Google Buzz VS Your Privacy

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Google ရဲ့ သတင်းပြေးနေတဲ့ Nexus One ကို ဒီနေ့ သွားကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တယ်ဆိုတာ အွန်လိုင်း မှာပြောတာပါ။ Google.com/phone မှာ ကြည့်လို့ ရတယ်လေ။ ပြောရရင် သူများတွေလို hands on မဟုတ်ဘူး mouse on ပေါ့နော် mouse နဲ့ ပဲ ထိလို့ရလို့လေ။
Do you know the history of Google? So, Check it out this Animation called “The Story Of Google“. This is not from Official Google’s Video, just created from one studio called Nick Scott Studio. But it’s perfect animation and complete Google’ History.
Myanmar IT Professionals ရဲ့ Myanmar Yangon Gathering ကို ဒီနေ့ Info Tech မှာ မနက် ၁၀ နာရီက စပြီးပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ Open talk အစီအစဉ် ပြုလုပ်ခဲ့ပြီး နေ့လည်မှာ break time ရှိခဲ့ပါတယ် နောက် 201 မှာ ဆက်ပြီး showcase အစီအစဉ် ပြုလုပ်ပါတယ်။ နေ့လည် ၂ နာရီမှာတော့ 205 မှာ MCPA နဲ့ ပူးပေါင်းပြီး MCPA က ဦးရဲရင့်ဝင်း က Online community အကြောင်း ကို Ravi က LAMPP နဲ့ ဦးဝင်းထိန်ဝင်း က .Net အကြောင်းကို ဆွေးနွေးပေးခဲ့ကြပါတယ်။

လွှန်ခဲ့တဲ့ ရက် မနက် အစောဘက် ငလျင်လှုပ်ပြီးတဲ့ နေ့မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကြည့်မိတဲ့ site တစ်ခုက Emergency Kit Packaging Design တစ်ခုကိုတွေ့လို့ ပုံပြန်တင်လိုက်ပါတယ်ဗျာ။ ဒီဇိုင်းမိုက်ပြီး compact ဖြစ်တာမို့ လက်တွေ့လဲ အသုံးဝင်မှာပါ။ သူ့ထဲမှာ First-aid, Food+Water, Shelter+Light, and Toiletry တွေပါတယ်။ ကြည့်ရတာ ဈေးကတော့ သေးမယ် မထင်ဘူး။ ဘာပဲပြောပြော အရင်က အဲဒီလောက် မဟုတ်ပေမယ့် အခုနောက်ပိုင်းတော့ Natural Disaster တွေကို လန့်လာနေတော့ ပစ္စည်းတွေလဲ ကြည့်တတ်လာပြီလို့ ပြောလို့ရတယ်။ အမှန်တော့ ဒါမျိုး ပစ္စည်းတွေက NGO မှာ volunteer လုပ်မှ ကိုင်ဖူးမြင်ဖူးရတာ မဟုတ်လား။

Microsoft က 2010 အတွက် Office Suite မှာပါလာမယ့် Outlook မှာ HTML email (News Letter Mail) တွေအတွက် သူက rendering engine အသစ်စသုံးမယ်လို့ အတည်ပြုလိုက်ပါပြီ။ အမှန်တကယ်တော့ အဲဒီ သုံးမယ်ဆိုတဲ့ rendering engine က Standard မရှိပါဘူး.. ဆိုလိုတာက နောက်ထပ် ၅ နှစ်လောက်ကြာတဲ့ အထိကို Email News Letter HTML တွေအတွက် table layout ပဲသုံးရမှာပါ။ နောက် background image, text-shadow, rounded-corner တွေ မရနိုင်ပါဘူး။

လွန်ခဲ့တဲ့ ၄ ရက်လောက်က ရန်ကုန်က Micro Star International (MSI) Dealer Smart Computer ရှိတဲ့ ၃၆ လမ်းကို ပြန်ရောက်ခဲ့တယ်။ အိမ်က desktop ဘာဖြစ်မှန်း မသိပဲကြွသွားလို့ ခင်ဗျ.. စက်က MSI P35 Neo2 ၀ယ်ထားတာပါ။ အကောင်းကြီးကနေ တစ်ခေါက်တော့ BIOS screen logo တက်ပြီး ဘာမှ မလာတော့ဘူး အဲဒီ ပုံပဲပြနေတာ BIOS ၀င်မရ၊ keyboard၊ Mouse မသိဖြစ်နေလို့ သွားပြင်ရတယ်။

Microsoft ရဲ့ portable music player Zune ကြော်ငြာ အသစ်ထွက်ပါတယ်.. Zune subscription အသစ်ကို ကြော်ငြာတာပါ။ iPod နဲ့ iTunes ကိုလဲ ဖဲ့ထားပါတယ်။ သူက iTunes ရဲ့ $1 per song (0.99$) နဲ့ $14.99 per month ကို ယှဉ်ပြောသွားတာပါ။ ဒါပေမယ့်လဲ Zune က ရောင်းအား၊ quality၊ support တွေမှာ iPod ကို မမှီသေးဘူးလို့တော့ ကျွန်တော် မြင်တာပဲ.. သီချင်း ၀ယ်တဲ့ ဈေးနှုန်း ကြီးတာ ပေါ်မူမတည်ပါဘူး။

ဒီနေ့ May 2 ရက်နေ့ဟာ ShutDown Day 2009 ပါ။ သူက campaign တစ်ခုပါ ဒီနေ့မှာ တစ်နေ့လုံး ကွန်ပျူတာ မဖွင့်ပဲနေဖို့ တိုက်တွန်းတာပါ။ စွမ်းအင်ချွေတာဖို့ပါတဲ့.. ကျွန်တော်ကတော့ မနေနိုင်ဘူး… အလုပ်ရှိသေးတယ်.. ဒါပေမယ့် မီးပျက်ရင်တော့ ဘာမှ မတတ်နိုင်ဘူး။ နေရတာပဲ စွမ်းအင်ချွေတာတာ ဒီနိုင်ငံကို ဘယ်ကမှမမှီနိုင်ပါဘူးလေ.. အခုတောင် မီးပျက်နေတယ်။ လောလောဆယ်တော့ ပူအိုက်နေလို့ အခုတိုတိုပဲ ရေးပြီး အပြင်ထွက်တော့မယ်ဗျာ။ Happy ShutDown Day!!
Sony Ericsson ကနေ T707 ကို ထွက်တော့မယ်လို့ သိရပါတယ်။ ဒီဖုန်းက Sony Ericsson’s brand ambassador, Maria Sharapova ကိုင်မှာ ဖြစ်ပါတယ်။ 2009 မှာ ပေါ့ အရင် နှစ်က သူကိုင်တာက Z555i ပါ။ ဒီဖုန်းက အမြင်လှတယ် ခေါက်ဖုန်းပါ။