hit counter

Archive for Myanmar news

Myamar ICT Exhibition May 2009

Myanmar ICT Exhibition 2009 May

၃ရက်နေ့က တပ်မတော် ခန်းမမှာ လုပ်တဲ့ ICT Exhibition May 2009 ပွဲကို ရောက်ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့က စလုပ်တာဖြစ်ပြီး ၃ ရက်နေ့က နောက်ဆုံးနေ့ပါ။ အစက မအားတာနဲ့ နေမကောင်းတာနဲ့မို့ မသွားတော့ဘူးလို့ တွေးထားတာ.. နောက်ဆုံးရက်နေ့မှာ laptop ဖုန်စုတ်စက်လေး ၀ယ်ရင်ကောင်းမယ်ထင်လို့ အမေနဲ့ သွားဖြစ်ပါတယ်။

Read the rest of this entry »

Myanmar Weather and Natural Disaster Information

Cyclone Scale Chart

တဖြည်းဖြည်းနဲ့ Nargis တိုက်ခဲ့တဲ့ အချိန်မျိုးကို ရောက်လာတော့မယ်။ အခုချိန်တွေမှာ ရန်ကုန်မှာ (မြန်မာပြည်အနှံ့လဲ တူမယ်ထင်တယ်) အရမ်းပူပါတယ်.. လေလဲ အရမ်းတိုက်တယ် ဒါပေမယ့် လေပူတွေ တိုက်တာပါ။ ရာသီဥတုက မငြိမ်ဘူး ဒီနေ့ နေအရမ်းပူပေမယ့် နောက်နေ့ မိုးအုံ့ပြန်ရော. ရာသီဥတုက တဖြည်းဖြည်းနဲ့ လူတိုင်းသက်ဆိုင်လာနေပြီ.. လက်ရှိ အွန်လိုင်းမှာ မြန်မာလို ရာသီဥတု သတင်း ပေးတဲ့ဆိုဒ် မရှိဘူးလို့ ပြောလို့ ရအောင်ရှားပါတယ်။ လက်ရှိကတော့ Myanmar Weather and Natural Disaster Information ဆိုတဲ့ Google Site တစ်ခုရှိပါတယ်။

Read the rest of this entry »

Last Day Of Thin Gyan (Water Festival) 2009

Myanmar Thin Gyan (Water Festival) 2009 Last Day

ဒီနေ့က သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်.. မနက်ဖြစ်က စပြီး နှစ်သစ်ကို ရောက်ပြီပေါ့.. ဒီနေ့ အတက်နေ့မှာ မနက်ပိုင်း နေခဏ ပူလိုက်ပြီး နေ့လည်က စပြီး မိုးအုံ့ပြီး ရွာပါတယ်။ နေ့လည် လောက်မှာ သူငယ်ချင်း ၂ ယောက်နဲ့ အအေးဆိုင်ထိုင် ဖြစ်တယ်။ အရင် အတိုင်းပါပဲ အိမ်နား တစ်ဝိုက်က မဏ္ဍပ် တွေသာ ရိုက်ဖြစ်ပါတယ်။ နောက် ရွှေရင်အေး စတုဒီသာ တိုက်နေတဲ့ နေရာမျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ မနက်ဖြန်တော့ ဘုရား သွားဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီနဲနဲပဲ ရိုက်ဖြစ်တာပါ။ မနက်ဖြန်ကစပြီး နှစ်သစ်ရောက်ပြီမို့ နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Third Day Of Thin Gyan (Water Festival) 2009

Myanmar Water Festival 2009 ~ Inya St

ဒီနေ့ သင်္ကြန် အကြတ်နေ့ပါ။ အကျနေ့ ညဘက်မှာ တီဗီ ကြည့်တုန်း အောက်ဖက်ကနေ မိုးလေ၀သက ပြောသွားတယ် ဘင်္ဂလားပင်လယ်အော်မှာ မုန်းတိုင်း တစ်ခုရှိတယ် လေတိုက်နှုန်း ၁ နာရီကို 40 လောက်နဲ့ မြောက် ဒါမှမဟုတ် အရှေ့မြောက်ကို ဦးတည်နေတယ်လို့ သတင်း ခဏတိုင်း ပြထားတော့ ဒီနေ့ မိုးသည်းမယ်ထင်တာ.. မနက်ရောက်တော့ နေက အရမ်းကို ပူနေခဲ့တယ်။

Read the rest of this entry »

Storm in Bay Of Bangle

Storm in Bay Of Bangle - Myanmar

ဘင်္ဂလား ပင်လယ်အော်ထဲက မုန်းတိုင်း တစ်ခု ရှိတယ်လို့ သတင်းမှာ ကြေငြာသွားပါတယ်.. www.AccuWeather.com မှာ ကြည့်လိုက်တာတော့ မြန်မာကို လာမယ်လို့ တော့ မထင်ပါဘူး။ အရင် ၂ ရက်က မိုးတနေကုန် အုံ့ပေမယ့် ဒီနေ့ဆို နေအရမ်းပူပါတယ်.. ကြည့်ရတာ အနားကတောင် မဖြတ်တော့ဘူး ထင်တယ်.. ဒီတစ်ခုက လေတိုက်နှုန်း ၁ နာရီ မိုင် 60 လောက် ရှိလိမ့်မယ်လို့ ကြားမိတယ်။ အစက သင်္ကြန်ကို ၀င်မယ် ထင်တာ အခုတော့ မ၀င်လောက်တော့ပါဘူး။ သို့သော်လဲ သတိထားမိအောင် တင်လိုက်တာပါ။

Second Day Of Thin Gyan (Water Festival) 2009

Burma Water Festival

ဒီနေ့ သင်္ကြန် အကျ နေ့ပါ.. ဘယ်မှ မသွားဖြစ်ပါဘူး လမ်းထပ်က အအေးဆိုင် ထိုင်တယ် နောက် သူငယ်ချင်း တစ်ယောက် အိမ်ပြန် လိုက်ပို့ ပေးရင်း လမ်းမှာ ကြုံသမျှတွေ ဓာတ်ပုံ ရိုက်ဖြစ်တာပါ။ ဒီနေ့လဲ တနေကုန် မိုးအုံ့ပါတယ်။ မနက်ဖြန်တော့ အင်းလျားလမ်းကို ရောက်ဖြစ် ဦးမှာပါ။ ဓာတ်ပုံ တွေ ထပ်တင်ပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

First Day Of Thin Gyan (Water Festival) 2009

Myanmar Thin Gyan 2009 - Yangon City Hall

ဒီနေ့ ၁၃ ရက် သင်္ကြန် အကြိုနေ့မှာ ညနေပိုင်းကို သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်ဖြစ်တယ်.. နောက် ပျင်းတာနဲ့ မြို့တော်ခန်းမဘက် ထွက်ခဲ့ကြတယ်။ ဒီနေ့ အကြိုနေ့က တနေ့လုံး မိုးအုံ့နေတယ်နောက် နဲနဲ ရွာတယ်။ ကြည့်ရတာ သင်္ကြန် ၄ ရက်လုံး မိုးအုံ့မယ်ပုံပဲ။ လည်တဲ့သူတွေ အသားမမည်းတော့ဘူးပေါ့။

Read the rest of this entry »

The Day before Thin Gyan

Infront Of Yuzana Plaza (12.5.09)

မနက်ဖြန်ဆိုရင် 13 ရက် သင်္ကြန် အကြိုနေ့ ရောက်ပြီ.. ဒီရက်တွေမှာ ၃ ရက်လောက်ရှိပြီ မိုးတွေ အုံ့တယ် နဲနဲ ရွာတယ်။ ဒီနေ့ တော့ မနက်ကတည်းက တော်တော်ရွာတယ်.. လမ်းတွေပေါ်မှာ ရေတွေ လျှံနေတယ်။ ဒါပထမဆုံး သည်းတာပဲ အရင်ရက်တွေကဆို အရမ်းပူလို့ ခေါင်းတွေလဲ မူးနေခဲ့တာ..

Read the rest of this entry »

Message from Myanmar Teleport

Message From Myanmar Teleport Bagan

မနေ့က ကတည်းက အပေါ်က message က ဘယ်ဆိုဒ်မဆို ခေါ်တိုင်း တက်လာပါတယ် အောက်က continue ကို click လုပ်မှ ကိုယ်သွားချင်တဲ့ နေရာကို ရောက်တာပါ။ သူပြောတာက International Internet Backbone ရေအောက် ဆက်ကြောင်းကို ပြင်စရာရှိလို့ ဒီလ March 21 ကနေ 25 အထိ ပုံမှန်ထက် နှေးမယ်လို့ ပြောပါတယ် (အရင် ပုံမှန်ကလဲ မြန်တာကိုး) ဒီနေ့တော့ တကယ်ကို နှေးပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကဆို ဆိုဒ်မှန်သမျှ Google.com ပါ အပါအ၀င် ခေါ်လိုက်ရင် ban ထားတဲ့ access denied ပဲပေါ်တာပါ။ အခုမှ ပြန်ကောင်းနေတာ ကွန်နက်ရှင် ဆိုးပါတယ် မြန်ချင်ရင်လဲ အရမ်းမြန်နေတယ်။ ဒီရက်တွေကတော့ မသုံးတာ ကောင်းမယ်ထင်တယ်။ 25 နောက်ပိုင်းမှာတော့ မြန်လာရင် ကောင်းမှာပဲလို့ ထင်တယ်။ =D ဒီ message က MTP Myanmar Teleport (Bagan) မှာ ပြတာပါ MPT မှာတော့ မသိပါဘူး။

Over Clocking Seminar

Over Clocking Seminar @ Info-Tech

ဒီနေ့ Info-Tech မှာ Asus ရဲ့ Authorized Dealer ဖြစ်တဲ့ Golden Power နှင့် Personal Computer Magazine တို့ က ပူးပေါင်းပြီး Over Clocking Seminar တစ်ခုကို ပြုလုပ်ပါတယ်။ နေ့လည် ၁ နာရီမှာ လုပ်တာ ဖြစ်ပြီး Over Clocking အကြောင်းကို အကြောင်းအရာစုံ ရှင်းပြခဲ့ပါတယ်။ လက်တွေ့ကိုတော့ Asus Striker II Extreme နဲ့ Core i7, DDR 3 RAM တွေကို သုံးပြီး သရုပ်ပြခဲ့ပါတယ်။ နောက် ပရိတ်သတ်တွေက သိလိုတာတွေမေးပြီးနောက် OC ကို စိတ်ဝင်စားသူများကို စုစည်ပြီးတဲ့ နောက် ပွဲပြီးဆုံးပါတယ်။

Read the rest of this entry »