Posts in Category: My fav Bands

Children Of Bodom – Chaos Ridden Years

ဒီနေ့ အခွေဆိုင်မှာ ကျွန်တော်ရှာနေတဲ့ အခွေတစ်ခွေတွေ့လို့ ၀ယ်ဖြစ်ခဲ့တယ်။ လမ်းဘေးက အခွေဆိုင်တွေထက်စာရင် ဈေးကြီးပေမယ့် ကျွန်တော် လိုချင်လို့ ရှာနေတဲ့ အခွေမို့ တန်ပါတယ်။ Children Of Bodom ဆိုတဲ့ band ပေါ့။ သူတို့ရဲ့ live show CHAOS RIDDEN YEARS ပေါ့။ အဲဒီ live show ခွေရှာနေတာကြာပြီ အခြား MTV တွေ show တွေရှိပေမယ့် အဲဒါမရှိသေးလို့။ အမျိုးအစားက နားငြီးတဲ့ music ပေါ့ Melodic Metal မျိုးတွေ Vocal Alexi Laiho ရဲ့ signature guitar အကြောင်းတောင် အရင်က ကျွန်တော်ရေးခဲ့သေးတယ်။ ကျွန်တော့်ရဲ့ အခု ဘလောခ့် Reaper’s Blog ဆိုတာ သူတို့ သီချင်းတစ်ပုဒ်နားထောင်ရင်း ကျွန်တော် နာမည်ပေးလိုက်တာလေ =)။ ဒီနှစ် ဖေဖော်ဝါရီလောက်က ကျွန်တော် အခုပုံမှာ ပြထားတဲ့ သူတို့ logo Reaper ပုံလေးတောင် ကျွန်တော် banner မှာ သုံးလိုက်သေးတယ်။ ကျွန်တော်ကတော့ သူတို့ သီချင်းတွေ ကြိုက်ပါတယ် ခုနကတောင် အိမ်မှာ ဂစ်တာလိုက်တီးခဲ့သေးတယ်။ သူငယ်ချင်းတို့လည်း YouTube ဘက်ရောက်ရင် သူတို့ Mtv တွေ ရှာပြီး နားထောင်ကြည့်ပါဦး။ Needled 24/7 လို သီချင်းတွေ မိုက်တယ်။ ဂစ်တာကတော့ တကယ် ကျွမ်းကျင်ကြတာပဲ သီချင်းတစ်ပုဒ်တစ်ပုဒ်ကို တီးလိုက်တဲ့ solo တွေ မနည်းကျင့်ယူရတယ်။ နောက်မှ သီချင်းတစ်ပုဒ်ချင်းစီ အကြောင်း ထပ်တင်ပေးပါဦးမယ်။ =)

Technorati TagChildren Of Bodom, COB, Alexi Laiho, Guitar Jackson, ESP Guitar, COBHC

Arch Enemy – Rise Of Tyrant (2007)


Arch Enemy ရဲ့ album သစ် Rise Of Tyrant ထွက်ပါတယ်။ ဒီအခွေမှာလည်း အရင် Doomsday Machine လိုပဲ သီချင်းမျိုးတွေ နားထောင်ရမှာပါ။ အမျိုးအစားက melodic death metal ပဲပေါ့။ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Michael Amott နဲ့ Chris Amott တို့ရဲ့ လက်သံတွေကို ခံစားနိုင်ပါတယ်။ Chris Amott က အရင် Doomsday Machine ထွက်ပြီးတဲ့ အချိန်မှာ band က ထွက်သွားခဲ့ပါသေးတယ်။ အခုတော့ သူတို့ ပြန် ပေါင်းစည်းသွားကြပြီ။ အခု လောလောဆယ်တော့ အဲဒီ အခွေတင် မပေးနိုင်သေးပါဘူး။ ကွန်နက်ရှင်က ကျနေလို့ပါ။ နောက်တင်ပါ့မယ်။ ဒီ အခွေထဲက သီချင်းတွေနဲ့ ဂစ်တာ လေ့ကျင့်လို့ရပါတယ်။ နောက် အခု အခွေရဲ့ producer ဖြစ်တဲ့ Century Media ဆိုဒ်မှာ သီချင်းတွေ အမြည်းနားထောင်လို့ရနိုင်သလို Wallpapers, Buddy Icon, Banner တွေ download ရနိုင်ပါတယ်။

  • Official Arch Enemy Site
  • Arch Enemy at Century Media
  • Arch Enemy at My Space
  • Download Arch Enemy – Doomsday Machine (2005)

    Related Post

  • Me playing Arch Enemy – Nemesis (Solo)