20 Sep, 2007
ကျွန်တော် ဒီနေ့ကစပြီး ဘလောခ့်ရေးခြင်းကို မနားချင်ပဲ ခဏနားပါဦးမယ်။ နောက်လမှာ တစ်နှစ်တစ်ခါသာကြုံရတဲ့ ကြုံတောင့်ကြုံခဲ စာမေးပွဲကြီးကို ဖြေဆိုရန်ရှိတဲ့ အတွက်ပါ။ နောက်လ ၁၂ ရက်နေ့မှ ပြန်ပြီး ဘလောခ့်ရေးနိုင်မှာပါ။ tag ထားတဲ့ သူငယ်ချင်းများကိုလည်း နောက်မှ အကြွေးဆပ်ပါမယ်။ ပြောစရာရှိရင် email ပို့ လို့ရပါတယ်။ ကြားထဲမှာ အားရင် အွန်လိုင်းခဏလောက်တော့ ၀င်ဖြစ်ဦးမှာပါ။ ပို့စ်အသစ်ကတော့ နောက်လ ၁၂ ရက်နေ့မှပဲ တင်နိုင်ပါတော့မယ်။ အလည်လာကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် စာမေးပွဲအတွက်လည်း ဆုတောင်းပေးကြပါဦးနော်။
အလည်လာကြသူ ညီအကို၊ မောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်လျှက်ပါ။
12 Sep, 2007
အမမီနှင့် အမs0wha1 က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
2.Me Playing Godfather Themes
3.သင့်မျက်စိကို စမ်းသပ်ပါ
4.Add Digg button to your Blog
5.Megapixel များတိုင်း ကင်မရာကောင်းသလား
အဲဒီ ၅ ခုရွေးလိုက်ပါတယ်။
9 Sep, 2007
ဟိုတစ်နေ့က Rush Hour 3 ရုပ်ရှင် သွားကြည့်တုန်းကပေါ့ ရုပ်ရှင်ပြီးခါနီးလောက်မှာ ကျွန်တော်တို့ခုံ အနောက်ဘက် အတန်းက စုံတွဲ ဆီက ဖုန်းလာသံ ကြားရတယ်။ အတွဲထဲက ကောင်မလေးရဲ့ဖုန်း သူပြောနေတာက “အမေလား ………………. သမီး ကျူရှင်မှာ အမေ…. ဟုတ်…..” တဲ့ ပြန်ဖြေနေတာကြားရတယ်။ သူက ရှက်လို့ထင်ပါတယ် တိုးတိုးလေးပြန်ဖြေနေတာ ဒါပေမယ့် ဘာရမလဲ ကျွန်တော်တို့တွေက နားအရမ်းကောင်းတာ အကုန်ကြားနေရတယ်။ ဟဲ ဟဲ ရယ်ချင်တာ အသည်းယားနေတာပဲ။ ရယ်တော့ မရယ်ခဲ့ပါဘူး။ ရုပ်ရှင်လည်းပြီးရော ကျွန်တော်ရယ် ကျွန်တော်ဆရာရယ် ကျွန်တော့် သူငယ်ချင်းရယ် ရုံထဲက ထွက်လာတော့ ခုဏကကောင်မလေး အကြောင်းပြောပြီး အသားကုန် ရယ်ကြတော့တာပဲ။ သမီးကလေ ကျူရှင်မှာ မာမီရဲ့ ဘာညာနဲ့ ပြောပြီးရယ်ကြတာ။ လှေကားဆင်းတော့လည်း ရယ်လို့ မဆုံးသေးဘူး။ ကျူရှင်က ဂျက်ကီချမ်းကိုတိုင်လာသင်တာ အမေရဲ့ ဘာညာနဲ့ သူများသားသမီးကို အသားကုန်ပြောင်လာလိုက်တာ ရုံအပြင် ဆူးလေလမ်းမပေါ်ရောက်ရော ကျွန်တော့် ညီမ၀မ်းကွဲကို တွေ့လိုက်တယ် အဲဒါနဲ့ သွားနှုတ်ဆက်တာ။ “ညီမလေး ဘယ်ကလာတာလဲလို့” မေးလိုက်တာ။ ညီမကဖြေတယ။် ” အခုပဲ ကျူရှင်က ပြန်လာတာတဲ့…..” ။ အဖြစ်က တစ်မျက်နှာ ၀တ္တုတွေထဲက အတိုင်းပဲ။ ၀ဋ်ဆိုတာကြီးက ချက်ချင်းကို လည်တော့တာပဲ =) ။ ။
26 Aug, 2007
ကျွန်တော်တို့ လူသားတွေ အတွက် ဂုဏ်ပြုနေ့တွေ တဖြည်းဖြည်းများစွာပေါ်ထွက်လာပါပြီ။ အခုဆိုလည်း ဘလောခ့်ဂါတွေ အားလုံးကို ဂုဏ်ပြုတဲ့ Blog Day 2007 ဟာ မကြာခင် ကျရောက်တော့မှာပါ။ August 31 ရက်နေ့ဟာ နိုင်ငံတကာ Blog Day နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတကာက ဘလော့ခ်ဂါတွေ အားလုံးဟာ ကိုယ့်နေရာဒေသ အလိုက် Blog Day ဂုဏ်ပြု အစီအစဉ်များကို ပြုလုပ်ကြမှာပါ။
Blog Day ဆိုတာ ဘာလဲဆိုတော့ …….
BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors. With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.
Blog Day လို့ သတ်မှတ်ခဲ့တာက Nir Ofir ကဖြစ်ပြီး 2005 က စတင်ပြုလုပ်ခဲ့တာ အခု 2007 ဆိုရင် သုံးနှစ်မြောက်ခဲ့ပါပြီ။ သင်ကိုလည်း နိုင်ငံတကာ Blog Day မှာ ကျွန်တော်က ပါဝင်ဆင်နွဲဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုပါဝင်ရမလဲဆိုတော့ ….
How to be a part of BlogDay?
* Find 5 new Blogs that you find interesting
* Notify the 5 bloggers that you are recommending them as part of BlogDay 2007
* Write a short description of the Blogs and place a link to the recommended Blogs
* Post the BlogDay Post (on August 31st) and
* Add the BlogDay tag using this link:
www.technorati.com
www.blogday.org
အဲဒါပါပဲ ရိုးရှင်းပါတယ်။ ကျွန်တော့် သဘောကတော့လေ မိတ်ဆွေကို အဲဒီ ဒီလ 31 ရက်နေ့မှာ အဲဒါလေးလုပ်စေချင်တယ်ဗျာ။ နောက် သူငယ်ချင်း ဘလောခ့်ဂါတွေကိုလည်း လက်တို့လိုက်ပါဦး။
Technorati tags:
3l0g day, blog day, blog day 2007, blog day from burmese, blog day from myanmar, blogger day, blogday2007, www.blogday.org, blogging
23 Aug, 2007
အမ မီ က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
2.Me Playing Godfather Themes
3.သင့်မျက်စိကို စမ်းသပ်ပါ
4.Add Digg button to your Blog
5.Megapixel များတိုင်း ကင်မရာကောင်းသလား
အဲဒီ ၅ ခုရွေးလိုက်ပါတယ်။
8 Aug, 2007

Myanmar Blogger Society အတွက် logo လေး ကျွန်တော်တတ်သလောက် ဆွဲထားပါတယ်။ ဝေဖန်ပေးပါဦး။
MBS ဆိုတဲ့ စာလုံးလေးသုံးလုံးကို မညီညာတဲ့ frame လေး ၃ ခု နဲ့ လုပ်ထားတာက ကျွန်တော်တို့ မြန်မာဘလော့ခ်ဂါတွေက မတူညီတဲ့ အရပ်ဒေသတွေ၊ ခြားနားတဲ့ အသက်အရွယ်တွေ၊ ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့် အတူတကွ ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီ စည်းစည်းလုံးလုံး ရှိကြတယ်ဆိုတာကို ရည်ရွယ်ပါတယ်။ M လေးရဲ့ အပြာရောင်လေးက မြန်မာဘလော့ခ်ဂါတွေ အေးချမ်းစွာ ပေါင်းစည်းမှုကို ဆိုလိုပါတယ်။ B ဆိုတဲ့ အစိမ်းရောင်လေးက ကျွန်တော်တို့ဟာ အဖွဲအစည်းဟာ ပရဟိတ အတွက် ရည်ရွှယ်ပါတယ်လို့ ဆိုလိုတာပါ။ S ဆိုတဲ့ အနီရောင်လေးကတော့ ကျွန်တော်တို့က ရဲရင့်ပြီး နိုင်ငံကို အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အဓိပါယ်ကို ဆိုလိုပါတယ်။
Logo နှင့် ဆောင်ပုဒ် ရွေးချယ်မှု အစီအစဉ်ကို ကိုနေဘုန်းလတ် ဘလော့ခ်မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။
6 Aug, 2007
၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ ဘာညာ နှင့် ပင့်ဂိုး မှတာဝန်ယူမည်။
၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..
သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။
၎။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl
ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံးတာဝန်ယူမည်ဖြစ်ပါသည်။
ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Booket အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန် – ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်
၆။ ပါဝင်ဆောင်ရွက်နေကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည်ဖြစ်ပါသည်။
၇။ Power Point များအား မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..
၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizar များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတိုမှ တွေ့ဆုံရှင်းလင်းမည်ဖြစ်ပါသည်။
၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူဖိတ်ကြားသွားမည်ဖြစ်ပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှာ -
ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုတက်စလာ၊ ကိုသန့်ဇော်မင်း၊ ကိုစေတန်ဂေါ့ထ်၊ ကိုမင်းယွန်းသစ်၊ ကိုရွှေမြတ်၊ ကိုမိုးလှိုင်ည၊ ကိုဝေ၊ ကိုမျက်လုံး၊ ကိုတေဇာ၊ ကိုဆူးရဲ၊ ကိုထွန်းတောက်ဖြိုး၊ ကိုဖြိုး၊ ကိုမီထရို မမယ်လိုဒီမောင်၊ မဘာညာ၊ မမဒီဂျွန်၊ မစိတ်ကူး၊ မသိမ့်သိမ့်၊ မနှင်းမိုးဝေ စုစုပေါင်း (၂၃) ယောက် တက်ရောက်ခဲ့ကြပါသည်။
The End (Finish Time – 6:06 pm)
အစည်းအဝေးလုပ်နေစဉ်အတွင်း… ကိုဖြိုးမှ တိုက်ရိုက် မှတ်တမ်းတင်ထားသည်များကို ကူးယူဖေါ်ပြပါ၏………..
3 Aug, 2007
ကျွန်ုပ် မောင်တေဇာသည် နှစ်ပတ်ခန့် အိပ်ရာထဲလဲ၍ ဝေဒနာကို ခံစားပြီး သကာလ ကျန်းမာရေး အထူး ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့မှစ၍ ပို့စ်များ non stop တင်တော့မည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အလည်လာခဲ့ကြသော မောင်နှမများ ကိုလည်း စာမပြန်နိုင်ခဲ့ သဖြင့် ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်။ ဒန်တန်တန်
22 Jun, 2007
ကျွန်တော် ဒီပိုစ့်လေး ရေးဖြစ်ရတဲ့ အကြောင်းက အမ ညလေး က ကျွန်တော် ဘုမသိဘမသိ ကို တက်ထားတယ် ဆိုပြီး ဆီဗုံးမှာ လာအော်သွား ပါတယ်။ ကျွန်တော်က လည်း တော်တဲ့နေရာ နှစ်ယောက် မရှိဘူး။ တက်တယ်ဆိုတာ WWE Smack Down ထဲက tag game ကို ပဲပြေးမြင်မိတယ်။ ဟ ဘာဆိုလိုတာလဲ မသိဘူး။ နပန်းသတ်ဖို့ လက်ပုတ် ခေါ်တာတော့ မဖြစ်နိုင်လောက် ပါဘူးလို့။ ဒါနဲ့ ပဲ တခြား ဘလော့ခ်တွေ လိုက်ဖတ်ရတော့တယ်။ ဘလော့ခ် တော်တော် များများ ဖတ်ပြီးတော့မှ ရေးတေးတေး သဘောပေါက်မိတယ်။ (ခုထက်ထိ ရေးတေးတေး ပဲ သဘောပေါက်တယ်)။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ မိုးရေထဲက အမှတ်တရလေးတွေ ရေးမိပါတယ်။
တကယ်တော့ မိုး အကြောင်းပိုစ့်လေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ တော့ရှိပါတယ်။ မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုတော့ အမ ညလေး တက်လိုက်လို့ရေး ဖြစ်ပါတယ်။ မိုးနတ်မင်းက တကယ်တော့ ကျွန်တော့်ကို ကြည်ပုံမရဘူးဗျ။ ကျွန်တော်နေ့တိုင်း ကျောင်းသွားရင် ထီး အမြဲယူတယ်။ ကျွန်တော် ထီး ပါတဲ့နေ့ဆို သူက နေပူတယ်။ ထီး လေးတစ်ရက်လောက် မေ့ခဲ့ရင် အဲဒီနေ့ ကြွက်စုတ်ဖြစ်အောင်ကို ရွာတာပဲ။ ကြည့်လေ ပြီးခဲ့တဲ့ အပတ် တင်္နလာ နေ့က ကျွန်တော် မနက်ကျောင်းသွားဖို့ လုပ်တော့ နေ ကိုတောင်ကြည့်လိုက်သေးတယ်။ နေသာလို့ ဒါနဲ့ ဒီနေ့တော့ ထီး မယူတော့ပါဘူးလေ ဆိုပြီး ကျောင်းသွားလိုက်တာ ကျောင်း အပြန် သဲကြီးမဲကြီး ရွာပါလေရော။ ဖြစ်ချင်တော့ အဲဒီနေ့က သွားစရာ ကလည်း ရှိနေသေးတယ်။ သယ်ရင်း သိုးမလေး ကို ကူရှာခိုင်းထားတဲ့ ဂစ်တာ စာအုပ်ရပြီ ဆိုလို့ လောကနတ် ခန်းမမှာ သွားယူရမှာ။ ဒါနဲ့ ကျောင်းက ထီး ပါတဲ့ ဘော်ဒါကို ပန်းဆိုးတန်းက ခန်းမကို လိုက်ခဲ့ပေးဖို့ အဖော် ခေါ်ရတယ်။ သူလိုက်တော့ စာအုပ် သွားယူ ပြီး အပြန်သူက သူ့အိမ် ဘက်ရောက်တဲ့ လိုင်းကားစီးပြန်သွားရော။ ကျွန်တော်က ကျွန်တော် အိမ်ဘက်ရောက်မယ့် လိုင်းကား စောင့်နေခဲ့တာ။ နောက် မိုး က ကျွန်တော့်ကိုတွေ့သွားတယ် ထင်တယ်။ လူကို ကြွက်စုတ် ပုံဖြစ်အောင် ရွာပါလေရော။ ရှိသမျှ စာအုပ်တွေလည်း ရစရာမရှိအောင်စို ရှိစုမဲ့စု calculator လေးလဲ မိုးမိပြီး သုံးမရ ဖြစ်သွားတယ်ဗျာ။ တော်သေးတယ် တစ်ခုထဲသော mp3 ပလေယာလေးကို သေသေချာချာ အိပ်ထဲ ထည့်ထားလို့ သူကတော့ ဘာမှမဖြစ်သွားဘူး။
မိုးတွေရွာတော့ ကျွန်တော် ငယ်ငယ်က အချိန်တွေကို ပြန်သတိရမိတယ်။ ကျွန်တော် ငယ်ငယ်က မန္တလေးတိုင်းက ကျောက်ဆည် ဆိုတဲ့ မြို့လေးမှာ နေကြတာ။ အဲဒီတုန်းက မိုးရွာပြီဆိုရင် စာအုပ်ထဲက အလယ်စာရွက်ဖြတ်ပြီး စက္ကူလှေ ကလေးခေါက်ပြီး ရေထဲမှာ မြောပြီး ဆော့တာ။ နောက် မှတ်မှတ်ရရ မိုးသီးဆိုတာကို နှစ်တန်းနှစ်လောက် မှာ ကျွန်တော်တို့ မြို့လေးမှာ ကျတယ်။ ကျွန်တော်တို့ မြို့လေးက အလယ်ပိုင်းတိုင်းမှာ ဆိုတော့ မိုးက ရွာခဲတယ် ခင်ဗျ။ ရွာပြီဆိုရင်တော့ တစ်နေ့လုံးကို ၀ုန်းဒိုင်းကျဲအောင်ရွာတာ ပြီးတော့ မိုးသီး တွေလည်းကျတတ်တယ်။ အဲဒီတုန်းက တကယ်ကို ပျော်တာ အိမ်အပြင်ထွက်ပြီး အဲဒီ အလုံးလေးတွေ ကောက်ပြီး ၀ါးတာပဲ။ အလုံးလေးတွေက ဖန်ဂေါ်လီလုံးလောက် ရှိတာ လေးတွေဗျ။ အသီးလေး တွေက အေးစက်နေတာပဲ။ အဲဒီ တခါပဲ မိုးသီးနဲ့ ကြုံဖူးတယ် နောက်တော့ ရန်ကုန်ကို ပြောင်းတယ် ရန်ကုန်မှာက မိုးသာ ခဏတိုင်းရွာတာ မိုးသီးတော့ တခါမှ ကျတာ မကြုံရသေးဖူး ခင်ဗျ။ အဲဒီတုန်းက သက်တံ တွေဆိုတာ ကြည့်လို့ကိုမ၀ဘူး။ ရန်ကုန် ရောက်တော့ တိုက် တွေကြားထဲမှာ သက်တံ မြင်ရဖို့ ခဲယဉ်းသွားပြီ။
နောက် အမှတ်တရလေးတွေက ဟိုအရင်က မိုးရေတွေထဲမှာပဲပေါ့ ကျွန်တော့်ရဲ့ ကောင်မလေးနဲ့ မိုးရေတွေထဲမှာ ကျောင်းထဲက လမ်းကလေးမှာ လမ်းလျှောက် ခဲ့ဖူးတယ်။ အဲဒီတုန်းက မိုးတွေကလည်း ကြမ်းလို့ နေ့လယ်လောက် အချိန်က ညနေလို ညလိုကို မှောင်နေတာ။ အဟား ကျွန်တော်က မိုးရွာရင် စိတ်က အလိုလိုပျော်လာတာ။ အဲဒီတုန်းက မိုးတင်မဟုတ်ဖူး လေပါတိုက်တော့ ထီးပါပေမယ့် တကိုယ်လုံးရွဲတာပဲ။ အဲဒီတုန်းက သူက ချမ်းပြီးတုန်နေလို့ ကျွန်တော် ဖက်ထားတော့ လမ်းမှာတွေ့တဲ့ ကျောင်းသူ တစ်အုပ်ကတောင် “ဝေးဝေးသွားလို့ မရအောင် အချစ်ရယ်ဖက်ထားချင်တယ်” ဆိုပြီး စိုးသူ သီချင်းလေးနဲ့ ကျွန်တော်တို့ကို နောက်သွားသေးတယ်။ နောက် ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ရှေ့ကလှေကားမှာ မိုးတိတ်အောင် ထိုင်စောင့်ရင်း ညိုမှိုင်းနေတဲ့ တိမ်တွေကို အတူတူထိုင် ကြည့်ခဲ့ ကြတယ်။ အပြန် ဖယ်ရီပေါ်ရောက်တော့ ကျွန်တော့်မှာပါတဲ့ လက်ကိုင်ပ၀ါလေးနဲ့ သူ့ရဲ့ ဆံပင်လေးတွေက ရေတွေ သုတ်ပေးခဲ့သေးတယ်။ အဲဒါလေးတွေကလည်း ကြာတော့ကြာခဲ့ပေမဲ့ မနေ့တနေ့ ကလိုပါပဲ။ နောက်တော့ သူက လမ်းခွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ တခါတလေတော့လည်း သိပ်ချစ်တာ သူအသိပါကွယ် ဆိုတဲ့ သီချင်းလေး ကြားရင်၊ တခါတလေ မိုးတွေ ညိုမှိုင်းနေခဲ့ရင် ကျွန်တော့် စိတ်တွေက အတိတ်ကို ပြန်ပြန်ရောက်သွား တတ်ပါတယ်။
မိုးတွေရွာရင် အခုထက်ထိကို ကျွန်တော် စိတ်ထဲက ပျော်ပါတယ်။ မိုးရွာရင်လည်း ကျွန်တော် ထီးပါခဲ့လည်း မိုးဖွဲဖွဲလေး ဆိုရင် ကျွန်တော် ထီး မဆောင်းပါဘူး။ မိုးဖွဲဖွဲလေးထဲမှာ ထီးမဆောင်းပဲ လျှောက်သွားရတဲ့ အရသာကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ထီး မဆောင်းလို့ ဖျားတာကလည်း ခဏတိုင်းပါပဲ။ ဖျားလည်း နောက် မိုးရွာရင် မိုးရေထဲ လမ်းလျှောက်တာပါပဲ။ နောက် အိမ်ပြန်ရောက်ရင် ရေချိုးပြီးတာနဲ့ ကော်ဖီ ပူပူလေးနှပ်သောက် ပြီး စောင်ထဲခြုံကွေးတဲ့ ရတဲ့ အရသာကို အရမ်းကြိုက်ပါတယ်။ အိမ်မှာနေတုန်း မိုးရွာရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး လမ်းပေါ်က လူတွေကို ထိုင်ကြည့်ပါတယ်။ တချို့သူဌေးတွေ က golf ထီးကြီးတွေ ဆောင်းလို့ လမ်းလျှောက်နေတာ၊ ဆင်းရဲတဲ့သူ တွေက ထီးမပါဘဲ မိုးရေထဲ လမ်းလျှောက် နေကြတာတွေ၊ ဆိုက်ကားသမားတွေ မိုးကာကုတ် အရှည်ကြီးတွေနဲ့ ဆိုက်ကား အမြန်နင်း သွားကြတာတွေကို ပြတင်းပေါက်ကလေး ကနေ ထိုင်ငေး ရတာကလည်း အရသာတစ်မျိုးပါ။ မိုးတွေရွာတိုင်း ကျွန်တော်ရဲ့ စိတ်တွေက ပေါ့ပါးသွားသလို ခံစားရပါတယ်။ နောက် မိုးရွာလိုက်ရင် ထွက်လာတဲ့ မြေသင်းနံကလေး ကလည်း စိတ်ကို တမျိုးလန်းဆန်း စေပါတယ်။ နောက် စိမ်းနေတဲ့ သစ်ပင်တွေ၊ မြက်ခင်းတွေကလည်း အမြင်အာရုံ ကြည်လင်လာသလို ခံစားရပါတယ်။ မိုးတွေရွာတိုင်း ကျွန်တော်အရမ်းပျော်ပါတယ်။ နောက် ပျော်စရာ အတိတ်တွေကို ပြန်လွမ်းမိတယ်။ နောက် မိုး ရွာလိုက်တိုင်း ဒိုင်ယာရီ စာအုပ် အဟောင်းလေး ကို ပြန်ဖတ်ရသလို စိတ်မှာ ပျော်ရွင်မိပါတယ်။ ။
7 Jun, 2007
ဟိုတစ်နေ့ ကပေါ့ ကျွန်တော် ကျောင်းက အပြန်မှာ တိုက်ဆိုင်တာလေး တစ်ခု ကြုံခဲ့ ရတယ်။ အဲဒီနေ့က မိုးတွေ အုံ့နေတယ်။ အပြန်မှာ ကျောင်းတွေရဲ့ ထုံးစံ အတိုင်း ကျောင်းသား အင်အားများပြီး လာတဲ့ လိုင်းကား အရေအတွက်က နည်းနေခဲ့တယ်။ ဒါနဲ့ ထုံးစံ အတိုင်း၁ နာရီလောက် နေမှ ပြန်စရာ ကား ရတယ်။ ထုံးစံ အတိုင်း နေရာ မရခဲ့ဘူး။ ၂ နာရီလောက် မတ်တပ်ရပ် ပြန်ရုံပဲပေါ့။ ကားပေါ်ရောက်တော့ ကားခ ပိုက်ဆံ ပေးပြီး အေးအေး ဆေးဆေး mp3 နားထောင် နေလိုက်တယ် ခင်ဗျ။
တော်တော်ကြာမှ ဘေးနား တစ်ဝိုက်ကို ကြည့်လိုက်တော့။ အရှေ့နားက ခုံက ကောင်မလေး တစ်ယောက်လည်း ကျွန်တော်လို mp3 နားထောင်နေတယ်။ သူ တပ်ထားတဲ့ နားကြပ်က ကျွန်တော့် နားကြပ်နဲ့ ပုံစံတူ တံဆိပ်တူပဲ ခင်ဗျ။ သြော် တစ်ခါတစ်လေလည်း တူတာတော့ ဒီမှာ ၀ယ်တာပဲ တူချင် တူမှာပေါ့လေ လို့တွေးမိတယ်။ နောက် သီချင်း ဆက် နားထောင် နေလိုက်တယ်။ ခဏလောက်နေတော့ အမှတ်တစ်မဲ့နဲ့ အဲဒီကောင်မလေး ကိုင်ထားတဲ့ လက်တွေ့ခန်း စာအုပ်ကို ကြည့်မိတော့ သူ့ခုံနံပါတ်က ကျွန်တော့် ခုံနံပါတ်နဲ့ အတူတူပဲခင်ဗျ။ နောက် ဆက်ကြည့်တော့ နှစ် လည်း တူနေတယ်။ ဒါနဲ့ မေဂျာ ပါတူဦးမလား ဆိုပြီး ဆက်ကြည့်လိုက် တော့ မေဂျာတော့ ကွဲတယ်။ ဟီး မေ့သွားတယ် မေဂျာ ပါတူလို့မှ မရတာ။ ဒါနဲ့ပဲ အိမ် ပြန်ခဲ့တယ် ခင်ဗျ။
နောက် တစ်ခု မှတ်မှတ်ရရ တိုက်ဆိုင်တာလေး တစ်ခု ရှိပါသေးတယ်။ အရင်က ယုဇနပလာဇာ တတိယ ထပ်မှာ ezy က ဆိုင်ခန်း အကျယ်ကြီး ငှားပြီး စီဒီ သီချင်း ခွေတွေ၊ ဗီစီဒီ သီချင်း ခွေတွေ ရောင်းသေးတယ် ခင်ဗျ (အခုတော့ အဲဒီ ဆိုင် မရှိတော့ဘူး ထင်တယ်)။ အဲဒီမှာ ကျွန်တော် လိုချင်တဲ့ အခွေတစ်ခွေ သွားရှာတာခင်ဗျ။ လိုချင်တဲ့ အခွေက Good Charlotte ရဲ့ Young & The Hopeless အခွေပါ။ ဒါနဲ့ ဆိုင်ထဲမှာ ဟိုရှာ၊ ဒီရှာ နဲ့ ဆိုင်ထဲမှာ လျှောက်ရှာနေတုန်း အရောင်းစာရေးမလေး ဘေးနား ရောက်လာပြီး Good Charlotte ခွေ ရှာနေတာလား လို့မေးပါတယ်။ ကျွန်တော်က လည်း ကျွန်တော့် အာရုံနဲ့ ကျွန်တော် အလုပ်များနေတော့ ရုတ်တရက် စာရေးမလေးမေး တာကို ကျွန်တော် လန့်သွားတယ်။ လန့်တာမှ တုန်ကိုသွားတာ။ အား အရောင်းစာရေးမက ငါ့စိတ်ကို သိနေပါလား ဆိုပြီး လန့်သွားတာ။ အမှန်တော့ တိုက်ဆိုင်တာ ဖြစ်မှာပါ။ ပြောလို့ လည်း မရပါဘူး။ အဲဒီ စာရေးမက ၀မ်းတွင်းပါ အကြားအမြင် တွေရထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါလေး ကလည်း မှတ်မှတ်ရရ တိုက်ဆိုင်မှုတစ်ခုပါ။ ။
Technorati tags:
tayzar’s diary, diary, myanmar blog diary