Posts in Category: softwares

First Silverlight FaceBook Client

FaceBook Client on Silverlight

Microsoft Silverlight သုံးထားတဲ့ FaceBook Client ကို ၃ ရက်လောက် စမ်းသုံးကြည့်ဖြစ်တယ်။ Silverlight run time 4.0 Beta ပေါ်မှာ ပဲ အလုပ်လုပ်တာမို့ version 3 သုံးနေရင် beta version download လုပ်ဖို့ လိုပါလိမ့်မယ်။ အရင်ဆုံး သတိထားမိတာက UI က Microsoft ရဲ့ Windows Phone 7 Series UI အတိုင်းပါပဲ။ Animation တွေလဲ လုပ်ပါတယ်။ Microsoft က Animation တွေ transition တွေ အရင်က သိပ်သုံးလေ့မရှိပဲ iPhone, Mac တွေအောင်မြင်လာတဲ့ နောက်မှာ သူလဲ အများကြီး လုပ်လာတာကို သတိထားမိပါတယ်။

iPhoto gets Face Recognition

iPhoto gets Face Recognition

iPhoto အသစ် မှာ အခု feature အသစ် အနေနဲ့ FaceLift (Face Recognition) နည်းပညာ အသစ် ပါလာပါတယ်။ ဒီနည်းပညာက iPhoto မှာ ထည့်တဲ့ လူပုံတွေကို သူ့ပုံ အလိုက် နာမည် တပ်ပေးလိုက်တာနဲ့ သူက ကျန်တဲ့ library ထဲက ပုံတွေ အကုန်လုံးကို သူ့ဘာသာ လူနာမည် အလိုက် album လုပ်ပေးနိုင်ပါတယ်။ နောက် အုပ်စုလိုက်ပုံတွေမှာ ပုံပေါ် mouse over တင်လိုက်ရင် လူနာမည် ပြပေးပါတယ်။

Cities Of Earth Screensaver

Windows PC တွေမှာ screensaver တွေ အများကြီးရှိတဲ့ အထဲကမှ ကျွန်တော် နှစ်သက်တဲ့ screensaver ကို ပြောပါဆိုရင် Bubbles, Windows Energy, Cities Of Earth ၃ ခုကို ကြိုက်ပါတယ်။ Bubbles နဲ့ Windows Energy က နဂို windows တင် ကတဲက ပါတာပါ။ Cities Of Earth ကတော့ download လုပ်ယူထားတဲ့ screensaver ပါ။ Cities Of Earth screensaver က ကမ္ဘာလုံးပုံလေးနဲ့ ကမ္ဘာမြို့ကြီးတွေက လက်ရှိ အချိန်ကို ဖြည်းဖြည်းချင်း တပတ်လည်ပြီး ပြပေးတာပါ။

iDance ~ D Player

ကျွန်တော် အိမ်မှာ တခါတလေ ပျင်းရင် ကွန်ပျူတာမှာ iDance D Player ဆိုတဲ့ ပလေယာလေးနဲ့ သီချင်းဖွင့်လေ့ရှိပါတယ်။ အဲဒီ ပလေယာလေးက ကိုရီးယားက လုပ်ထားတာဖြစ်ပြီးတော့ သူက ကာတွန်း (manga) 3D လေးတွေကတာပါ ပါတယ်။ ပလေယာနဲ့ ဖွင့်လို့ရသလို အဲဒီ ကာတွန်း လေးတွေကို desktop ပေါ်မှာ ဖွင့်ပြီး တင်ထားလို့လဲ ရပါတယ်။ ကာတွန်းရုပ်လေးတွေ ကတာ တော်တော်လှပါတယ်.. နောက် သီချင်းတွေနဲ့လဲ လိုက်တယ်။

IE Tester

IE Tester ဆိုတာ Internet Explorer version 5.5, 6, 7, 8 Beta 1 တွေကို စုစည်းပေးထားတဲ့ ဆော့ဝဲပါ။ အဓိကကတော့ Web Page တွေကို အရင် version တွေနဲ့ compact ဖြစ်မဖြစ် စမ်းနိုင်အောင် ဆော့ဝဲ တစ်ခုထဲမှာ ပေါင်းပေးထားတာပါ။ အရင်ကဆိုရင် အရင် version အဟောင်းတွေ မှာစမ်းနိုင်ဖို့ စက်မှာ multiple IE တွေကို လိုက် install လုပ်ယူရပါတယ်။ အခုတော့ ဆော့ဝဲတစ်ခုထဲနဲ့ အားလုံး စမ်းနိုင်ပါတယ်။ Interface က Microsoft ရဲ့ Office 2007 လို ပုံစံမျိုးလုပ်ထား ပါတယ်။ ဒီဆော့ဝဲမှာ အခုလက်ရှိ အားနဲချက် တစ်ခုရှိပါတယ် အဲဒါက version 5.5 နဲ့ 6 မှာ flash ဖိုင်တွေ မပြပေးတာပါ။ 7 နဲ့ 8 မှာတော့ ကောင်းကောင်းပြပေးပါတယ်။ အဲဒါက လွဲရင် ကျန်တာ အကုန်သုံးရ အဆင်ပြေပါတယ်။ ကျွန်တော် ဒီဆော့ဝဲ သုံးတာက png-24 ပုံတွေ စစ်ဖို့ရယ်.. layout ပြောင်းလဲတာကို ပြင်ဖို့ အဓိကထားပါတယ်။ Download လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က 23 MB ရှိပါတယ်။ free ရနိုင်ပါတယ်။ အမှန်တော့ စာဖတ်သူတွေ အားလုံးကို ဖြစ်နိုင်ရင် Firefox ကိုပဲ သုံးစေချင်ပါတယ်။ သူ့မှာ add-on တွေ ထောင်ချီရှိသလို သုံးရတာလဲ အရမ်းအဆင်ပြေပါတယ်။

Download IE Tester

Ultra Surf 8.9

Ultra SurfUltra Surf ဆိုတဲ့ ဆော့ဝဲလေး အကြောင်းကို အားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ်။ Ultra Surf ဆိုတာ Freedom လို ဆော့ဝဲမျိုးပါ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျော်နိုင်ပါတယ်။ လက်ရှိ နောက်ဆုံး version က 8.9 ပါ။ ဖိုင်ဆိုဒ်က 212 KB ပဲရှိပါတယ်။ ပြီးတော့ သူ့ကို သုံးဖို့ install လုပ်စရာမလိုပါဘူး။ Portable အနေနဲ့ thumb drive ထဲထည့်ပြီး သယ်သွားလို့လည်း ရပါတယ်။ သုံးမယ်ဆိုရင် ဆော့ဝဲကို ကလစ်လုပ်လိုက်ရင် ပေါ်လာတဲ့ check box လေးထဲမှာ အပေါ်ဆုံးက Auto Detect Proxy နဲ့ လုပ်လိုက်ရင် ခဏနေရင် Successfully connected to Server ဆိုတာလေးပေါ်လာပြီး Internet Explorer နဲ့ တရုတ်ဆိုဒ် တစ်ခု တက်လာရင် သုံးလို့ရပါပြီ။ IE မသုံးပဲ အခြား browsers တွေ သုံးချင်ရင် ကိုယ်သုံးမယ့် browser မှာ proxy 127.0.0.1 နဲ့ port 9666 ချိန်လိုက်ရင် ရပါပြီ။

Sony Ericsson PC Suite Update


Sony Ericsson ရဲ့ PC Suite Version 3.107.00 ကို Download လုပ်လို့ရပါပြီ။ Windows XP, Windows Vista (32 bit) မှာ အလုပ်လုပ်ပါတယ်။ အရင် Suite က Vista မှာ အလုပ်မလုပ်ပါဘူး။ အရင်တုန်းက စက်နဲ့ အဆင်မပြေရင် သီချင်းတွေ၊ ဂိမ်းတွေသွင်းပြီး ဖုန်းပြန်ဖြုတ်ရင် blue screen ကျတတ်ပါတယ် အခု version မှာ မဖြစ်တော့ပါဘူး။ အခု version ကအရင် Suite တွေနဲ့ ဒီဇိုင်းအများကြီးကွာပါတယ်။ ပိုလှလာတယ်။ အရင်ကလို My Computer အောက်မှာ Folder အနေနဲ့ မပြတော့ဘဲ။ Run တော့မှ သီးသန့် explorer နဲ့ပြပေးတာပါ။ Messages တွေ၊ ဓာတ်ပုံတွေ၊ Contacts တွေ Back up လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ Cyber Shot ဖုန်းတွေ အတွက် တိုက်ရိုက် ဓာတ်ပုံကို print ထုတ်လို့ ရပါတယ်။ Bluetooth, USB Cable, Infarred နဲ့ PC ကို ချိတ်ဆက်နိုင်ပါတယ်။

  • Download Sony Ericsson PC Suite

    Technorati TagSE, Sony Ericsson, Cyber Shot

  • Linux OS ကို Thumb Drive နဲ့ သုံးရအောင်

    Boot လုပ်နိုင်တဲ့ Linux thumb drive open-source Operating System ကို သုံးစွဲဖို့ အတွက် သင့်ရဲ့ hard drive ကို ဘာမှ ပြောင်းလဲ လုပ်ဆောင် ပေးဖို့ မလိုဘဲ သုံးစွဲ နိုင်ပါတယ်။ အလွယ်ဆုံးက Linux install လုပ်ပြီးသား thumb drive ၀ယ်ယူ တာဖြစ်ပြီး။ အဲဒီ Linux ထည့်သွင်း ပြီးသား 256 MB Thumb drive ကို ဒေါ်လာ ၆၀ နဲ့ ရောင်း ချပါတယ်။ တကယ်လို့ သင်ဟာ သင့်ဘာသာ သင် install လုပ်သုံးစွဲချင်ရင် Damn Small Linux OS ကို အဲဒီ Web site၊ ဒါမှမဟုတ် Puppy Linux ကနေ download လုပ် ရယူနိုင် ပါတယ်။ အဲဒီ OS နှစ်မျိုး စလုံးဟာ application တွေပါ ရနိုင်ပြီး နှစ်ခုစလုံး အခမဲ့ ပါ။

    ဒီ ပို့စ်ဟာ www.pcworld.com က ကောက်နှတ် ထားခြင်းပါခင်ဗျာ။

    Technorati tags:
    , , , , , ,

    Guitar Pro 5.0

    ဂစ်တာ တီးဖို့ ၀ါသနာ ပါသူတွေ အတွက် ဆော့ဝဲ ကောင်းလေး တစ်ခု အကြောင်း အသိပေးပါရစေ။ သိပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပါ Guitar Pro 5 ဆိုတဲ့ ဆော့ဝဲပါ နောက်ဆုံး ထွက်ထားတဲ့ version က 5.0 ပါ သီချင်းတွေရဲ့ guitar tab နှတ်လို့ ခေါ်တဲ့ tablature ကိုပြပေးနိုင်တယ် ပြီးတော့ သူမှာပါတဲ့ play ခလုတ်ကို နှိပ်လိုက်ရင် မူရင်း သီချင်းသံကို midi သံနဲ့ နှတ်ကို အချိန်ကိုက် ပြပေးနိုင်တယ် ဂစ်တာ နှတ်အပြင် တခြား bass, drum, piano, keybord, violin, Flute စတဲ့ တူရိယာတွေ ရဲ့ နှတ်တွေပါ ပြပေးနိုင်တယ် ကိုယ်တိုင် စပ်ထားတဲ့ သီချင်း တွကိုလည်း အဲဒီ ဆော့ဝဲ နဲ့ လိုအပ်တဲ့ အသံတွေ ထပ်စပ်လို့ ရတယ် သူရဲ့လိုချင်တဲ့ သီချင်း နှတ်ဖိုင်မှန်သမျှကို အင်တာနက်မှာ အလွယ်တကူ ရှာယူနိုင်တယ် ဖိုင်ဆိုဒ် ကလည်း တစ်ခု တစ်ခုမှ 30.0 KB တို့ 50 KB တို့လောက်ပဲ ရှိတယ် ဘယ် band မဆို နာမည်မရှိတဲ့ band က အစ သူတို့ ရဲ့ မူရင်း နှတ်တွေကို ရှာယူ ပြီး လေ့ကျင့်နိုင်တဲ့ ဘက်စုံ သုံး ဆော့ဝဲကောင်း တစ်ခုပေါ့ သုံးမယ်ဆိုရင် ဂစ်တာ သိပ် ကျွမ်းကျင်စရာ မလိုပါဘူး chord တီးတတ်ရုံ ကြိုးညွှိ တတ်ရုံလောက်နဲ့ တင်ရပါတယ် သူတီးပုံနဲ့  tab နှတ် ဘယ်လို ကြည့် ရတယ် ဆိုတာ သိရင် အဆင် ပြေပါတယ် အဆင် မပြေတာ ရှိရင် ကျွန်တော့် ကိုမေးပါ ကျွန်တော် သိသလောက်ရှင်း ပြပေးပါမယ် ကျွန်တော် ဂစ်တာကို ဆရာ နဲ့ မသင်ဖူးဘူး အဲဒီ ဆော့ဝဲတွေ သုံး စာအုပ်တွေ ဖတ်နဲ့ပဲ နဲနဲပါးပါး တီးတတ် သွားတာ…

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket