Posts in Category: Movie

Symphony in Trailers

ဘလော့ဂ် မရေးဖြစ်တာလဲ အတော်ကြာသွားပါတယ်။ မိုးရာသီမှာ အပျင်းကြီးတတ်တာရယ် မိုးမိပြီး ဖျားတတ်တာလဲ ပါတယ် လျောက်သွားနေတာလဲ ပါလို့ မရေးဖြစ်တာကြာတဲ့ ဘလော့ဂ်ပြန်စပါတယ်။ ဘာရေးရင် ကောင်းမလဲဆိုတော့ ဒီရက်ပိုင်း trailer music တွေ ဓာတ်ကျနေတော့ အဲဒီအကြောင်းပဲ ရေးဖြစ်ပါမယ်။ အရင်ကတည်းက trailer တွေ စုတတ်တဲ့ဝါသနာ ရယ် ကြော်ငြာ အိုင်ဒီယာ ကောင်းရင် စုထားတတ်တာကြောင့် အဲဒီက symphony orchestra သံတွေ တစ်ရက်လိုက်ရှာဖြစ်ပါတယ်။

The Dark Knight Rises

dark-knight-rises-poster-legend-ends-thumb

ဒီရက်ပိုင်း အလုပ်များနေတာကော၊ ပျင်းနေတာပါရောပြီး ဘလောဂ်မှာ ဘာမှ အသစ်မတင်ဖြစ်ပါဘူး။ ဒီနေ့တော့ ဘာရယ်မဟုတ်ပဲ ဖတ်မိတဲ့ သတင်းလေးကြောင့် ဘလော့ဂ်ထရေးပါတယ်။ အမှန်တော့ ဒီနေ့ Miss Christmas မော်ဒယ်ပြိုင်ပွဲရိုက်ဖြစ်ပေမယ့် မတင်တော့ပါဘူး။ ဒီညပြန်ရောက်တော့ ကြည့်မိတယ် နောက်နှစ်မှာ အသစ်ထွက်တော့မယ့် Batman ~ The Dark Knight Rises trailer ကြည့်မိတာကြောင့် ပြန် share လုပ်ပါတယ်။ ဒီကားက အခုမှ Trailer No #2 ကို iTunes Movie Trailler မှာ တင်ခဲ့တာပေမယ့် ၂၄ နာရီအတွင်းမှာ 12.5 Million download လုပ်ခဲ့တာမို့ record စာရင်းဝင်ပါဖြစ်သွားပါတယ်။

Captain America Movie Trailer

Captain America Movie

Marvel ရဲ့ နာ​မည်ကျော် ကာ​တွန်း​စာအုပ် ဇာတ်​ကောင် Captain America : The First Avenger ကို လူ​နဲ့ ရိုက်​ထား​တဲ့ ကား မ​ကြာ​ခင်​ထွက်​ပါ​တော့​မယ်။ ထွက်​မယ်​လို့ လဲ အရင်​ကတည်းက​ထင်​ပြီး​သား​ပါ ဘာ​လို့​လဲဆို​တော့ ပြီး​ခဲ့​တဲ့ နှစ်​အစော​ပိုင်း​မှာ ထွက်​ခဲ့​တဲ့ Iron Man 2 ဇာတ်​ကား​ထဲ​က ဇာတ်​ဝင်​ခန်း​မှာ Captain America ရဲ့ ဒိုင်း​ကြီး မြင်​လိုက်​ရ​တာ​ကိုး။ ဒီ​တစ်​ခါ​လဲ Paramount က ရိုက်​တာ​ဖြစ်​ပါ​တယ်။ လောလောဆယ် trailer ကြည့်​တာ​တော့ တော်တော်​မိုက်​သ​ကိုး တကယ်​ထွက်​လာ​မှ ကောင်း​မ​ကောင်း စောင့်​ကြည့်​ရ​ဦး​မယ်။ July 22 ထွက်​မယ်​လို့ ပြ​သွား​တာ​တွေ့​ပါ​တယ်။

Naruto Shippuden Cosplay Collections!!

Haku Cosplay by Tsurumaru dA

Cosplay ဆိုတာက cartoon, games တွေထဲက ဇာတ်ကောင်တွေနဲ့ ပုံစံတူလိုက် ၀တ်တဲ့ပွဲတော်မျိုးတစ်ခုပါ။ အထူးသဖြင့် japan Manga, Anime ထဲက characters တွေကို လုပ်ကြတာများပါတယ်။ အခုတလောတော့ ကျွန်တော်လဲ နေမကောင်းတာနဲ့ သူငယ်ချင်းဆီက ကူးလာတဲ့ Naruto Shippuden ဆိုတဲ့ Japan Anime ထိုင်ကြည့်ဖြစ်ပါတယ်။ ကြည့်ကြည့်ရင်းနဲ့စွဲသွားတာ နေ့ကြည့်ညကြည့်နဲ့ နေတောင်မကောင်းဘူး :D Blog ကလဲကျော်မရလို့ အင်တာနက်တောင် မသုံးဖြစ်တာ.. အခုမှ အဆင်ပြေလို့ ပြန်သုံးဖြစ်ပါတယ်။

Kid From The Movie UP

Kid from UP Animation Movie

Disney ~ Pixar ရဲ့ ကားတွန်းကား UP ထဲက ဖက်တီး ကလေးလေး (Russle) ပုံနဲ့ တူလို့ ပြန်တင်ထားလိုက်ပါတယ်။ တကယ် ကာတွန်းကားထဲက အတိုင်းပဲ တော်တော် တူတာ.. ကျန်တာဆိုလို့ အဖိုးကြီး ပုံတူ မရှိတာရယ် အမွေးစုတ်ဖွားခွေးမရှိတာ ပဲကွာတယ်.. အပေါ်ပုံက ဒီကနေ တွေ့လို့ ယူထားပါတယ်.. အခုအောက်ကပုံကတော့ iPhone app တစ်ခုက ရထားတာ facebook မှာတောင် တင်လိုက်သေးတယ်။ တွဲပြီး ပြန်တင်လိုက်ပါတယ်။ Adventure is Out There…. !!

Kick Ass The Movie

Kick Ass

Kick Ass က Marvel က comic books ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ အခု ရုံတင်နေပြီ.. Movie Poster တွေကြည့်လိုက်ရင် အခုခေတ်စားနေတဲ့ Super Hero ကားတွေမျိုးပဲထင် စရာပါပဲ။ အမှန်ကတော့ မဟုတ်ပါဘူး သာမန် ချာတိတ်တွေ super heroes style လုပ်ကြတဲ့ ဇာတ်လမ်းမျိုးပါ။ လောလောဆယ် Iron Man 2 နဲ့ အပြိုင်ရုံတင်နေတယ်။

Justice Bao

Justic Bao TV Series

ပြည့်သူတရားရှင် ပေါင်ချိန် (Justice Bao) ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ၅ တန်းလောက်က မြဝတီ ရုပ်မြင်သံကြားကနေ ပြခဲ့တဲ့ တရုတ် ဇာတ်လမ်းတွဲပါ။ ဒီနေ့မှ Bao ဆိုတဲ့ အကြောင်း အွန်လိုင်းမှာ ထိုင်ရှာဖြစ်တယ်။ ရှာဖြစ်တာကလဲ သီချင်းနားထောင်မိရာကနေ ရှာဖြစ်တာပါပဲ။ သီချင်းနာမည်က New Butterfly Dream လို့ အင်းကလိပ်လို အဓိပ္ဗါယ်ရတဲ့ သီချင်းပါ။ YouTube မှာ နားထောင်ဖြစ်တယ်။

Astoria Scum River Bridge

Astoria Scum River Bridge

Astoria Scum River Bridge ဆိုတဲ့ ဗီဒီယို အတိုလေး ပြီးခဲ့တဲ့ အပတ်က ကြည့်ဖြစ်တာ ပြန်တင်လိုက်ပါတယ်။ Vimeo မှာ တင်ထားတာတွေ့တာပါ။ Documentary ဇာတ်လမ်းပုံစံမျိုးလေး… Astoria ဂုံးတံတား အောက်ဖက်က ပိုက်ပေါက်ပြီး ရေစိမ့်နေတဲ့ နေရာမှာ လူ ၂ ယောက်က တံတား အသေးလေး တစ်ခု ဆောက်ပေးထားတဲ့ အကြောင်းရိုက်ထားတယ်။

Resident Evil ~ Afterlife

Resident Evil 4 ~ After Life

Movie အသစ် trailer ကြည့်မိလို့ ပြန်တင်တာပါ။ Umbrella Corporation ရဲ့ virus ပြသနာ အကြောင်း ရိုက်ထားတဲ့ Resident Evil ကားပါ။ အခုကတော့ အပိုင်း ၄ ရောက်သွားပြီး Afterlife လို့ နာမည်ပေးထားတယ်။ အရင် Alice သရုပ်ဆောင်တဲ့သူပဲ ပြန်ပါပါတယ်။ အခုက အပိုင်း ၄ ဆိုတော့ တကယ့် ဂိမ်းသာဆိုရင်တော့ PS2 version ဖြစ်သွားပြီပေါ့။

The Clash Between God And Titan

Clash Of The Titan

ဒီနေ့ Clash Of The Titan ဆိုတဲ့ ကားကို ပိုက်ဆံ သိပ်မရှိဘဲ သွားကြည့်ဖြစ်တယ်။ 3D နဲ့ ကြည့်ဖြစ်ပါတယ်.. ဒီကားကို ရုံတင်တာက 1 ရက်နေ့က စတင်တာပါ 2 ရက်နေ့မှာ ကြည့်ဖြစ်ခဲ့တာပါ။ ဒီမှာသာ ၁ ရက်နေ့ကတည်းက ရုံတင်ပေမယ့် US မှာ ၂ ရက်နေ့မှ စတင်ပါတယ်။ မင်းသားက Avatar ထဲက မင်းသား Sam Worthington ပါပဲ။ ဒီကားကို အရင်နှစ်ကုန်ခါနီးလောက်ကတည်းက trailer ကြည့်ပြီးကတည်းက ကြည့်ချင်နေတာ။ ဘာလို့လဲဆိုတော့ Greek ဒဏ္ဏာရီကို အခြေခံထားလို့ပါပဲ။