Posts in Category: Perspective

Vision And Composition

jetty-by-tayzar အရင်ကတည်းက visual arts တွေ ကြိုက်တယ် ဂရပ်ဖစ်ဒီဇိုင်း လဲ နှစ်သက်တယ်၊ အလုပ်လုပ်တယ် နောက် ဓာတ်ပုံပါရိုက်ဖြစ်ပေမယ့် visual arts တွေ ဖြစ်တာနဲ့ အညီအခြေခံတွေက တူပါတယ်။ အရင်ကလဲ အားတိုင်းစဉ်းစားရင်း ပေါက်ကရအတွေး အခေါ်တွေ ရေးပြီး အခုလဲ စိတ်ထင်ရာရေးတာမို့ အမြင်မတူရင်လဲ အားနာစရာမရှိပဲ လွပ်လွပ် လပ်လပ် ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ…

စဉ်းစားမိသလောက်ပေါ့ visual arts မှာ အကန့်အသတ် limit ရှိတယ်လို့ ထင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာမဟုတ်ပါဘူး မီဒီယမ် အကန့်အသတ်ပါ။ ပန်းချီပဲဖြစ်စေ၊ ဂရပ်ဖစ်ပဲဖြစ်စေ၊ ဓာတ်ပုံပဲဖြစ်စေ၊ ဗီဒီယိုဂရပ်ဖီပဲဖြစ်စေပေါ့။ လေးထောင့် အကန့်အသတ်လား၊ wide 16:9 အချိုးနဲ့ လားစသဖြင့်ပေါ့ ရှိတယ်။ စဉ်းစားမိသလောက် visual မှာ လုပ်မယ်ဆို visual performance art သာလျှင် အကန့်အသတ် ဘောင် မရှိသလို viewer က ကြိုက်တဲ့နေရာက ကြည့်လို့ ရတယ်လို့ထင်ပါတယ်။ ကျန်တာတွေမှာ viewer က ကြိုက်တဲ့နေရာက ကြည့်လို့ မရဘူး နောက် မီဒီယမ် မှာ အကန့်အသတ် ဘောင်ရှိတယ်။ ဆိုတော့ အနုပညာရှင်က ဘာပြချင်သလဲပေါ်မူတည်ပြီး ဘောင်ထဲမှာ ထည့်ပြရတော့တယ်။

အဲဒီ အခါမှာ viewer နဲ့ ချိတ်ဆက် engage ဖြစ်နိုင်ဖို့ composition ဆိုတဲ့ နေရာအထားအသိုက အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံကြီးအကြီးကြီးထုတ်ထားပြီးပြရင် composition ဘာလိုမှာလဲ မေးစရာရှိပေမယ့် တကယ်တမ်း နံရံအပြည့် ဘုတ်ထောင်ထားရင်တောင် viewer ရဲ့ မျက်လုံးမြင်ရတဲ့ ပမာဏဟာ တစ်ခုလုံးကို ခြုံပြီး ကြာကြာကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ နောက် လူ့စိတ်၊ မျက်လုံးဟာ တစ်ကြိမ်မှာ တစ်နေရာသာ ရောက်တာမို့ ဘယ်လောက်ကြီးကြီး လုပ်ထားထား composition ဟာ အရေးပါနေမှာပါပဲ။

Buying Gadgets And Knowing Vital Information

Electronic Gadgets

ဒီဘက်ခေတ်မှာ gadgets တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဝယ်ခင် သတင်းအချက်အလက်, reviews တွေ ကြည့်တာ အရမ်းအရေးပါပါတယ်။ အရင်ကဆို Apple ထုတ်တွေရှိတယ် ဘာမှကြိုပြီး သတင်းမထွက်ပဲ ချက်ချင်း မော်ဒယ် အသစ်မိတ်ဆက်ပေးပြီး ချက်ချင်းကောက်ထုတ်တတ်တယ်။ နောက်ဓာတ်ပုံရိုက်တော့ သိလာတာက Canon နဲ့ အခြား ကင်မရာတွေလဲ သတင်းကြိုမကြေငြာပဲ ထုတ်တတ်ကြတာပါပဲ။ Apple ထုတ် mac တွေ iOS devices တွေဆို သိသာတယ် ကြိုထုတ်မယ် ကြေငြာမထားသလို ထုတ်ရင်လဲ ဒီနေ့ကြေငြာ မနက်ဖြန် ဒါမှမဟုတ် ၂ ပတ်လောက်အတွင်း ပစ္စည်းဝယ်လို့ရပြီ ဆိုတာမျိုးပါပဲ။ အသစ်ထွက်တဲ့ စျေးကလဲ အရင်ထုတ်ခဲ့တဲ့ မော်ဒယ် စျေးအတိုင်းဆိုတော့ ဒီိလိုမျိုးတွေ ကြိုသိမထားပဲ ဝယ်မိရင် ဒီနေ့ ဝယ်လိုက်ပေမယ့် နောက်ရက် မော်ဒယ် အသစ်ကို လက်ရှိစျေးနဲ့ ထွက်လာတဲ့အခါ ကြေကွဲရပါလိမ့်မယ်။

Understanding Human Behavior

ဒီရက်တွေမှာ မအားတာနဲ့ ဘလော့ဂ်တောင် ကောင်းကောင်း မရေးဖြစ်ပါဘူး ဓာတ်ပုံ ဘလော့ဂ်မှာပဲ နဲနဲ တင်ဖြစ်တယ်။ အခုတစ်ခေါက်ကတော့ ဘာရယ်မဟုတ်ဘူး ကျွန်တော် လူတွေကို အကဲဖြတ်တဲ့နည်း အကြောင်းရေးမလို့ပါပဲ ဒါတွေက ကျွန်တော့် ပါစင်နယ် အမြင်ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ကတော့ တရားစာအုပ် အဖတ်များလို့ ထင်တယ် တရားစာအုပ်ထဲက အကြောင်းတွေပိုပြီး inspire ဖြစ်နေပါတယ်။ ဥပမာ ဆိုရရင် ကျွန်တော့်အတွက်တော့ လူကြားထဲ ဖိနပ်ပြတ်ပြီး ဖိနပ် မပါပဲ အိမ်ပြန်ရမှာ မရှက်ပေမယ့်၊ လူကြားထဲမှာ သတိလက်လွတ် ချော်လဲရမယ် လက်ထဲကိုင်ထားတာတွေ အကြောင်းမယ့် ကိုယ့်ဖာသာ လွတ်ကျရမှာမျိုးတွေကို ရှက်ပါတယ်။

Fight For The Rights

Burmese Wa And Thon Nya

ဒီဘက်နှစ်တွေမှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်မိတော့ အရင်လို ကလေးသိပ်မဆန်တော့တာကို သတိထားမိတယ်။ အခုမှ အရွယ်ရောက်တာကိုးဗျ နောက် မတရားတာ မမှန်တာ၊ လွဲနေတာတွေ အရင်လို ကိုယ်နဲ့ မဆိုင်သလို နေတတ်တဲ့ စိတ်မရှိတော့ပဲ သိသလောက်မှတ်သလောက်နဲ့ ဝင်ပြီး ပါမိတာသတိထားမိတယ်။ အရင်ကတော့ လူချစ်ပဲခံမယ် အမုန်းမခံဘူးဆိုတဲ့ အယူအဆမျိုးနဲ့ သူများ မဟုတ်တာလုပ်ရင် ဝင်မပြောခဲ့သလို မသိချင်ယောင်ဆောင်ခဲ့မိတယ်။ နောက်ပိုင်းတော့ သတိထားမိလာတယ် ကိုယ့်အိမ်နီးချင်း မီးလောင်တာ ကို မငြှိမ်းရင် နောင်လဲ ကိုယ့်ဆီကူးလာမှာပဲ ဆိုတာရယ် သူများကို မတရားတာလုပ်နေတာကို ဝင်မကူခဲ့ရင် ကိုယ်အလှည့်ကျရင်လဲ ဝင်ကူမယ့်သူ ရှိမှာ မဟုတ်ဘူးဆိုတာ တွေးမိခဲ့တယ်။

What is STANDARD ?

standards

STANDARD ဆိုတဲ့ စကားလုံးကို မြန်မာလို အားဖြင့် အဆင့်အတန်း ဒါမှမဟုတ် စံသတ်မှတ်ချက် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရက်ပိုင်း တွေးမိနေတဲ့ အတွေးတွေက ကျွန်တော်တို့မှာ စံသတ်မှတ်ချက် ဆိုတာကော ရှိရဲ့လားပေါ့။ မနေ့ညက အိမ်အပြန်လမ်းမှာ တွေ့တဲ့ လမ်းဘေးက ကားတွေ ကြည့်ရင်းလဲ စဉ်းစားမိတယ် ဒီကားတွေ ဘယ် စံသတ်မှတ်ချက်နဲ့ သွင်းနေတာလဲ။ ကျွန်တော်တို့ ဆီမှာ အခုဆို ဒီမိုကရေစီစနစ်အရ လွှတ်တော်ဆိုတာတွေလဲ ပေါ်လာပါပြီ။ မြန်မာပြည်အတွက် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ မှန်ပေမယ့် စံသတ်မှတ်ချက်တွေ လွှတ်တော်မှာ ဆွေးနွေးတာ ခုထိမတွေ့ရသေးဘူး။ ကျွန်တော်အနေနဲ့ ကတော့ စံသတ်မှတ်ချက် မရှိသရွှေ့ အဆင့်အတန်း မရှိသေးတဲ့ သူအဖြစ် ခံယူမိနေဦးမှာပါပဲ။

Thoughts After Soccer Match

Cracks from Myanmar VS OMan 2nd Leg Match

မြန်မာ နဲ့ အိုမန် ပွဲမှာ ဖြစ်ခဲ့တဲ့အကြောင်းကို မနေ့က ကွျန်တော် တွေ့ကြုံခဲ့သမျှရေးခဲ့ပြီးသလို အောက်ဆုံးမှာ ကွျန်တော့် အမြင်လဲ ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီအကြောင်းက social media တွေမှာကော အခြား နေရာတွေမှာပါ တဖြည်းဖြည်းချဲ့ကားလာနေတာမို့ ကွျန်တော် personal အမြင်ကို တွေ့ကြုံခဲ့ရတာနဲ့ ယှဉ်ပြီး နောက်ထပ် ထပ်ရေးဖြစ် ပါတယ်။

အခုတွေ့ နေရတာက facebook မှာဆိုလဲ တစ်ချို့ ရေးထားကြတာဖတ်ရပါတယ်။ ပြည်သူတွေက အစိုးရကို မကျေနပ်လို့ အဲဒီမှာပေါက်ကွဲကုန်တာတွေကော၊ လက်နက်ကိုင် လုံခြုံရေးတွေ ကြည့်မရလို့ ဆိုတာတွေရော၊ ဦးဇော်ဇော် က ပရိတ်သတ်တွေကို လက်ညိှုးထိုးပြီး အော်ဟစ် ခြိမ်းခြောက်တာတွေကော အစုံပဲ။ ခလုတ် တိုက်တာကနေ နောက်ဆုံး ဖားပြုတ် ရိုက်တယ် ဆိုတဲ့ အခြေအနေတောင် ဖြစ်နေပြန်တယ်။ ဒါနဲ့ ကွျန်တော် ကြုံခဲ့ရတာတွေ ဒီနေ့ အသေးစိတ်ပြန်ထပ် ရေးပါတယ်။

Copyright or Copy is Right?

Yangon Bus By Otto de Voogd

ဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ နိုင်ငံခြားရောက် မြန်မာ တစ်ယောက်နဲ့ နိုင်ငံခြားသား ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဓာတ်ပုံ copyright ကိစ္စ ဖတ်မိပါတယ်။ အစက ဘာမှမပြောလိုပေမယ့် နိုင်ငံခြားရောက် မြန်မာဘလော့ဂ်ဂါရဲ့ ရေးသားပုံ အမြင် perspective ကို သဘောမကျတာကြောင့် အခုစာကို ရေးဖြစ်ပါတယ်။

ဖြစ်ပုံက အဲဒီ မြန်မာဘလော့ဂ်ဆိုဒ်မှာ photo manipulation ခေါ်တဲ့ ဓာတ်ပုံပြုပြင်ပြောင်းလဲ ပေါင်းစပ်တဲ့ နည်းနဲ့ ပုဂံဘုရားပုံနဲ့ စစ်ကျန် ဗိုက်ပူ ဘက်စ် ကားတစ်စီးတွဲထားတဲ့ ပုံမှာ စတာဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက စစ်ကျန် ဘက်စ် ကားပုံဟာ သူ့ပုံဖြစ်ပါတယ်ဆိုပြီး ပြောလာတာပါ။ သူပြတဲ့ သူ့ကိုယ်ပိုင်ရိုက်ပုံ အထောက်အထား စတာတွေ အရ bus ကားရဲ့ ထောင်မြင်ကွင်း ကားနံပါ စတာတွေဟာ အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။ ကွျန်တော်အနေနဲ့ comment ပေးတာထက် စာဖတ်သူ ကိုယ်တိုင် ယှဉ်ကြည့်ပြီး judge လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဒီ ကိစ္စအတွက်တော့ သိပ်ထွေထွေထူးထူး မပြောလိုပါဘူး အဲဒီ နိုင်ငံခြားသားက မူရင်း ဓာတ်ပုံဆရာ ဟုတ်မဟုတ်လဲ ကွျန်တော် စိတ်မဝင်စားဘူး။

Hardware Always Matter?

Drill Gun icon

ဒီရက်တွေမှာ ဘလော့ဂ်လဲ အသစ်မရေးနိုင်အောင် အလုပ်များ၊ အပျင်းကြီးနေတာနဲ့ ပြန်ရေးမယ်ဆိုတော့ ဘာရေးရမလဲ စဉ်းစားရင်း လောလောဆယ် ဝင်ပြောဖြစ်တဲ့ debate တစ်ခုက အကြောင်းလေး ရေးချင်ပါတယ်။ အကြောင်းကတော့ iPhone vs Android ပေါ့။ ဒါပေမယ့် ကွျန်တော် အဲဒီဖုန်းအကြောင်း စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားတာက သူတို့ ပြောရင် ယှဉ်ကြတဲ့ Hardware Spec က တကယ်အရေးကြီးတဲ့ factor လားဆိုတာပဲ စိတ်ဝင်စားပါတယ်။