29 Jun, 2011
ဒီနေ့ Google ကနေ Google+ (Google plus) ဆိုတာ စပြီး တရားဝင်ဆိုဒ် လုပ်ထားတာတွေ့ရပါတယ်။ ကြည့်လိုက်တော့ Social Networking ပုံစံမျိုးပါပဲ FaceBook ကို ယှဉ်တော့မယ်လို့ ထင်တယ်။ အရင်က လဲ ပြောရရင် Google Wave, Buzz တွေ လုပ်ခဲ့သေးတာပဲ ထင်သလောက် မအောင်မြင်သွားဘူး။ အခုတစ်ခေါက်လဲ နောက်ထပ် ကြိုးစားကြည့်တာ ဖြစ်ပုံရပါတယ်။
Read the rest of this entry »
27 Mar, 2011
Think Quarterly ဆိုတာက Google ကနေ အသစ် လုပ်ထားတဲ့ project တစ်ခုပါ။ အွန်လိုင်း မဂ္ဂဇင်းတစ်ခု ဖြစ်ပြီး နည်းပညာ၊ ဗဟုသုတ၊ စီးပွားရေး၊ အနုပညာ စသဖြင့် အစုံပါဝင်ပါတယ်။ တိတိကျကျပြောရရင် ဒီ မဂ္ဂဇင်းက Google UK ရဲ့ project ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းရှိတဲ့ grid layout နဲ့ လုပ်ထားပြီး အပေါ်က page flick က စစခြင်းမှာ သဘောကျမိပေမယ့် သေချာကြည့်တော့မှ flash ဖြစ်နေတာတွေ့ရပါတယ်။ 20ThingsILearn က HTML only ကမှ ပိုမိုက်သေးတယ်လို့ ထင်တယ်။ mobile version site လည်းလုပ်ထားလို့ တော်သေးတယ်။ တစ်ခုကောင်းတာက pdf download ပေးထားတာပါပဲ။
23 Mar, 2011
နောက်ကျနေပြီ ဆိုပေမယ့် တင်ချင်သေးလုိ့ ထပ်တင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Twitter.com က သက်တမ်း ၅ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလို ၅ နှစ်ပြည့်မှာ ထူးထူးခြားခြား အနေနဲ့ discover.twitter.com ဆိုပြီး page ဆောက်ထားပြီး ဗီဒီယို အတိုလေးတစ်ခုလဲ တင်ထားတာမို့ ဘလော့ဂ်မှာ ကြည့်ရအောင် ပြန်တင်လိုက်ပါတယ်။ အာကသထဲမှာတောင် twitter သုံးကြတယ်ဆိုတော့ Alien တွေလဲ အကောင့်မရှိဘူးလို့ မပြောနိုင်ဘူး နောက် ဗီဒီယို တစ်ခုလဲ တင်လိုက်ပါတယ် အဲဒါကတော့ Twitter Co-Founder Biz Stone နဲ့ Conan O Brian တို့ ရဲ့ ၅ နှစ်ပြည့် အင်တာဗျူးဖြစ်ပါတယ်။ ရှုစားကြပါဦး။
Read the rest of this entry »
19 Jan, 2011
ဒီနေ့ HTML 5 က သူ့ရဲ့ လိုဂိုအသစ် စရပါတယ်။ ဒါနဲ့ ဘလော့ဂ်မှာ ဘန်နာ ပြောင်းလိုက်ပြန်တယ်။ သူတင်မဟုတ်ဘူးခင်ဗျ သူ့ရဲ တွဲဖက် CSS 3 လဲပါတယ်။ နောက် 5 ရဲ့ features တွေ အတွက်လဲ ပါသေးတယ်။ စတစ်ကာတွေ ဖရီးစာတိုက်ကနေ ပို့တယ်ဆိုလို့ စိတ်ဝင်စားသွားသေးတယ် ယူအက်မှာ ထိစာပို့ ရမှာဆိုတော့ မဖြစ်နိုင်လို့ မလုပ်တော့ဘူး။ တီရှပ်တော့ လိုချက်နေပြန်သေးတယ်။ မကြာခင်မှာပဲ ကွျန်တော်လဲ ဘလော့ဂ်ကို တမ်းပလိတ် အသစ်ပြောင်းတော့မယ် HTML 5, CSS 3 ဖြစ်ပါလိမ့်မယ်။ ပြီးရင် validate လုပ် badge တွေ ထည့်ပစ်ဖို့ စဉ်းစားထားတယ်။ ဒီနေ့တော့ ဆားချက်ပြီး အသစ်တင်လိုက်ပါတယ်။ မကြာခင် အားတာနဲ့ ကောင်းကောင်းပြန်တင်ပါ့မယ်။
15 Jan, 2011
US မှာလုပ်နေတဲ့ CES 2011 ပွဲမှာ Surface version 2.0 ကို ပြသွားတာပါ။ အရင် Surface version 1.0 (Code named Milan Tabletop) တုန်းကတော့ လူသိပ်စိတ်မဝင်စားကြပါဘူး။ အရင်က ရိုးရိုးကွန်ပျူတာကို ပက်လက်လှန် လက်နဲ့ တို့သုံးတာလို့ပဲ ထင်ကြတာကိုး။ အခုတစ်ခေါက်ကတော့ ထူးခြားပါတယ် ကွျန်တော်လဲ CNet Video ကြည့်ပြီး သဘောကျသွားတယ်။
Read the rest of this entry »
11 Jan, 2011
FaceBook ကနေ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကပဲ email ပို့လို့ရတဲ့ feature ကို အစမ်းသုံးဖို့ ကွျန်တော့်ဆီမှာ alert လာပြပါတယ်။ ဒီတစ်ခုက အရင်လတွေကတည်းက ပြောထားပြီးသား beta အနေနဲ့ invitation letter ရောက်တဲ့သူတွေ စမ်းသုံးလို့ရပြီးသားပါ။ ကွျန်တော်လဲ အရင်စပြီး announce လုပ်ကတည်းက အီးမေးပို့ပြီး beta tester လုပ်ဖို့ ပြောထားပေမယ့် အခုမှရပါတယ်။ အခုရတာက ယူဇာ အားလုံးရတာလား invite လုပ်ထားတဲ့သူပဲ ရသေးတာလားတော့ မသဲကွဲသေးပါ။ သူငယ်ချင်းတစ်ယောက်က သူမှာမရဘူး ပြောပါတယ်။
Read the rest of this entry »
23 Oct, 2010
ဒီနေ့ မနက် ၉ နာရီမှာ Sriptum University, Bangkok မှာ လုပ်တဲ့ BarCamp Bangkok 4 ကို ရောက်ဖြစ်ပါတယ်။ မနက်ပိုင်းမှာ register လုပ်တာတွေ gift pack ပေးတာတွေ လုပ်ပြီးတဲ့နောက် opening ceremony စပါတယ်။ ဒီနေ့ ပွဲကို လူခန့်မှန်း ၆၀၀ လောက်လာတယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ လူမျိုးအနေနဲ့ ၁၅ ယောက်လောက်ပါလိမ့်မယ် ထင်တယ်။ အခြား Sponsors နဲ့ Non-Profit တွေကဆိုရင် IBM, Google, Yahoo, Dell, HTC, Mozilla Firefox, Trednet, CodeAgent စတာတွေက လူတွေလာကြပါတယ်။ လက်ရှိကတော့ HTML5 အခန်းထဲကနေ ဓာတ်ပုံတွေတင်ရင်း live blogging လုပ်နေပါတယ်။ ဆက်ရန်…..
26 Aug, 2010
BarCamp Singapore 6 Event ကို အခုလာမယ့် October 9, 10 (Sat And Sunday) ၂ ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ Camp က Singapore ရဲ့ 2010 အတွင်းမှာ ဒုတိယမြောက် လုပ်တာဖြစ်ပါတယ်။ ပထမ အခေါက် BarCamp SG 5 တုန်းက ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေကို BarCamp Singapore 5 မှာ ပြန်ကြည့်လို့ရပါတယ်။ အခုတစ်ခေါက်ကိုတော့ City Hall မှာ လုပ်မယ်လို့ ဆိုပါတယ်။ Twitter hash tag က #BarCampSG6 ဖြစ်ပါတယ်။
16 Aug, 2010
Gmail ရဲ့ layout အသစ် features အသစ်ကိုဒီနေ့မှ သေချာ စမ်းသုံးကြည့်မိပါတယ်။ သတိထားမိပေမယ့် မအားတာကြောင့် မကြည့်ဖြစ်တာလဲပါပါတယ်။ အခုကတော့ Multiple Accounts ကော Google Contact ကော အခြား ကောင်တွေပါစမ်းကြည့်ဖြစ်တယ်။ Google ရဲ့ Multiple Accounts feature က တော်တော်အသုံးဝင်ပါတယ် အရင်ကဆို အကောင့်တစ်ခုဝင်ထားရင် cookie ကြောင့် နောက် အကောင့်တစ်ခု ၀င်ချင်ရင် တစ်ခုထွက်ပေးရပါတယ်။ Firefox မှာဆိုရင် plug in သုံးပြီးဝင်ရပါတယ်။ အခုတော့ officially မလိုတော့ပါဘူး။
18 May, 2010
ဒီနေ့တော့ FaceBook နဲ့ privacy အကြောင်းပြောချင်လို့ပါ။ personal မြင်တာပဲပြောမှာပါ နဲနဲတော့ လန့်တယ် လူတွေက တစ်ခုခုဆို ဘာရယ်မဟုတ် copy ကူးပြီး forward mail လုပ်တတ်ကြသေးတာကိုး.. အရင် တစ်ခေါက်ကလဲ ပြသနာ အပြုံလိုက်ရခဲ့ပြီးပြီ။ အခုကတော့ ကြိုမေတ္တာရပ်ခံထားမှ.. FaceBook အကြောင်းဆိုတာက အဓိကက သူ့ရဲ့ policy အသစ်အကြောင်းပါ။ FaceBook F8 Event ပြီးတော့ အသစ်ဖြစ်လာတဲ့ Terms & Conditions တွေတော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အချိုးမပြေလို့ ရေးဖြစ်ပါတယ်။ အားလုံးလဲ သိထားသင့်တယ်ထင်လို့ပါ။