင်းနဲ့
Ozzu ဆိုတဲ့ forum မှာ link တစ်ခု ညွှန်းထားတာတွေ့တာနဲ့ သွားစမ်းကြည့်လိုက်တယ်။ သူက ကိုယ်နဲ့ လိုက်ဖက်မယ့် version ကို မေးခွန်း ၁၅ ခုလောက်မေးပြီး အဖြေထုတ်ပေးတယ်။ အရင် ကျွန်တော်တို့စမ်းနေကြ Online Quiz တွေလိုပဲ။ စမ်းမယ်ဆိုရင်တော့ browser က java script နဲ့ cookie ကို enable လုပ်ပေးရပါမယ်။ အဖြေက ၄ ခုပြပေးပါတယ် အဲဒီထဲက နှစ်သက်ရာရွေးပေါ့ (Screen Shot ပါကြည့်လို့ ရပါတယ်)။ အပေါ်ကပြထားတဲ့ လိုဂို ၄ ခုက ကျွန်တော်နဲ့ အဆင်ပြေမယ့်
Linux ၄ ခုပေါ့။ အခြားအနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော်ကို
Linux ထဲက အဆင်ပြေမယ့် version နဲ့ အခြား အတွေ့အကြုံလေးတွေကို ကွန်မန့်မှာရေးပေးခဲ့ကြပါဦး။ သူအဖြေထုတ်ပေးတဲ့ Distributions တွေထဲမှာ ဘာလို့လည်း မသိဘူး Red Hat မပါဘူး ခင်ဗျ။ ကျွန်တော်တို့ကျောင်းမှာ Red Hat နဲ့ သင်ပါတယ်။
Linux Distribution Chooser
Distributions included
Fedora Core 7
Mandriva 2008
OpenSuSE 10.3
Debian 4.0
(Simply-)MEPIS 6.0
Ubuntu, Kubuntu 7.10
Linspire 6
Freespire 2
Xandros 4
PCLinuxOS 2007
Gentoo 2007.1
Slackware 12
Arch Linux 2007.08
Foresight Linux 1.4.1
Linux, GNU, Ubuntu, Kubuntu, Fedora, Opensuse, Red Hat