Archive for Soundtrack

When You Believe

Prince Of Egypt

ဒီနေ့ မနက် အစောကြီးနိုးနေတာနဲ့ သီချင်းနားထောင်ဖြစ်ပါတယ်။ ငယ်ငယ်က ကြည့်ခဲ့တဲ့ ကာတွန်းကားထဲက သီချင်းပါ။ ဒါနဲ့ အဲဒီသီချင်းအကြောင်းပဲ ပို့စ်လုပ်တင်လိုက်ပါတယ်။ ကာတွန်းကား Prince Of Egypt ထဲက ဇာတ်ဝင်သီချင်းပါ။ When You Believe လို့ခေါ်ပါတယ်။ ဆိုတာကတော့ Whitney Houston နဲ့ Mariah Carey ပါ။ ဒါေပမယ့် ကာတွန်းကားထဲက ဆိုထားတာကတော့ သူတို့ အသံမဟုတ်ဘူးလို့ ထင်ပါတယ်။

Read the rest of this entry »

Scotty Doesn’t Know

Euro Trip Movie Soundtrack

ဒီနေ့တော့ ဘာမှမရေးတော့ပဲ သီချင်းတစ်ပုဒ်ပြန်တင်ပါတယ်။ Scotty Doesn’t Know လို့ခေါ်ပါတယ်။ ကြားဖူးတယ်လဲ ဖြစ်ချင်ဖြစ်မှာပါ Euro Trip ဆိုတဲ့ ကျောင်းသား ဟာသ ကားထဲကပါ။ ဒီကားက Road Trip ပြီးမှထွက်ခဲ့တာပါ။ ကြည့်ဖူးတာကတော့ ၉ တန်းလောက် ကတည်းကပါပဲ။ အကိုနဲ့ ကြည့်တယ် နောက် ရီရတယ်ဆိုပြီး ကျောင်းကဘော်ဒါကို ပြောပြတော့ သူကထပ်ပြီး ကျွန်တော့်နာမည်နဲ့ အခွေဆိုင်မှာ ငှားပြန်တယ်။ နောက် ၁၀ ရက်လောက်ကြမှ သွားအပ်ဖြစ်တယ်။ အဲဒီတုန်းက ပါရမီက Swam ဆိုတဲ့ ဆိုင်မှာ တော်သေးတယ် အခွေဆိုင်က ဘဲကြီးနဲ့လဲ သိနေကြလို့ ပိုက်ဆံအပို မပေးရတယ်။ :D


Chairlift ~ Bruises

iPod Nano Chromatic

ဒီနေ့တော့ ဘာမှလဲ မရေးနိုင်ဖြစ်နေတာနဲ့ သီချင်း တစ်ပုဒ် တင်လိုက်ပါတယ်။ ဒီ သီချင်းကို blog မှာတင်ဖို့ လုပ်ထားတာတော့ ကြာပါပြီ အခု ကွန်နက်ရှင်ကောင်းမှပဲ တင်ဖြစ်ပါတယ်။ သီချင်းက Chairlift ဆိုတဲ့ band က ဆိုထားတာဖြစ်ပြီးတော့ သီချင်းနာမည်က Bruises လို့ခေါ်ပါတယ်။ သီချင်းအေးအေး တစ်ပုဒ်ပါ။ Apple က 4th Generation iPod Nano (Chromatic) အတွက် ကြော်ငြာ သီချင်း အနေနဲ့ သုံးခဲ့ပါတယ်။ Apple ကြော်ငြာထဲမှာ သီချင်းကော ကြော်ငြာပုံကော ကျွန်တော် အကြိုက်ဆုံး တစ်ခုပါ။ Minilistic ကို Idea ကောင်းကောင်းနဲ့ ပေါင်းလိုက်တဲ့ ပုံပါ။


Songs from Beijing Olympics 2008

ဒီနေ့တော့ သီချင်းတင်လိုက် ပါဦးမယ်.. ဒီသီချင်းတွေ တင်မလို့ ပဲ လုပ်နေတာ ကြာပြီ အရင် နှစ် Olympics ကတည်းက ဒါပေမယ့် ကွန်နက်ရှင် မကောင်းတာရော ပျင်းတာရော ကြောင့် ၂၀၀၉ မှ တင်ဖြစ်တော့တယ်။ Beijing Olympics 2008 တုန်းက သီချင်းတွေပါ။ ၂ ပုဒ်တင်ထားတာ Welcome to Beijing နှင့် Official Theme song You And Me သီချင်း ပါ။


You, Me And Bourgeoisie

The Submarines

ဒီနေ့တော့ မီးပျက်နေတာ ဘာမှမတင်တော့ဘူး.. သီချင်း တစ်ပုဒ်ပဲ တင်တော့မယ်။ The Submarines ရဲ့ You, Me & Bourgeoisie ဆိုတဲ့ သီချင်းပါ။ စန္ဒယားသံနဲ့ စတယ်.. အဲဒီ အသံကို မိတ်ဆွေလဲ ကြားဖူးချင် ကြားဖူးမယ်.. လောလောဆယ် iPhone 3G Ads တွေမှာ နောက်ခံ အသံအနေနဲ့ သုံးနေပါတယ်။ Shazem App ကြော်ငြာမှာ လဲတွေ့နိုင်ပါတယ်။ အခုတလောတော့ ခဏတိုင်း နားထောင်ဖြစ်တယ်.. စာသားလဲ ကြိုက်တယ်။ မိတ်ဆွေလဲ ကြိုက်မှာပါ။ Hosting မရှိတာရယ်. နောက် copyright တွေကြောင့် သီချင်းဖိုင်တော့ တင်မပေးတော့ဘူး လိုချင်ရင် အခု ပို့စ်မှာ comment မှာ ရေးတောင်းနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။


Transformers


Download Transformers Wallpaper

Transformers ဆိုတဲ့ စက်ရုပ် ဇာတ်ကားကို ဒီတပတ်ကစပြီး နေပြည်တော်ရုံမှာ စတင် ပါတော့မယ်။ အဲဒီကားက ကြည့်ချင်နေတာ ကြာပါပြီ အခု ရုံတင်တာတော်တော် နောက်ကျနေပြီ။ နိုင်ငံခြားရုံတင်ရက်နဲ့ သိပ်မကွာလှပါဘူး =) နိုင်ငံခြားမှာ 7 လပိုင်း 2 ရက်နေ့က ရုံတင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခု 9 လပိုင်း တတိယ အပတ်မှာစရုံတင်ပါတယ်။ ဒီကားရဲ့ ဇာတ်ကား ကြော်ငြာကြည့်ကတည်းက ကြည့်ချင်နေခဲ့တာ အပြင်မှာ DVD 8 ခွေ တွဲတွေမှာပါပေမယ့်လည်း ရုံတင်မှကြည့်မယ်ဆိုပြီး အခုထက်ထိမကြည့်ခဲ့ဘူး။ ရုံမှာ ကြည့်ရတာပိုကောင်းမယ် ထင်လို့။ တင်မလားလို့စောင့်နေခဲ့တာ အခုတော့တင်ပြီ မနက်ဖြန်ပဲသွားကြည့်မယ်။ လိုက်ကြမလား။

  • Transformers Movie
  • Download Transformers Soundtrack
  • Me Playing Crash (Mr.Bean Holidays OST)


    မကြာခင်မှာပဲ ကျွန်တော့် ဘလော့ခ် side bar က The Primitives ရဲ့ Crash သီချင်းကို အသစ်လဲတော့မှာပါ။ မလဲခင် မနေ့က စာလုပ်ချင်စိတ်မရှိတာနဲ့ ဂစ်တာနဲ့ကောက်တီးကြည့်လိုက်သေးတယ်။ အမှန်တော့ Blogger ရဲ့ Video service ကို လည်းစမ်းကြည့်ချင်တာနဲ့ ကျွန်တော့်မှာ၇ှိတဲ့ mp4 အဟောင်းလေးက ကင်မရာလေးနဲ့ ရိုက်ထားလိုက်တယ်။ ပြီးတော့ တင်ကြည့်တာ error တက်နေတယ်။ ဒါနဲ့ အရင်တင်နေကျ Photobucket နဲ့ ပဲပြန်တင်ထားလိုက်တယ်။ တီးထားတာက The Primitives ရဲ့ Crash ဆိုပေမယ့် သူ့မူရင်း သီချင်းအတိုင်းတီးထားတာ မဟုတ်ပါဘူး။ tempo အမြန်နဲ့ punk version ပုံစံတီးထားတာပါ။ Mr.Bean ရဲ့ Holidays ဇာတ်ကားမှာ ပြန်ဆိုထားတဲ့ Matt Willis တို့ ပုံစံနဲ့ တီးထားတာပါ။ The Primitives ရဲ့ tempo အနှေးနဲ့ Crash သီချင်းက Dumဘ & Dumber ဇာတ်ကားမှာပါတာပါ။ version နှစ်မျိုး စလုံးနားထောင်လို့ အရမ်းကောင်းပါတယ်။ ringtone လုပ်ရင် အတော်နားထောင်လို့ ကောင်းပါတယ်။


    ဒါက မူရင်း သီချင်းပါ။

    The Primitives — Crash

    Add to My Profile | More Videos

  • The Primitives Official Site
  • Download The Primitives – Crash mp3

    ဒါက Matt Willis ရဲ့ Crash

    Matt Willis Crash

    Add to My Profile | More Videos

  • Matt Willis Fan Site
  • Download Matt Willis – Crash mp3

    ဒီသီချင်း နှတ်ကလည်း စမ်းရှာ ကြည့်ထားပါတယ်။ မှားနေတဲ့ နေရာရှိရင် ပြင်ပေးစေလိုပါတယ်။ ကျွန်တော်က ဂစ်တာ မကျွမ်းလို့ပါ။ နှတ်က tab note ပါ။
    Tab Note ဖတ်နည်းကို ဒီနေရာမှာ လေ့လာပါ။

  • How To Read Tab Notes

    ပထမဆုံး သီချင်းက intro ကို နှစ်ခေါက်တီးပါတယ်။

    Intro Riff
    —2–2–2|-4–4–4|-2–2–2|-4–4–4|
    —-0–0–|–0–0–|–0–0–|–0–0–|
    –4–4–4-|4–4–4-|3–3–3-|4–4–4-|
    ———-|——–|——–|——–|
    ———-|——–|——–|——–|
    ———-|——–|——–|——–|

    —2–2–2|-4–4–4|-2–2–2|———
    —-0–0–|–0–0–|–0–0–|———
    –4–4–4-|4–4–4-|3–3–3-|———
    ———-|——–|——–|11\——
    ———-|——–|——–|9\——
    ———-|——–|——–|———

    Intro ပြီးရင်တော့ D G A ကို Round Chord တီးပါတယ်။ တီးတဲ့နေရာမှာ chord အနေနဲ့ မကိုင်ပဲ vamp ပြောင်းကိုင်ရင် ပိုနားထောင်ရကောင်းပါတယ်။ မူရင်းသီချင်းကလည်း vamp နဲ့ တီးပါတယ်။

    vamp ကို D ဆိုရင်

    ————-
    ————-
    ————-
    —–7——
    —–5——
    ————-

    G ဆိုရင်

    ———-
    ———-
    ———-
    ———-
    —-5—–
    —-3—–

    A ဆိုရင်

    ———
    ———
    ———
    ———
    —-7—–
    —-5—– နဲ့ တီးပါ။

    D G
    here you go way too fast
    A G
    don’t slow down you’re gonna crash
    D G
    you should watch, watch your step
    A G
    don’t look out your gonna break your neck

    ဒီနေ၇ာမှာ second guitar သမားက Intro Riff ကို နောက်ခံ ပြန်တီးပါတယ်

    D G
    so shut, shut your mouth
    A G
    cuz I’m not listening anyhow
    D G
    I’ve had enough, enough of you
    A G
    enough to last a lifetime through

    A
    so what do you want of me?
    D G
    Got no words of symapthy
    A
    and if I go around with you
    D G A
    you know that I’ll get messed up too

    ဒီနေရာမှာ ဒီ နှတ်ကို တီးပါ 2 ခါတီးပါ ( Matt Willis သီချင်းမှာ ဒီ riff ကို Wah နဲ့တီးပါတယ်)

    ——————————————————–
    ———–8—–9—–11—–9——8—————-
    —–9————————————–9—–8—- X 2
    ——————————————————–
    ——————————————————–
    ——————————————————–

    ပြီး၇င် ဒီအောက်က အပိုဒ်ဆိုတဲ့ အချိန်မှာ Intro Riff ကို ပြန်တီးပါ

    D G A G
    na na na na na na na na naaaah x2

    ဒီနေရာမှာ D G A ကို ပြန် round ပါ

    D G
    here you go way too fast
    A G
    don’t slow down you’re gonna crash
    D G
    you don’t know what’s been going down
    A G
    you’ve been running all over town

    ဒီနေရာမှာ second guitar သမားက Intro Riff ကို နောက်ခံ ပြန်တီးပါ

    D G
    so shut, shut your mouth
    A G
    cuz I’m not listening anyhow
    D G
    I’ve had enough, enough of you
    A G
    enough to last a lifetime through

    A
    so what do you want of me?
    D G
    Got no cure for misery
    A
    and if I go around with you
    D G A
    you know that I’ll get messed up too

    ဒီနေရာမှာ ဒီ နှတ်ကို တီးပါ 4 ခါတီးပါ ( Matt Willis သီချင်းမှာ ဒီ riff ကို Wah နဲ့တီးပါတယ်)

    ——————————————————–
    ———–8—–9—–11—–9——8—————-
    —–9————————————–9—–8—- X 4
    ——————————————————–
    ——————————————————–
    ——————————————————–

    ဒီနေရာမှာ Intro Riff ကို တီးပါ

    D G A G
    na na na na na na na na naaaah x2

    ဒီနေ၇ာမှာ solo ကို ဒီနှတ်နဲ့တီးပါ

    Guitar Riff 2
    ———————————————————-
    ———————————————————-
    ———————————————————- x2
    —8-9-11-9—8-9-11-9—9-9-11-9—8-9-11-9——
    -9———-9———-9———-7———————
    ———————————————————-

    ပြီးရင် ဒီ note ကို wah နဲ့ 4 ခါတီးပါ

    ——————————————————–
    ———–8—–9—–11—–9——8—————-
    —–9————————————–9—–8—- X 4
    ——————————————————–
    ——————————————————–
    ——————————————————–

    ပြီးရင်တော့ သီချင်းဆုံးတဲ့ အထိ Intro Riff ကိုသာ တီးပါ

    D G A G
    na na na na na na na na naaaah (slow down) (you’re gonna crash)

    အမှားရှိခဲ့ရင် ပြင်ပေးစေလိုပါတယ် ခင်ဗျာ။ နဂို သီချင်းကို ကျွန်တော်နှတ်တွေပြောင်းထားလို့ပါ။

    Technorati Tags: , , , , , , , , , , , , , , ,

  • Transformers Soundtrack

    Image Hosted by ImageShack.us

    Transformers ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းကောင်းလေးတွေ download လုပ်ရအောင်။ သီချင်းတွေ အားလုံးကောင်းတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ Goo Goo Dolls ရဲ့ Before It’s Too Late သီချင်းပဲ။ အောက်မှာ ဗီဒီယိုတင်ထားပါတယ်။ နားထောင်ကြည့်ပါဦး။

  • Download Album


    Before Its Too Late

    Add to My Profile | More Videos.

    Technorati Tags: , , , , , ,

  • Chris Benoit


    ကျွန်တော် ၇ တန်းလောက်တုန်းက ကျောင်းက ပြန်ရင် အိမ်တန်း မပြန်ခဲ့တာ များပါတယ်။ အဲဒီတုန်းက ကျွန်တော် ဂိမ်းအဆော့သန်တဲ့ အချိန်ပါပဲ။ အဲဒီတုန်းက ဆော့ဖြစ်ဆုံး ဂိမ်းကို ပြောပါဆိုရင် WWE Smack Down 2 ဂိမ်းလို့ ပြောရမှာပါပဲ။ ဆော့ရင် ကျွန်တော်ယူလေ့ရှိတဲ့ fighter က Stone Cold ဒါမှမဟုတ် Hardy Boyz ညီအကို နှစ်ယေက် ဒါမှမဟုတ်ရင် Chris Benoit လို့ခေါ်တဲ့ ဗလတောင့်တောင့်နဲ့ ဘဲကြီး ဒါတွေပဲယူပါတယ်။ အခုတော့ စိတ်မကောင်း ဖြစ်ရတယ်။ Chris Benoit ဆိုတဲ့ Pro Wrestler ကြီး ပြီးခဲ့တဲ့လ ဇွန် ၂၅ ရက် ၂၀၀၇ မှာ ဆုံးသွားခဲ့ပါပြီတဲ့ဗျာ။ ဘဲကြီးဆုံးတာ ကို Smack Down ကနေ tribute တွေ ပြတာတောင် အဲဒီ အပတ်က စာမေးပွဲရှိနေလို့ မကြည့်လိုက်ရဘူး။ အဲဒီဘဲကြီး နပန်းသတ်တာ အရမ်းမိုက်တယ်ဗျ။ သူလာပြီဆိုရင် Smack Down show က ပရိတ်သတ်မပြောနဲ့ တီဗီကနေ ကြည့်ရတဲ့ ကျွန်တော်တောင် အော်ပြီး အားပေးချင်စိတ်ပေါက်တယ်။

    ဒီဘဲကြီးရဲ့ Special Signature Moves က Crippler Crossface (Arm trap crossface) ဗျ။ အဲဒါက လူကို လှဲချထားလိုက်ပြီး သူက အပေါ်ကနေ မျက်နှာကို သူ့ လက်အတုတ်ကြီးနဲ့ ခေါင်းကို ညစ်တဲ့ အကွက်ဗျ။ အဲဒါ ပြင်းလား မပြင်းလားတော့ မသိဘူး။ အညစ်ခံရတဲ့ သူတွေ များသောအားဖြင့် Give Up ပေးရတဲ့ အထိပဲ။ အဲဒီ အကွက်က PS 1 တုန်းက Smack Down 2 Know Your Role ဂိမ်းမှာ Smack သုံးတဲ့ အကွက်။ ဒီဘဲကြီးရဲ့ နောက် တစ်ကွက် ရှိသေးတယ်။ အဲဒါက လူကို အနောက်ကနေ လက်နှစ်ဘက်နဲ့ ခါးဖတ်ပြီး ၃ ခါလောက်နောက်ပြန်ပစ်ချတဲ့ အကွက်ပဲ အဲဒါလည်း ပြင်းတယ် ခံလိုက်ရရင် တစ်ဘက်လူ ပြန်ထနိုင်ဖို့ မလွယ်ဘူး။ အဲဒီ အကွက်ကို Three Amigos (Combination three vertical suplexes) တဲ့။ အဲဒါက ဆုံးသွားပြီဖြစ်တဲ့ သူ့သူငယ်ချင်း Eddie Guerrero အတွက် Tribute အနေနဲ့ သံးတာပါ။ သူ့ရဲ့ ကျော်ကြားတဲ့ နောက် အကွက်တစ်ခုက စင်ထောင့်က တိုင်ပေါ်ကနေ ဒိုင်ဘင်ထိုးပြီး ခေါင်းနဲ့ ရိုက်ချတဲ့ အကွက်ပါ။ အဲဒါက အရမ်းပြင်းတယ်။ ပြင်းသလိုပဲ အဲဒီ အကွက်သုံးတဲ့ အချိန် အောက်ကကောင်က ရှောင်လိုက်ရင် သူလည်း အသေခံရတာပဲ။


    ဒီဘဲကြီး လာရင်ဖွင့်တဲ့ themes song က ECW မှာက Aerosmith ရဲ့ Back In The Saddle သီချင်းနဲ့ ဟို အရင် WWE မဖြစ်သေးခင် WWF တုန်းက Shooter ဆိုတဲ့သီချင်းနဲ့ပါ။ အခုနောက်ဆုံးပွဲတွေ အထိသုံးသွားတဲ့ theme song က Our Lady Peace ရဲ့ Whatever သီချင်းပါ။ ဒီသီချင်းကတော့ အမိုက်ဆုံးပဲ။ သူရုတ်တရတ် နပန်းစင်ပေါ်လာရင် Intro က Guitar Riff သံနဲ့ တော်တော် မိုက်တာ။ အခု ထက်ထိ အဲဒီသီချင်း နားထောင်တိုင်း Guitar Riff သံကြားလိုက်ရတိုင်း Chris Benoit နပန်းသတ်ဖို့ စတိတ်ထဲ ၀င်လာတာကို မျက်စိထဲမှာ မြင်နေဆဲပဲ။

    ဒီ Chris Benoit သေခဲ့တာ တော်တော် ထူးဆန်းတဲ့ ကိစ္စပဲဗျ။ ၂၅ ဇွန် ၂၀၀၇ မှာ Chris Benoit ရယ် သူ့မိန်းမ Nancy Benoit ရယ် သူတို့ရဲ့ ၇ နှစ် အရွယ်ကလေး Daniel ကို Georgia က သူ့တို့ရဲ့ အိမ်မှာ 2:30 p.m လောက်မှာ အသက်မရှိတော့ဘဲ တွေ့ရတာပါ။ အဲဒီ သတင်းကို ABC News က ထုတ်လွှင့်ခဲ့ပါတယ်။ သတင်းမှာပြောသွားတာက ရဲတွေက Chris Benoit အိမ်နားက သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်တွေကို မစစ်ဆေးခဲ့ပါဘူးတဲ့။ ထောက်လှမ်းရေးက Turner က WAGA-TV မှာ ပြောသွားတာက ဒီအမှုက murder-suicide အမှု သာဖြစ်ကြောင်း ပြောသွားပါတယ်။ သူပြောသွားတာက Benoit က သူ့မိန်းမနဲ့ ကလေးကို သူ ကိုယ်တိုင် သတ်ခဲ့ပြီး သူ့ကိုယ်သူလည်း အဆုံး စီရင်သွားတာ ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။

    ဒီ Chris Benoit ဆုံးတဲ့ သတင်းကို WWE က သူတို့ရဲ့ WWE Mobile Alerts Service ကနေ ပရိတ်သတ်တွေကို အသိပေးခဲ့ပြီး မကြာခင်မှာပဲ သူတို့ရဲ့ WWE ၀ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။ WWE က Benoit အတွက် ကြေငြာခဲ့တာက
    “World Wrestling Entertainment is deeply saddened to report that today Chris Benoit and his family were found dead in their home. There are no further details at this time, other than the Benoit family residence is currently being investigated by local authorities. Tonight’s Raw on USA Network will serve as a tribute to Chris Benoit and his family. WWE extends its sincerest thoughts and prayers to the Benoit family’s relatives and loved ones in this time of tragedy.”
    လို့ ကြေငြာခဲ့ပါတယ်။ နောက်အဲဒီနေ့ ဇွန် ၂၅ ရက် မှာ ရှိတဲ့ ၃ ခန့်ကြာမြင့်မယ့် ပွဲစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ပြီး Chris Benoit အတွက် tribute အဖြစ် သူ့ ဘ၀ အကြောင်း နဲ့ သူဖြတ်သန်းခဲ့တဲ့ ပွဲစဉ်တွေ အကြောင်းကို ပြသခဲ့ပါတယ်။ Chris Benoit အတွက် သူ့ရဲ့ သူငယ်ချင်း wrestlers တွေ announcers တွေက ၀မ်းနည်းမှတ်တမ်း အကြောင်းတွေ ကို ရိုက်ကူးထားတဲ့ Hard Knocks: The Chris Benoit Story (DVD) ခွေကိုလည်း အမှတ်တရ ဖြန့်ချိခဲ့ပါတယ်။

    သီချင်းလေးတစ်ပုဒ် ကျွန်တော်တင်ထားပါတယ်။ အဲဒီ သီချင်းက Chris Benoit ရဲ့ အမြဲသုံးနေကျ theme song ဖြစ်တဲ့ Our Lady Peace ရဲ့ Whatever သီချင်းပါပဲ။ ဒီသီချင်းလေးနားထောင်တိုင်း Chris Benoit ရဲ့ နပန်းပွဲတွေ ပြန်ကြည့်ရသလို မျက်လုံးထဲမှာ တရိတ်ရိတ်နဲ့ ပြန်မြင်ရောင် လာမိပါတယ်။ ကျွန်တော်ထင်တယ် Benoit သူ့ မိသားစုကို သတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဒီ ဘဲကြီးက အဲဒီလိုလုပ်ရအောင် ဆေးစွဲနေတဲ့သူလည်း မဟုတ်ဘူး စိတ်ကျရောဂါရနေတာလည်း မဖြစ်နိုင်လောက်ပါဘူးဗျာ။ ဒီ ဘဲကြီး ကို အပြင်မှာလည်း မမြင်ဖူးပေမယ့် ကျွန်တော်က ဘဲကြီး Benoit ရဲ့ ပရိတ်သတ် တစ်ယောက်ပါပဲ။ Chris Benoit ဆိုတဲ့ pro wrestler ကြီး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    NAME Benoit, Christopher Michael
    BILLED HEIGHT 5 ft 11 in (1.8 m)
    BILLED WEIGHT 234 lb (106 kg)
    DATE OF BIRTH May 21, 1967
    PLACE OF BIRTH Montreal, Quebec, Canada
    DIED June 24, 2007 (aged 40)
    Fayetteville, Georgia, USA

  • Download Chris Benoit Theme Song
  • Download Chris Benoit Wallpaper (Size 1024 * 768)


  • Transformers ( 7.3.7 )


    Transformers (2007)The most amazing bloopers are here

    အရမ်းမိုက်တဲ့ ဇာတ်ကား အသစ် တစ်ကား ဟိုအရင်တနေ့ က ကြော်ငြာ ကြည့်လိုက် ရတယ်။ Metacafe မှာ ကြည့်လိုက်ရတာ။ ဇာတ်ကာနာမည်က Transformers တဲ့။ ရုံတင်မယ့်ရက်ကို ကြော်ငြာထဲမှာ ပြထားတာ 7.4.7 ပါတဲ့။ ဒါပေမယ့် တကယ့် official site သွားကြည့်လိုက်တော့ 7.3.7 ဖြစ်နေတယ်။ နောက်မှ ရက်ချိန်းလိုက်တာ ဖြစ်မယ်။ ဒီကားက အရင် ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ခဲ့တာ ကာတွန်းကား ဂျပန်က ဆွဲထားတာ။ အရမ်းမိုက်တယ်။ အရင် အဲဒီ အရုပ်လေးတွေ ရောင်းတုန်းက တစ်ရုပ်ဝယ်ရင် ဗူးထဲမှာ အဲဒီ စက်ရုပ် ကာတွန်း vcd ခွေလေး တစ်ခွေပါတယ်။ အခု အဲဒီ ဂျပန်ကာတွန်းကို Hollywood ကနေ ရိုက်ထားတာ။ ကြော်ငြာ ကြည့်တာနဲ့တင်ကို ကြိုက်သွားတယ်။ ကြော်ငြာမှာ surround နဲ့ အသံက ရေလယ်မိုက်တယ်။ ဒါရိုက်တာက Michael Bay တဲ့။ Pearl Harbor ရိုက်တဲ့ ဒါရိုက်တာ။ Paramount နဲ့ Dream Works က Animation ဆွဲပြီး ပေါင်းထုတ်တာ။


    ကြော်ငြာထဲက background music က Linkin Park ရဲ့ Minute To Midnight ထဲက What’ve I Done? သီချင်းနဲ့။ ဇာတ်ကား ထဲက စက်ရုပ် တွေက အရင် ကာတွန်းက စက်ရုပ်တွေနဲ့ မတူတော့ဘူး။ အရင် ကာတွန်းကို ဇာတ်ကား ကျောရိုးနဲ့ ဇာတ်ကောင် တွေရဲ့ ပုံစံလောက်ပဲ ယူဆွဲထားတာ။ ဒါပေမယ့် graphic ဆွဲထားတာ အ၇မ်းမိုက်တယ်။ စက်ရုပ်တွေက PS1, PS2 ဂိမ်းတွေက Front Mission ဂိမ်းထဲက စက်ရုပ်တွေ နဲ့ ပိုတူတယ်ဗျ။ ဒီမှာ ရုံတင်ဖို့ကတော့ ကြာဦးမယ်ထင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ပြရင် ဒီမှာ ရုံထဲမှာ ခိုးကူးထားတဲ့ ၀ါးတားတား အခွေတွေ တော့ ထွက်မှာပဲ။ ထွက်လည်း မကြည့်တော့ဘူး DVD အကြည်ထွက်မှပဲ ကြည့်တော့မယ်ဗျာ။

    Technorati tags:
    , , , , , , , , , , , , , , , ,