hit counter

Archive for Uncategorized

Happy Birthday to 5 Years Old Delicious

November 6 ရက်နေ့မှာ Social Bookmarking Site ~ Delicious က ၅ နှစ်ပြည့်ပါတယ်။ သူက အရင်က Del.icio.us အဖြစ်နဲ့ နာမည်ကျော်ခဲ့တဲ့ web 2.0 ဆိုဒ် တစ်ခုပါ။ အခုဆိုရင် Delicious မှာ 5.3 Million users, 180 million unique URLs saved တွေ community, စိတ်ဝင်စားဖွယ်ရာ လင့်ခ်တွေနဲ့ အောင်မြင်နေတဲ့ ဆိုဒ် တစ်ခုပါ။

Read the rest of this entry »

Three Billion Photos At Flickr

flickr မှာ ဒီနေ့ 3 Billion မြောက် ဓာတ်ပုံကို user name Garrett Ryan Smith က ဒီနေ့ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ sharing ဆိုဒ် flickr က Social Networking Site facebook ရဲ့ ဓာတ်ပုံပေါင်း 10 billion ကိုတော့ မကျော်နိုင်သေးပါဘူး။ လွန်ခဲ့တဲ့ 8 လပိုင်းတုန်းက flickr က 888 contest လဲ လုပ်ခဲ့ပါသေးတယ်။

Via : TechCrunch

James Bond’s New Sony Ericsson Phone

James Bond ရဲ့ အသစ်ထွက်မယ့် ဇာတ်ကားသစ် Quantum of Solace မှာ Sony Ericsson C902 ကို သုံးမယ်လို့ Sony Ericsson က တရားဝင်ပြောပါတယ်။

Read the rest of this entry »

Happy Birthday to deviantArt

Happy Birthday to 8 Years Old deviantArt!!

Fold Your Shirt Quickly

Bro ဦးသိန်း ဘလော့ခ်က ပို့စ်အဟောင်းတွေ ပြန်ဖတ်ရင်း ဒီ t-shirt ခေါက်တဲ့နည်းလေး ကျွန်တော်ပြန်တင်လိုက်တာပါ။ တီရှပ်ကို အမြန်ခေါက်တဲ့ နည်းလေးပါ။ ဂျပန်က လုပ်တဲ့ဆိုဒ်ထင်တယ်။ Metacafe မှာ လည်း ဗီဒီယိုကြည့်ဖူးတယ်။ ကျွန်တော်တို့ အမြန်ခေါက်ကြည့်ရအောင်။ ပျော်ရွှင်ပါစေ။


step-001

Read the rest of this entry »

Nargis or Apocalypse?

ကျွန်တော်တို့ ရန်ကုန်မှာ နာဂစ် တိုက်သွားတာ တော်တော်ခံလိုက်ရပါတယ်။ ညကတည်းက လေတိုက်နှုန်း ကြမ်းပါတယ် မနက် ၅ နာရီလောက်ရောက်တော့ အဆိုးဆုံးဖြစ်လာပါတယ် အပင်တွေ လဲကုန်တယ် တိုက်ဘေးက အပင်တွေရော ဓာတ်တိုင်လည်း လဲတယ် မျက်နှာချင်းဆိုင် တိုက်တွေက အမိုးတွေ လန်ကုန်တယ်။ စလောင်းတွေက စုတ်ပြတ်ပြီး လမ်းပေါ် ကျကုန်တယ်။ နောက် မနက် ၁၂ လောက်မှာ သူငယ်ချင်း leo jack နဲ့ မြို့ထဲ ပတ်ကြည့်တယ် ရွှေဘုံသာလမ်းက အပင်တွေ အကုန်လဲပဲ နောက် လသာဘက်မှာလည်း လဲတယ် ဗိုလ်ချုပ်အောင်ဆန်းဈေးက အမိုးတွေ တချို့ လန်တယ် အရှေ့ဘက်တန်းက အုပ်ကြွပ်မိုးတွေက တော့ လမ်းပေါ်မှာ ပြန်ကျဲနေတာ အများကြီးပဲ ဇော်ဂျီ house ရှေ့က လမ်းအလယ်က steel နဲ့ လုပ်ထားတဲ့ တန်းတွေ အကုန်လဲတယ်။ Sakura tower နဲ့ Traders Hotel မှာ မှန်တွေကွဲတယ် ရုပ်ရှင်ရုံတွေ လည်း စုတ်ပြတ်သတ်နေတယ်။ ကန်တော်ကြီးထဲမှာ အပင် ကြီးတွေ အကုန်လဲပြီး လမ်းဘေးမှာ ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တယ်။ တာမွေဘက်မှာတော့ တိုက်တွေများလို့ သိပ်မထိဘူး။ တစ်မြို့လုံး တိုက်တွေ တော်တော်များများ အမိုးလန်တယ်။ လမ်းမှာ အပင်တွေ အကြီးကြီးတွေ လမ်းပေါ်လဲနေတယ်။ တစ်မြို့လုံး မြို့ပျက်ကြီးလိုပဲ။
Read the rest of this entry »

သတင်းလား အတင်းလား?

ကျွန်တော်တို့ နေ့စဉ်တွေ့နေရတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေမှာ လည်းဒီလိုပါပဲ။ စာဖတ်သူကို သတင်းသာလျှင် ပေးသင့်တယ်လို့ ထင်မိတယ်။ အပင်းသွင်းသလို သတင်းမျိုးတော့ မထည့်သင့်ဘူးလို့ မြင်မိတယ်။ ကျွန်တော်တို့ တွေ့ရမယ် ဘယ်သတင်းဌာနက လိမ်နေတယ်၊ ဘယ်ဟာက ညာနေတယ်တွေ အမြဲတွေ့နေရမယ်။ ဟုတ်ပါတယ် နိုင်ငံတကာက နာမည်ကျော် သတင်းဌာနတွေလည်း အမှားမကင်းပါဘူး။ ဒါနဲ့ပဲ သတင်းအားလုံး မှားပါတယ် လို့တော့ ယူဆလို့ မရပါဘူး။ ကျွန်တော်တို့ သတင်းတစ်ခုကြားရင် ချင့်ချိန်ရမယ် အခြား သတင်းဌာနတွေကရော ဘယ်လိုရေးထားလည်း ဖတ်ရမယ် ပြီးမှ ချင့်ချိန်ယုံရမှာ စာဖတ်သူတွေသာလျှင် ဖြစ်ပါတယ်။ ဒီလိုပဲ ကောလဟာလတွေလည်း ကြားရတယ် အခါ ယုံသင့်မယုံသင့်က သင်ကိုယ်တိုင်အပေါ်မှာ သာလျှင်မူတည်ပါတယ်။

ဒီလို အဖြစ်မျိုးတွေ ကျွန်တော်တို့ ကျောင်းတွေမှာလည်း ကြုံနေရပါတယ်။ ကျွန်တော်တို့ စာအုပ်တွေမှာ ဖတ်ကြည့်လိုက်ရင် ဒါဟာ အမှန်ဆိုပြီးတော့ ပုံစံမျိုးရေးထားတာတွေပဲ တွေ့နေရမှာပါ။ အမှန်က လူငယ်တွေကို သင်ပေးရမှာ ဒါမှန်တယ်၊ ဒါမှားတယ်ဆိုပြီး သင်ပေးရမယ်လို့မထင်မိဘူး။ အမှား၊ အမှန်ခွဲခြားနိုင်တဲ့ ဥာဏ်မျိုးသာလျှင်ရအောင် သင်ပေးသင့်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့ အပြင်လောကမှာ ကြုံရမှာတွေက စာအုပ်ထဲက အတိုင်းတွေ တစ်ထပ်တည်း မကျနိုင်ပါဘူး။ အဲဒီ အခါ စာအုပ်ထဲသင်တုန်းက မပါဘူးဆိုပြီး ထိုင်နေလို့မှ မဖြစ်တာ။ ကျွန်တော်တို့ ကြုံရတာ အထူးသဖြင့် သချာင်္တွေ အခြားဘာသာရပ်တွေ တွက်တဲ့အခါ ဆရာမက ဒါအမှန်ဆိုပြီး သင်ထားတာတွေနဲ့ မတူရင် အဖြေတုပေမယ့် အမှတ်လုံးဝမရတာပါပဲ။ သချာင်္တစ်ပုဒ်တွက်တာ ပုံသေနည်းတစ်ခုတည်းနဲ့ တင်တွက်လို့ ရတာမှမဟုတ်တာပဲ။ အခြားတွက်နည်းသုံးလို့ အဖြေရရင်လည်း အမှတ်ပေးသင့်ပါတယ်။ ဒီလို ပိတ်ပင်လိုက်တာက ကလေးတွေရဲ့ ကွန့်မြူးနိုင်တဲ့ ဥာဏ်ကို ပိတ်ပင်လိုက်တာပါပဲ။ အဓိကကတော့ ဆရာမတွေက ဒီကလေးက ငါ့ကျူရှင်က မဟုတ်လို့ တွက်နည်းမတူတဲ့ အတွက် အမှန်မပေးတာ ဆိုတာပါပဲ။ ၁၀ တန်း လို မြို့နယ် အလိုက်စစ်တဲ့ စာမေးပွဲမှာ ဒီလို အဖြစ်မျိုးမရှိပေမယ့်။ ကျောင်းတွင်း ဖြေရတဲ့ စာမေးပွဲတွေမှာ ဒီပြသနာရှိပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာတောင် ရှိပါသေးတယ်။ same meaning ပါ အဲဒီမှာ ပေးထားတဲ့ မီးနင်း တစ်ခုအတိုင်း ဆင်တူ အဓိပ္ပါယ်ရှိတဲ့ မီးနင်းတစ်ခု ဖြေရတာမှာ ကိုဖြေချင်တိုင်း ဖြေလို့ မရပါဘူး။ ကျောင်းက သင်ထားတဲ့ meaning နဲ့တူမှ အမှတ်ရတာပါ။ paragraph ပေးထားပြီး အဲဒီထဲက မီးနင်းတူရာရွေးခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ဖာသာ တစ်ပုဒ်သတ်သတ် တူရာကိုဖြေပေးရတဲ့နေရာမှ သင်ထားတဲ့ မီးနင်းထဲက ဖြေမှ အမှတ်ရတာကို ဘ၀င်မကျမိပါဘူး။ ကျွန်တော် အဲဒီ same meaning ကို ဘယ်တော့မှ မကျက်ပါဘူး။ စိတ်ကုန်လို့ပါ အခြား မေးခွန်းများသာဖြေပါတယ်။

ကျွန်တော်တို့မှာ အမြဲတွေ့နေရတာက အဲဒီလို ပုံသေကားချပ်နည်းတွေနဲ့ သာလျှင်တွေ့နေရတာပါ။ သတင်းဆိုလျှင်လည်း ဒီသတင်းသာ အမှန် ဘယ်သတင်းက မှားပါတယ် ဘယ်ဟာက ဘယ်လိုဆိုပြီးရေးထားတာတွေပဲ ဖတ်ရပါတယ်။ ကျောင်းစာအုပ်မှာလည်း ဒီအတိုင်းပါပဲ။ အကြောင်းအရာ တစ်ခုခုကို မှန်တယ်မှားတယ် နှိုင်းယှဉ်ဆုံးဖြတ်ပိုင်ခွင့်က စာဖတ်သူတွေ သာလျှင်ဖြစ်သင့်ပါတယ်။ ဒီလို ကလေးတွေကို ဒါအမှန် ဒါနဲ့ပဲဖြေဆိုတဲ့ အတိုင်းကတော့ ကလေးတွေအနေနဲ့ ပုံစံခွက်ထဲမှာ ပုံသေထည့်လောင်းလိုက် သလိုပဲ ကျွန်တော်မြင်မိတယ်။ သူများနိုင်ငံတွေ ပညာရေးမှာ ဘယ်လိုသင်နေသလဲ စတာတွေကို လည်း လေ့လာဖို့လိုပြီ ထင်ပါတယ်။ ကလေးတွေကို အမှား၊ အမှန် ပြီးတော့ မူလ ပုံသေနည်းတွေထက် ပိုမြန်ပြီး ပိုကောင်းမယ့် ပုံသေနည်းတွေကို ဖန်တီးခွင့်ပေးသင့်ပြီလို့ ထင်မိပါတယ်။

Happy New Year 2008

•.¸¸.•♥ Happy New Year ♥•.¸ ¸.•

Hello မင်္ဂလာပါ။ တဖြည်းဖြည်းနဲ့ပဲ ကျွန်တော့် ဘလောခ့် date မှာ မနက်ဖြန်ဆိုရင် ပို့စ်မှာ 2008 ဆိုတာလေး ဖြစ်တော့မယ်။ ကျွန်တော့ ဘလောခ့်ကို အမြဲဖတ်ရှုတဲ့ သူငယ်ချင်းတွေကော subscribe လုပ်ဖတ်တဲ့ သူငယ်ချင်းတွေကော နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေဗျာ။ သူငယ်ချင်းတို့သာ မဖတ်ရင် ကျွန်တော့် ဘလောခ့်လေးက အသက်ရှင်ဖို့ မလွယ်လှပါဘူး။ ကျေးဇူးအထူးပါ။ မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ။

  • Blogging Goals For 2008

    နှစ်သစ်ကို ဘလောခ့်နှင့် အတူဖြတ်သန်းဖို့ ကျွန်တော့် ဘလောခ့်လေးမှာ 2008 အတွက် ပန်းတိုင်လေးတော့ ရှိဖို့လိုမယ် ထင်တယ်ဗျာ။ ပန်းတိုင်ဆိုတဲ့ အရာလေးကို ချရေးထားမှ တကယ်ဖြစ်အောင် လုပ်မိပါလိမ့်မယ်။ ဒီတော့ ပို့စ်ထဲမှာရေးထားလိုက်မယ်။

    1 – ပထမဆုံး ကျွန်တော် လုပ်ဖို့က ပို့စ်တွေကို နည်းပညာ၊ ဗဟုသု့တ ရနိုင်မယ့် အကြောင်းများများရေးပါမယ်။ personal လျှော့ပါမယ်။ အနည်းဆုံးတော့ ပို့စ်မှာ ဗဟုသုတမရတောင် စာဖတ်သူကို ပြုံးနိုင်အောင် ရယ်စရာလေး လောက်တော့ ပေးနိုင်အောင် ကြိုးစားပါမယ်။ ပို့စ်တွေကို ဘယ်အချိန်၊ ဘယ်နှခုနှစ် ဖတ်ဖတ် ဒိတ်အောက် မသွားနိုင်တဲ့ ပို့စ်မျိုး အဓိကထားပြီး ရေးပါမယ်။

    2 – ကျွန်တော့် ဘလောခ့်ကနေ တဆင့် ချစ်ခင်ဖွယ် ကောင်းတဲ့ ညီအကိုမောင်နှမ၊ သူငယ်ချင်းတွေ ခင်မင်ရင်းနှီးရအောင် အပြန်အလှန် ဆက်သွယ်ပါမယ်။ ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းတဲ့ အတွက် ခင်မင်ရတဲ့ သူငယ်ချင်းတွေ အများကြီး တိုးပွားချင်ပါတယ်။

    3 – Blog unique visitors ကိုလည်း တစ်နေ့ အနည်းဆုံး ၅၀ ရအောင် ကြိုးစားပါမယ်။ ဘလောခ့်စာဖတ်သူတွေ တိုးပွားပါစေ =) ။ အကယ်၍ Reader နဲ့ဖတ်တာ တွင်ကျယ်လာခဲ့မယ်ဆိုရင် Subscriber ၅၀ အထက်ရအောင်လုပ်ပါမယ်။

    4 – Pagerank ကို လက်ရှိ 3 ကနေ 5 ရောက်အောင် ကြိုးစားပါမယ်။ မြန်မာလိုရေးတဲ့ ဘလောခ့်ဆိုတော့ လူသိပ်မ၀င်တဲ့ အပြင် စာက ဖောင့်မရှိရင် လေးထောင့်တုံးပဲ မြင်ရတာဆိုတော့ လက်ရှိ 3 ကနေ တက်အောင် တော်တော် လုပ်ယူရပါလိမ့်မယ်။ Technorati rank ကိုလည်း 1 သိန်းအောက်ရောက်အောင် လုပ်ပါမယ်။

    5 – Adsense က အနည်းဆုံး 10 + အထက်ရအောင် ကြိုးစားပါမယ်။ တလကိုပြောတာ မဟုတ်ပါဘူး။ တစ်နှစ်လုံးစာကိုပြောတာပါ။ မြန်မာဘလောခ့်ဖတ်သူတွေက ရှားပါးတဲ့ အပြင် Adsense ကို နှိပ်လေ့မရှိကြတော့ တစ်နှစ်လုံးစာကိုမှ 10 + လောက်ပဲ မှန်းလို့ရမှာပါ။

    6 – 2008 အတွင်းမှာ Wordpress သုံးပြီး eng language သုံး ဘလောခ့်တစ်ခု ရအောင် ကြိုးစားပါမယ်။ လောလောဆယ်တော့ grammar တောင် မတတ်သေးပါ =D ။

    7 – ကိုယ်ပိုင် ဘလောခ့် template တစ်ခုလောက် ရေးနိုင်အောင် လေ့လာပါမယ်။ 2.0 ဆန်တဲ့ template တစ်ခု ကြိုးစား ဖန်တီးပါမယ်။

    8 – Blog reader တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်အောင် ကြိုးစားပါမယ်။ resource တွေ၊ data တွေ အခြားအရာတွေ share လုပ်ပါမယ်။ Bookmarks တွေ Google Reader Items တွေလည်း အပြန်အလှန် ဝေမျှကြပါမယ်။

    9 – နောက်ဆုံး အချက်အနေနဲ့တော့ Blogosphere ထဲမှာ နွေးနွေးထွေးထွေးနဲ့ အပြန်အလှန် ကူညီရင်း ပျော်ရွှင်စွာ နေထိုင်ပါမယ်။

  • Poll For My Blog

  • Meaning of Ultimate from Windows Vista

    Technorati Tagvista, Windows, Microsoft, Ultimate Vista, Funny Microsoft

    We Are With You