8 Nov, 2007

အမ ဒီမို နဲ့ အမ ဘာညာက မနေ့က ကျွန်တော့်ကို အိတ်ထဲရှိတာသွန်ဖို့ tag ပါတယ်။ ကျွန်တော့် အိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ ရေးပေးဖို့တဲ့။ ကျွန်တော်က ဘယ်သွားသွား wallet သာမပါရင်နေမယ်။ အိတ်မပါရင် မနေတတ်ဘူး။ ကျောပိုးအိပ်ဖြစ်ဖြစ် ဘေးလွယ်အိတ်ဖြစ်ဖြစ် တခုခုတော့ပါတယ်။ အိတ်ပေါ့နေရင် လည်းမနေတတ်ဘူး။ အိတ်ထဲက ပစ္စည်းတွေ ဘာတွေပါလည်း ဆိုတော့ ထုတ်ကြည့်လိုက်မယ်။
1 – ကျောင်းသားကတ်ပေါ့ မပါမဖြစ်ပဲ။ မပါရင် ကျောင်းထဲ လက်မှတ်ထိုးပြီး ၀င်ရတယ်။
2 – old model casio fx-991MS calculator ပါတယ်။ သချာင်္တွက်ရမှာ ပျင်းပေမယ့် ဘာသာတိုင်းလိုလိုက လိုနေပြန်တော့ သယ်ရတယ်။ အမြဲပဲ။ စာမေးပွဲမှာဆို ခဲတံနဲ့ constant တွေ အလွတ်မကျက်ချင်လို အဖုံးမှာ ရေးသွားတတ်တယ်။ =P
3 – ခဲတံ တစ်ချောင်း၊ ဘောပင်တစ်ချောင်းရယ် နောက် အရောင်မှိန်နေတဲ့ line pan တစ်ချောင်းပါတယ်။ ပေတံတော့မရှိဘူး ကျောင်းသားကဒ်နဲ့ပဲ ဆွဲလိုက်တာပဲ။ စာအုပ်ထဲ စာရှိဖို့ထက် ခေါင်းထဲစာရှိဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ =P ဒါကြောင့် ပေတံ မရှိဘူး တခါတရံ ခဲတံ ပါမေ့ကျန်တတ်တယ်။
4 – Name card အချို့နဲ့ Phone စာအုပ်။ အရေးပါတယ်။ မှတ်ပုံတင်နံပါတ်တွေ၊ ကျောင်းဝင်နံပါတ်၊ ၁၀ တန်း ခုံနံပါတ် တွေ မှတ်ထားတယ်။ ဖုန်းနံပါတ်ဆို မှတ်ရမှာပျင်းလွန်းလို့ ဆောင်ထားရတယ်။ ဘယ်ဖုန်းနံပါတ်မှ ကိုယ့်ဖုန်းနံပါတ်တောင် တခါတလေ မှန်လားမှားလား ရှေ့နောက်လွဲနေလား သိတာမဟုတ်ဘူး။ ဂဏန်းဆို လူက မမှတ်ချင်တော့ဘူး။
5 – mp4 player နဲ့ usb cable အရေးအကြီးဆုံးပဲ။ သီချင်းနားမထောင်ရရင် မနေနိုင်လို့။ အိမ်ကနေထွက်ရင် ဘယ်တော့မှ မေ့မကျန်ခဲ့ဘူး။ ကျောင်းစာအုပ်သာ မပါရင်နေမယ်။ အိမ်က စပြီးခြေလှမ်းလှမ်းကတည်းက သီချင်းနဲ့ စလှမ်းတာဆိုတော့ မပါရင် မနေတတ်တော့ဘူး။ cyber cafe မှာ သုံးရင်လည်း သူနဲ့ပဲ portable applications တွေ နဲ့ သုံးတယ်။ အိမ်အပြန် data သယ်တယ်။ ipod နဲ့ တပုံစံထဲပဲ။ ipod တော့ မဟုတ်ဘူး။ i pood =P 1 GB ပဲ ဆံတယ်။
6 – မပါမဖြစ်ပဲ Sony Ericsson K800i ဖုန်းက bluetooth သုံးတယ်။ camera ကို ကြိုက်တာ။ ပုံထွက်ကောင်းလို့။ အမ ဒီမို ဖုန်းလည်း K800i ပဲ။ အမ ဒီမို ဖုန်းက James Bond ကိုင်တဲ့ silver ရောင် ကျွန်တော်က လိုက်ရှာတာ ဘယ်မှာမှ မရလို့ အနက်ရောင်။ ဖုန်းက တစ်နေ့မှ အလွန်ဆုံး ၃ call လောက်ပဲခေါ်တယ်။ ဘော်ဒါမှ မရှိတာ ဆက်စရာလည်းမရှိဘူး။ တချို့ ရက်တွေမှာ အ၀င် call အထွက် call မရှိ။ cyber cafe ထဲမှာဆို လိုင်းမမိတော့ ဖုန်းမလာဘူး။ ဖုန်းက web browser လေးနဲ့ mobile Internet ရလာမယ့်နေ့ကို အခုထိ အိမ်မက်မက်နေတုန်းပဲ။
7 – နောက်ကျောင်းစာအုပ် ၄ အုပ်လောက်ပါတယ်။ linux အကြောင်း အခြေခံသင်နေတော့ linux စာအုပ် ၂ အုပ်ပါတယ် ။ wireless network ဖတ်စာအုပ်ပါတယ်။ ရေးတဲ့ စာအုပ်က ပျောက်သွားပြီ။ =P
8 – နောက် ပိုက်ဆံ အကြွေအတော်များများရယ် အတန်ကြီးနဲနဲရယ်ပါတယ်။ ပိုက်ဆံကို wallet ထဲ ထည့်တဲ့ အကျင့်မရှိဘူး။ ကျောပိုးအိပ် အနောက် အပေါ်နားက အိတ်လေးထဲမှာပဲ အမြဲထည့်တယ်။ wallet နဲ့ဆို အလုပ်ရှုပ်လို့။ တခါတရံ အိတ်ထဲမှာပဲ စာအုပ်တွေနဲ့ ရောထည့်ထားတာပဲ။
9 – လက်ကိုင်ပ၀ါ။ မိန်းကလေးတွေကိုင် သလို Pooh တွေ Mickey Mouse ပုံတွေနဲ့တော့ မဟုတ်ဘူး။ UK အလံနဲ့ ပ၀ါ ထည့်ထားတာ။ ချွေးသုတ်ဖို့ မဟုတ်ဘူး ဂစ်တာ သုတ်ဖို့ ထည့်ထားတာ။ tissue ဆောင်တဲ့ အကျင့်မလုပ်ဘူး ပိုက်ဆံကုန်လို့။
10 – ဘီးကုပ် နဲ့ ခေါင်းစည်းကြိုး။ ဘီးတော့ မဆောင်တတ်ဖူး။ မှန်လည်း မယူတတ်ဖူး။ ဘီးကုပ် နဲ့ ခေါင်းစည်းကြိုးက အရင် ဆံပင်ရှည်တုန်းက ယူနေကျကနေ အခု ဆံပင် အတို ညှပ်လိုက်ပေမယ့် ယူနေတုန်းပဲ။ ဆံပင် အရှည်ပြန်ထားမလို့။ အခု ဆံပင်နဲနဲ ပြန်ရှည် လာနေပြီ။
11 – Oxford eng to eng dictionary ပါတယ်။ english grammar ရေးတတ်ချင်လို့ အမြဲထည့်ထားတာ ၂ ပတ်လောက်ပဲ ရှိသေးတယ် ထည့်ထားတာ။ meaning က မပိုင် vocabulary က မသိ idiom ဆို လုံးဝမရတော့ ဆောင်ထားရတယ်။
အိတ်ထဲမှာရှိတာ အဲဒါ အကုန်ပဲ အရင်က ခေါက်ထီး ၁ ချောင်းပါတယ်။ အခု မိုးမရွာတော့ဘူးထင်လို့ မဆောင်တော့ဘူး။ ဟိုနေ့ကတော့ မိုးရေချိုးပြီး အိမ်ပြန်လိုက်ရတယ်။ November Rain ပေါ့။ ကျောပိုးအိတ်က မပါမဖြစ်ပါပဲ။ အိတ်ထဲက ပစ္စည်းတွေကလည်း မပါမဖြစ်ပဲ။ ။
31 Oct, 2007
ဒီနေ့ Halloween နေ့မှာ အမှတ်တရ သရဲ အကြောင်းတော့ရေးချင်တယ်။ ခက်တာက ကျွန်တော် သရဲ အခြောက် မခံရသေးဘူး။ ဒီတော့ သူငယ်ချင်းတွေ ပြောတဲ့ သရဲ အကြောင်းပဲ ရေးတော့မယ်။ ရန်ကုန်မှာ ကျတော့ သရဲခြောက်ဖို့ နဲနဲခက်တယ်။ သရဲက လူတွေ ပြန်ကြောက် နေရလို့လေ။ နယ်မှာကတော့ တော်တော်များများ သရဲအခြောက်ခံဘူး ကြတယ်။ ကျွန်တော် ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက အရှေ့ဘက်မှာ ရထားလမ်းပဲလေ အဲဒီနေရာက သရဲ အရမ်းခြောက်တယ်လို့ နာမည်ကြီးတယ်။ များသောအားဖြင့် လူကို ရထားတိုက်ပြီ ဟေ့ဆို ဘယ်မှမသွားနဲ့ ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့က ရထားလမ်းနေရာပဲ။ ခဏတိုင်း အဲဒီနားမှာ လူသေတယ်။ ကျွန်တော်တို့ အိမ်နဲ့ အဲဒီနေရာနဲ့က ၅ လမ်းလောက်တော့ ခြားတယ်။ တိုက်ပြန်ပြီဆို လူတွေသွား ကြည့်ကြပြန်ရော။ ကျွန်တော်က သွားကြည့်ချင်တာ အရမ်းပဲ။ အိမ်က ကလေးဆိုတော့ မလွှတ်ဘူးဗျာ။ တိုက်လိုက်ရင်လည်း လူက အပိုင်းပိုင်း အပြတ်ပြတ်ပဲတဲ့။ ဒါနဲ့ပဲ သွားကြည့်တဲ့ သူငယ်ချင်းတွေ ပြောတာကိုပဲ စိတ်မှန်းနဲ့ ပုံဖော်ကြည့်ရတယ်။
အဲဒီနေရာမှာ လူခဏခဏ ရထားအတိုက်ခံရတဲ့ အကြောင်းအရင်းတခု ရှိမယ်လို့တော့ ကျွန်တော် တွေးမိပါတယ်။ တခါမှာတော့ ကျွန်တော် တွေးတာ မှန်တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် သိလိုက် ရတော့တယ်။ တနေ့က ကျွန်တော် ကျောင်းကနေ အိမ်ကိုပြန်တဲ့နေ့က မြို့အစွန်ဘက်က သူငယ်ချင်းအိမ် ကာတွန်းစာအုပ် သွားယူပြီး အပြန်ပေါ့။ အိမ်ကို ပြန်ဖို့ ရထားလမ်းကို ကားလမ်းဖြတ်တဲ့ နေရာကနေ သွားမယ်ဆိုရင် ကွေ့ပတ်နေရဦမှာ ဒီ နားက လမ်းတိုလေးကနေ ရထားလမ်းကို စက်ဘီးမပြီး ကျော်မယ်ဆိုရင် ခဏနဲ့ ရောက်မှာပဲ ဆိုပြီး ကျော်ဖို့ အဲဒီလမ်းကို သွားတယ်။
အဲဒီ လမ်းရဲ့ ရထားလမ်း ကျော်တဲ့နေရာက ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့ ရထား အရမ်းတိုက်ပါတယ် ဆိုပြီး နာမည်ကြီးတဲ့ နေရာ အဲဒီမှာ ကျွန်တော် စက်ဘီးနဲ့ မကူးခင် ကြည့်လိုက်သေးတယ် ရထား လာမလာပေါ့။ ရထားမလာဘူးဆိုပြီး စက်ဘီး မပြီး ကူးနေတုန်းမှာ ခပ်လှမ်းလှမ်းကနေ ရထား ဥသြဆွဲသံကြီး ကြားရတော့တာပဲ။ ကျွန်တော်နဲ့ နီးနေပြီ ဒါပေမယ့် ကျွန်တော့် စက်ဘီးက ဒေါက်က ရထားလမ်းနဲ့ ညှိနေတယ်။ ကျွန်တော် လန့်သွားတယ်။ သေပြီပေါ့။ အတင်းရုန်းတယ် မရဘူး။ နောက်တခါ ထပ်ရုန်းတယ်မရဘူး။ နောက်ဆုံး အားကုန်ကို ရုံးလိုက်တော့မှ ကျွန်တော် လွတ်သွားပြီး စက်ဘီးရော လူပါ ရထားလမ်းပေါ်ကနေ ဆင်းလိုက်နိုင်တယ်။ ကျွန်တော် အဆင်း ရထားလည်း အဖြတ်ပဲ။ Aerosmith သီချင်းထဲက လိုပဲ။ အဲဒီ တုန်းကမှ အဲဒီနားမှာ လူဘာလို့ အသေများရတာလဲ ကျွန်တော် သိတော့တယ်။ မမြင်ရတဲ့ အရာတွေက ဆွဲနေတာကိုး။ ကျွန်တော်သာ အဲဒီ အချိန်က မရုန်းနိုင်ခဲ့ရင် အခုချိန်မှာ ဒီစာလေးတောင် ရေးနိုင်တောမှာ မဟုတ်လောက်ဘူး။
အဲဒီနားက ခြောက်တယ်လို့ နာမည်ကြီးတယ်။ အခြောက်ခံရတဲ့ သူတွေ ပြောပြတာက ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းက လည်းခြောက်တယ်တဲ့။ ညဘက် ဖြတ်သွားတုန်း အသံတွေကြားရလို့ဆိုပြီး ခဲနဲ့ထုလိုက်တာ ခဲက ပြန်ထွက်လာတယ်တဲ့။ ကျောင်းစောင့်ရှိပေမယ့် သူက ကျောင်းတဲ့ နဲနဲလှမ်းတဲ့ ကျောင်းဝန်းထောင့်ဘက်မှာနေတာ သူလည်း ဘာမှမလုပ်ပါဘူးတဲ့။ နောက် ကျွန်တော်တို့ အိမ်ရဲ့ လမ်းအရှေ့ဘက်မှာ အိမ် ၅ အိမ်လောက်ရှိတယ် သူတို့ အနောက်ဘက်မှာ ကိုက် ၅၀၀ ပတ်ပတ်လည်လောက်ရှိမယ့် ပေ ၂၀ လောက်နက်တဲ့ ချိုင့်ကြီးရှိတယ်။ အဲဒီထဲက လူလည်း မဆင်းကြဘူး ဆူးပင်တွေ ခြုံတွေနဲ့ နောက် စိန်ပန်းပင် အကြီးကြီးတွေ တမာပင်တွေ မကျည်းပင်တွေနဲ့ အုပ်ဆိုင်းပြီး တောကြီးလိုပဲ အဲဒီ ချိုင့်ကြီး ဟိုဘက်မှာက အိမ်လေးတလုံးရှိတယ်။ အဲဒီ အိမ်က မိန်းမကြီးပေါ့ ညဘက် ၈ နာရီလောက် ရေတွင်းမှာ ရေချိုးသွားတာ စိန်ပန်းပင်ကြီး ဘက်ကနေ ဆံပင်ဖားလားကြီးနဲ့ မိန်းမကြီး တစ်ယောက်ထွက်လို့တဲ့။ တပတ်လောက် ဖျားသွားတယ်။
တခါကလည်း အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ် ညဘက်ပြန်လာကြတုန်း ရက်ကွက်ထိပ်က ဓာတ်ပုံဆိုင်ကတိုက်က အရှေ့ဘက်မှာ လက်ပြတ်ကြီး ထွက်နေတာကို မြင်ခဲ့ကြတယ်တဲ့။ နောက် ကျွန်တော်တို့ လမ်းတိုလေး အနောက်ဘက်နားလောက်က ကုက္ကိုပင်ကြီး ဘေးနားမှာ ဆေးလိပ်သောက်နေတဲ့ အဖိုးကြီး တစ်ယောက်ကို ညဘက်မှာ တချို့တွေ တွေ့ရတယ် ပြောကြတယ်။ နောက် တခါက ကျွန်တော်တို့ လမ်း အလယ်လောက်မှာနေတဲ့ အိပ်က sunny ကားလေးနဲ့ ရန်ကုန်ကပြန်လာကြတာ ပဲခူးသချိုင်းမှာ ကားက အရမ်းလေးသွားပြီး နောက်ထိန်းမရတော့ပဲ ချောက်ထဲကျသွားတာ ကားကို စုတ်ပြတ်ပိတ်လိမ်နေတာပဲ အဲဒီကားကြီး ကျွန်တော်တို့လမ်းထဲမှာ ရပ်ထားပြီး ပရိတ်ကြိုးတွေပတ် သဲဖြူး ပရိတ်ရေလောင်း ဘုန်းတော်ကြီးတွေ ဘုရားစာရွတ်နဲ့ အတော်လုပ် လိုက်ကြရတယ်။
အမေတို့ တခါကလည်း ဟိုင်းလတ်ကားဝယ်ဖို့ မန္တလေးမှာ ကားကြည့်တော့ ကားတော်တော်ကောင်းတာ တစင်းတွေ့ကြတယ်တဲ့။ အဲဒီကားကြိုက်ပြီးဝယ်မယ်လုပ်တော့ အသိတစ်ယောက်က လာတားတယ် အဲဒီကားက မန္တလေး နဲ့ မေမြို့နဲ့ပြေးနေတာဆိုပဲ အဲဒီကားက မန္တလေးကထွက်ရင် အထွက်မှာတိုက်တယ် မေမြို့က ထွက်ရင်လည်း အထွက်မှာ အမြဲတိုက်တယ်တဲ့။ ကျွန်တော်မမွေးခင်က ကျွန်တော့် အဖွားမှာ ရှေးကား အဟောင်းကြီး တစ်စင်းရှိတယ်တဲ့ အဲဒီကားက အမြဲလိုလိုတိုက်နေတာ ဘယ်သူမောင်းမောင်းပဲတဲ့။ နောက်ဆုံ အဖွားက စိတ်ဆိုးပြီး အဲဒီကားကို ခြံထဲကို မရပ်ခိုင်းတော့ပဲ ဘုန်းကြီးကျောင်းမှာပဲ သွားထားရတယ်။
ကျွန်တော် ငယ်ငယ်က အဒေါ်အိမ် ပါရမီမှာ နေတုန်းက အဒေါ်တို့အိမ်ကနေ ထွက်ရင် တော်တော်လေး သွားမိရင် သချိုင်း အကျယ်ကြီးတစ်ခုရှိတယ်။ အဲဒီနေရာက ညဘက်ဆို တော်တော်ခြောက်ဆိုပဲ။ ဆိုက်ကားသမားတွေဆို ခဏတိုင်း အခြောက်ခံရတယ်။ နောက် အဲဒီ သချိုင်းကြီး ရွှေ့တော့ ကားအလွှတ်တွေနဲ့ တက်ကြပါ သချိုင်းရွှေ့ရအောင်လို့ ပြောတာ ကားက အလိုလိုလေးသွားတယ်တဲ့။ အဲဒီလိုနဲ့ သချိုင်းကြီးရွှေ့လိုက်ကြတယ်။ အခုတော့ အဲဒီနေရာမှာ သရဲ အခြောက်တော့ပါဘူး။ စည်ပင် ၀န်ထမ်းအိမ်ရာ ဖြစ်သွားပြီ သရဲကပဲပြန်ကြောက်ရတော့မှာ လူတွေက အဲဒီနေရာမှာ ၂၄ နာရီလုံး ရှိနေကြတော့ သရဲပဲလန့်ပြေးလောက်ပါပြီ။
အမေတခါက ရန်ကုန်ဆေးရုံကြီးမှာ အမျိုးတစ်ယောက် ဆေးရုံတက်တုန်းက ဦးနှောက်နှင့် အာရုံကြောမှာ စောင့်တုန်းက ညဘက်ဆို အမေ လမ်းသွားရင် အနောက်ဘက်က ခြေသံတွေ လိုက်လာသလို ကြားရတတ်တယ် လို့ပြောတယ်။ ဒီနှစ် ဇူလိုင်လောက်တုန်းက ကျွန်တော့်ညီ စက်ဘီးကုန်းဆင်းပေါ်ကနေ မှောက်ရက်ကျပြီး ရန်ကုန်ဆေးရုံကြီး မေးရိုးဌာနဘက်မှာ ညဘက်ချုပ်ကြသေးတယ်။ ကျွန်တော် အဲဒီတုန်းက ညဘက် ၁၂ ကျော်လောက်ကို လသာ ၂ ဘက်ခြမ်းက မေးရိုးဌာနနဲ့ ဟိုးဘက်က အရေးပေါ်ဌာနက ဆေးဆိုင်ကို ကူးလိုက်ပြန်လိုက်လုပ်နေတာ သရဲ အခြောက် မခံခဲ့ရဘူးဗျာ။ သရဲဆိုမှ ရယ်စရာလေးပြောရဦးမယ် ကျွန်တော်ငယ်ငယ်က ညဘက်ဆို အိမ်ရာထဲမှာ မီးအကုန်ပိတ် သီချင်းကို နားကြပ်နဲ့ အသံကုန်ဖွင့်ပြီး နားထောင်ပြီးမှ အိပ်တာ။ တရက်က ကျွန်တော့်ညီက အမေခေါ်ခိုင်းလို့ဆိုပြီး အမှောင်ကြီးထဲကနေ ကျွန်တော့် ခြင်ထောင်ကို မျက်နှာကြီးကပ်ပြီး လာကြည့်ပါလေရော။ ကျွန်တော်က သီချင်းနားထောင်နေရင်း ခြင်းထောင်ကို ကြည့်နေတာကနေ ခြင်ထောင်ကြီးက မျက်နှာပုံစံကြီး ပေါ်လာတာနဲ့ သရဲမှတ်ပြီး ကုန်းအော်တာ နားကြပ်ကလည်း အသံကုန်ဖွင့်ထားတော့ အော်တဲ့ အသံက အကျယ်ကြီးထွက်နေတာပေါ့။ အကုန်လန့်နိုးကုန်ကြရော။ ပြီးတော့မှ ကျွန်တော့်ညီ ဖြစ်နေတယ်။ =) ကျွန်တော်က သရဲ အခြောက်ခံချင်တာ တခါမှမတွေ့ဖူးသေးဘူး။
အိမ်မှာတော့ ကြည့်လိုက်ရင် သရဲကား အကောင်ကားတွေကြည့်ပဲ။ တချို့က သရဲဆိုတာ တကယ်မရှိဘူး ပြောကြတယ်။ မဟုတ်ပါဘူး တကယ်ရှိမှာပါ။ တရားစာအုပ်တွေ မှာပါတဲ့ ပြိတ္တာဆိုတာ တကယ်တော့ သရဲပါပဲ။ သူတို့က ဘာလို့ ခြောက်ကြလည်း။ တကယ်တော့ ခြောက်တာ မဟုတ်ပါဘူး။ သူတို့ အကူအညီလိုချင်လို့ ကိုယ်ယောင်ပြကြတာပါ။ ဒါပေမယ့် သူတို့က ရုပ်ဆိုးတဲ့ ကိုယ်ခန္တာကြောင့် သရဲခြောက်ပါတယ် ဖြစ်သွားရတာ။ သူတို့က အမျှဝေတာလိုချင်ကြတယ်။ တချို့ကြတော့ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေကို စွဲလမ်းပြီး သေတော့ သရဲ ဖြစ်သွားကြတာ။ တချို့က သူတို့ကိုယ်သူတို့ သေမှန်းမသိကြဘူး။ သူတို့ လူသတ်သလားဆိုတော့ သူတို့က ရုပ်ဆိုးတဲ့ အတွက် တချို့ အသည်းငယ်တဲ့ လူတွေက ကြောက်ပြီး နှလုံးသွေးရပ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက သရဲက အဲဒီလောက် ရူပမဆိုးပေမယ့် သရဲက တွေ့ရင် လူကိုသတ်စားတယ်၊ ဘာညာနဲ့ သူများပြောတာတွေ နောက် ဇာတ်ကားတွေထဲကလို တကယ်စိတ်မှာ ထင်မှတ်ပြီး သွေးရပ်ပြီး သေကြရတာပါ။ အဲဒီအခါမှာ သရဲက သတ်ပါတယ်ဖြစ်ရော။ တကယ်တော့ သူတို့က ရုပ်ဆိုးနဲ့ အကူအညီလိုနေတဲ့ လောကသားတွေပါပဲ။ ။
29 Oct, 2007
အားနေတာနဲ့ ကိုယ့်ပုံကိုဆွဲပြီး voodoo အရုပ်ပုံစံနဲ့ အပ်တွေ စိုက်ပေးလိုက်တယ်။ ပုံက ကျွန်တော်နဲ့ တူတယ်ထင်တာပဲ။ တူအောင်လို့ ကျွန်တော့်ရဲ့ အမှတ်အသားတွေ ထည့်ဆွဲထားတာ။ ဘီး မဖီးတဲ့ ရှုပ်ပွနေတဲ့ ဆံပင်၊ နောက် မျက်လုံးပြူးပြူး၊ နောက် ရုပ်ဆိုးဆိုး၊ ၀တ်နေကျ t-shirt အနက်ရောင် ဆွဲထားတယ်။ ရှုးဖိနပ်ပါထည့်ဆွဲထားတယ် တကယ်တော့ ရှုး က ကျွန်တော် စီးလေ့မရှိပါဘူး။ ပူလို့ အိုက်လို့ မနေနိုင်ဘူး။ ရိုးရိုး ဖိနပ်မဆွဲတတ်လို့ လျှောက်ဆွဲထားတာ။ mspaint နဲ့ ဆွဲထားတာ။ ပုံက မူကြိုက ကလေးတွေ ဆွဲတဲ့ပုံနဲ့ တူနေတယ် မဟုတ်လား။ =)

ပုံတော့ ဆွဲပြီးပြီ ကိုယ်တိုင်ရေး voodoo doll ပုံတူဆွဲပြီး အပ်စိုက်ဖို့ ဘယ်သူ့ကို တက်ရရင် ကောင်းမလဲဆိုတော့။ ပုံက ဆွဲချင်ကြရဲ့လား မသိဘူး။ လျှောက်သာဆွဲဗျာ။ မဆွဲတတ်လည်းရပါတယ်။ tag ရ ခက်နေတယ် မိတ်ဆွေတို့ ပုံဆွဲတတ်ရင် ကျွန်တော် tag တယ်လို့ သဘောထားလိုက်ပြီးဆွဲပါဗျာ။ ပျော်ပျော်ပါးပါးပေါ့။ ကဲ ပုံဆွဲနိုင်မယ်ထင်ရတဲ့ သူငယ်ချင်းတွေတော့ Tag လိုက်ပြီ။
နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ကိုပါ tag လိုက်မယ်။ အားလားတော့မသိဘူး။
Vincent Chow
Leo Jack
Rapster
Helena
Technorati Tags: voodoo, tayzar44, tayzar, voodoo photo, voodoo doll, holloween, image, funny, cartoon
23 Oct, 2007
ကျွန်တော့်ကို သူငယ်ချင်း ပေါက်ပေါက်ဆုပ် က ဆောင်းတွင်းမှာ ကွေးဖို့ tag ထားတာ ကြာလှပါပြီ။ ကျွန်တော် အခုမှပဲ ရေးနိုင်တော့တယ်။ ကျွန်တော်က ဒီလိုပဲ tag ခံရရင် ရေးတာကြတယ်။ အခု tag ထားတာလည်း အရင် စက်တင်ဘာလ ကတည်းက tag ထားတာ အခုမှ ရေးနိုင်တယ်။
ကျွန်တော်က ရာသီဥတုတွေထဲမှာ ဆောင်းကို အကြိုက်ဆုံးပဲဗျ။ အေးတာကြိုက်တာကိုး။ ကျွန်တော်အရင် ငယ်ငယ်တုန်းက နေခဲ့တဲ့ မြို့လေးဆို ဆောင်းဆို တကယ်အေးတာဗျ။ မြို့က ရှမ်းတောင်တန်းတွေရဲ့ အခြေမှာရှိတာကိုး။ ဆောင်းဆို ရှေ့က ဆယ်ပေ ဆယ့်ငါးပေလောက် အထိပဲမြင်ရတယ်။ နေက ၁၁ နာရီလောက်မှ မြင်ရတာ။ အဲဒီ အချိန်အပြင်ထွက်ပြီး အေးနေတဲ့အချိန် မုန့်ဟင်းခါးလို မုန့်ပူပူတွေစားရတာ တကယ် အရသာရှိတာ။ ညဘက်ဆို ၇ နာရီလောက်ဆို မြို့လမ်းပေါ်မှာ လူရှင်းနေပြီ။ အဲဒီ အချိန်ဆို အိမ်နားက လူပျို အကိုကြီးတွေက မိန်းကလေး အဆောင်တွေဘက် ဂစ်တာသွားတီးကြတယ်။ တခါတလေ ကျွန်တော် လိုက်သွားတယ်။ ပညာယူဖို့လေ။ =) မဟုတ်ပါဘူးဗျာ သူတုှိ့ဆီက ဂစ်တာတီးတဲ့ ပညာလိုချင်လို့ပါ။ တခါတလေတော့ ဦးလေးတွေ အဒေါ်တွေနဲ့ အိမ်ပြန်ကြပြီး အိမ်ကို အလုံပိတ် စောင်လေးတွေခြုံပြီး ပူပူနွေးနွေးပြုတ်ထားတဲ့ ပြောင်းဖူးပြုတ်စားရင်း တီဗီကြည့် ကြတယ်။
ဆောင်းဆိုရင် အမှတ်တရ ဖြစ်တာလေး ပြောရဦးမယ်။ ကျွန်တော် ပထမနှစ်က ဆောင်းဝင်ခါစ အချိန်ပေါ့။ ကျွန်တော်က အဲဒီ အချိန်တုန်းက မြို့မှာ အင်တာနက်မရှိတော့ ရှိတဲ့ ကွန်ပျူတာ ဂိမ်းကိုပဲ အသေအလဲ ဆော့တာ။ ကွန်ပျူတာ ဂိမ်းဆိုင်ကလည်း တစ်မြို့လုံးမှာမှ တစ်ဆိုင်တည်းရှိတာ။ ရှိတာကလည်း ၈ လုံးပဲရှိတာ။ အခြား PS2 ဂိမ်းဆိုင်တွေတော့ အများကြီးရှိပေမယ့်။ မြို့မှာ ကွန်ပျူတာ တတ်တဲ့သူကနည်းတော့ ဆိုင်က ၁ ဆိုင်ပဲရှိတယ်။ ကွန်ပျူတာဂိမ်း နှိပ်တတ်တဲ့သူက တစ်မြို့ လုံးမှာ ၁၀ ယောက် မပြည့်ဘူး။ ကျွန်တော်ရယ် ကျွန်တော့် ဘော်ဒါ တစ်ယောက်ရယ်က ညနေဆို ဂိမ်းနှိပ်နေကြ။ အဲဒီ ဘော်ဒါကလည်း ကွန်ပျူတာဂိမ်း စွဲသွားအောင် ကျွန်တော်ပဲ သွေးဆောင် ဖြားယောင်းပြီး သင်ပေးလိုက်တာလေ။ သူရယ် အခြား အသက်ခပ်ကြီးကြီးဘဲ ၃ ယောက်လောက်နဲ့က ကျွန်တော်တို့ ညနေတိုင်း General တိုက် နေကြ။ ရှိတဲ့ သူတွေထဲမှာ ကျွန်တော်က လူလည်ကျ အနိုင်ကျင့်ပြီး နိုင်နေကြပဲ။
တနေ့ကတော့ ကျွန်တော်ရယ် ဘော်ဒါရယ် ညနေ ကတည်းက အဲဒီမှာ တိုက်နေကြတာ ပြန်မယ်လုပ်တော့ ည ၉ နာရီလောက် ရှိနေပြီ။ အပြင်ထွက်တော့ ကျွန်တော် မျက်စိတွေက သိပ်မကြည်တော့ဘူး။ ၀ါးနေပြီ ရှေ့ကို နည်းနည်းပဲ မြင်ရတော့တယ်။ ဟာ သွားပါပြီပေါ့ မျက်မှန်တပ်ရပါပြီ။ သေပါပြီ။ ဂိမ်းဆော့မိတာ မှားပြီလို့ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။ စိတ်ထဲမှာ ၀မ်းနည်းပြီး ငိုချင်လာတယ်။ အပြန် ဘော်ဒါက အိမ်ကို စက်ဘီးနဲ့ လိုက်ပို့ပေးတယ်။ လမ်းမှာ ကျွန်တော် စက်ဘီးနောက်က ထိုင်လိုက်ရင်း ဘော်ဒါကို ကျွန်တော် မျက်စိဝါးသွားပြီ ရှေ့ ဆယ်ပေလောက်ပဲ မြင်ရတော့တဲ့ အကြောင်း ပြောပြတယ်။ အဲဒီတော့မှ ဘော်ဒါက ဟေ့ ကောင် အဲဒါ မင်းတင်ဖြစ်တာ မဟုတ်ဘူး အားလုံးဖြစ်တာပဲဟ နှင်းကျ နေတယ်လေကွာ လို့ပြောမှပဲ နှင်းစကျတဲ့နေမှန်း သိရတော့တယ်။ ဟား ဟား ကျွန်တော်ကတော့ တကယ် မှုန်သွားပြီ မှတ်လို့ ခံစားနေတာ။ နောက်တော့လည်း မထူးပါဘူး ဂိမ်းက နေ့တိုင်း ဆက်ဆော့ကြတာပါပဲ။ နေ့တိုင်းတိုက်တုန်းပဲ ကျွန်တော်ပဲ နိုင်တုန်းပဲ။ ကျွန်တော် ရန်ကုန်ပြန်တော့တောင် ဘော်ဒါက သွားမယ့်နေ့မှာ လိုက်ပို့ရင်း ပြောတယ် ဟေ့ ကောင် မင်းပြန်လာရင် ငါမင်းကို အနိုင်တိုက်မယ်ကွ တဲ့။ အမြန် ပြန်လာခဲ့ကွာတဲ့။ အဲဒီကတည်းက ဘော်ဒါနဲ့ ဂိမ်းမဆော့ရသေးတာ ဒီနေ့ အထိပဲ။ အခွင့်ကြုံရင်တော့ ဘော်ဒါနဲ့ ဂိမ်းပြန် ဆော့ချင်ပါသေးတယ်။ အဲဒီ အခါကျရင် ကျွန်တော် မသိမသာလေး အရှုံးပေးမယ်။
ဆောင်းတွင်းဆိုရင် မြို့လေးမှာတုန်းက ညနေ အေးစပြုတဲ့ အချိန်မှာ ဦးလေးတွေ ၀မ်းကွဲ ညီတွေနဲ့ တောင်ပေါ် တက်ကြတယ်။ ည မှောင်တော့မှ ပြန်ဆင်းကြတယ်။ ရန်ကုန်မှာ ဆိုရင်တော့ မနက် ၄ နာရီလောက်ထပြီး ဘော်ဒါတွေ အိမ်လိုက်နှိုး ပြီးရင် သိမ်ဖြူလမ်းကနေ ကန်တော်ကြီးပတ်လမ်းဘက် လမ်းလျှောက်ကြတယ်။ လမ်းပဲလျှောက်တာပါ မပြေးပါဘူး။ ဆောင်းတွင်းမှာ ခံစားလို့ အကောင်းဆုံးအရသာက မနက်စောစောမှာလို ခလုတ်တိုက်တာမျိုးပဲ။ ဒါကြောင့် မပြေးပါဘူး။ တခါတလေ လမ်းမှာ ခွေးတွေ ဘာတွေတွေ့ရင် ဘော်ဒါတွေ သွေးပူ လေ့ကျင့်ခန်း လုပ်ပါစေတော့ ဆိုတဲ့ စေတနာနဲ့ ကျွန်တော်ကပဲ အနစ်နာခံပြီး ခွေးကို ခဲနဲ့ပေါက်ပြီး ရှေ့ဆုံးက ပြေးပါတယ်။ ဒေါ်သိန်းတင်လမ်းနဲ့ သိမ်ဖြူလမ်းမီးပွိုင့် ကနေ အရှေ့ဆက်သွားရင် ဆရာဝင်များ အသင်းရုံးနား အပင်တွေအုပ်ဆိုင်းပြီး မှောင်နေတော့ ဘော်ဒါတွေကို ဒ်ီလမ်းက သရဲဘယ်လိုခြောက်တဲ့ အကြောင်း လျှောက်ပြောပြီး နောက်နေကြ။ ဘော်ဒါတွေကလည်း ယုံနေကြပဲ အဲဒီနားရောက်တိုင်း လမ်းလျှောက်တဲ့ စပိတက်လာတာပဲ =) ။ နောက် ကန်တော်ကြီး ပတ်လမ်းရောက်ရင် ကန်တော်ကြီးကို နဲနဲပတ်လျှောက်လိုက်ပြီး ကန်တော်ကြီး ၀င်ပေါက်ရှေ့က ပန်းခြံ အ၀ိုင်းလေးမှာ ထိုင်ကြတယ်။ ရွှေတိဂုံ ဘုရားကြီးကို မနက်စောစော ဖူးကြတယ်။
မနက် ၅ ခွဲလောက် ရောက်လာရင်တော့ အဲဒီ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်တဲ့သူတွေ များလာပြီ။ ကန်တော်ကြီး ဂိတ်လည်းဖွင့်ပြီ။ တချို့က ကန်တော်ကြီးထဲက သစ်သားတံတားပေါ်မှာ လျှောက်ကြတယ်။ တခါတလေ တော့လည်း ကျွန်တော်တို့ ဘော်ဒါတွေ အဲဒီထဲ ၀င်ပြေးပါတယ်။ အမြဲတော့ မ၀င်ဖြစ်ဘူး။ အဲဒီထဲက တံတားတွေက မနက်စောစောမှာ နှင်းငွေ့ တွေ ရိုက်ပြီး ရေတွေနဲ့ ချောနေတော့ လမ်းလျှောက်လို့ သိပ်မကောင်းဘူး။ ချော်မလဲအောင် မနည်းသွားရတာ။ အဆိုးဆုံးက ယောဂ ကျင့်တဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ အုပ်စုပဲ ကန်တော်ကြီးထဲမှာ လူ တရာလောက်ရှိမယ်။ ဘာတွေလုပ်မှန်း မသိဘူး။ ကုန်းကုန်းကွကွနဲ့ နောက် ဆိုးတာက သူတို့ ဖွင့်ထားတဲ့ တရုတ်က ဘာတူရိယာ ခေါ်လည်းမသိဘူး။ အဲဒီ အသံကြီးပဲ ခံစားလို့ကို မရဘူး။ နှဲ ကိုတောင် ခံစားလို့ရတယ် အဲဒါကြီးက ဘာသံမှန်းကို မသိတာ။ စိတ်ပျက်ဖို့ အကောင်းဆုံး တူရိယာသံကြီးပဲ။ တကယ်ဆို အဘိုးကြီးတွေ အဘွားကြီးတွေ လေ့ကျင့်ခန်းလုပ်ပါလေ့ ဂစ်တာသံတွေနဲ့ Metallica ရဲ့ Enter Sandman လို သီချင်းနဲ့ ခေါင်း ၇မ်းပြီး လေ့ကျင့်ခန်း လုပ်တာ ပိုကောင်းမယ်။ နောက် နိုင်ငံခြား စတေ့ရှိုးကလို stage dive လိုမျိုး တံတားဘောင်ပေါ်က ကျော်ပြီး ဒိုင်ဘင်ထိုးကြတာ မဟုတ်ဘူး။
ဒီနှစ်လည်း ဒီဇင်ဘာလောက်မှာ မနက်ဘက် ကန်တော်ကြီးမှာ လမ်းလျှောက်ဖြစ်မယ် ထင်တယ်။ လမ်းလျှောက်တဲ့ သူတွေတော့ ဆွဲတော့ မစိလောက်ဘူး ထင်တာပဲ။ စာမေးပွဲကလည်း ရက်ရွှေ့သွားတာ အခုထိ ဘယ်တော့ ဖြေရမယ်မှန်း မသိသေးဘူး။ စာမေးပွဲပြီးမှပဲ လမ်းလျှောက်ဖြစ်မှာပါ။ တချို့တွေက ဆောင်းတွင်းမှာ ကျိုက်ထီးရိုး ဘုရားဖူး သွားကြတယ်။ ကျွန်တော်တော့ ကိုယ်ပျော်ဖို့ဟာကို ဘုရားဖူးဆိုတဲ့ အမည်တပ်ပြီး မသွားတော့ပါဘူးဗျာ။ ပြီးတော့ တောင်တက်ရမှာလို ပင်ပန်းတာကြီး မလုပ်ချင်ဘူး။ ဘော်ဒါ တချို့က ချောင်းသာသွားဖို့ စဉ်းစားနေကြတယ်။ ကျွန်တော်လည်း ပိုက်ဆံအဆင်ပြေရင် လိုက်သွားမယ်။ ဒါမှမဟုတ် အမေ သွားမယ်ဆိုရင် အရင်နှစ်ကလိုပဲ ရွှေလီဘက် သွားချင်တယ်။ အဲဒီက မြန်မာငွေ ၇ သောင်းလောက်ပဲကျတဲ့ တရုတ်လုပ် Fender ဒီဇိုင်း solid guitar တစ်လက်လောက် ညီနဲ့ အတူအိမ်မှာ တွဲတီးဖို့ ၀ယ်ချင်တယ်။ ခရစ်စမတ်မှာ လျှောက်လည်မယ်။ နယူးရီးယားမှာ ဟော့ပေါ့ဖြစ်ဖြစ် လုပ်စားချင်တယ် ည ၁၂ နာရီမှာ သူငယ်ချင်းတွေဆီဖုန်းဆက်ပြီး နယူးရိးယားလို့ အော်မယ်။ ဒီနှစ်ဆောင်းတွင်းကလည်း ပျော်စရာပဲ ဖြစ်မှာပဲ။ ။
သူငယ်ချင်းအားလုံးနောက် ဆော့ဖော်ဆော့ဖက် စိုးညီညီ အားလုံး အမှတ်တရပါ။
ဒီဆောင်းတွင်းအေးအေးကို ဘယ့်သူ့ ဆက်ကွေးခိုင်းရမလဲ။ tag သာ tag ရမှာ အားကြရဲ့ လား မသိဘူး။ အေးတဲ့ ဒေသက သူတွေကို tag ရမယ်။
ကိုတေဇာတေ
ကဗျာချစ်သူ
မိုးရေထဲက မမ
နောက် စကိတ်စီးတဲ့ သူငယ်ချင်း
Technorati Tags: soe nyi nyi, tayzar, tay zar, Myanmar, Burma, tayzar’s friends
12 Sep, 2007
အမမီနှင့် အမs0wha1 က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
2.Me Playing Godfather Themes
3.သင့်မျက်စိကို စမ်းသပ်ပါ
4.Add Digg button to your Blog
5.Megapixel များတိုင်း ကင်မရာကောင်းသလား
အဲဒီ ၅ ခုရွေးလိုက်ပါတယ်။
7 Sep, 2007
I was tagged by sister cuttie pinkgold last week. She want me to write about my secret habit. Also she said write them in English language. It’s hard to write about my hobby coz I don’t know grammar and spelling. tat’s problem. But when we meet in online I told her about my hobby and translate them. This is what she translate.
1. I want to sleep daytime, not at night.
2. I used to spend my time playing games and listening to music at night.
3. As I have a habit to listen deeply to the songs from my mp3 when I go out and consequently, I’m about to undergo the car accident so often.
4. I’m careless about my personality (dressing, personal grooming, etc…)
5. I love to wear Black T-Shirt and Jean pant.
6. All my pocket money is only for using internet. (I’m addicted to using internet)
7. I have very few friends on the line and outside.
8. I feel embarrassed on everybody!
Thanks sis pinkgold for translate. She can translate what I want to say within short sentence. My sister also said tag another 8 bloggers. tat’s problem too. coz It’s hard to choice. I think some blogger have work, some have no time. I also embarrass bloggers. Finally, I choice 8 bloggers. They are Bro Soe Htet, Bro K Thu Yein, Bro Mg Tha Jan, Bro Fido, Bro Bayintnaung, sis Melody, sis Ya Min, Friend Aye Chan Thu
31 Aug, 2007
Happy Blog Day ပါ။ ဒီနေ့ 31 August ဘလော့ခ်ဒေး အတွက် နှစ်သက်တဲ့ ဘလော့ခ်ဂါ ၅ ယောက်ရွေးထားပါတယ်။ သူတို့တွေက –
Vincent Chow

He is one of my favorite blogger from Malaysia (I think). He wrote about technology, blogging, funny and other.. I try to write posts like him. Sometimes I translated some of his useful posts.
CMS MDY

He is a blogger from my country Myanmar (Burma). He worte about computer, technology and other tips & tricks. I also like CMS Blog. He is also a one of my favorite Myanmar Bloggers. I always ask him if i got a computer problem. Everytime I used internet I always read his blog and subscribe feed from blog.
Myo Kyaw Htun

Myo Kyaw Htun is also my favorite blogger from Myanmar (Burma). He said “He is a programmer studies web development”. He wrote about web development, blogging, tutorials and some cool stuffs. I always ask him when i have blogging problems. I subscribe feed from him to read new posts from blog.
Sharing The Life

Sharing the life is a one of my fav blog. I try to search information of latest technology. I think this blogger crazy latest cars. Aniway, I like that blog.
Tips For New Bloggers

If I’ve got ani blogging problems, I always try to solve by one blog. That blog is tips for new bloggers. That blog is a useful blog for newbie blogger like me. You’ll see blogging tips and information about many widget there.
သူတို့ ၅ ယောက်က ကျွန်တော်အမြဲ အင်တာနက်သုံးတိုင်း ကြည့်ဖြစ်တယ်။ သူတို့ရေးတာက ၅ ယောက်လုံးများသော အားဖြင့် ကွန်ပျူတာနှင့် နည်းပညာ အကြောင်းကို အဓိကထားရေးကြတယ်။ ကျွန်တော်သူတို့ကို အားကျတယ်။ ဒါကြောင့် သူတို့လို ရေးဖို့လည်းလိုက် ကြိုးစားကြည့်တယ်။ ကျွန်တော်က ဘာမှတော့ မတတ်ပါဘူး။ သင်တန်းတက်ဖို့လည်း မတတ်နိုင်ပါဘူး။ ဒီလိုပဲ ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို အင်တာနက်ကနေ ရှာဖတ်ပါတယ်။ ပြီးတော့ ကိုယ်သိသလောက် ပြန်ရေးပါတယ်။ စာဖတ်သူလည်းဖတ်လို့ရမယ် ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ဘာသာရှာဖတ်ရင်းနဲ့ အကျင့်လုပ်ကြည့်တာပါ။ မသိတဲ့ အကြောင်းအရာတွေဆိုရင်တော့ ကျွမ်းကျင်သူတွေ လိုက်မေးယူရတာပါပဲ။ သင်တန်းတက်ဖို့ မတက်နိုင်လို့ self learning လုပ်ဖို့ အတွက် အဓိကထားပြီး ဘလော့ခ် လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်အတွက်တော့ သူတို့ ၅ ယောက်က မြင်ဆရာတွေပါပဲ။ သူတို့ဘယ်မှာနေလဲ ကျွန်တော် မသိပါဘူး။ သူတို့ အသက် ဘယ်လောက်ရှိပြီလဲ ကျွန်တော်မသိပါဘူး။ သူတို့တွေကို မမြင်ဖူးပေမယ့် သူတို့ရဲ့ ပို့စ်တွေက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့တွေ အမြဲ ဘလော့ခ်ေ၇းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Happy Blog Day 2007 !!
Tag : www.technorati.com
www.blogday.org
Technorati tags:
3l0g day, blog day from myanmar, blogger day, blogday2007, blogging
26 Aug, 2007
ကျွန်တော်တို့ လူသားတွေ အတွက် ဂုဏ်ပြုနေ့တွေ တဖြည်းဖြည်းများစွာပေါ်ထွက်လာပါပြီ။ အခုဆိုလည်း ဘလောခ့်ဂါတွေ အားလုံးကို ဂုဏ်ပြုတဲ့ Blog Day 2007 ဟာ မကြာခင် ကျရောက်တော့မှာပါ။ August 31 ရက်နေ့ဟာ နိုင်ငံတကာ Blog Day နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတကာက ဘလော့ခ်ဂါတွေ အားလုံးဟာ ကိုယ့်နေရာဒေသ အလိုက် Blog Day ဂုဏ်ပြု အစီအစဉ်များကို ပြုလုပ်ကြမှာပါ။
Blog Day ဆိုတာ ဘာလဲဆိုတော့ …….
BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors. With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.
Blog Day လို့ သတ်မှတ်ခဲ့တာက Nir Ofir ကဖြစ်ပြီး 2005 က စတင်ပြုလုပ်ခဲ့တာ အခု 2007 ဆိုရင် သုံးနှစ်မြောက်ခဲ့ပါပြီ။ သင်ကိုလည်း နိုင်ငံတကာ Blog Day မှာ ကျွန်တော်က ပါဝင်ဆင်နွဲဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုပါဝင်ရမလဲဆိုတော့ ….
How to be a part of BlogDay?
* Find 5 new Blogs that you find interesting
* Notify the 5 bloggers that you are recommending them as part of BlogDay 2007
* Write a short description of the Blogs and place a link to the recommended Blogs
* Post the BlogDay Post (on August 31st) and
* Add the BlogDay tag using this link:
www.technorati.com
www.blogday.org
အဲဒါပါပဲ ရိုးရှင်းပါတယ်။ ကျွန်တော့် သဘောကတော့လေ မိတ်ဆွေကို အဲဒီ ဒီလ 31 ရက်နေ့မှာ အဲဒါလေးလုပ်စေချင်တယ်ဗျာ။ နောက် သူငယ်ချင်း ဘလောခ့်ဂါတွေကိုလည်း လက်တို့လိုက်ပါဦး။
Technorati tags:
3l0g day, blog day, blog day 2007, blog day from burmese, blog day from myanmar, blogger day, blogday2007, www.blogday.org, blogging
23 Aug, 2007
အမ မီ က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
2.Me Playing Godfather Themes
3.သင့်မျက်စိကို စမ်းသပ်ပါ
4.Add Digg button to your Blog
5.Megapixel များတိုင်း ကင်မရာကောင်းသလား
အဲဒီ ၅ ခုရွေးလိုက်ပါတယ်။