Archive for Personal

Thoughts After Soccer Match

Cracks from Myanmar VS OMan 2nd Leg Match

မြန်မာ နဲ့ အိုမန် ပွဲမှာ ဖြစ်ခဲ့တဲ့အကြောင်းကို မနေ့က ကွျန်တော် တွေ့ကြုံခဲ့သမျှရေးခဲ့ပြီးသလို အောက်ဆုံးမှာ ကွျန်တော့် အမြင်လဲ ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီအကြောင်းက social media တွေမှာကော အခြား နေရာတွေမှာပါ တဖြည်းဖြည်းချဲ့ကားလာနေတာမို့ ကွျန်တော် personal အမြင်ကို တွေ့ကြုံခဲ့ရတာနဲ့ ယှဉ်ပြီး နောက်ထပ် ထပ်ရေးဖြစ် ပါတယ်။

အခုတွေ့ နေရတာက facebook မှာဆိုလဲ တစ်ချို့ ရေးထားကြတာဖတ်ရပါတယ်။ ပြည်သူတွေက အစိုးရကို မကျေနပ်လို့ အဲဒီမှာပေါက်ကွဲကုန်တာတွေကော၊ လက်နက်ကိုင် လုံခြုံရေးတွေ ကြည့်မရလို့ ဆိုတာတွေရော၊ ဦးဇော်ဇော် က ပရိတ်သတ်တွေကို လက်ညိှုးထိုးပြီး အော်ဟစ် ခြိမ်းခြောက်တာတွေကော အစုံပဲ။ ခလုတ် တိုက်တာကနေ နောက်ဆုံး ဖားပြုတ် ရိုက်တယ် ဆိုတဲ့ အခြေအနေတောင် ဖြစ်နေပြန်တယ်။ ဒါနဲ့ ကွျန်တော် ကြုံခဲ့ရတာတွေ ဒီနေ့ အသေးစိတ်ပြန်ထပ် ရေးပါတယ်။

Read the rest of this entry »

Copyright or Copy is Right?

Yangon Bus By Otto de Voogd

ဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ နိုင်ငံခြားရောက် မြန်မာ တစ်ယောက်နဲ့ နိုင်ငံခြားသား ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဓာတ်ပုံ copyright ကိစ္စ ဖတ်မိပါတယ်။ အစက ဘာမှမပြောလိုပေမယ့် နိုင်ငံခြားရောက် မြန်မာဘလော့ဂ်ဂါရဲ့ ရေးသားပုံ အမြင် perspective ကို သဘောမကျတာကြောင့် အခုစာကို ရေးဖြစ်ပါတယ်။

ဖြစ်ပုံက အဲဒီ မြန်မာဘလော့ဂ်ဆိုဒ်မှာ photo manipulation ခေါ်တဲ့ ဓာတ်ပုံပြုပြင်ပြောင်းလဲ ပေါင်းစပ်တဲ့ နည်းနဲ့ ပုဂံဘုရားပုံနဲ့ စစ်ကျန် ဗိုက်ပူ ဘက်စ် ကားတစ်စီးတွဲထားတဲ့ ပုံမှာ စတာဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက စစ်ကျန် ဘက်စ် ကားပုံဟာ သူ့ပုံဖြစ်ပါတယ်ဆိုပြီး ပြောလာတာပါ။ သူပြတဲ့ သူ့ကိုယ်ပိုင်ရိုက်ပုံ အထောက်အထား စတာတွေ အရ bus ကားရဲ့ ထောင်မြင်ကွင်း ကားနံပါ စတာတွေဟာ အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။ ကွျန်တော်အနေနဲ့ comment ပေးတာထက် စာဖတ်သူ ကိုယ်တိုင် ယှဉ်ကြည့်ပြီး judge လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဒီ ကိစ္စအတွက်တော့ သိပ်ထွေထွေထူးထူး မပြောလိုပါဘူး အဲဒီ နိုင်ငံခြားသားက မူရင်း ဓာတ်ပုံဆရာ ဟုတ်မဟုတ်လဲ ကွျန်တော် စိတ်မဝင်စားဘူး။

Read the rest of this entry »

Trip to Pyin Oo Lwin (July 2011)

Pyin Oo Lwin, May Myo Landscape

ပြီးခဲ့တဲ့ သောကြာနေ့ ညက မန်းလေးဘက်ကို သူငယ်ချင်းတွေနဲ့ အတူ ခရီးသွားဖြစ်ပါတယ်။ ခရီးက ကပ်မှ သိရတာကြောင့် အိမ်ကိုတော့ အဲဒီနေ့ မနက်ကမှ ပြောဖြစ်တယ်။ အမှန်တော့ အခြားကိစ္စမဟုတ်ပဲ ဘလော့ဂ်ဂါ သယ်ရင်း နန်းညီ အိမ်ပြန်တာကို အလည်လိုက်ကြတာပါ။ မန်းလေးကို စနေမနက် အစောမှာ ရောက်သွားပြီး အသိအကိုတစ်ယောက် အိမ်မှာတည်းကြပါတယ်။ ရောက်ရောက်ခြင်း မနက်မှာပဲ ခဏနားပြီး ကားငှားပြီးတော့ ပြင်ဦးလွင် တက်ဖြစ်ကြပါတယ်။

Read the rest of this entry »

Hardware Always Matter?

Drill Gun icon

ဒီရက်တွေမှာ ဘလော့ဂ်လဲ အသစ်မရေးနိုင်အောင် အလုပ်များ၊ အပျင်းကြီးနေတာနဲ့ ပြန်ရေးမယ်ဆိုတော့ ဘာရေးရမလဲ စဉ်းစားရင်း လောလောဆယ် ဝင်ပြောဖြစ်တဲ့ debate တစ်ခုက အကြောင်းလေး ရေးချင်ပါတယ်။ အကြောင်းကတော့ iPhone vs Android ပေါ့။ ဒါပေမယ့် ကွျန်တော် အဲဒီဖုန်းအကြောင်း စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားတာက သူတို့ ပြောရင် ယှဉ်ကြတဲ့ Hardware Spec က တကယ်အရေးကြီးတဲ့ factor လားဆိုတာပဲ စိတ်ဝင်စားပါတယ်။

Read the rest of this entry »

Me & My First DSLR

Canon EOS 550D (Rebel T2i)

ဒီ​နေ့​ကတော့ ဓာတ်​ပုံတင်​စရာ​လဲ မ​ရှိ​တော့​တာ​မို့ ကွ​ျန်တော်​နဲ့ ကင်​မ​ရာ အကြောင်း​ပြော​ဖို့ အချိန်​ရောက်လာ​ပါ​တယ်။ အရင်​ကတည်းက အိမ်​မှာ ကင်​မ​ရာ​ဆို​လို့ ဖ​လင်​ကင်​မ​ရာ​ကော နောက် ဒီ​ဂျစ်​တယ်​ခေတ်​မှာ​ကော point and shoot camera မျိုး​တောင် မ​ဝယ်​ဖြစ်​ပါ​ဘူ။ တစ်​အိမ်​လုံး​လဲ ဓာတ်​ပုံ​ရိုက်​ရ​တာ​ရော ကြည့်​ရ​တာ​ရော ဝါသနာ မ​ပါ​ကြ​ပါ​ဘူး။ အမှန်​အတိုင်း​ပြော​တာ​ပါ အခု​ထိ​လဲ ကွ​ျန်တော် ဓာတ်​ပုံ​ဆို​တာ အတိတ်​ကို​ပြန်​လွမ်း​နေ​တဲ့ အရာ​ပဲ​လို့ တွေး​နေ​တုန်း​ပါ။ ဓာတ်​ပုံ​တွေ​လဲ ကြည့်​လေ့​မ​ရှိ​ပါ​ဘူး။

Read the rest of this entry »

Me Playing The Rising Fighting Spirit

Me Playing The Rising Fighting Spirit from Htoo Tay Zar on Vimeo.

မနေ့​က ည​ဘက်​စိတ်ကူး​ပေါက်​လို့ ဂစ်​တာ​တီး​ဖြစ်​ပါ​တယ်။ The Rising Fighting Spirit ဆိုတဲ့ ဂျပန် တူရိယာ​သက်သက် သီချင်း​ပါ။ Naruto manga ကာ​တွန်း​ကား​ထဲ​မှာ ပါ⁠ပါ​တယ် ကလေး​ဘဝ အပိုင်း​မှာ ပါ​တယ်။ အဲ​ဒီ သီ​ချင်းတော်တော်​ကြိုက်​ပါ​တယ် ဂျပန် ဒ​ရမ်​သံ​လဲ​ပါ​တယ် နောက် ခေတ်ပေါ် guitar သံ​ကော​နောက် ဂျပန်​ပုလွေ​သံ​ကော ရော​ထား​တာ​က ရသ​တစ်​မျိုး​ရ​တယ်။ ဒါ​နဲ့​ပဲ အဲ​ဒီ​သီချင်း​တီး​ဖြစ်​ပါ​တယ် အမှန်​တော့ notes တွေ မေ့​တောင်​နေ​ပါ​ပြီ။

Read the rest of this entry »

HTZ Interviewed With VOA, Lawka Ahla

Interview with Lawka Ahla

ဒီ​အပတ်​တွေ​မှာ ကွ​ျန်တော်​ကို အင်တာဗျူး​တချို့​မေး​တာ​တွေ ရှိ​ပါ​တယ် အထူး​သ​ဖြင့်​တော့ ယူ​နီ​ကုတ်​ပြောင်း​လိုက်​တဲ့ ကိစ္စ​နဲ့ ပက်​သတ်​ပြီး​တော့​ပါ​ပဲ။ ပြည်​တွင်း​က printed media တွေ​လဲ ပါ⁠ပါ​တယ် နောက် လောက​အလှ အွန်​လိုင်း magazine က အမ တစ်​ယောက်​မေး​တာ​လဲ ပါ⁠ပါ​တယ်။ နောက် VOA အသံလွှင့်ဌာနကလဲ ပါ⁠ပါ​တယ်။

Read the rest of this entry »

Did I Catch Ghost in Photos?

Ghost in Picture?

ဘာရယ်မဟုတ်ပါဘူး Christmas ရောက်တော့မှ Halloween အတွက်တင်ရမှာတွေ ထတင်တာပါ။ လွန်ခဲ့တဲ့ ၂ လလောက်က လှည်းကူး စစ်သချိုင်းမှာ ဓာတ်ပုံရိုက်ဖြစ်တဲ့ အထဲက ၂ ပုံတင်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ တူတူသွားတယ် ဓာတ်ပုံရိုက်ဖြစ်ရင်း သရဲလိုလို ဘာလိုလိုတွေ ပုံထဲပေါ်လာတာ ၂ ပုံရှိခဲ့ပါတယ်။ အဲဒါတွေပြန်တင်ဖြစ်တာပါ။


Blackmore’s Night & Helvetica T-Shirt

Helvetica T-Shirt

လွန်ခဲ့တဲ့ ၃ ရက်လောက်က မြို့ထဲမှာ တစ်နေကုန်ပတ်ရင်း ပြည်လမ်းပေါ်က Sein Gay Har Centre မှာ Blackmore’s Night အခွေ ပြန်တွေ့လို့ Christmas လက်ဆောင်အနေနဲ့ သိပ်ချစ်ရတဲ့ ကိုယ့်ကိုကိုယ် ပြန်ဝယ်ပေးဖြစ်ပါတယ်။ ဒီအခွေက ကျွန်တော့်မှာ ရှိပြီးသားပါ ၃ ခွေတောင်ရှိတယ် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အခွေတွေ ထစ်လိုက် အသစ်ပြန်ဝယ်လိုက်နဲ့ပဲ။ သီချင်းတွေလဲ ကြိုက်တယ် ကံကောင်းချင်တော့ ဒီဇင်ဘာအေးတဲ့ လမျိုးမှာ ပိုတောင် နားထောင်လို့ကောင်းပါတယ်။ Under Violet Moon တို့ Clock Ticks On တို့လိုမျိုးပေါ့။ ဘလော့ဂ်စရေးကတည်းက ဒီဇင်ဘာရောက်တိုင်း သီချင်းတင်ပြီး ပို့စ်တင်မလို့ပဲ အခုထိ မလုပ်ဖြစ်သေးဘူး။ ဘာပဲပြောပြော တုန်နေအောင် အေးတဲ့ ဆောင်းမှာ ညတိုင်း နားထောင်လို့ကောင်းသွားတယ်။


Copy Cats

Best T Billboard

တလောက ပြည်လမ်း အင်းလျားကန်နားက Best T သွားတိုက်ဆေး billboard တစ်ခု တွေခဲ့မိတယ်။ သဘောကျတာနဲ့ ဓာတ်ပုံရိုက်ထားလိုက်သေးတယ် ဘလော့ဂ်မှာတင်ပြီး အိုင်ဒီယာ ကောင်းတဲ့ အကြောင်း ဂုဏ်ပြုမလို့ပါပဲ။ ဒါပေမယ့် Best T, Super Coffee, Laser သွားတိုက်ဆေး လုပ်နေတဲ့ company က ကြော်ငြာတွေက အိုင်ဒီယာတွေ ခိုးချတတ်လွန်းလို့ ခဏစောင့်ကြည့်ဖြစ်တယ်။ အွန်လိုင်းမှာ မကြာဘူး ကူးချထားတာတွေ တွေ့ရတော့တာပဲ။
