hit counter

Archive for Intresting News

Air Plane Graveyard

Air Plane Graveyard from Arizona, USA

လူတွေအတွက် သင်းချိုင်းရှိသလို လေယာဉ်ပျံတွေ အတွက်လဲ သင်းချိုင်းရှိတာကို ပြီးခဲ့တဲ့ အပတ်ကတွေ့လိုက်မိတယ်။ Arizona, USA မှာ ရှိပါတယ်။ အပေါ်က ပုံမှာ ပြထားသလိုပဲ လေယာဉ်တွေ တန်းစီနေတာပါ။ အကြီးကြီးတွေကနေ ပေါက်စလေးတွေထိရှိပါတယ်။ ရဟတ်ယာဉ်တွေလဲ ရှိပါတယ်။ ရာချီပြီး ရှိတာမို့ အပြင်မှာ နေရာအရမ်းကျယ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ များလိုက်တဲ့ လေယာဉ်တွေများ အရုပ်တွေကျနေတာပဲ။ ကျွန်တော်ကတော့ ဘာမှမလုပ်ချင်ဘူး Counter Strike ထဲကလိုပဲ သေနတ်ပစ်တိုင်း သွားကစားချင်တယ်။ :D အောက်မှာ ပုံတွေ အသေးစိတ်ကြည့်လို့ ရပြီး E Irvington Rd, Tucson, Pima, Arizona, USA ကို Google Map မှာ ကြည့်လိုက်ရုံပါပဲ။ Google Map embed လုပ်ထားတာမို့ RSS က ဖတ်ရင်တော့ မြင်ရမယ် မထင်ပါဘူး ခင်ဗျာ။ ပျော်ရွှင်ပါစေ။

Read the rest of this entry »

Breaking News : Google, Gmail go down

Gmail Down ~ 403 Error

ဒီနေ့ Gmail ကော Google.com ကော မကြာမကြာ down နေပါတယ်။ အရင်လဲ တစ်ခါတလေ ကြုံတာမျိုး ရှိပေမယ့်.. ဒီနေ့ ကတော့ အဆိုးဆုံးပါပဲ ကမ္ဘာအနှံ့ က Gmail users တွေ ဒီနေ့ twitter မှာ ပြောနေကြတာ အများကြီးတွေ့ရတယ်. ကျွန်တော် ဆီမှာတော့ တခါတလေ ရနေပြီး တခါ refresh လုပ်ရင် မရတော့ပြန်ဘူး။ Google.com မှာ search လုပ်ဖို့လဲ တခါတလေ ရတယ် တခါ မရတော့ပြန်ဘူး။ CNN သတင်း ကတော့ ပြောသွားပါတယ် အခုဖြစ်နေတာကို Google က အမြန်ပြင်ဖို့ ကြိုးစားနေပါတယ်တဲ့။

Read the rest of this entry »

Interview with Nick La from WDW

မနေ့က Nick La နဲ့ interview လုပ်ထားတဲ့ ပို့စ် တစ်ခုတွေ့လို့ ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ Nick La ဆိုသူကတော့ Web Designer Wall, N Design Studio, Best Web Gallery တို့ရဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းနာ တစ်ယောက် ဖြစ်ပါတယ်။ သူဘလော့ဂ်တွေမှာ web design, web trends, illustrator စတဲ့ ဒီဇိုင်း အကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်။ နောက် Best Web Gallery မှာတော့ အခြား css ဆိုဒ်တွေရဲ့ ဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။

Read the rest of this entry »

Amazing Traffic Record at CNN.com


November 4 ရက် Election Day နေ့တုန်းက CNN.com ရဲ့ visitors အရေ အတွက် ကို TechCrunch မှာ ကြည့်ရင်း အံသြသွားတယ်။ 24 hours အတွင်းမှာ visitor 27 Million နဲ့ pageview 276 Million ရှိပါတယ်တဲ့။ ဒီအရေအတွက်က နဲတဲ့ အရေအတွက် မဟုတ်ပါဘူး။ ကျွန်တော့် ဆိုဒ်ကို တစ်နေ့ အဲဒီလောက်လူလာကြည့်မယ်ဆိုရင်တောင် ကျွန်တော် လက်မခံနိုင်ဘူး :P ကျွန်တော့် ဆာဗာ မနိုင်ပါဘူး ဟဲ။ CNN ရဲ့ ဆာဗာတွေ ကောင်းတာလဲ ကြိုက်သွားတယ်။

Read the rest of this entry »

Blog Action Day 2008 ~ Poverty

ဒီနေ့ အောက်တိုဘာလ ၁၅ (Octber 15) ရက်နေ့ဟာ နိုင်ငံတကာ Blog Action Day နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာတ၀န်းက ဘလော့ဂ်တွေမှာ ဒီနှစ် အတွက် ခေါင်းစဉ်ဖြစ်တဲ့ Poverty အကြောင်းကို အားလုံးက ဒီနေ့ တစ်ရက်တဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကလဲ ဒီနှစ်အတွက် Blog Action Day ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

Read the rest of this entry »

Warcraft Dota All-Stars Contest

မနက်ဖြန် ရန်ကုန် MICT Park မှာ Warcraft Dota All-Stars ပြိုင်ပွဲ ရှိပါတယ်။ ပထမဆု ၅ သိန်းပေးမှာလို့ ကြားပါတယ်။ ကျွန်တော်တော့ မပြိုင်ပါဘူး.. သိတဲ့ အတိုင်းပဲ ကျွန်တော်က normal တောင် ပတ်ပြေးနေရတာ ကျွန်တော့် ဘော်ဒါတွေက သွားပြိုင်ကြမှာပါ။ အဲဒီမှာ နောက်ဆုံး map နဲ့ ပြိုင်မယ်ပြောတယ်။ Hero ကို ကိုယ်ကြိုက်တာ ယူခွင့်ပေးမှာ ဖြစ်ပြီးတော့ တစ်ဖက်စီကို ဂိမ်းထဲက hero 4 ကောင် ပယ်ခွင့်ရှိမယ်လို့ ပြောပါတယ်။ အဲဒီမှာ အ၇င် ပြိုင်ပွဲတွေ ဆုရနေကြ Double Damage အဖွဲ့လဲ ပြိုင်ပါလိမ့်မယ်။ အဲဒီ Double Damage က ဘယ်သူလဲမှတ်တယ် နောက်တော့မှ ကျွန်တော့် သူငယ်ချင်း ညီတွေ အဖွဲ့မှန်းသိတယ် ကလေးတွေဆိုပြီး အထင်တော့ သေးလို့ မရပါဘူး မန္တလေးမှာလဲ သူတို့ပဲ နိုင်လာတာပါ။ မနက်ဖြန်တော့ ဘယ်လို ကစားကြလိမ့်မယ်ဆိုတာကို သွားပြီး လေ့လာလိုက်ပါဦးမယ် (ကျူရှင်လဲ လစ်လိုက်ဦးမယ်) :D

ကျွန်တော်ရက်မှား သွားတယ်ဗျ ပြိုင်ပွဲက နောက်လမှ လုပ်မှာတဲ့…

Recommended Article for Web Designers

ဒီနေ့ feed တွေဖတ်ရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တစ်ခုကို ဖတ်ဖြစ်လို့ ဒီမှာ ပြန်ပြီးပို့စ်တင်လိုက်တာပါ.. Kai Loon blog မှာ ဖတ်ဖြစ်တဲ့ personal အကြောင်းအရာတစ်ခုပါ.. သူက ဒီအကြောင်းကို မနေ့က twitter မှာ twitt လုပ်ထားတာတွေ့လို့ ကျွန်တော်တောင် reply လုပ်လိုက်သေးတယ် အကြောင်းအရာက က သူ့သူငယ်ချင်းက အလုပ်အပ်လို့ ဒီဇိုင်းဆွဲပေးတယ် layout ၇တော့ ပြတော့ ဟိုက HTML, CSS စတဲ့ဖိုင်တွေတောင်းပြီး နောက်ဆုံး မလုပ်ဖြစ်တော့ရာကနေ သူသွားကြည့်တော့ အဲဒီဆိုဒ်မှာ သူ့ရဲ့ layout သုံးထားတဲ့ ကိစ္စပါ. Layout ဆိုတာမျိုးကလည်း တကယ်တော့ art လို့ ပြောရင်ရမယ်ထင်တယ် အိုင်ဒီယာ အရောင် ဒီဇိုင်း resolution တွေက တကယ်တော့ mark up ထပ်ပိုပြီး စဉ်းစားရတဲ့ အရာမျိုးပါပဲ. ဒီလိုမျိုး အဖြစ်တွေကတော့ လူတွေအားလုံးမှာ ကိုယ်ချင်းစာစိတ် သူများကို လေးစားတတ်တဲ့စိတ်မရှိရင် ထပ်ဖြစ်နေမှာပဲ. ရှောင်နိုင်အောင်ကြိုးစားရမှာပါပဲ ကိုယ်လည်းနောင် ကြုံရတဲ့ အခါ ခွင့်လွှတ်ပြီး အေးအေးဆေးဆေး နေတာပဲ ကောင်းပါတယ်.

Read Article @ Kai Loon